အနောက်နိုင်ငံများက မြန်မာ NUG ကိုတရားဝင်အစိုးရအဖြစ် အသိအမှတ်မပြုရသေးခြင်း အကြောင်း

 4030

ရောင်နီ (NP News) - ဇူလိုင် ၂၁
အနောက်တိုင်းအစိုးရများသည် စစ်တပ်အာဏာသိမ်းမှုကို ရှုတ်ချခဲ့သော်လည်း စစ်အစိုးရကို ဆန့်ကျင်နေသည့် အမျိုးသားစည်းလုံးညီညွှတ်ရေးအစိုးရ(NUG)အပေါ် ယုံကြည်လိုက်ဖို့လည်း သတိထားစောင့်ကြည့်နေသည်။ ထို့နောက်တွင် မြန်မာ့ဒီမိုကရေစီအတွက် တော်လှန်ရေးသည် တိုးတက်လာခြင်း မရှိတော့ပေ။

ပဲရစ်ရှိ သိပ္ပံလေ့လာရေးဌာနမှ ဂုဏ်ထူးဆောင်အကြီးတန်း သုတေသနလုပ်ဖော်ကိုင်ဖက် David Frederic Camroux က အနောက်တိုင်းအစိုးရများသည် ဖေဖော်ဝါရီလ စစ်တပ်အာဏာသိမ်းမှု အပြီးလအနည်းငယ်အတွင်းဖြစ်ပေါ်ခဲ့သော စစ်တပ်နှင့်အတိုက်အခံအစိုးရအား အသိအမှတ် မပြုဘူးဟု ဆိုပါသည်။ ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ခံထားရသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ကို ဖြုတ်ချပြီး စစ်တပ်က အာဏာသိမ်းပြီးနောက် စစ်အစိုးရသည် အာဏာသိမ်းမှု ဆန့်ကျင်ရေးဆန္ဒပြပွဲများကို ရက်ရက်စက်စက် နှိမ်နင်းခဲ့သည်ကိုတွေ့ရတဲ့အခါ အနောက်နိုင်ငံများမှ အစိုးရများသည် စစ်တပ်ကို ချက်ချင်းလက်ငင်း ပြစ်တင်ရှုတ်ချပြီး စစ်တပ်နှင့် ဆက်စပ်နေသော စီးပွားရေး လုပ်ငန်းများအပေါ် ပိတ်ဆို့အရေးယူမှုများ ချမှတ်ခဲ့သည်။ သို့သော် ၎င်းတို့သည် စစ်အစိုးရကို မြန်မာနိုင်ငံ၏ တရားဝင်အစိုးရသစ်အဖြစ် အသိအမှတ်မပြုသော NLD နိုင်ငံရေးသမားများအား အာဏာပြန်လည်ရရှိရန်နှင့် စစ်အစိုးရအား ၂၀၂၀ အထွေထွေရွေးကောက်ပွဲ၏ ရလဒ်ကို လေးစားလိုက်နာရန် တောင်းဆိုလိုက်သည်။

ဧပြီလလယ်က ရာထူးမှ နုတ်ထွက်သွားတဲ့ NLD နိုင်ငံရေးသမားများအပြင် တိုင်းရင်းသားလက်နက်ကိုင်များမှ ကိုယ်စားလှယ်များသည် အမျိုးသားစည်းလုံးညီညွှတ်ရေး အစိုးရ (NUG) ကို ဖွဲ့စည်းပြီးနောက် အနောက်နိုင်ငံများမှအစိုးရများသည် NUG သို့မဟုတ် စစ်အစိုးရကို နိုင်ငံရဲ့တရားဝင် အစိုးရအဖြစ် ယုံကြည်မှုရှိမရှိပြောရန် ငြင်းဆန်ခဲ့ကြပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့နဲ့အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီအဖွဲ့၊ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီတို့သည် မြန်မာနိုင်ငံ၏ ထိပ်သီးအစည်းအဝေးများမှာ ပြိုင်ဘက်စစ်အစိုးရနှင့် NUG ကိုယ်စားလှယ်များအကြား ရွေးချယ်မှုများ မပြုဘဲ ယာယီရုပ်သိမ်းလိုက်သည်။ တစ်ဖက်တွင် အနောက်တိုင်းဒီမိုကရေစီနိုင်ငံများ လှုပ်ရှားမှု မရှိခြင်းကို ရှင်းပြရန် အလွန်ရိုးရှင်းသော အကြောင်းပြချက်များရှိပါသည်။ ၎င်းတို့သည် မြန်မာနိုင်ငံတွင် အာဏာသိမ်းမှုနောက်ပိုင်း ဖြစ်ပေါ်လာသော ပရမ်းပတာ အခြေအနေများကို စောင့်ကြည့်ပြီးမှ ချဉ်းကပ်ခြင်းဟာ ပိုမိုအဆင်ပြေနိုင်သောကြောင့် ဖြစ်ပါသည်။

