ဇရပ်မှာ စွန့်ပစ်ခံခဲ့ရတဲ့ မွေးကင်းစကလေးကို မွေးစားမယ်လို့ ခိုင်နှင်းဝေ အသိပေး

 781

NP News - သြဂုတ် ၁၅
စိတ်ကျန်းမာရေးမကောင်းသူ မိခင်မှ မွေးဖွားပြီး ဇရပ်မှာပစ်ထားခဲ့တဲ့ ရင်သွေးလေးကို ခေါ်ယူစောင့် ရှောက်ဖို့ ဆုံးဖြတ်ထားပြီဖြစ်တာကြောင့် သက်ဆိုင်သူများ အမြန်ဆုံးဆက်သွယ်ပေးစေလိုကြောင်း သရုပ်ဆောင် ခိုင်နှင်းဝေက သူမကိုယ်တိုင်အသုံးပြုတဲ့လူမှုကွန်ရက်ကနေ ဖော်ပြထားပါတယ်။

အဆိုပါ ရက်သားအရွယ်သာရှိသေးတဲ့ သားလေးဟာ မော်လမြိုင်မြို့နယ်၊ မုဒုံမြို့ဘက်က ရွာလေးတစ်ရွာ က ဖြစ်တယ်လို့ ဆိုပါတယ်။

“စိတ်မကောင်းစရာပါရှင်… အမေက စိတ်မနှံ့ပဲ ဇရပ်မှာ မီးဖွားပြီးထားခဲ့တဲ့အတွက် ရွာထဲမှ လူများ ခေါ်ယူ စောင့်ရှောက်ထားရတဲ့သားလေးကို ကျွန်မဆီ မွေးစားဖို့ပေးချင်ကြောင်း ဆက်သွယ်လာပါတယ်။ သားလေး က တစ်ရက်သားပဲ ရှိပါသေးတယ်။ ကျွန်မရဲ့ Post ကိုမြင်ပြီး သက်ဆိုင်သူများရှိပါက လာရောက်ဆက် သွယ်နိုင်ပါတယ်။ ရွာမှ လူများကလည်း အရမ်းရိုးသားပြီး ကျွန်မကိုယ်တိုင် လာခေါ်ပေးပါရန် အကူအညီ တောင်းခံထားတဲ့အတွက် အမှန်တကယ် အုပ်ထိန်းသူမရှိကြောင်း မှန်ကန်ပါက ခေါ်ယူ မွေးစားပါမယ်ရှင်” လို့ ခိုင်နှင်းဝေက သူမထံဆက်သွယ်ဖို့ အသိပေးကြေညာခဲ့ပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းကလည်း မိဘနှစ်ပါးကွယ်လွန်ပြီး ကျန်ရစ်သူ ကလေးသုံးယောက်ကို ခေါ်ယူမွေးစားပေးဖို့ အတွက် အကူအညီတောင်းခဲ့တာမျိုးရှိကြောင်း ခိုင်နှင်းဝေက သူမကိုယ်တိုင်အသုံးပြုတဲ့လူမှုကွန်ရက်က နေ ဖော်ပြခဲ့ပါသေးတယ်။ အခုဆိုရင် ခိုင်နှင်းဝေရင်သွေးလေးများဂေဟာမှာ ကလေးအယောက် ၄ဝ ကျော် ရှိနေပြီလည်းဖြစ်ပါတယ်။

ခိုင်နှင်းဝေဟာ Single Mother တွေအတွက်လည်း အားပေးကူညီမှုများပြုလုပ်ခဲ့ပြီး၊ အဲဒီနောက်ပိုင်းမှာ တော့ မိဘများရဲ့စွန့်ပစ်ခြင်းကို ခံခဲ့ရတဲ့ကလေးများကို သူမ နိုင်သလောက် ခေါ်ယူမွေးစားကာ စောင့် ရှောက်လျက်ရှိသလို သူမထံသို့ လာရောက်အပ်နှံသော ကလေးအယောက်ဆီတိုင်းကို မစောင့်ရှောက်နိုင် သဖြင့် ကလေးများအတွက် အခြားသော ကူညီထောက်ပံ့မှုများလည်းပြုလုပ်နေတာဖြစ်ပါတယ်။

ခိုင်နှင်းဝေဟာ သူမရဲ့ခိုင်နှင်းဝေရင်သွေးလေးများဂေဟာရှိ ကလေးလေးများကိုလည်း တဖက်ကစောင့် ရှောက်နေရင်း လက်ရှိ ကိုဗစ်တတိယလှိုင်းမှာ စားဝတ်နေရေးအခက်အခဲများရင်ဆိုင်ကြုံတွေ့နေရတဲ့ အခြေခံလူတန်းစားပြည်သူများအတွက်လည်း စားသောက်ကုန်ကြမ်းများ၊ အသုံးအဆောင်ပစ္စည်းများ၊ ဆေးဝါးပစ္စည်းများ၊ အောက်စီဂျင်အိုးများအပြင် ရေဘေးသင့်ပြည်သူများအတွက် အရေးပေါ်သုံးပစ္စည်းများကို နေ့စဉ်နှင့်အမျှ လှူဒါန်းမှုများပြုလုပ်ပေးနေတာကို တွေ့ရပါတယ်။
#NPNews

Related news

© 2021. All rights reserved.