လူ(၁၀)မှ (၁၅)သန်းခန့်အထိ ကိုဗစ်ကြောင့် လျော့သွားနိုင်သည့် အန္တရာယ်နှုတ်ခမ်းတွင်းပေါ်မှ မြန်မာနိုင်ငံ

 1111

ရောင်နီ (NP News) - ဇူလိုင် ၁၈
အလွန်နာမည်ကြီးသော ပြည်သူ့ကျန်းမာရေးကျွမ်းကျင်သူတစ်ဦးက Covid ကြောင့် မြန်မာနိုင်ငံ၏ လူဦးရေ ၁၀ မှ ၁၅ သန်းခန့်အထိ လျော့ကျသွားလိမ့်မည်ဟု ခန့်မှန်းထားသည်။
( ဆောင်းပါးအစ ) လွန်ခဲ့တဲ့ နှစ်ရက်က မမွန်လို့ ခေါ်တဲ့ ကျွန်မသူငယ်ချင်းတစ်ယောက်ရဲ့ အမေအတွက် အောက်ဆီဂျင်ရှာဖွေဖို့ ဆိုရှယ်မီဒီယာအက်ပလီကေးရှင်းတွေပေါ်မှာ အချိန်(၆)နာရီလောက် သုံးလိုက်ရသည်။

သူမ၏ မိခင်သည် အောက်စီဂျင် ၉၅ မှ ၇၀ သို့ တစ်ရက်တည်းနှင့် ကျသွားခဲ့သည်။ ဤအခြေအနေတွင် ကျွန်မမပြောသင့်ကြောင်း သိပါသည်။ သို့သော် မမွန်၏ မိသားစုကို နေ့စဉ်ကုသမှု ပေးနေသည်မှာ CDM ပြုလုပ်နေသည့် ဆရာဝန်များသာ ဖြစ်သည်ဟု ထင်ပါသည်။ ဆေးဘက်ဆိုင်ရာပညာရှင်များသည် တိုင်းပြည်အတွင်း လေးစားမှုအခံရဆုံး ပုဂ္ဂိုလ်များတွင်ပါဝင်ပြီး ရွေးကောက်ခံ အရပ်သားအစိုးရအား ဖြုတ်ချလိုက်သည့် ဖေဖော်ဝါရီလ ၁ ရက်စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်ရန် သူတို့တတွေ ဆုံးဖြတ်ချက်ချခဲ့ကြသည်။

ယခုအချိန်တွင် မြန်မာနိုင်ငံရှိ ပြည်သူ့ကျန်းမာရေး ကျွမ်းကျင်သူများ၏ ခန့်မှန်းချက်တစ်ခုအရ မြန်မာနိုင်ငံ၏ ၅၅ သန်းသော လူဦးရေ၏ ၅၀ ရာခိုင်နှုန်းသည် ၃ ပတ်အတွင်း Alpha သို့မဟုတ် Delta အမျိုးအစား Covid-19 ကူးစက်လိမ့်မည်ဟု ခန့်မှန်းထားသည်။ အလွန်နာမည်ကြီးသော ပြည်သူ့ကျန်းမာရေးကျွမ်းကျင်သူတစ်ဦးက Covid ကြောင့် မြန်မာနိုင်ငံ၏လူဦးရေ ၁၀ မှ ၁၅ သန်းခန့်အထိ လျော့ကျသွားလိမ့်မည်ဟု ခန့်မှန်းထားသည်။ တစ်ချိန်တည်းမှာပင် ကျွန်မနှင့် ခင်မင်နေသည့် မမွန်နှင့် မိသားစုတွင် ပြင်းထန်တဲ့ Covid ကူးစက်မှု လက္ခဏာများ ပေါ်ပေါက်လာခဲ့သည်။ မည်သို့ပင်ဖြစ်စေ မမွန်၏ မိသားစုသည် ဖေ့ဘုတ်တွင်ဖော်ပြထားသည့် အောက်ဆီဂျင်ရနိုင်တဲ့ နေရာများတွင် အောက်ဆီဂျင်ယူရန် စစ်အစိုးရရဲ့ ညမထွက်ရအမိန့်ကို ဖီဆန်ကာ သွားရောက်ခဲ့သည်။ ယင်းကဲ့သို့ သတ်မှတ်ထားသည့် ကာဖျူးအချိန်တွင် အပြင်ထွက် သွားလာရခြင်းကြောင့် အဖမ်းခံရနိုင်သည်။ အဲဒီလို အောက်ဆီဂျင် သွားယူရာမှာ နှောင့်နှေးမှုတွေကြောင့် မိသားစုအတွင်း ကိုဗစ်ခံစားနေရသူ ဆုံးပါးသွားနိုင်သည်။ အောက်စီဂျင်စက်ကို မမွန်တို့ မိသားစု ရရှိပြီးနောက် နောင်အသုံးမလိုတော့တဲ့အခါ အခမဲ့ တစ်ဆင့်ပြန်ပေးဖို့ တောင်းဆိုခဲ့သည်။ အောက်ဆီဂျင်ကို အလွန်အမင်းအပူတပြင်းဖြစ်နေသော အခြားမိတ်ဆွေများကလည်းသူတို့ရဲ့ ဖျားနာနေသော မိသားစုဝင်များကို နာရီအနည်းငယ်ခန့် အောက်ဆီဂျင် ပေးနိုင်ရန်နှင့် နာမကျန်းသော လူနာတစ်ဦးကို နာရီအနည်းငယ်ကြာ ဆက်လက်ရှင်သန်ရန် မျှော်လင့်ချက်ဖြင့် အောက်စီဂျင်စုဆောင်းခြင်းကို မျှဝေရန် သဘောတူညီခဲ့ကြသည်။ နောက်တစ်နေ့တွင်လည်း အောက်ဆီဂျင် ဖြည့်နိုင်မယ့် နေရာတွေ့ဖို့ ကျွန်မတို့ ဆုတောင်းခဲ့ကြသည်။