" အနောက်တိုင်းဒီမိုကရေစီနိုင်ငံအများစုသည် အရပ်ဘက်အုပ်ချုပ်ရေး ၁၀ နှစ်တာကာလ အတွင်း ရန်ကုန်အခြေစိုက် သံရုံးများဖွင့်လှစ်ခဲ့တယ်။ ဆိုလိုတာက NUG ကို အသိအမှတ်ပြုခဲ့
လျှင် သူတို့ရဲ့သံရုံးတွေကို စစ်အုပ်စုက ပိတ်လိုက်နိုင်တယ်။ ၎င်းတို့အစိုးရနဲ့ သံတမန်များဟာ မြန်မာနိုင်ငံမှာ ၎င်းတို့ရဲ့ သြဇာလွှမ်းမိုးမှု မရှိတော့မှာကို မြင်မိတာကြောင့် အရာရာလိုက်ပါ ပြုလုပ်ဖို့ တွန့်ဆုတ်နေကြတယ် " လို့ လူ့အခွင့်အရေးစောင့်ကြည့်လေ့လာရေးအဖွဲ့မှ Phil Robertson က ပြောဆိုခဲ့ပါတယ်။ အထူးသဖြင့် ရုရှားနိုင်ငံနှင့် စစ်အာဏာရှင်စနစ်ကို အမှန်တကယ် အသိအမှတ်ပြုထားသည့် တရုတ်နိုင်ငံအနေဖြင့် အာဏာသိမ်းချိန်မှ စ၍ နေပြည်တော်၌ သြဇာလွှမ်းမိုးမှု တိုးပွားလာသည်နှင့်အမျှ ယင်းအချက်သည် အထူးသဖြင့် မှန်ကန်နေသည်။ မော်စကိုသည် ယခုအခါ မြန်မာစစ်တပ်ဟု လူသိများသောတပ်မတော်နှင့် ပိုမိုနီးကပ်စွာ ချဉ်းကပ်ခြင်းအားဖြင့် အရှေ့တောင်အာရှတွင် ခြေကုပ်ယူဖို့ ကြိုးပမ်းနေသည်။ အနောက်နိုင်ငံများမှ အင်အားကြီးသော ဒီမိုကရေစီနိုင်ငံသည် NUG အား တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုလျှင် နေပြည်တော်ရှိ မည်သည့်သြဇာကိုမဆို လက်လွှတ်ဆုံးရှုံးရမည်ဖြစ်ပြီး မော်စကိုနှင့်ပေဂျင်းတို့က မြန်မာနိုင်ငံအပေါ် လွှမ်းမိုးမှု ပိုမိုပေးသွားနိုင်ကြောင်း လေ့လာသုံးသပ်သူများက ဆိုကြသည်။ တစ်ချိန်ထဲမှာပင် လေ့လာ သုံးသပ်သူများက အနောက်နိုင်ငံများရဲ့ တရားဝင်အသိအမှတ်ပြုခြင်းသည် NUG ကို ပြောင်းလဲစေလိမ့်မည်ဟု သဘောတူခဲ့ကြသည်။ ယင်းကဲ့သို့ အသိအမှတ်ပြုခြင်းသည် အထူးသဖြင့် အမေရိကန် သို့မဟုတ် ဥရောပသမဂ္ဂ (EU) တစ်ခုလုံး၏ ပံ့ပိုးမှုမပါဘဲ လုပ်ဆောင်ရန်ရှိသည့် တာဝန်များစွာအတွက် လေ့ကျင့်နိုင်မည်ဖြစ်သည်။ နိုင်ငံတကာအဆင့်တွင် NUG အသိအမှတ်ပြုခံရလျှင် ရုရှားနှင့်တရုတ်တို့ကို အမှန်တကယ် ဒေါသထွက်စေပါလိမ့်မည်။ သို့သော် အိမ်နီးချင်းနိုင်ငံတစ်နိုင်ငံတွင် အနာက်တိုင်းအုပ်စုက ဝင်ရောက်စွက်ဖက်မှုကို ပေကျင်းက သေချာပေါက်ဆန့်ကျင်ပါလိမ့်မည်။

