ဖူးခက်ကမ်းခြေတွင် ပထမဆုံး Delta ကိုဗစ်မျိုးကွဲ ကူးစက်မှု တွေ့ရှိလာ

 1011

ရောင်နီ (NP News) - ဇူလိုင် ၁၂

ထိုင်းနိုင်ငံ၊ ဖူးခက်အပန်းဖြေစခန်းတွင် Delta ဗိုင်းရပ်စ် ကူးစက်မှုကို ပထမဆုံးအကြိမ် အတည်ပြုခဲ့ပြီး ကူးစက်မှုနှုန်းတွေ မြင့်မားလာခြင်းနှင့်အတူ စာသင်ကျောင်းများကို ဇူလိုင် ၂၃ ရက်နေ့ထိ ပိတ်ထားရန် ဆုံးဖြတ်လိုက်ကြောင်း သိရသည်။

အိန္ဒိယ၌ ပထမဆုံးတွေ့ရှိခဲ့ရသည့် Delta ကိုဗစ်ဗိုင်းရပ်စ်ကို ဖူးခက်မြို့တွင်လည်း တွေ့ရှိလာရပြီဖြစ် ကြောင်း၊ ဗိုင်းရပ်စ်စစ်ဆေးမှုကို သောကြာနေ့က ခွဲခြမ်းစိတ်ဖြာပြီး ပိုးကူးစက်မှု အတည်ပြုခဲ့ခြင်းဖြစ်ကြောင်း ပြည်သူ့ကျန်းမာရေးရုံးအကြီးအကဲ Koosak Kookiattikul ကပြောကြားခဲ့သည်။

Delta ကိုဗစ်မျိုးကွဲ ကူးစက်ခံထားရသည့် လူနာမှာ နိုင်ငံခြားသား စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်ပြီး ဘန်ကောက်မြို့က လူနာတစ်ဦးနဲ့ ထိတွေ့ခဲ့သဖြင့် ကူးစက်ခဲ့ခြင်း ဖြစ်နိုင်ကြောင်း၊ ၎င်းနှင့် အနီးကပ်နေထို င်သူများကိုလည်း ကွာရန်တင်း ဝင်ရောက်စေခဲ့သည်ဟု Kookiattikul က ဆိုသည်။

ဖူးခက်ဒေသတွင်း Covid-19 ဖြစ်ပွားမှု ၁ဝ ခုကို စနေနေ့က အစီရင်ခံခဲ့ပြီး ဒေသတွင်း ကူးစက်မှု အများဆုံး အဖြစ် စံချိန်တင်ခဲ့ကာ လူနာအများစုသည် အခြားပြည်နယ်များမှ ဖူးခက်သို့ လာရောက်ကြသည့် ထိုင်းနိုင်ငံသားများဖြစ်ကြောင်း သိရသည်။

ဒေါက်တာ Koosak ၏ ပြောကြားချက်အရ Covid-19 အမျိုးအစား ၃ မျိုး ကူးစက်လူနာများကို ပြည်နယ်အ တွင်း အစီရင်ခံခဲ့ပြီး အများစုတွင် Alpha ဗိုင်းရပ်စ် အမျိုးအစားများဖြစ်ကာ Beta ဗိုင်းရပ်စ် ကူးစက်လူနာ ၆ ဦး တွေ့ရှိခဲ့ပြီး၊ ကူးစက်မြန် Delta ဗိုင်းရပ်စ် ကူးစက်လူနာသည် တစ်ဦးသာ တွေ့ရှိခဲ့ကြောင်း သိရသည်။

ကျောင်းပိတ်မိန့်ကို Phuket Covid-19 စင်တာ ဖေ့စ်ဘွတ်အကောင့်မှ မျှဝေလိုက်ပြီး ပြည်နယ်၏ အမိန့်အရ ဇူလိုင် ၁၂ ရက်မှ ၂၃ ရက်အထိ စာသင်ကျောင်းများအားလုံး ပိတ်ကာ အွန်လိုင်းမှ တက်ရဖြစ်ကြောင်း သိရသည်။
#NPNews

Related news

© 2021. All rights reserved.