ထိုင်းနိုင်ငံမှာ စေတနာ့ဝန်ထမ်းတစ်ဦး ရထားတိုက်ခံရပြီး သေဆုံး

 441

ရောင်နီ (NP News) - သြဂုတ် ၈
ထိုင်းနိုင်ငံ၊ Bang Klam ခရိုင်ရှိ မောင်းသူမဲ့မီးရထားလမ်းပေါ်မှာ မော်တော်ယာဉ်ဖြတ်သန်းစဉ် ခရီးသည် တင် ရထားတစ်စီးနဲ့ တိုက်မိမှုဖြစ်ပွားခဲ့ပြီး မော်တော်ယာဉ်မောင်း စေတနာ့ဝန်ထမ်း အမျိုးသားတစ်ဦး ဒဏ်ရာအပြင်းအထန်ရကာ သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ ယာဉ်မတော်တဆမှုဟာ Bang Klam စီရင်စုရှိ Bang Klam ဆေးရုံ အနောက်ဘက်မှာ သြဂုတ်လ ၆ ရက် ညနေ့ပိုင်းက ဖြစ်ပွားခဲ့တာဖြစ်ပြီး မော်တော်ယာဉ်က ရထားလမ်းကိုဖြတ်ကူးခဲ့စဉ်မှာ Chumphon-Hat Yai ရထားနဲ့တိုက်မိခဲ့တာဖြစ်ပါတယ်။

ယာဉ်တိုက်မှုရဲ့အရှိန်ပြင်းအားဟာ မော်တော်ကားကို ရထားသံလမ်းကနေ မီတာ ၂ဝ ခန့်အကွာထိ လွင့်စင် သွားစေခဲ့ပြီး ယာဉ်မောင်းက ဒဏ်ရာအပြင်းအထန်ရခဲ့ပေမယ့်လည်း မီးရထားကတော့ ထိခိုက် ပျက်စီးမှု တစ်စုံတစ်ရာမရှိခဲ့ဘူးလို့ သိရပါတယ်။ မီးရထားနဲ့မော်တော်ယာဉ်တိုက်မိခဲ့တဲ့အခင်းဖြစ်ရာနေရာမှာ အချက်ပြမီးတွေရှိပေမယ့် ယာဉ်အတားအဆီး မရှိခဲ့ဘူးလို့ ရဲတပ်ဖွဲ့ကပြောပါတယ်။

နောက်ပိုင်းမှသာ အဆိုပါယာဉ်မောင်းဟာ အသက် ၂၃ နှစ်အရွယ် Ancharin Thongchum အမည်ရှိ စေတနာ့ဝန်ထမ်းတစ်ဦးဖြစ်ကြောင်းသိရှိခဲ့ပြီး ယာဉ်တိုက်မှုဖြစ်ပြီးနောက်တစ်ရက် သြဂုတ်လ ၇ ရက်နေ့မှ ၎င်းဟာ ပြင်းထန်တဲ့ဒဏ်ရာကြောင့် သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။ ၎င်းရဲ့ရုပ်အလောင်းကိုတော့ ဆွေမျိုးတွေက Bang Klam ခရိုင်၊ Wat Yoongthong မှာ ဈာပနအခမ်းအနားပြုလုပ်ကာ မြုပ်နှံပေးခဲ့ကြပါတယ်။

ရဲတပ်ဖွဲ့ရဲ့ ကနဦး စုံစမ်းစစ်ဆေးမှုအရ သေဆုံးသွားသူ ယာဉ်မောင်းဟာ ရထားကို သတိမပြုမိခြင်း (သို့မဟုတ်) အရှိန်ပြင်းစွာချဉ်းကပ်လာတဲ့ရထားကို တွေ့ပေမယ့်လည်း ဘရိတ်မအုပ်နိုင်ခြင်းတို့ ဖြစ်ခဲ့နိုင်တ ယ်လို့ ယူဆထားကြပြီး ယာဉ်တိုက်မှုရဲ့အကြောင်းရင်းအတိအကျကို မီးရထားအာဏာပိုင်တွေနဲ့ ညှိနှိုင်းကာ ဆက်လက်စုံစမ်းစစ်ဆေးနေဆဲဖြစ်တယ်လို့ သိရပါတယ်။
#NPNews

Related news

© 2021. All rights reserved.