ယင်းအပြင် နောက်တစ်ချက်က အမေရိကန်နှင့်ဥရောပသမဂ္ဂတို့မှ NUG ကိုအသိအမှတ်ပြုကာ အကြပ်အတည်းကို ကြားဝင်ဖြေရှင်းခြင်းသည် အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) ကိုစော်ကားရာရောက်သည်။ အာဆီယံအဖွဲ့သည် NUG နှင့်ထိတွေ့ဆက်ဆံရန်ပျက်ကွက်နေစဉ် ၎င်း၏တာဝန်ရှိသူများနှင့် သီးသန့်ညှိနှိုင်းအပြီးတွင် စစ်အစိုးရ၏ တရားဝင်မှုကို အမှန်တကယ် အသိအမှတ်ပြုခဲ့ခြင်း ဖြစ်သည်။ လာမယ့် စက်တင်ဘာလတွင် ကုလသမဂ္ဂက မြန်မာနိုင်ငံ၏ မှန်ကန်သောအစိုးရ မည်သူဖြစ်သင့်သည်ကို ဆုံးဖြတ်တော့မည်ဖြစ်သည်။ မြန်မာနိုင်ငံ၏ ကုလသမဂ္ဂအမြဲတမ်းမစ်ရှင်သည် ဖေဖော်ဝါရီလ အာဏာသိမ်းချိန်မှစ၍ နှစ်ပိုင်းကွဲသွားခဲ့ သည်။ သံအမတ် ဦးကျော်မိုးထွန်းကတော့ စစ်အစိုးရကို ပွင့်ပွင့်လင်းလင်းဆန့်ကျင်ခဲ့ပြီး NUG နှင့် မဟာမိတ်ဖွဲ့ခဲ့သည်။ ဦးကျော်မိုးထွန်းအား ကုလသမဂ္ဂက ခွင့်ပြုခဲ့ပြီး စစ်တပ်မှအတည်ပြု ထားသော အစားထိုးနေရာချထားမှုကို ပယ်ဖျက်ခဲ့သည်။ သို့သော် လာမည့်ကုလသမဂ္ဂ အထွေထွေညီလာခံတွင် NUG နှင့် စစ်အစိုးရအနေဖြင့် မည်သူတရားဝင်ဖြစ်မည်ဆိုတာကို လာမယ့် စက်တင်ဘာလမှာ စိစစ်ရေးကော်မတီကို အသနားခံစာ တင်သွင်းပြီးနောက် အဓိက ဆုံးဖြတ်ချက် ချလိမ့်မည်ဖြစ်သည်။ ကော်မတီတွင် အမေရိကန်၊ ရုရှား၊ တရုတ်နှင့် အခြားနိုင်ငံကြီး ၅ ခုမှ ကိုယ်စားလှယ်များ ပါဝင်သည်။

