ဟိုချီမင်းတွင် ဗိုင်းရပ်စ်ကန့်သတ်ချက် ရက်စွဲများ တိုးမြှင့်ထားပြီး အိန္ဒိယတွင်လည်း ဗိုင်းရပ်စ်ကူးစက်မှုလူနာ ၄ဝ၁၂ဝ ဦး ထပ်တိုး

729

ရောင်နီ ( NP News ) - သြဂုတ် ၁၃
ဗီယက်နမ်နိုင်ငံ၏ စီးပွားရေး အချက်အချာ ဟိုချီမင်းမြို့တွင် Covid -19 ကန့်သတ်ချက်များကို ဩဂုတ်လကုန်ထိ သက်တမ်းတိုးမည်ဖြစ်ကြောင်း နိုင်ငံပိုင် မီဒီယာက သောကြာနေ့ ( ဩဂုတ် ၁၃ ရက်နေ့) တွင် ပြောကြားခဲ့သည်။
“ကျွန်တော်တို့ဟာ ရှည်လျားတဲ့ တိုက်ပွဲအတွက် ကြိုတင်ပြင်ဆင်ထားရမယ်” ဟု ကွန်မြူနစ်ပါတီ ကော်မတီ၏ လက်ထောက်အတွင်းဝန် Phan Van Mai က Tuoi Tre သတင်းစာတွင် ပြောကြားခဲ့သည်။
နိုင်ငံဗိုင်းရပ်စ်ကူးစက်မှု၏ စိုးရိမ်စရာ အကောင်းဆုံးသည် သေဆုံးမှုနှုန်း မြင့်မားခြင်းဖြစ်ပြီး ယခုတလော တစ်ရက်ကို ပျှမ်းမျှ သေဆုံးသူ (၂၄၁) ဦးထိ ထပ်တိုးခဲ့ကြောင်း သိရသည်။ အဆိုပါ သေဆုံးမှုနူန်းသည် ပြီးခဲ့သည့်လက သေ ဆုံးနှုန်း (၁၃၈) ဦးနှင့် နှိုင်းယှဉ်ပါက အတော်မြင့်တက်လာကြောင်း တွေ့ရသည်။ ဗိုင်းရပ်စ်ကူးစက်မှုများမှ ကာကွယ်နိုင်ရန်အတွက် ကာကွယ်ဆေး အမြန်ထိုးနှံကြရန် အာဏာပိုင်များက တိုက်တွန်းနေပြီး ရရှိထားသည့် ကာ ကွယ်ဆေးပမာဏ (၁) သန်းကို တစ်နိုင်ငံလုံးတွင် ထိုးနှံပေးနေကြောင်း သိရသည်။
အိန္ဒိယနိုင်ငံသည်လည်း ဗိုင်းရပ်စ်ကူးစက်မှုများ လအနည်းငယ်ကြာ တည်ငြိမ်လာပြီးနောက် ပြီးခဲ့သည့် ၂၄ နာရီအတွင်း COVID-19 ကူးစက်လူနာသစ် ၄ဝ၁၂ဝ ဦး ထပ်တိုးလာခဲ့ကြောင်း သြဂုတ်လ (၁၃) ရက်တွင် အစိုးရထုတ်ပြန်ချက်တစ်ခုတွင် ဖော်ပြလာခဲ့သည်။
#NPNews