ဘင်္ဂးလားဒေ့ရှ်နိုင်ငံရှိ စားသောက်ကုန်ထုတ်စက်ရုံ မီးလောင်မှုကြောင့် (၃) ဦးသေဆုံး
572
ရောင်နီ (NP News) - ဇူလိုင် ၉
ဘင်္ဂးလားဒေ့ရ်ှနိုင်ငံရှိ အထပ်မြင့် စားသောက်ကုန်ထုတ်စက်ရုံတစ်ရုံတွင် ဇူလိုင်လ ၈ ရက် ညနေပိုင်းက စက်ရုံမြေ ညီထပ်မှ မီးစတင်လောင်ကျွမ်းခဲ့ရာ အနည်းဆုံး လူ (၃) ဦး သေဆုံးခဲ့ပြီး အချို့သည် မီးဘေးမှ လွတ်မြောက်ရန်အ တွက် စက်ရုံအပေါ်ထပ်များမှ ခုန်ချထွက်ပြေးခဲ့ကြကြောင်း Aljazeera သတင်းဖော်ပြချက်အရသိရသည်။
စက်ရုံတွင်း ပိတ်မိသူများရှိပြီး မည်မျှပိတ်မိနေကြောင်းကို မသိရသေးကြောင်း၊ ၎င်းတို့ လွတ်မြောက်ခြင်းမရှိဘဲ မီး ဘေးထဲပါသွားမည်ကို စိုးရိမ်နေကြကြောင်းသိရသည်။ ရဲတပ်ဖွဲ့များနှင့် မျက်မြင်သက်သေများ၏ ပြောဆိုချက်အရ ညနေ ၅ နာရီခန့်က မြို့တော်ဒါကာ၏ အရှေ့ဘက် ၂၅ ကီလိုမီတာ (၁၅ မိုင်) ရှိ Hashem Food and Beverage စက်ရုံတွင် မီးလောင်မှုဖြစ်ပွားခဲ့ပြီး ဇူလိုင်လ ၉ ရက် နံနက်ခင်းထိ မီးတောက်လောင်နေဆဲ ဖြစ်ကြောင်းသိရသည်။
မီးလောင်ဒဏ်ရာကြောင့် လူ ၃ ဦး သေဆုံးခဲ့ပြီး ၆ ထပ်တိုက် စက်ရုံအထပ်မြင့်မှ ခုန်ချထွက်ပြေးခြင်းကြောင့် ထိ ခိုက်ဒဏ်ရာရသူ အယောက် ၃ဝ ခန့်ရှိကြောင်း ရဲအရာရှိ Sheikh Kabirul Islam က ပြောကြားခဲ့သည်။ အလုပ်သ မားများစွာပျောက်ဆုံးနေဆဲဖြစ်ပြီး နောက်ထပ်ထိခိုက်ဒဏ်ရာရသူများနှင့် သေဆုံးမှုမည်မျှရှိလာမည်ကို အတည် ပြုနိုင်ခြင်း မရှိသေးကြောင်း သိရသည်။
မီးဘေးလုံခြုံရေး စည်းမျည်းစည်းကမ်းများ အားနည်းခြင်းကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် မီးလောင်ကျွမ်းမှုများ မကြာခဏ ဖြစ်ပွားလေ့ရှိပြီး ပြီးခဲ့သည့် ၂ဝ၁၉ ခုနှစ်၊ ဖေဖော်ဝါရီလက ဒါကာမြို့ရှိ လူနေတိုက်ခန်းအိမ်ရာတွင် မီး လောင်မှုဖြစ်ပွားခဲ့ပြီး လူပေါင်း ၇ဝ ခန့် သေဆုံးခဲ့ရကြောင်းသိရသည်။
#NPNews