ဇွန်လအစောပိုင်းတွင် ပြုလုပ်ခဲ့သော ကုလသမဂ္ဂအထွေထွေညီလာခံတွင် နိုင်ငံအများစုဟာ စစ်အစိုးရ၏ လုပ်ရပ်များအား သဘောမတူကြောင်း ထောက်ခံခဲ့ကြပြီး ဘီလာရုစ်တစ်နိုင်ငံသာ ၎င်းတို့ကို ဆန့်ကျင်ခဲ့သည်။ မည်သို့ပင်ဆိုစေကာမူ UN သည် တရားဝင်အစိုးရအဖြစ် မည်သူ့ကို ရွေးချယ်ရမည်ဆိုတာဟာ အငြင်းပွားဖွယ်ကိစ္စ ဖြစ်နေဆဲ ဖြစ်သည်။ NUG ကို အသိအမှတ်ပြုဖို့ ယနေ့အထိအနောက်နိုင်ငံများမှ ပျက်ကွက်နေသော်လည်း အကြီးတန်းနိုင်ငံရေးသမားများသည် ပြိုင်ဘက်အစိုးရနှင့် အလွတ်သဘော ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြသည်။ လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့မှ Robertson က “ အနောက်နိုင်ငံများမှ ဒီမိုကရေစီနိုင်ငံများဟာ NUG နဲ့ ပုံမှန်ဆက်သွယ်မှုပြုခဲ့ကြသလို အချို့သောအာရှအစိုးရများ နဲ့လည်း ဆွေးနွေးမှုများပြုလုပ်နေတယ် " ဟုပြောကြားခဲ့သည်။ “ ဒါကြောင့် နောက်ဆုံးမှာ အာဆီယံနဲ့ အနောက်ဒီမိုကရေစီနိုင်ငံများ နှစ်ခုစလုံးဟာ မြန်မာနဲ့ ပိုပြီးထင်ရှားစွာနဲ့ တရားဝင်ဆက်ဆံဖို့လိုလိမ့်မယ်။ ဘာဖြစ်လို့လဲဆိုတော့ မြန်မာပြည်သူတွေ ရှင်းရှင်းလင်း ထောက်ခံတဲ့ အခြားကိုယ်စားလှယ်အဖွဲ့အစည်းတွေ မရှိလို့ပါ ” ဟု ၎င်းကဆက်ပြောခဲ့သည်။ ဥရောပကော်မရှင်၏ သတင်းရင်းမြစ်တစ်ခုက Asia Times သို့ပြောကြားရာမှာတော့ " အကျပ်အတည်းအတွက် ရေရှည်တည်တံ့ခိုင်မြဲသော အဖြေရှာရန် ကြိုးပမ်းရာမှာ အီးယူ အနေဖြင့် ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးလေးစားလိုက်နာမှုအတွက် ထောက်ခံအားပေးသူ များနှင့်အတူ ပါဝင်ခဲ့တယ်။ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ( CRPH )နဲ့ အမျိုးသားစည်းလုံးညီညွှတ်ရေးအစိုးရ (NUG) တို့ရဲ့ ကြိုးပမ်းမှုတွေကို အီးယူမှကြိုဆိုပါတယ်၊ ၎င်းတို့ကို အားလုံးပါဝင်နိုင်သည့် နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုများအတွက် အဓိက သက်ဆိုင်သူများဖြစ်တယ်လို့ ထည့်သွင်းစဉ်းစားထားပါတယ် " ဟု ဆိုသည်။ အမေရိကန်နှင့် ဥရောပသမဂ္ဂတို့၏ တရားဝင်ထုတ်ပြန်ချက်များအရ အာဆီယံသည် တရားဝင်ဆွေးနွေးပွဲများ တွင် NUG ပါဝင်ရန် လိုအပ်တယ်လို့ သဘောသက်ရောက်တဲ့ သတင်းစကားတစ်ခု ထွက်ပေါ်လာခဲ့ကြောင်း သိရသည်။

