တတိယကမ္ဘာစစ်အတွက် ထိုင်ဝမ်က ဆိုက်ဘာပိုင်းမှာ ဘယ်လိုတွေပြင်ဆင်ထားလဲ

 2417

ရောင်နီ (NP News) - ဇူလိုင် ၂၅
( နိုင်ငံတကာပညာရှင်များဖြစ်တဲ့ Eric Cheung၊ Will Ripley၊ Gladys Tsaiနဲ့ CNN Bussiness တို့ဧ။် တွေ့ဆုံဆွေးနွေးမှု )

ထိုင်ဝမ်အပေါ် တရုတ်၏စစ်ရေးဖိအား တိုးမြှင့်လာသည်နှင့်အမျှ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရကျွန်းသည် နောက်ထပ်ကြီးမားသော စစ်ပွဲအတွက် ဆိုက်ဘာတိုက်ခိုက်မှုများ ပြင်ဆင်နေသည်။

ယခုလအတွင်း နည်းပညာဆိုင်ရာ အားနည်းချက်များကို ကာကွယ်ရန ်သိသိသာသာ လုပ်ဆောင်မှုများ ပြုလုပ်နေကြောင်း၊ အစိုးရစနစ်များကို တမင်တကာတိုက်ခိုက်ရန်နှင့် လစဉ်ခန့်မှန်းခြေ သန်း ၂၀ မှသန်း ၄၀ အထိ ဆိုက်ဘာတိုက်ခိုက်မှုများကို တားဆီးရန် ကွန်ပျူတာကျွမ်းကျင်သူ ၂ ဒါဇင်ခန့် အသုံးပြုသွားမည်ဖြစ်ကြောင်း၊ နည်းပညာ အားနည်းချက်များကို ကာကွယ်ရန် သိသာသော လုပ်ဆောင်ချက်များ ဆောင်ရွက်နေကြောင်း ထိုင်ဝမ်ဆိုက်ဘာ လုံခြုံရေး အကြီးအကဲက CNN Bussiness ကို ပြောကြားခဲ့သည်။ ထိုင်ဝမ်က တိုက်ခိုက်မှုအများစုကို ခုခံကာကွယ်နိုင်ကြောင်း ၊ အောင်မြင်တဲ့ဆိုက်ဘာချိုးဖောက်မှုတွေ ရာနဲ့ချီ ရှိနေသော်လည်း အစိုးရက လက်တဆုပ်စာသာသာဟုသာ သတ်မှတ်ခဲ့သည်။ သို့သော် ကြီးမားသော အရေအတွက်နှင့် တိုက်ခိုက်မှုတွေ လာနိုင်တဲ့ နေရာတွေကိုတော့ အလေးအနက်ထားဖို့ အစိုးရကို ဖိအားပေးခဲ့တယ်လို့ ထိုင်ဝမ်ဆိုက်ဘာလုံခြုံရေးဌာန၏ အကြီးအကဲ Chien Hung-wei က ဆိုခဲ့သည်။ တိုက်ခိုက်သူများ၏ လုပ်ရပ်များနှင့် နည်းစနစ်များကို အခြေခံလျှင် ကျွန်ုပ်တို့၏ အိမ်နီးချင်းများမှ တိုက်ခိုက်မှုများစွာသည် အတော်အတန်မြင့်မားသည်ဟု ၎င်းက တရုတ်ပြည်မကြီးကို ရည်ညွှန်းကာ CNN Business သို့ ပြောကြားခဲ့သည်။

