သြစတြေးလျနိုင်ငံရှိ မြန်မာသံရုံးကို ဗူးဒူး(မှော်)အရုပ်များနဲ့ပစ်ပေါက်တိုက်ခိုက်မှု ဖြစ်ပွားခဲ့
1983
ဂျန်ဇက် (NP News) - သြဂုတ် ၆
မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလက အာဏသိမ်းမှုဖြစ်ပွားခဲ့တာနဲ့ပတ်သက်ပြီး သြစတြေးလျနိုင်ငံရှိ မြန်မာအဖွဲ့အစည်းများ ကြားတင်းမာမှုများဖြစ်ခဲ့သလို ဆန္ဒပြအုပ်စုတွေဟာ သြစတြေးလျနိုင်ငံရှိ မြန်မာသံရုံးအဆောက်ဦးကို ရှေးဟောင်းမှော်အတတ်ပညာတစ်မျိုးဖြစ်တဲ့ ဗူးဒူးအရုပ်များ(voodoo dolls)နဲ့ပစ်ပေါက်ခဲ့ရာ သံရုံးတာဝန်ရှိသူတွေက ဒီနှစ်အစောပိုင်းမှာ သြစတြေးလျရဲတပ်ဖွဲ့ကို အကြောင်းကြားခေါ်ယူခဲ့ရတယ်လို့ ရဲတပ်ဖွဲ့က ဆိုပါတယ်။
မြန်မာ စစ်ကောင်စီဟာ အကြမ်းဖက်ဖြိုခွင်းမှုတွေ ဆက်လက်လုပ်ဆောင်လျက်ရှိနေတဲ့အတွက် သြစတြေးလျနိုင်ငံရှိ မြန်မာနိုင်ငံသားများဟာ မြန်မာသံရုံးရှေ့မှာ ဒေါသတစ်ကြီး ဆန္ဒပြခဲ့ပြီး သံရုံးရှေ့မှာ ပိုးအင်းစုန်းသပိတ်၊ ဝိညာဉ်သပိတ် စတဲ့ ဗူးဒူးအရုပ်များချထား ဆန္ဒပြခဲ့တယ်လို့ သိရပါတယ်။ တက်ကြွ လှုပ်ရှားသူတွေဟာ သတ်မှတ်ထားတဲ့စည်းကိုကျော်ဖြတ်ပြီး သံရုံးအတွင်းကိုဝင်ရောက်ဖို့ ကြိုးပမ်းနေတဲ့ အတွက် သံရုံးဝန်ထမ်းအချို့ဟ ာစိတ်မချရတဲ့အခြေနေမျိုးတွေ ရှိခဲ့ကြောင်း သိရပါတယ်။ အဆိုပါ အငြင်းပွားဆန္ဒပြမှုတွေဟာ မေလ ၅ ရက်နေ့က ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ရုပ်ပုံတွေကို မြေကြီးချနင်းကာ မြေကြီးပေါ်မှာကပ်ထားကြောင်း သိရပါတယ်။ ဆန္ဒပြအုပ်စုတွေဟာ သံအမတ်ကြီး သာအောင်ဉာဏ်နဲ့ သူရဲ့သားသမီးတွေကို အဓိကပစ်မှတ်ထားပြီး စက္ကူပေါ်မှာ အရုပ်၊ စားသားမျိုးစုံရေးသားပြီး သံရုံးထဲကို ပစ်ပေါက်တာမျိုးတွေလုပ်ခဲ့တဲ့အပြင် သံရုံးအဆောက်အဦးကို အနီရောင်ဆေးတွေနဲ့ ဆေးသုတ်ခဲ့ကြောင်း သိရပါတယ်။ ဗူးဒူးအရုပ်များ အသုံးပြုပြီး သံရုံးအဆောက်အဦးထဲ ပစ်ပေါက်ခြင်းဟာ သံရုံးအတွင်းရှိသူတွေကို အကြမ်းဖက်မှုတွေဖြစ်စေဖို့ ရည်ရွယ်တာဖြစ်ကြောင်း၊ သံအမတ်ကြီးနဲ့သူရဲ့မိသားစုကို "social punishment" လုပ်တာဖြစ်တဲ့အတွက် ဗူးဒူးအရုပ် "voodoo dolls" များ အသုံးပြုတာဖြစ်ကြောင်း ဆန္ဒပြအုပ်စုတွေကပြောပါတယ်။
ဆန္ဒပြပွဲမှာ ပါဝင်သူ ဇော်နိုင်ဝင်းဆိုသူက သံအမတ်ကြီးနဲ့ သံရုံးဝန်ထမ်းတွေကို လူသိရှင်ကြားအရှက်ရအောင် ရည်ရွယ်လုပ်ဆောင်တာဖြစ်ကြောင်း၊ ၎င်းတို့ဟာ စစ်ကောင်စီဘက်က ရပ်တည်သူတွေဖြစ်တဲ့အတွက် အခုလိုမျိုး လုပ်ဆောင်ခြင်းဖြစ်ကြောင်း ဆိုပါတယ်။