ဥရောပကော်မရှင်အရင်းအမြစ်က အထူးသဖြင့် အာဆီယံအထူးသံတမန်များအား မြန်မာနိုင်ငံရှိ သက်ဆိုင်ရာပါတီများနဲ့ အပြည့်အဝထိတွေ့ဆက်ဆံပြီး တာဝန်များထမ်းဆောင်ဖို့ ခန့်အပ်ခြင်းအတွက် မျှော်လင့်နေကြောင်း၊ မြန်မာနိုင်ငံ၏ ဒီမိုကရေစီအသွင်ကူးပြောင်းမှုနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုလမ်းကြောင်းဆီသို့ ပြန်လည်ရောက်ရှိစေမည့် စစ်မှန်သောနိုင်ငံရေး တွေ့ဆုံဆွေးနွေးမှုထူထောင်ရေးကို လွယ်ကူချောမွေ့စေရန်အတွက် မြန်မာနိုင်ငံရှိ သက်ဆိုင်ရာ
ပါတီများအားလုံးနှင့် အပြည့်အဝထိတွေ့ဆက်ဆံနိုင်ရမည်ဖြစ်ကြောင်း မှတ်ချက်ချခဲ့သည်။ စက်တင်ဘာလမှာ ချမှတ်မယ့် ကုလသမဂ္ဂရဲ့ ဆုံးဖြတ်ချက်သည် ကိစ္စရပ်များများစွာကို ရိုးရှင်းလွယ်ကူစေနိုင်သော်လည်း NUG အတွက် ဆန္ဒမဲအများစုရရှိလျှင်ပင် အနောက်အုပ်စု
အစိုးရများက အပြည့်အဝလက်ခံလိမ့်မယ်လို့ မဆိုနိုင်ပါ။ ယင်းတွင် ဥရောပပါလီမန် အမတ်များရဲ့ '' စိတ်ဝင်စားမှုကင်းမဲ့နေခြင်း" ကိုလည်း မြင်တွေ့နေရပြီး ၎င်းတို့ထဲမှ အနည်းငယ်ကသာ ယင်းကိစ္စများနဲ့ ပတ်သက်တဲ့ ဆွေးနွေးမှုပွဲများမှာ ပါဝင်လာနေပါတယ်။ သို့သော်ဇူလိုင်လအစောပိုင်းတွင် ပြင်သစ်နိုင်ငံရဲ့ အထက်လွှတ်တော်အမတ် ၁၅၀ ခန့်သည် NUG အား အသိအမှတ်ပြုရန် နိုင်ငံတော်အစိုးရအား တောင်းဆိုသည့်ဆုံးဖြတ်ချက်ကို အတည်ပြုခဲ့သည်။ အမှန်ကတော့ NUG ပါတီအများစုကို ဖွဲ့စည်းသော NLD နိုင်ငံရေးသမား များသည် ရုံးထိုင်ခဲ့ရစဉ်ကတည်းက အနောက်တိုင်းမိတ်ဆွေများကို ဆုံးရှုံးခဲ့ရပါသည်။ အမေရိကန်အထက်လွှတ်တော်လူနည်းစုခေါင်းဆောင် Mitch McConnell သည် ဒေါ်အောင်ဆန်းစုကြည်အား အာဏာသိမ်းခံရပြီးနောက်မှာပင် ကျောထောက်နောက်ခံပြုပေးပြီး မြန်မာအာဏာသိမ်းမှုအပေါ် တုန့်ပြန်မှုများကို ညှိနှိုင်းရန် Biden အုပ်ချုပ်ရေးနှင့် နီးကပ်စွာ ပူးပေါင်းခဲ့သည်။ NUG ခေါင်းဆောင်ဟာ ဒေါ်အောင်ဆန်းစုကြည်အပေါ် ယခင် ၎င်းတို့ တာဝန်ထမ်းဆောင်ခဲ့စဉ်က လုပ်ဆောင်ဖို့ ပြင်းပြခဲ့တဲ့ ဆောင်ရွက်စရာများကို မလုပ်တော့ဘဲ ဖောက်ဖျက်လိုက်ခြင်းကြောင့် NUG ရဲ့ ကြီးမားတဲ့ ကတိတွေအပေါ် အများစုက သံသယ ဝင်နေကြသည်။