"ကျွန်တော်တို့ရဲ့ အစိုးရလုပ်ငန်း လည်ပတ်မှုဟာ အင်တာနက်အပေါ် အများကြီးမှီခိုနေရတယ်။ ကျွန်တော်တို့ နိုင်ငံရဲ့ ဓာတ်ငွေ့၊ ရေနှင့် လျှပ်စစ်ဓာတ်အားကဲ့သို့ အရေးပါသော အခြေခံအရာများ ကောင်းမွန်ခြင်းကြောင့် ကျွန်တော်တို့ရဲ့ ကွန်ယက်လုံခြုံမှု မရှိပါက အလွယ်တကူ သားကောင်ဖြစ်သွားနိုင်တယ် " ဟု Chien ကပြောကြားခဲ့သည်။ ဆိုက်ဘာတိုက်ခိုက်မှုများသည် ကြီးထွားလာနေသော ကမ္ဘာလုံးဆိုင်ရာ ခြိမ်းခြောက်မှုတစ်ခု ဖြစ်သည်။ တရုတ်သည် ထိုကဲ့သို့သော တိုက်ခိုက်မှုများကို စီစဉ်သည်ဟု စွပ်စွဲခံရသည့် တစ်ခုတည်းသော နိုင်ငံ ဖြစ်နေပြီး ပေကျင်းသည် ယခုအပတ်တွင် ယင်းပြဿနာများနှင့် ပတ်သတ်ပြီး အနောက်နိုင်ငံများဧ။် ပြင်းထန်သော စစ်ဆေးမှုများနှင့် ရင်ဆိုင်နေရသည်။ တနင်္လာနေ့တွင် အမေရိကန်၊ ဥရောပသမဂ္ဂနှင့် အခြားမဟာမိတ်များက တရုတ်နိုင်ငံ၏ နိုင်ငံတော်လုံခြုံရေးဝန်ကြီးဌာနသည် မတ်လအတွင်း Microsoft ၏ Exchange အီးမေးလ်ဝန်ဆောင်မှုကို ဆန့်ကျင်သော လှုပ်ရှားမှုအပါအဝင် ကမ္ဘာတစ်လွှား၌ အန္တရာယ်ရှိသော လှုပ်ရှားမှုများပြုလုပ်ရန် "ရာဇဝတ်မှု သက်ရောက်စေသော ဟက်ကာများ( criminal contract hacker ) " ကို အသုံးပြုခဲ့သည်ဟု စွပ်စွဲခဲ့သည်။ အမေရိကန်ရဲ့ စွမ်းအင်နဲ့ စားနပ်ရိက္ခာ ထုတ်လုပ်မှုကဲ့သို့သော အဓိကကဏ္ဍများမှာ အကြီးအကျယ်အားနည်းမှုများ ရှိနေပြီးနောက် အဆိုပါ ညှိနှိုင်းကြေညာချက်များဟာ ဆိုက်ဘာလုံခြုံရေးခုခံကာကွယ်ရေးအတွက် ဘိုင်ဒမ်အုပ်ချုပ်ရေးရဲ့ ဦးစားပေးနေခြင်းကို ဖော်ပြနေသည်။ ထိုင်ဝမ်အစိုးရက ကျောထောက်နောက်ခံပေးထားသော ဟက်ကာများသည် ပြီးခဲ့သည့်နှစ်က အနည်းဆုံး အဓိက malware တိုက်ခိုက်မှုတစ်ခု၏ နောက်ကွယ်တွင် ရှိခဲ့သည်ဟု ထိုင်ဝမ်က သံသယရှိခဲ့သည်။ ၂၀၂၀ ပြည့်နှစ် မေလတွင် ထိုင်ဝမ်ရှိ အစိုးရပိုင် ရေနံသန့်စင်ရေး CPC ကော်ပိုရေးရှင်းသည် ဖောက်သည်များထံမှ အီလက်ထရောနစ် ငွေပေးချေမှုကို မပြုလုပ်နိုင်ခြင်းနှင့် တိုက်ခိုက်ခြင်း ခံခဲ့ရသည်။ တရားရေး ၀ န်ကြီးဌာနမှ စုံစမ်းစစ်ဆေးရေးဗျူရိုက တရုတ်နိုင်ငံနှင့ ်ချိတ်ဆက်ထားသော ဟက်ကာအဖွဲ့သည် အဆိုပါ တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်ဟု စွပ်စွဲခဲ့သည်။

