ဂျပန်နိုင်ငံ၏ နံပါတ်တစ် တာယာလုပ်ငန်း မြန်မာပြည်ဈေးကွက်မှ ပြန်လည်ထွက်ခွာမည်

 1329

NP News - ဇူလိုင် ၈
ဂျပန်နိုင်ငံ၏ နံပါတ်တစ် တာယာလုပ်ငန်းဖြစ်သည့် Bridgestone Tire လုပ်ငန်အား ဇူလိုင်လကုန်မှ စတင်၍ ရပ် ဆိုင်းမည်ဖြစ်ကြောင်း အဆိုပါလုပ်ငန်းကို တာဝန်ယူဆောင်ရွက်နေသည့် First Japan Tire Services Co., Ltd. (FJTS) က ကြေညာလိုက်သည်။

လက်ရှိအခြေအနေအရ ရပ်ဆိုင်းလိုက်ခြင်းဖြစ်ပြီး လွန်ခဲ့သည့် (၇)နှစ်ကတည်းက မြန်မာပြည်ဈေးကွက်ကို ဝင်ရောက်လုပ်ဆောင်နေခြင်းဖြစ်ကြောင်း သိရသည်။ FMC Contract ချုပ်ဆိုထားသော dealer ဆိုင်များအနေဖြင့် ယခုအကြောင်းကြားစာထွက်သည့်နေ့မှစတင်၍ ရန်ကုန်မြို့တော်စည်ပင်သာယာ၏ BS Signboard Tax အား FJTS မှ ကျခံတော့မည်မဟုတ်ဘဲ ဆိုင်းဘုတ်အား ဆက်လက်တပ်ဆင်ထားရှိခြင်း၊ ဖြုတ်သိမ်းခြင်းများအား ကိုယ် စားလှယ်ဆိုင်များ အနေဖြင့်သာ ဆုံးဖြတ်ရန်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

First Japan Tire Services Co., Ltd. (FJTS) ကို Mitsubishi Coroporation (MC) နှင့် Myanmar Motors Pte.,ltd တို့က ၂ဝ၁၄ ခုနှစ်တွင် ပူပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး MC က ၇ဝရာခိုင်နှုန်း၊ Myanmar Motors Pte.,ltd က ၃ဝရာခိုင်နှုန်း ရှယ်ယာပိုင်ဆိုင်ကြောင်းသိရသည်။ Myanmar Motors Pte.,ltd သည် ဦးသိမ်းဝေပိုင်ဆိုင်ထားသည့် SPA Group လက်အောက်ခံကုမ္ပဏီဖြစ်သည်။ အဆိုပါလုပ်ငန်း၏ စုစုပေါင်းရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ (၇)သိန်းရှိကြောင်းသိရသည်။

Bridgestone Corporation လုပ်ငန်းကို ၁၉၃၁ ခုနှစ်တွင်စတင်တည်ထောင်ခဲ့ပြီး ၂ဝ၂ဝ ခုနှစ်တွင် ကမ္ဘာ့ဒုတိယအကြီးဆုံး တာယာထုတ်လုပ်သည့်လုပ်ငန်းဖြစ်လာခဲ့ကြောင်း သိရသည်။ ၂ဝ၁၈ ခုနှစ် စာရင်းများအရ Bridgestone သည် နိုင်ငံပေါင်း ၂၄ ခုတွင် ထုတ်လုပ်ရေးစက်ရုံ ၁၈၁ ခုဖွင့်လှစ်ထားကြောင်းသိရသည်။
#NPNews

Related news

© 2021. All rights reserved.