၂၀၁၆ မှ ၂၀၂၀ ခုနှစ်အတွင်း NLD လက်ထက်က နိုင်ငံတော်အတိုင်ပင်ခံအနေဖြင့် လစ်ဘရယ်မူဝါဒများကို အကောင်အထည်ဖော်ရန် နှေးကွေးခဲ့သည်။ သို့သော်၎င်း၏ အကြီးမားဆုံး အစွန်းအထင်းမှာ စစ်တပ်ရဲ့“ရှင်းလင်းရေးလုပ်ငန်းများ” ညှဉ်းပမ်းနှိပ်စက်မှုများမှ လွတ်မြောက်ရန် အိမ်နီးချင်းဘင်္ဂလားဒေ့ရ်ှသို့ ထွက်ပြေးတိမ်းရှောင်ခဲ့သည့် ရိုဟင်ဂျာများအပေါ် NLD ၏တုံ့ပြန်မှုမဲ့ခဲ့ခြင်းဖြစ်သည်။ NLD သည် စစ်တပ်က လုပ်ဆောင်ခဲ့သော ရိုဟင်ဂျာများအား “လူမျိုးတုံးသတ်ဖြတ်မှု” ကို ကာကွယ်ပေးခဲ့သည်။ ဥပမာအားဖြင့် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ရိုဟင်ဂျာများကို“ ဘင်္ဂါလီ” များဟု ရည်ညွှန်းပြောဆိုခဲ့ပါသည်။ ရိုဟင်ဂျာများသည် နှစ်ပေါင်းများစွာ ကတည်းက အမျိုးသားရေးအုပ်စုများအကြား မြန်မာနိုင်ငံသားများ မဟုတ်ဘဲ ရွှေ့ပြောင်းလုပ်သားများဖြစ်သည်ဟု အခိုင်အမာဆိုထားသည်။ ဒေါ်အောင်ဆန်းစုကြည် သည်လည်း ရိုဟင်ဂျာအမျိုးသမီးများ မုဒိန်းပြုကျင့်ခံရခြင်းကို အစစ်အမှန် မဟုတ်ကြောင်း ရည်ညွှန်းပြောဆိုပြီး အကြမ်းဖက်မှုကိုစတင်ခဲ့သည့်အတွက် ၎င်းတို့ကို“ အကြမ်းဖက်သမားများ” ဟု ကဲ့ရဲ့ပြောဆိုခဲ့သည်။ ၂၀၁၈ ခုနှစ်နောက်ပိုင်းတွင် အနောက်နိုင်ငံများမှ အစိုးရများက ပေးအပ်သော ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံတကာဆုများစွာသည် ရိုဟင်ဂျာများအား လူမျိုးတုန်းသတ်ရန် ခွင့်ပြုမှုနှင့် ဖယ်ရှားခံခဲ့ရသည်။ ရိုဟင်ဂျာပြဿနာများအပေါ် NUG ၏ စစ်မှန်သောရည်ရွယ်ချက်နှင့် ပတ်သက်၍ သံသယများစွာ ကျန်ရှိနေသေးသည်။ ပြီးခဲ့သည့်လက အမေရိကန်ကွန်ဂရက် အမတ် Ted Lieu က ကွန်ဂရက်လွှတ်တော်တွင် ကြားနာခြင်း၌ ရိုဟင်ဂျာကိုယ်စားလှယ်များ မရောက်မချင်း NUG အား အသိအမှတ်ပြုခြင်းကို တားဆီးလိမ့်မည်ဟု ပြောကြားခဲ့သည်။ များမကြာမီက NUG ဟာ ရိုဟင်ဂျာများအား နိုင်ငံသားအဖြစ်မှ ရှုတ်ချခြင်းသော ၁၉၈၂ နိုင်ငံသားဥပဒေကို ပယ်ဖျက်မည်ဟု ကြေညာခဲ့သည်။ ၎င်းကို အချို့ကလည်း အပြည်ပြည်ဆိုင်ရာထောက်ပံ့မှုနှင့် အသိအမှတ်ပြုမှုရရှိရန် ကြိုးပမ်းမှုအဖြစ်သာ ရှုမြင်ထားကြတော့သည်။

အကယ်၍ NUG အာဏာရလာပါက ရိုဟင်ဂျာတစ်သန်းခန့်ကို မြန်မာနိုင်ငံသို့ ငြိမ်းချမ်းစွာ
ပြန်လည်ရောက်ရှိလာနိုင်မည်လား။ အထူးသဖြင့် NUG သည် ရခိုင်ပြည်နယ်ရှိ ဗုဒ္ဓဘာသာ
အမျိုးသားရေးဝါဒီများ၏ထောက်ခံမှုအပေါ် မူတည်နေသလား။ အကယ်၍ NUG သည် အာဏာကို တစ်နည်းနည်းဖြင့် အနိုင်ရပါက နိုင်ငံ၏ ဆယ်စုနှစ် ၇ ခုကြာခဲ့သည့် ပြည်တွင်းစစ်များကို အဆုံးသတ်ဖို့ ကမ်းလှမ်းရန် လိုအပ်လိမ့်မည်။ အကယ်၍ ၎င်းသည် ဗမာလူမျိုးအများစု၏ အင်အားကိုအားနည်းစေသည်ဟု မြင်ပါက NUG သည် အမျိုးသားရေးဝါဒီများ၏ အတိုက်အခံနှင့်လည်း ရင်ဆိုင်ရလိမ့်မည်ဖြစ်သည်။ အနောက်အစိုးရများအနေဖြင့် ယခုအချိန်အထိ မြန်မာနိုင်ငံမှာ စစ်အစိုးရသည် ရွေးကောက်တင်မြှောက်ခံထားရသော NLD အစိုးရအား အာဏာပြန်ပေးလိမ့်မည်ဟု ယူဆထားကြပါသည်။

( Why the West won't recognize Myanmar NUG ဆောင်းပါးကို ဆီလျော်သလို ဘာသာပြန်ဆိုထားခြင်းဖြစ်ပါသည်)

Related news

© 2021. All rights reserved.