ထိုင်ဝမ်နှင့် အခြားသူများအား ဆိုက်ဘာတိုက်ခိုက်မှုပြုလုပ်ခြင်းနဲ့ ပတ်သက်ပြီး တရုတ်ကအကြိမ်ကြိမ်ငြင်းဆန်ခဲ့သည်။ CNN Business မှ ထုတ်ပြန်ချက်တွင် နိုင်ငံခြားရေးဝန်ကြီးဌာနက ကျွန်း၏စွပ်စွဲချက်များကို အခြေအမြစ်မရှိကြောင်း ပြောဆိုခဲ့ပြီး တရုတ်နိုင်ငံ၏ ထိုင်ဝမ်ရေးရာရုံးသည် ထိုင်ဝမ်အာဏာပိုင်များအား ပြည်မကို “ပုံမှန်လုပ်နေကြ လှည့်ကွက်” အဖြစ်အသုံးပြူခြင်း၊ မကြာသေးမီက Covid-19 ကူးစက်ဖြစ်ပွားမှုမှ ဖယ်ရှားပစ်ရန်အတွက် ဆိုက်ဘာတိုက်ခိုက်မှုများကို အသုံးပြုခြင်းဟုဆိုကာ ဝေဖန်ခဲ့သည်။ ယခုသီတင်းပတ်အစောပိုင်းက ကြီးမားသော ကမ္ဘာလုံးဆိုင်ရာဟက်ကာတိုက်ခိုက်မှုပြုလုပ်ခဲ့သည်ဟု အနောက်နိုင်ငံများက တရုတ်အား စွပ်စွဲခဲ့ခြင်းကိုလည်း တရုတ်က “အခြေအမြစ်မရှိ”လို့ ဆိုခဲ့သည်။ " ဆိုက်ဘာလုံခြုံရေး ပြဿနာတွေနဲ့ ပတ်သက်ပြီး အမေရိကန်ပြည်ထောင်စုနဲ့ သူ့ရဲ့မဟာမိတ်တွေအနေနဲ့ တရုတ်နိုင်ငံကို ညစ်ညမ်းတဲ့ ဝေဖန်မှုတွေမလုပ်ဖို့ တိုက်တွန်းပါတယ်။ တရုတ်ဟာ မည်သည့်ဆိုက်ဘာတိုက်ခိုက်မှုကိုမဆို အားပေးတယ်၊ ထောက်ခံတယ် " ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Zhao Lijian က အင်္ဂါနေ့တွင် ပြောကြားခဲ့သည်။ လွန်ခဲ့သော အနှစ် ၇၀ ကျော်က တရုတ်ပြည်တွင်းစစ်ပြီးဆုံးချိန် မှစ၍ ထိုင်ဝမ်သည် တရုတ်ပြည်မကြီးနှင့် သီးခြားခွဲနေကာ ကိုယ်ပိုင်အုပ်ချုပ်ခဲ့သည်။