ကျွန်မသည် ဧပြီလကတည်းက ကျွန်မတို့ ရပ်ကွက်တွင် အရပ်ဘက်တိုက်ခန်း အဆောက်အအုံများကို စစ်တပ်က ရက်ရက်စက်စက် ဝင်ရောက်စီးနင်းကာ သေနတ်နဲ့ ပစ်ခတ်ခြင်းကြောင့် သေဆုံးခဲ့သောလူငယ်လေးဦး၏ အသုဘအခမ်းအနားကို တက်ရောက်ပြီးနောက် မြန်မာပြည်မှ ထွက်ခွာလာခဲ့သည်။ အခုထိုင်းနိုင်ငံရောက်ရှိနေစဉ်တွင် နေ့တိုင်းဝှက်စာ ၂၀၀ လောက်ကို ရရှိခဲ့ပြီး ပြီးခဲ့တဲ့ သီတင်းပတ်ကထိ အာဏာသိမ်း လက်နင်ကိုင်များကို ခုခံတွန်းလှန်မှုများ မြင့်တက်စွာ ရှိနေခဲ့သည်ကို သိခဲ့ရသည်။ အခုဆိုရင်တော့ ဝှက်စာ ၁၀၀ ရာခိုင်နှုန်းလုံး ကျန်းမာရေးအတွက် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများ အပူတပြင်း တောင်းဆိုနေကြသည်ကိုသာ တွေ့နေရသည်။ ဒီရက်ပိုင်းအတွင်း ဆိုရှယ်မီဒီယာပို့စ်များနှင့် ဆန္ဒပြသူများ၏ ဖော်ပြချက်များတွင် " We Need Help " ဆိုတာတွေသာ တွေ့မြင်လာရသည်။ သူတို့ဟာ အနာဂတ်အတွက် အကူအညီ မလိုပါဘူး၊ မနက်ဖြန်အတွက်သာ အကူအညီလိုအပ်တာပါ။ ကျွန်မသည် မြန်မာနိုင်ငံတွင် နှစ်ပေါင်း ၃၀ ကျော်အလုပ်လုပ်ခဲ့သည်။ ယခုအချိန်မှာတော့ ကျွန်မသိရသလောက် ပိုးကူးစက်လူနာတွေကို ဆေးရုံများတွင် ဆေးကုသခွင့် မပေးတော့ပါဘူး။ Covid ကူးစက်ခံထားရသူအချို့သည် ဆေးရုံမရောက်ဘဲ သေဆုံးနေသည်။ သေဆုံးရသည့် အကြောင်းအရင်းကတော့ အဆုတ်ရောင်ခြင်းကြောင့်ဟု ဆိုသည်။ အာဏာသိမ်းမှုကို ဆန့်ကျင်ကာ CDM လုပ်ခဲ့သည့် ကျန်းမာရေး စောင့်ရှောက်မှုလုပ်သားများသည် မြေအောက်လှုပ်ရှားမှုနှင့် လူနာကြည့်ပေးခဲ့ကြသည်။

