ကိုဗစ်ကြာင့် လူသန်းနဲ့ချီသေဆုံးခဲ့ရတယ်လို့ အမေရိကန်သုသေတနအဖွဲ့ရဲ့စွပ်စွဲချက်က မဟုတ်မှန်ကြောင်း အိန္ဒိယငြင်းဆို
505
ရောင်နီ (NP News) - ဇူလိုင် ၂၃
အမေရိကန်သုသေတနအဖွဲ့တစ်ဖွဲ့ရဲ့ မကြာသေးမီက လေ့လာမှုများမှာတွေ့ရှိခဲ့တဲ့ နိုင်ငံအတွင်း ကိုဗစ်ကြောင့် သေဆုံးသူသန်းပေါင်းများစွာထိရှိခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်ဟာ မဟုတ်မှန်ကြောင်း အိန္ဒိယနိုင်ငံအစိုးရက ငြင်းဆိုလိုက်ပါတယ်။
အိန္ဒိယမှာ ကိုဗစ်ကြောင့်သေဆုံးသူနဲ့ပတ်သက်ရင် နိုင်ငံရဲ့ တရားဝင်အချက်အလက်များမှာတော့ ၄၂၀၀၀၀ နီးပါးအထိသာ ရှိနေတာတွေ့ရပါတယ်။ သို့ပေမယ့်လည်း များစွာသော အိန္ဒိယပြည်နယ်တွေမှာ ဗိုင်းရပ်စ်ကူးစက်မှု အမြင့်ဆုံးဖြစ်ခဲ့တဲ့ ဧပြီနဲ့ မေလရဲ့ ဗိုင်းရပ်စ်ဖြစ်စဉ် အချက်အလက်များကို ပြန်လည်စုစည်းနေကြောင်း ကြေညာချက်မှာ ဖော်ပြခဲ့ပါတယ်။ အင်္ဂါနေ့က အမေရိကန်သုတေသနအဖွဲ့ရဲ့ Center for Global Development လေ့လာမှုတစ်ခုအရ အိန္ဒိယနိုင်ငံမှာ လူဦးရေရဲ့ ၃ ဒသမ ၄ သန်းမှ ၄ ဒသမ ၇ သန်းထိ သေဆုံးခဲ့နိုင်ကြောင်း ဖော်ပြခဲ့ပါတယ်။ ဒါဟာ အမှန်ဆိုရင် အိန္ဒိယဟာ ကမ္ဘာပေါ်မှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် လူသေဆုံးမှု အများဆုံးစံချိန်တင်နိုင်ပြီး လက်ရှိမှာတော့ တရားဝင်စာရင်းဇယားမှာ သေဆုံးသူစုစုပေါင်း ၄၁၉၀၀၀ သာ မှတ်တမ်းတင်ထားကာ ကမ္ဘာ့တတိယမြောက် သေဆုံးမှုအများဆုံးနိုင်ငံ ဖြစ်နေပါတယ်။ အိန္ဒိယရဲ့ တရားဝင် ကူးစက်မှုမှတ်တမ်းများကို သံသယရှိပြီးနောက် ယင်းလေ့လာမှုကို ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး နိုင်ငံမှာ ဗိုင်းရပ်စ်ကူးစက်မှု စံချိန်တင်ထိန်းသိမ်းနိုင်စွမ်း ညံ့ဖျင်းခြင်းကြောင့် အမှန်တကယ် သေဆုံးမှုနှုန်းဟာ တစ်ကမ္ဘာလုံး ပျှမ်းမျှသေဆုံးမှုရဲ့ ထက်ဝက်ခန့်ရှိနိုင်ကြောင်း ထောက်ပြခဲ့ပါတယ်။ သုတေသီတွေက အလွန်အကျွံသေဆုံးမှုတွေကို စောင့်ကြည့်ပြီး ပုံမှန်အချိန်သေဆုံးမှုနှုန်းများ၊ အခြားနိုင်ငံများရဲ့ သေဆုံးမှုနှုန်းများနဲ့ နှိုင်းယှဉ်ကာ ဖော်ပြခဲ့ခြင်း ဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံ အစိုးရကတော့ လေ့လာမှုဟာ တူညီတဲ့နိုင်ငံတိုင်းမှာ ကိုဗစ်ကူးစက်ခံရသူ မည်သူမဆို သေဆုံးနိုင်တယ်ဆိုတဲ့ ယူဆချက်နဲ့ တွက်ချက်ထားခြင်းဖြစ်ကြောင်း၊ လူမျိုး၊ လူဦးရေ၊ မျိုးရိုးဗီဇ ဖွဲ့စည်းပုံ၊ အခြားရောဂါများနဲ့ ထိတွေ့မှု၊ လူဦးရေရဲ့ ဖွံ့ဖြိုးတိုးတက်မှုနဲ့ ဆက်စပ်တဲ့ အချက်အလက်များကို လျစ်လျူရှုကာ ဖော်ပြထားခြင်းဖြစ်ကြောင်း၊ သေဆုံးမှုအားလုံးကို ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဖြစ်တယ်လို့ ယူဆခြင်းဟာ လုံးဝမှားယွင်းခြင်းဖြစ်ကြောင်း၊ အိန္ဒိယနိုင်ငံမှာ စမ်းသပ်ခန်း အမြောက်အများရှိနေပြီး ကူးစက်မှုဖြစ်ရပ်တစ်ချို့ကို မဖော်ထုတ်ရသေးပေမယ့် သေဆုံးမှုတွေ လစ်ဟနေခြင်းကတော့ မဖြစ်နိုင်ကြောင်း ကြာသပတေးနေ့မှာ ပြောကြားခဲ့ပါတယ်။
သို့ပေမယ့် အဆိုပါ ကြေညာချက်ဟာ ဒေသခံအာဏာပိုင်များကို အပြစ်တင်စရာဖြစ်နေပြီး ကျန်းမာရေးဝန်ကြီးဌာနကလည်း ပြည်နယ်အစိုးရများမှ ပေးပို့တဲ့ အချက်အလက်များကိုသာ စုဆောင်းထုတ်ဝေရခြင်းကြောင့် ကိုဗစ်ကြောင့် ဖြစ်နိုင်ခြေရှိတဲ့ သေဆုံးမှုများကို မှတ်တမ်းတင်ထားဖို့ ထပ်ခါထပ်ခါ အကြံပေးခဲ့ပါတယ်။