တရုတ်ကွန်မြူနစ်ပါတီသည် ထိုင်ဝမ်ကိုတစ်ခါမျှ အုပ်ချုပ်ခဲ့ခြင်းမရှိသော်လည်း ပေကျင်းက ကျွန်းသည် ၎င်းတို့ နယ်မြေ၏ “ခွဲလို့မရသောအစိတ်အပိုင်း” ဖြစ်သည်ဟုယူမှတ်ခဲ့ပြီး ကျွန်းအား လွတ်လပ်ရေးaကြညာပါက တရုတ်ပြည်မကြီးအနေနဲ့ အင်အားသုံးရမည်ဖြစ်ကြောင်း အကြိမ်ကြိမ်ခြိမ်းခြောက်ခဲ့သည်။ မကြာသေးမီနှစ်များအတွင်း တရုတ်သည် ထိုင်ဝမ်အပေါ် စစ်ရေးအရဖိအားတိုးမြှင့်ခဲ့သည်။ ဇွန်လတွင် ထိုင်ဝမ်ကျွန်းအနီး စစ်လေယာဉ်နှစ်ဒါဇင်ကျော်ကို စေလွှတ်ခဲ့ပြီး ၎င်း၏လေကြောင်းကာကွယ်ရေး သတိပေးချက်များ ထုတ်ပြန်ခဲ့သည်။ ပြီးခဲ့သည့်နှစ်က ထိုသို့ကျူးကျော်မှုများကို မှတ်တမ်းတင်ခဲ့ပြီးကတည်းက ထိုင်ဝမ်ကို စေလွှတ်ခဲ့တဲ့ အများဆုံးသော လေယာဉ်လေယာဉ် ပေးပို့မှုပင် ဖြစ်သည်။ ထိုင်ဝမ်အား အမေရိကန်စစ်တပ်နှင့် ပိုမိုခိုင်မာသော ဆက်ဆံမှုများ ထူထောင်ထားခြင်းကြောင့် စစ်ပွဲဆင်နွှဲရန် ပြင်ဆင်မှုများပြုလုပ်ထားဖို့ သတိပေးချက်ထုတ်ပြန်ခဲ့သည်။ (လေ့လာသုံးသပ်သူများက ပြောကြားသည်မှာ တရုတ်နိုင်ငံက လေယာဉ်များ စေလွှတ်လိုက်ခြင်းသည် စစ်တပ်၏အင်အားကိုပြသခြင်းနှင့် ထိုင်ဝမ်နှင့်ပတ်သက်သည့် မည်သည့်ဖြစ်နိုင်ချေရှိသော ပဋိပက္ခ္ခအတွက်မဆို လိုအပ်သော ထောက်လှမ်းရေး ရရှိရန်နည်းလမ်းများ အပါအဝင် ရည်ရွယ်ချက်များစွာ ရှိနိုင်ကြောင်း ဆိုသည်)ကျွမ်းကျင်သူပညာရှင်များက စစ်ရေးစစ်ဆင်ရေး အလားအလာသာမက ဆိုက်ဘာစစ်ဆင်ရေးကိုလည်း စိုးရိမ်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့ကြသည်။ ယခုလအစောပိုင်းက အမေရိကန်အခြေစိုက် ဆိုက်ဘာလုံခြုံရေးကုမ္ပဏီ Recorded Future က တရုတ်အစိုးရမှ ထောက်ပံ့သောအဖွဲ့သည် ထိုင်ဝမ်အဆင့်မြင့်နည်းပညာ သုတေသနဌာနဖြစ်သော Industrial Technology Research Institute ကို ပစ်မှတ်ထားနေသည်ဟု စွပ်စွဲခဲ့သည်။ မှတ်တမ်းတင်ထားချက်များအရ တရုတ်အုပ်စုများသည် အရင်းအမြစ်ကုဒ်များ၊ ဆော့ဖ်ဝဲဖွံ့ဖြိုးတိုးတက်မှု ပစ္စည်းများနှင့် ချစ်ပ်ဒီဇိုင်းများကို ရရှိရန်အတွက် တိုင်ဝမ်ရှိ ဆီမီးကွန်ဒတ်တာစက်ရုံတစ်ဝိုက်ရှိ အဖွဲ့အစည်းများကို ပစ်မှတ်ထားကြောင်းတွေ့ရှိခဲ့သည်။ ၎င်းသည် ၎င်း၏တောင်းဆိုမှုများက ို ကွန်ယက်အသွားအလာ ခွဲခြမ်းစိတ်ဖြာမှုဟုခေါ်သည့် နည်းလမ်းကို အသုံးပြု၍ စုဆောင်းထားသည့် သက်သေအထောက်အထားများအပေါ် အခြေခံကာ လုံခြုံရေးခြိမ်းခြောက်မှုများကို ရှာဖွေရန်အတွက် ထိုလမ်းကြောင်းကို စစ်ဆေးသည်။
တရုတ်၏ထိုင်ဝမ်ရေးရာရုံးက ထိုကိစ္စများနှင့် ပတ်သတ်၍ မေးခွန်းများကို ဖြေကြားခြင်း မရှိသော်လည်း ထိုင်ဝမ်အာဏာပိုင်များသည် တရုတ်ဆန့်ကျင်ရေးမုန်းတီးမှုကို လှုံ့ဆော်ရန်နှင့် ပဋိပက္ခများကို တိုးပွားစေသည်၊ အန္တရာယ်များအတွက် ပြင်ဆင်နေသည်ဟု စွပ်စွဲခဲ့သည်။ ယခုအခါ မကြာသေးမီလများအတွင်း အမေရိကန်ပြည်ထောင်စုရှိ အကြီးမားဆုံးလောင်စာဆီ ပိုက်လိုင်းတစ်ခုအား ဖြိုဖျက်ပြီး အသားတင်ပို့သူ JBS USA အတွက် အဓိကလုပ်ငန်းများရပ်ဆိုင်းသွားစေသော ဆိုက်ဘာတိုက်ခိုက်မှုများ၏ ခြိမ်းခြောက်မှုများအပေါ် နိုင်ငံများစွာက အာရုံစိုက်နေကြသည်။ ဧပြီလတွင် အမေရိကန်တရားရေးဌာနက ၂၀၂၀ အား ငွေညှစ်ခြင်းနှင့်ဆိုင်သော ဆိုက်ဘာတိုက်ခိုက်မှုများအတွက် “ အဆိုးရွားဆုံးနှစ်” ဟုကြေညာခဲ့သည်။ ဆိုက်ဘာလုံခြုံရေးကုမ္ပဏီ Check Point Software ၏အဆိုအရ ၂၀၂၁ ခုနှစ်ပထမနှစ်ဝက်တွင် ransomware တိုက်ခိုက်မှုသည် ယခင်နှစ်အလားတူကာလနှင့် နှိုင်းယှဉ်လျှင် ၁၀၂ ရာခိုင်နှုန်းတိုးလာခဲ့သည်ဟု ဆိုသည်။ ထိုင်ဝမ်ဆိုက်ဘာ လုံခြုံရေးကုမ္ပဏီ Devcore ၏ အမှုဆောင်အရာရှိချုပ် Allen Own က ဟက်ကာများကို အမြတ်အစွန်းအတွက် အလုပ်လုပ်ကိုင်နေသူများနှင့် အမျိုးသားရေးအရေးပါမှုဆိုင်ရာ သတင်းအချက်အလက်များကို ခိုးယူသောအုပ်စုနှစ်စု ခွဲနိုင်သည်ဟု ပြောကြားခဲ့သည်။

