အင်ဒိုနီးရှားနိုင်ငံတွင် ဦးခေါင်းပြတ်ကာ အစွယ်များမရှိတော့သည့် ဆူမားတြားဆင်တစ်ကောင်တွေ့ရှိ

 621

ရောင်နီ (NP News) - ဇူလိုင် ၁၃
အင်ဒိုနီးရှားနိုင်ငံတွင် မျိုးသုဉ်းပျောက်ကွယ်လုနီးပါး အန္တရာယ်ရှိသည့် ဆူမာတြား ဆင်တစ်ကောင်ကို ဦးခေါင်းပြတ်ကာ ဆင်စွယ်များ မရှိတော့ဘဲ သေဆုံးနေခြင်းကို တွေ့ရှိခဲ့ကြောင်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အေဂျင်စီက ဇူလိုင် ၁၂ ရက်နေ့တွင် ပြောကြားခဲ့သည်။ ယင်းအတွက် အမှုဖွင့်ထားကြောင်း သိရသည်။

ပုပ်နေပြီဖြစ်သည့် ဆင်အသေကောင်ကို ဇူလိုင်လ ၁၂ ရက်က Aceh ဒေသရှိ ဆီအုန်းစိုက်ခင်းတွင် တွေ့ရှိခဲ့ပြီး ခွဲ စိတ်စစ်ဆေးမှုရလဒ်တွင် အဆိပ်မိထားကြောင်းဖော်ပြခဲ့သည်။ တောရိုင်းဆင်၏ ဦးခေါင်းမဲ့နေသည့် ရုပ်ကြွင်းကို ဝမ်းနည်းကြေကွဲဖွယ် အခြေအနေတွင် တွေ့ရှိခဲ့ရကြောင်း၊ အသက် ၁၂ နှစ်အရွယ်ခန့် ရှိပြီဖြစ်သည့် ယင်းဆင်ထီး ၏အလောင်းသည် အချိန်မည်မျှကြာနေပြီကို ပြောရန် မသေချာကြောင်း Aceh ပတ်ဝန်းကျင် ထိန်းသိမ်းရေး အေ ဂျင်စီမှ ဆရာဝန်တစ်ဦးဖြစ်သူ Rosa Rika Wahyuni ကပြောဆိုခဲ့သည်။

သစ်တောပြုန်းတီးခြင်းသည် တောရိုင်းဆင်များ၏ သဘာဝကျက်စားရာနေရာများကို လျော့နည်းစေခဲ့ပြီး ၎င်းတို့၏ အစွယ်များသည် မှောင်ခိုတောရိုင်းတိရိစ္ဆာန်ပစ္စည်း ရောင်းဝယ်ရေး ဈေးကွက်တွင် ဈေးအမြောက်အများရခြင်းကြောင့် ၎င်းတို့နှင့်လူသားများအကြား ပဋိပက္ခများ တိုးပွားစေခဲ့ကြောင်း သိရသည်။ မကြာသေးမီနှစ်များအတွင်းကလည်း ဆင်များအဆိပ်မိသေဆုံးမှုများရှိခဲ့ပြီး Aceh ပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ရေးအေဂျင်စီ၏ ခန့်မှန်းပြောကြားချက်အရ ယင်းဒေသရှိ တော ထဲအတွင်း ဆူမားတြား ဆင်အကောင်ရေ ၅ဝဝ ခန့် နေထိုင်ကျက်စားလျက်ရှိကြောင်းသိရသည်။
#NPNews

Related news

© 2021. All rights reserved.