ဆီးရီးယားရှိ အစ္စလာမ်မစ်စစ်သွေးကြွအတွက် ငွေပေးပို့လှူဒါန်းခဲ့တဲ့ စင်ကာပူနိုင်ငံသား တရားစွဲခံရ

 552

ရောင်နီ (NP News) - ဇူလိုင် ၁၉
ဆီရီးယားမှာရှိတဲ့ အစ္စလာမ်မစ် စစ်သွေးကြွအဖွဲ့အတွက် ငွေကြေးထောက်ပံ့ပေးမှုလုပ်ခဲ့တယ်ဆိုတဲ့ စင်ကာပူစီးပွားရေးသမားတစ်ဦးကို ပြည်ပရေးရာဝန်ကြီးဌာန (MHA) က တရားစွဲဆိုလိုက်ပါတယ်။
Mohamed Kazali Salleh အမည်ရှိ စင်ကာပူအမျိုးသားဟာ ၂၀၁၉ ခုနှစ် မတ်လက သေဆုံးသွားခဲ့ပြီဖြစ်တဲ့ ဆီးရီးယားအခြေစိုက်အစ္စလာမ္မစ်စစ်သွေးကြွ ဆီးရီးယားရဲ့ဖိုက်တာ Wan Mohd Aquil Wan Zainal Abidin @ Akel Zainal ကို ၎င်းမသေဆုံးခင် အချိန်အတွင်း ထောက်ပံ့ကြေး စုစုပေါင်း ၃ ကြိမ်( စင်ကာပူဒေါ်လာ ၁၀၀၀ ) လှူဒါန်းခဲ့ခြင်းကြောင့် ယခုတရားစွဲ ခံနေရပါတယ်။ မလေးရှားအခြေစိုက် စီးပွားရေးလုပ်ငန်းရှင် စင်ကာပူနိုင်ငံသား Kazali ကို ၂၀၁၈ ခုနှစ် ဒီဇင်ဘာလက မလေးရှားအထူးဌာနခွဲမှ အရာရှိများက ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး စင်ကာပူကို ပြန်ပို့ခံရပြီးနောက် ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၇ ရက်နေ့မှာ ၎င်းနဲ့ပတ်သက်တဲ့အကြမ်းဖက်မှု လုပ်ဆောင်ချက်များကို စုံစမ်းစစ်ဆေးရန်အတွက် ပြည်တွင်းလုံခြုံရေးဌာနကို လွဲပြောင်းပေးခဲ့ပါတယ်။ ၂၀၁၉ ခုနှစ် ဇန်နဝါရီလမှာ အစ္စလာမ္မစ်နိုင်ငံတော်မှ အကြမ်းဖက်အဖွဲ့ကို ငွေကြေးထောက်ပံ့ခဲ့ခြင်းအတွက် ပြည်တွင်းလုံခြုံရေးအက်ဥပဒေ (ISA) အရ ထိန်းသိမ်းထားဖို့ အမိန့်ထုတ်ပြန်ခဲ့ပါတယ်။ MHA မှ ပြောကြားချက်အရ Kazali ဟာ Akel Zainal နဲ့ ရင်းနှီးကျွမ်းဝင်သူဖြစ်တယ်လို့ သိရပါတယ်။ ရဲတပ်ဖွဲ့ရဲ့ ကူးသန်းရောင်းဝယ်ရေးဌာနမှ အပြိုင်ပြုလုပ်တဲ့ စုံစမ်းစစ်ဆေးမှုအရ ၂၀၁၃ ခုနှစ်နဲ့ ၂၀၁၄ ခုနှစ်အတွင်း Kazali ဟာ Akel Zainal ကို ငွေကြေး ၃ ကြိမ် ထောက်ပံ့ခဲ့တယ်လို့ သိရပါတယ်။ အဆိုပါ အလှူငွေများဟာ ဆီးရီးယားရှိ အကြမ်းဖက် စစ်သွေးကြွများကို လုပ်ငန်းလွယ်ကူချောမွေ့စေရန်အတွက် ရည်ရွယ်လှူဒါန်းခြင်း ဖြစ်တယ်လို့ MHA က ဆိုပါတယ်။ အကြမ်းဖက်သမားတွေကို ငွေကြေးထောက်ပံ့ခြင်းဟာ အကြမ်းဖက်မှုအက်ဥပဒေအရ ကြီးလေးတဲ့ပြစ်မှုမြောက်ပါတယ်။ MHA က ပြည်သူလူထုအနေနဲ့ ၀ န်ဆောင်မှုများ၊ ထောက်ပံ့ရေးပစ္စည်းများ (သို့) မည်သည့်ပစ္စည်းကိုမဆို အကြမ်းဖက်အဖွဲ့အစည်းတစ်ခုကို ပေးအပ်ခြင်း၊ သို့မဟုတ်အကြမ်းဖက်လုပ်ရပ်များအားလွယ်ကူချောမွေ့စေရန်အတွက် လွဲပြောင်းပေးခြင်း သို့မဟုတ် အထောက်အပံ့ပေးခြင်းများ မပြုလုပ်ဖို့ တားမြစ်ထားပါတယ်။

အကြမ်းဖက်မှုရည်ရွယ်ချက်များအတွက် ပစ္စည်းဥစ္စာပိုင်ဆိုင်မှုနဲ့ ဝန်ဆောင်မှုပေးနေခြင်းများ တွေ့ရှိပါက မည်သူမဆိုထောင်ဒဏ် ၁၀ နှစ်အထိ ဖြစ်စေ၊ ဒဏ်ငွေအမေရိကန်ဒေါ်လာ ၅၀၀၀၀၀ အထိဖြစ်စေ၊ ဒဏ် ၂ ရပ်လုံးဖြစ်စေ ချမှတ်နိုင်တယ်လို့ သိရပါတယ်။

Related news

© 2021. All rights reserved.