၎င်းကအမေရိကန်ပြည်ထောင်စု၊ တရုတ်၊ ရုရှားနှင့် မြောက်ကိုရီးယားအပါအဝင် များစွာသော နိုင်ငံများက ထောက်လှမ်းရေးရရှိရန် သို့မဟုတ် အခြားတိုင်းပြည်၏ အခြေခံဒေတာများကို ထိုးဖောက်ရန်, ဒါမှမဟုတ် တိုက်ခိုက်သူတွေကို ခုခံကာကွယ်ဖို့အတွက် ကြောက်မက်ဖွယ် "ဆိုက်ဘာတပ်ဖွဲ့များ" စုဝေးပါပြီဟု ဆိုသည်။ ယင်းသည် ထိုင်ဝမ်၏ ကိုယ်ပိုင်စွမ်းရည်ကို မြှင့်တင်ရန်လိုအပ်ကြောင်းကို မီးမောင်းထိုးပြနေသည်။ သတင်းအချက်အလက်လုံခြုံရေးမှ လူအများစုက တတိယ ကမ္ဘာစစ်ဟာ အင်တာနက်ပေါ်မှာ ဖြစ်လိမ့်မည်ဟုဆိုသည်။ တစ်ချိန်တည်းမှာပင် ထိုင်ဝမ်ကလည်း ဤအန္တရာယ်များအတွက် နှစ်ပေါင်းများစွာကတည်းက ညှိနှိုင်းမှု ပြုလုပ်ထားပြီးသား ဖြစ်တယ်ဟုဆိုသည်။ ၂၀၁၆ ခုနှစ်တွင် ထိုင်ဝမ်၏အမြင့်ဆုံးအုပ်ချုပ်ရေးအဖွဲ့၊ အမှုဆောင်ယွမ်သည် လုံခြုံရေးအန္တရာယ်များ လျော့ပါးစေရန် ဆိုက်ဘာလုံခြုံရေးဌာနကို တည်ထောင်ခဲ့သည်။ ထိုအချိန်က သမ္မတ Tsai Ing-wen သည် ဆိုက်ဘာလုံခြုံရေးကို နိုင်ငံဆိုင်ရာ လုံခြုံရေးကိစ္စအဖြစ် ကြေငြာခဲ့သည်။ ထိုင်ဝမ်၏ တရားဝင်သတင်းအေဂျင်စီအဆိုအရ ယခုနှစ်မေလတွင် သူမက အရေးပါသော အခြေခံဒေတာများကို ကာကွယ်ရန်၊ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးကဏ္ဍကို ကြီးကြပ်နိုင်မည့် ဒစ်ဂျစ်တယ်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၏ ဖန်တီးမှုတစ်ခုကို ကြေညာခဲ့သည်ဟု သိရသည်။ ပြီးခဲ့သည့်လက CNN နှင့် သီးသန့်တွေ့ဆုံမေးမြန်းခြင်းတွင် ထိုင်ဝမ်နိုင်ငံခြားရေး ဝန်ကြီးဂျိုးဇက်ဝူသည် ထိုင်ဝမ်ပြည်သူများ၏ ကိုယ်ပိုင်အစိုးရအပေါ် ယုံကြည်မှုအားနည်းစေရန် တရုတ်က စစ်ရေးခြိမ်းခြောက်မှုများ၊ ဆိုက်ဘာတိုက်ခိုက်မှုများ ပြုလုပ်နေသည်ဟု ဆိုသည်။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရကျွန်းသည် လစဉ်သန်းပေါင်းများစွာသော ဆိုက်ဘာ တိုက်ခိုက်မှုများ ခံနေရကြောင်းကို လွန်ခဲ့တဲ့ နှစ်အနည်းငယ်အတွင်း အစိုးရက မှတ်တမ်းတင်နိုင်ခဲ့ကြောင်း၊ သို့သော် ထိုင်ဝမ်သည် လွန်ခဲ့သော နှစ်က ၁၀ ကြိမ်ခန့် ခိုးယူခဲ့သော အချက်အလက်များ ( သို့မဟုတ် ) ကြီးလေးသော ချိုးဖောက်မှုများကို ခုခံကာကွယ်နိုင်တယ်လို့ ထိုင်ဝမ်ဆိုက်ဘာလုံခြုံရေးဌာန၏ ခေါင်းဆောင် Chien က ပြောကြားခဲ့သည်။

ထိုတိုက်ခိုက်မှုများနှင့် ပတ်သက်၍ အသေးစိတ်အချက်အလက်များကိုတော့ Chien က ပြောကြားခဲ့ခြင်း မရှိပါ။ ဆိုက်ဘာကျုးကျော်မှုများ ဖြေရှင်းပြီးသော်လည်း ၎င်းဧ။်တိုက်ခိုက်မှုများသည် တိုက်ခိုက်သူများ လက်လှမ်းမီနိုင်သည့် သတင်းအချက်အလက်များကြောင့် ရေရှည်အကျိုးဆက်များ ရှိနိုင်သည်ဟု ထိုင်ဝမ်ဆိုက်ဘာ လုံခြုံရေး ဖြေရှင်းမှုပေးသူ Team T5 ၏အမှုဆောင်အရာရှိချုပ် Tsai Sung-ting ကပြောကြားခဲ့သည်။

Related news

© 2021. All rights reserved.