တရုတ်နိုင်ငံမှာ နှစ်ပေါင်း သန်း ၁၃ဝ သက်တမ်းရှိ ဒိုင်နိုဆော ကျောက်ဖြစ်ရုပ်ကြွင်းများ တွေ့ရှိ

1026

ရောင်နီ (NP News) - သြဂုတ် ၁၅
တရုတ်နိုင်ငံ၊ ရှန်ကျင်းပြည်နယ်မှာ နှစ်ပေါင်း သန်း ၁၃၀ သက်တမ်းရှိ ဒိုင်နိုဆော ကျောက်ဖြစ်ရုပ်ကြွင်းများ တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။
တရုတ်ကျောက်ဖြစ်ရုပ်ကြွင်း ပညာရှင်အဖွဲ့ဟာ ဘရာဇီး ပညာရှင်အဖွဲ့နဲ့အတူ လွန်ခဲ့တဲ့ နှစ်ပေါင်းသန်း ၁၃ဝ ခန့် က ရှင်သန်ခဲ့တဲ့ ဒိုင်နိုဆောမျိုးစိတ်သစ်နှစ်ခုကို ရှန်ကျင်းပြည်နယ်၊ Hami မှာ တွေ့ရှိခဲ့ကြပြီး ရုပ်ကြွင်းနှစ်ခုရဲ့ အမည်ကို Hami နဲ့ silk road လို့ ခေါ်တွင်စေခဲ့ပါတယ်။
Hami မှာ စုဆောင်းထားတဲ့ရုပ်ကြွင်းနမူနာ သုံးမျိုးကို ပြန်လည်ပြုပြင်ခြင်းနဲ့ လေ့လာခြင်းအားဖြင့် မျိုးစိတ်နှစ်ခုအား အတည်ပြုနိုင်ခဲ့ပြီး ခြောက်သွေ့တဲ့ရာသီဥတုနဲ့ လေပြင်းတိုက်ခတ်မှုကြောင့် ကျောက်ဖြစ် ရုပ် ကြွင်းများမှာ အခြေအနေဆိုးရွားနေတယ်လို့ သိရပါတယ်။
Hami မှာ တွေ့ရှိတဲ့ မျိုးစိတ်နှစ်ခုဟာ ခြေလက်ပါရှိပြီး ခန္ဓာကိုယ် ရှည်လျား ကြီးမားတဲ့ လည်ပင်းရှည် ဒိုင်နိုဆော Somphospondylan မျိုးစိတ်ဖြစ်တယ်လို့ သိရပါတယ်။ အရှည်မှာတော့ တစ်ကောင်က မီတာ ၂ဝ ထိ ရှည်လျားပြီး နောက်တစ်ကောင်ကတော့ ၁၇ မီတာထိ အရှည်ရှိကာ ယခုတွေ့ရှိခဲ့တဲ့ ကျောက်ဖြစ်ရုပ်ကြွင်းများကို ပြန်လည်တည်ဆောက်ဖို့ ကြိုးပမ်းသွားမှာဖြစ်တယ်လို့ သိရပါတယ်။ တွေ့ရှိချက် အသေးစိတ်စစ်ဆေးမှုကို Nature under Scientific Reports မှာ ပုံနှိပ်ထုတ်ဝေခဲ့တယ်လို့ သိရပါတယ်။
#NPNews