အာဖန်ဂန်နစ္စတန်နိုင်ငံမှာ အခြေစိုက်ဖွင့်လှစ်ထားတဲ့ ကုလသမဂ္ဂရုံးတိုက်ခိုက်ခံရ

 1116

ဂျန်ဇက် (NP News) - ဇူလိုင် ၃၁
အာဖန်ဂန်နစ္စတန်အစိုးရကို ဆန့်ကျင်တိုက်ခိုက်နေတဲ့လက်နက်ကိုင်အဖွဲ့ဟာ နိုင်ငံအနောက်ပိုင်းရှိ ကုလသမဂ္ဂရုံးချုပ်ကို သောကြာနေ့ကတိုက်ခိုက်ခဲ့ပြီး အနည်းဆုံးတစ်ဦးသေဆုံးသွားခဲ့တယ်လို့ အာဖန်ဂန်နစ္စတန်နိုင်ငံရှိ ကုလသမဂ္ဂအကူညီပေးရေးမစ်ရှင် (UNAMA)က ဆိုပါတယ်။

တာလီဘန်သူပုန်အဖွဲ့ဟာ အာဖန်ဂန်နစ္စတန်အနောက်ပိုင်း ဟီရတ်မြို့ကို စိမ့်ဝင်ခဲ့ပြီးနောက် ကုလသမဂ္ဂရုံးချုပ်ကို ရော့ကဒ်တွေ၊သေနတ်တွေနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး အာဖန်ဂန်နစ္စတန်လုံခြုံရေး တပ်ဖွဲ့ဝင်တွေလည်း အပြန်အလှန်ပစ်ခတ်တိုက်ခိုက်မှုတွေဖြစ်ပွားခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ အမေရိကန်ဦးဆောင်တဲ့ နိုင်ငံခြားတပ်ဖွဲ့တွေဟာ အာဖန်ဂန်နစ္စတန်နိုင်ငံအတွင်းကနေ အပြီးတိုင်ရုတ်သိမ်းဖို့ နီးကပ်နေချိန်မှာ အခုလိုမျိုး တိုက်ခိုက်မှုတွေဖြစ်လာခဲ့တာဖြစ်ပါတယ်။ အဆိုပါတိုက်ခိုက်မှုဖြစ်ပွားရတဲ့ အဓိက အကြောင်းအရင်းကို အတိအကျမသိသေးကြောင်း၊ အာဖန်ဂန်နစ္စတန်နိုင်ငံအနောက်ပိုင်းမှာ လုံခြုံရေးအမြင့်ဆုံး တပ်လှန့်ထားရကြောင်းသိရပါတယ်။ ကုလသမဂ္ဂအကူညီပေးရေးမစ်ရှင် (UNAMA)ရဲ့အဆောက်အဦး ဝင်ပေါက်ကို အဓိကပစ်မှတ်ထားတိုက်ခိုက်ခဲ့တာဖြစ်ပြီး အဲဒီတိုက်ခိုက်မှုတွေအပေါ် အပြင်းထန်ရှုတ်ချကြောင်း အာဖန်ဂန်နစ္စတန်နိုင်ငံအတွက် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့အထူးကိုယ်စားလှယ် Deborah Lyons က ဆိုပါတယ်။ အဆိုပါ တိုက်ခိုက်မှုတွေနဲ့ပတ်သက်ပြီး ကုလသမဂ္ဂအဖွဲ့ဝန်ထမ်းတွေ သေဆုံးတာမျိုးမရှိကြောင်း ၎င်းကပြောပါတယ်။

တာလီဘန်အဖွဲ့ပြောရေးဆိုခွင့်ရှိသူ Zabihullah Mujahid က ၎င်းတို့အဖွဲ့တွေရဲ့ညှပ်ပူးညှပ်ပိတ် ပစ်ခတ်တိုက်ခိုက်ချိန်မှာ လုံခြုံရေးတပ်ဖွဲ့တွေထိခိုက်ဒဏ်ရာရဖွယ်ရှိနေကြောင်း ၊ရုံးနဲ့ကပ်လျက်ရှိတဲ့ အဆောက်အဦးကို ပိတ်ပင်လိုက်တဲ့အတွက် တိုက်ခိုက်မှုတွေဖြစ်ပွားလာခဲ့တာဖြစ်ကြောင်း ပြောပါတယ်။

Related news

© 2021. All rights reserved.