ထိုင်းတွင် ကိုဗစ်လူနာတစ်ဦး ဆေးရုံတက်ရန် စောင့်ဆိုင်းရင်း သေဆုံး
790
ရောင်နီ (NP News) - ဇူလိုင် ၈
ထိုင်းနိုင်ငံ၊ Huov Khwang ခရိုင်ရှိ လူနေတိုက်ခန်းတစ်ခုတွင် နေထိုင်သူ မိသားစုတစ်ခုမှ မိသားစုဝင် ၆ ဦးလုံးကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရပြီး ဆေးရုံတက်ရန် ဆေးရုံကုတင်ရရှိနိုင်မည့်အချိန်ကို စောင့်ဆိုင်းရင်း မိသားစု၏ အ သက် ၅ဝ နှစ်အရွယ် မိခင်ဖြစ်သူသည် ဇွန်လ (၇)ရက်(ဗုဒ္ဓဟူးနေ့)တွင် သေဆုံးခဲ့ကြောင်း သိရသည်။
သူမသည် ဆေးရုံမှ ဆေးကုသရန်အတွက် လာခေါ်သည့် လူနာတင်ယာဉ် မရောက်မီ နာရီအနည်းငယ်အကြာ၊ ဗုဒ္ဓ ဟူးနေ့ နံနက် ၃ နာရီခန့်တွင် သေဆုံးခဲ့ခြင်းဖြစ်သည်။ သူမ မသေဆုံးမီ အစောပိုင်းက ဆေးရုံတွင် ကုတင်လွတ်ခြင်းကြောင့် သူမ၏ မိသားစုဝင်တစ်ဦးကို ဆေးရုံမှ လာခေါ်ခဲ့ပြီး နောက်ထပ် မိသားစုဝင်များကလည်း ဆေးရုံတက်ရန် ဆေးရုံက လာခေါ်မည့်အချိန်ကို နေအိမ်တွင် စောင့်ဆိုင်းနေကြစဉ် ယင်းမိခင်ဖြစ်သူ အမျိုးသမီး သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ မိသားစုကို ကူညီရန် ကြိုးပမ်းခဲ့သည့် Sen Dai စေတနာ့အဖွဲ့မှ စေတနာ့ဝန်ထမ်းတစ်ဦး ဖြစ်သည့် Kantaphon Duang-amphon က မိခင်၏ အလောင်းကို အနီးအနားရှိ ဘုရားရှိခိုးကျောင်းတွင် မြှုပ်နှံခဲ့ပြီး အခြားကိုဗစ်ကူးစက်လူနာ မိသားစုဝင်များကို Nonthaburi ရှိ Busarakam field ဆေးရုံကို ဗုဒ္ဓဟူးနေ့ကပင် ပို့ဆောင်ခဲ့ကြောင်းသိရသည်။ ဗိုင်းရပ်စ်ကူးစက်ခံထားရသည့် လူနာများအတွက် အစိုးရ၏ ဆေးရုံကုတင် နေရာချထားမှုစနစ်ကြောင့် အသက်ဆုံးရှုံးမှု ဖြစ်ရကြောင်း အဆိုပါမိသားစု၏ ဆွေမျိုးများက အပြစ်တင်ခဲ့ကြသည်။
လူမှုဖွံ့ဖြိုးတိုးတက်မှုနှင့် လူမှုလုံခြုံရေးဝန်ကြီးဌာန၊ ဘန်ကောက်မြို့တော်အုပ်ချုပ်ရေးအဖွဲ့နှင့် အမျိုးသားကျန်းမာ ရေးလုံခြုံရေးရုံးသည် မြို့တော်အတွင်း အိမ်ခြေမဲ့များအကြား ကိုဗစ်ကူးစက်မှုများကို စစ်ဆေးခြင်းနှင့်ဗိုင်းရပ်စ်ရောဂါလက္ခဏာပြသသူများကို ဆေးကုသပေးမှုများ ပြုလုပ်ခြင်း ကမ့်ပင်းကို စတင်ခဲ့ကြောင်း သိရသည်။ တနင်္လာနေ့မှစ၍ အိမ်ခြေမဲ့ ၂ဝဝကျော်ကို ဗိုင်းရပ်စ်စစ်ဆေးခဲ့ပြီး ဖြစ်ကြောင်း လူမှုဖွံ့ဖြိုးတိုးတက်မှုနှင့် လူမှုဖူ လုံရေး ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး Chokchai Wichianchaiya က ပြောကြားခဲ့သော်လည်း ဗိုင်းရပ်စ်ကူးစက်မှု ရလဒ်နှင့်ပတ်သက်သည့် သတင်းအချက်အလက်များကို ဖော်ပြထားခြင်း မရှိကြောင်း သိရသည်။
#NPNews