ရန်ကုန်ဆိပ်ကမ်းတွင် C95 နှင့် N95 မျက်နှာဖုံးများနှင့် PPE များ အပြည့်တင်သွင်းထားသည့် ကွန်တိန်နာများ ရှိသော်လည်း အကောက်ခွန်ဦးစီးဌာနက ခွင့်မပြုခြင်းကြောင့် ပြည်သူတွေဆီ မရောက်လာပါ။ နိုင်ငံတွင်အောက်ဆီဂျင်ရနိုင်ဖို့ ခက်ခဲနေသော်လည်း အံ့သြစရာ ကောင်းသည်မှာ စစ်တပ်ကတော့ ရရှိနေသည်။ ကျန်းမာရေးစနစ်၏ ခံနိုင်ဝန်ကို သိနိုင်ဖို့ ကပ်ရောဂါဗေဒပညာရှင်၊ စာရင်းအင်းပညာရှင် ( သို့မဟုတ် )စီးပွားရေးပညာရှင်များ မလိုအပ်ပါ။ ဒီအတိုင်းသွားလျှင် ယခုကူးစက်မှုနှုန်းနှင့်အတူ ကျန်းမာရေးစနစ်သည် သီတင်း ၂ ပတ်အတွင်း လုံးလုံးပြိုကျသွားနိုင်သည်။ သမိုင်းကြောင်းမှာ ဖြစ်ပွားခဲ့ဖူးတဲ့ ငတ်မွတ်ခေါင်းပါးခြင်း ဘေးဒဏ်ကဲ့သို့ပင် ( သို့မဟုတ် ) အမေရိကန်ပြည်ထောင်စုတွင် Covid ကြောင့် အသေအပျောက်များသကဲ့သို့ မြန်မာနိုင်ငံ၏ ဆင်းရဲဒုက္ခများသည် လုံးဝနီးပါးနိုင်ငံရေး ပြဿနာများကြောင့်သာ ဖြစ်နေသည်။ စစ်တပ်ခေါင်းဆောင်များနှင့် တရားဝင်ရွေးကောက်တင်မြှောက်ထားသော အရပ်သားအစိုးရအကြား ပဋိပက္ခသည် ဖေဖော်ဝါရီ ၁ ရက်ရက်နေ့ အာဏာသိမ်းမှုကို ဦးတည်စေခဲ့ပြီး သို့ပေမယ့် CDM လှုပ်ရှားမှုတွေကိုတော့ စစ်တပ်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် မျှော်လင့်မထားခဲ့ပုံရသည်။ အံ့သြစရာကောင်းလောက်အောင် မေလမှစ ပြည်သူ့တော်လှန်ရေး စစ်အဖွဲ့များ ပေါ်ပေါက်လာခဲ့ပြီးနောက် Delta Covid-19 မူကွဲ မြန်မာနိုင်ငံကို ရောက်လာခဲ့သည်။ လွန်ခဲ့တဲ့ ၂ ရက်က မမွန်ဟာ ကိုဗစ်ကူးစက်နေတဲ့ သူမအမေကို ကူညီဖို့ ရုန်းကန်နေရတဲ့အချိန်မှာ့“လူတိုင်းသေကြပြီ” လို့ ညည်းတွားစွာ ပြောခဲ့သည်။ Covid မှ မြန်မာနိုင်ငံ၏ လူသန်းပေါင်းများစွာကို ကယ်တင်ရန် ဘာတွေလုပ်ရမည်နည်း။ မကြာသေးမီ ရက်အနည်းငယ်က စစ်အစိုးရ အကြီးအကဲ၏ မိန့်ခွန်းတွင် ရုရှားသည် နိုင်ငံ၏ သူငယ်ချင်းကောင်း ဖြစ်တာကြောင့် ရုရှားကာကွယ်ရေးဝန်ကြီး Sergey Shoigu မှလွဲ၍ မည်သူတစ်ဦး တစ်ယောက်ကိုမှ အကူအညီမတောင်းနိုင်ကြောင်း ရှင်းလင်းစွာ ပြောကြားခဲ့သည်။ ရုရှားနိုင်ငံတွင် WHO မှ မထောက်ခံသော Sputnik ကာကွယ်ဆေးများသာ အစုလိုက်အပြုံလိုက် ရှိသည်။ ၎င်းတို့ ရရှိဖို့ လနဲ့ချီ ( သို့ ) နှစ်နဲ့ချီ စောင့်ဆိုင်းရနိုင်ပြီး ကုန်ကျစရိတ် ကြီးမားနိုင်သည်။ တရုတ်ကတော့ လျှပ်စစ်နယ်စပ်ခြံစည်းရိုးကို တိုးချဲ့နေသည်။ ၎င်းသည် တရုတ် - မြန်မာနယ်စပ်ရှိ ကုန်သွယ်ရေးရာနေရာ၏ အရှေ့ဘက်နှင့် အနောက်ဘက်ကီလိုမီတာ ၅၀၀ အထိကျယ်ပြန့်စွာ တည်ရှိနေပြီး ဖြစ်သည်။ တရုတ်သည် နယ်စပ်များအားလုံးကို ပိတ်လိုက်သော်လည်း Covid စစ်ဆေးရေးနှင့် ကုသရေးအဖွဲ့များကို ဝေးလံခေါင်ဖျားသည့် တိုင်းရင်းသားလက်နက်ကိုင်အုပ်စုများ ထိန်းချုပ်ရာဒေသများရှိ လူများအား ကာကွယ်ဆေးထိုးပေးခဲ့သည်။ ယင်းဒေသများရှိ အသစ်ရောက်ရှိလာသူများကိုလည်း ဗိုင်းရပ်စ်စစ်ဆေးကာ ကွာရန်တင်း ဝင်ရောက်စေခဲ့သည်။

ဒါဖြင့် ကုလသမဂ္ဂ ( UN ) ကရောဘယ်လိုလဲ။ မည်သို့မျှ မပြောလိုပါ၊
အေဂျင်စီပေါင်း ၂၀ ကျော်ရှိသည့် ကုလသမဂ္ဂအဖွဲ့သည် ၎င်းနှင့်ရင်ဆိုင်ရသည့် ကိစ္စများအတွက် ပြင်းပြင်းထန်ထန် ဆောင်ရွက်နေသည်။ သို့သော် ထိုအေဂျင်စီများသည် မြန်မာပြည်သူများကို ကယ်တင်ရန် ကတိကဝတ်ပြုထားသဖြင့် အချုပ်အခြာအာဏာပတ်၀ န်းကျင်တွင် နိုင်ငံတကာဥပဒေစံနှုန်းများအရ ဟန့်တားခံနေရသည်။ ရုရှားနှင့် တရုတ်တို့အနေဖြင့်လည်း ကုလသမဂ္ဂလုံခြုံရေးကောင်စီနှင့် ပူးပေါင်း၍ စစ်အစိုးရကို စစ်ရေးအရ ဝင်ရောက်စွက်ဖက်ရန်အတွက် အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာမှုဆိုင်ရာ ဥပဒေပြဌာန်းချက်မရှိပါ။ အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) ကိုလည်း စစ်အစိုးရက လုံးဝလျစ်လျူရှုထားသည်မှာ အခြေခံသဘောတရားငါးခုကို ဗိုလ်ချုပ်မင်းအောင်လှိုင် လုံးဝမလိုက်နာသေးတာနဲ့ ပြသနေသည်။

မမွန်ရဲ့ မိခင် ယနေ့နံနက်တွင်ပင် မမွန်လက်ပေါ်မှာ ဆုံးခဲ့သည်။ ယခုအလောင်းကို မီးသင်္ဂြိူဟ်ဖို့ အကြာကြီး တန်းစီနေရသည်။ Covid-19 အစိုးရဓာတ်ခွဲခန်း၏ အတည်ပြုချက် မရရှိသည့် သူမမိခင်၏ သေဆုံးမှုကို Covid ကြောင့်သေဆုံးမှုများ နေ့စဉ်စာရင်းဇယားများတွင် ထည့်သွင်းတွက်ချက်မည်မဟုတ်ပါ။

(ဝါရှင်တန်တက္ကသိုလ်၊ Henry M Jackson School of International Studies မှတွဲဖက်ပါမောက္ခ Mary P Callahan က Asia Times တွင် ရေးသားခဲ့သောဆောင်းပါးကို ဘာသာပြန်ဆိုထားခြင်းဖြစ်သည်။)

Related news

© 2021. All rights reserved.