အယ်လ်ဘမ်အသစ် ထွက်ရှိလာတော့မည့် ကမ္ဘာကျော်အဆိုတော် တေလာဆွစ်ဖ်

262

Pika (NP News) - သြဂုတ် ၂၅
ကမ္ဘာကျော်အဆိုတော် တေလာဆွစ်ဇ် သည် ၎င်း၏(၁၂)ခုမြောက်စတူဒီယိုအယ်လ်ဘမ် The Life Of A Showgirl ကို ထုတ်ပြန်ကြေညာလိုက်ပြီဖြစ်ကြောင်းသိရသည်။ တစ်နှစ်တာ အယ်လ်ဘမ် အတွက် မကြုံစဖူးဆုဖလားလေးခုအပါအဝင် ဂရမ်မီဆု(၁၄)ဆုရရှိခဲ့သည့် တေလာဆွစ်ဖ်သည် ၎င်း၏ ချစ်သူ Travis Kelce ၊ အစ်ကိုဖြစ်သူ Jason Kelce တို့နှင့်အတူ အဆိုပါအယ်လ်ဘမ် အသစ်ကို ထုတ်ပြန် ကြေညာခဲ့ခြင်းဖြစ်ကြောင်းသိ ရသည်။
တေလာဆွစ်ဖ်က “ဒါက ကျွန်မရဲ့ အသစ် ထွက်ရှိလာမယ့် အယ်လ်ဘမ်အသစ် The Life Of A Showgirl ပါ” ဟု အင်စတာဂရမ်တွင် ထုတ်ပြန် ကြေညာခဲ့သည်။ ထို့ပြင် အယ်လ်ဘမ်အသစ် The Life Of A Showgirl တရားဝင်ထွက်ရှိလာမည့် ရက်စွဲကို နောက်ပိုင်းတွင် ထုတ်ပြန်ကြေညာသွားမည်ဖြစ် ကြောင်း တေလာဆွစ်ဖ်ကပြောကြားခဲ့သည်။ အဆိုပါ အယ်လ်ဘမ်အသစ်၏ဗီနိုင်းဗားရှင်းကို တေလာ ဆွစ်ဖ် ၏ဝက်ဘ်ဆိုက်တွင် အမေရိကန် ဒေါ်လာ (၃၀)ဖြင့် ကြိုတင်မှာယူနိုင်မည်ဖြစ်ပြီး ကတ်ဆက် ဗားရှင်းကို အမေရိကန်ဒေါ်လာ(၂၀)ဖြင့်ရရှိမည်ဖြစ်ကာ တေလာဆွစ်ဖ်ပိုစတာပါသော စီဒီတစ်ချပ်ကို အမေရိကန်ဒေါ်လာ(၁၃)ဒေါ်လာဖြင့် ရရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် ပြီးခဲ့သည့်လများအတွင်းလုပ်ဆောင်ခဲ့သော တေလာဆွစ်ဖ်၏ “Eras” ဖျော်ဖြေရေး ခရီး စဉ်သည် အမေရိကန်ဒေါ်လာ(၁)ဘီလျံကျော်ဝင် ငွေရရှိခဲ့ပြီး စံချိန်သစ်တစ်ခုကို ချိုးဖျက်နိုင်ခဲ့ကြောင်း လည်းသိရသည်။

Zawgyi Version:
အယ္လ္ဘမ္အသစ္ ထြက္ရွိလာေတာ့မည့္ ကမာၻေက်ာ္အဆိုေတာ္ ေတလာဆြစ္ဖ္
Pika (NP News) - ၾသဂုတ္ ၂၅
ကမာၻေက်ာ္အဆိုေတာ္ ေတလာဆြစ္ဇ္ သည္ ၎၏(၁၂)ခုေျမာက္စတူဒီယိုအယ္လ္ဘမ္ The Life Of A Showgirl ကို ထုတ္ျပန္ေၾကညာလိုက္ၿပီျဖစ္ေၾကာင္းသိရသည္။ တစ္ႏွစ္တာ အယ္လ္ဘမ္ အတြက္ မႀကဳံစဖူးဆုဖလားေလးခုအပါအဝင္ ဂရမ္မီဆု(၁၄)ဆုရရွိခဲ့သည့္ ေတလာဆြစ္ဖ္သည္ ၎၏ ခ်စ္သူ Travis Kelce ၊ အစ္ကိုျဖစ္သူ Jason Kelce တို႔ႏွင့္အတူ အဆိုပါအယ္လ္ဘမ္ အသစ္ကို ထုတ္ျပန္ ေၾကညာခဲ့ျခင္းျဖစ္ေၾကာင္းသိ ရသည္။
ေတလာဆြစ္ဖ္က “ဒါက ကြၽန္မရဲ႕ အသစ္ ထြက္ရွိလာမယ့္ အယ္လ္ဘမ္အသစ္ The Life Of A Showgirl ပါ” ဟု အင္စတာဂရမ္တြင္ ထုတ္ျပန္ ေၾကညာခဲ့သည္။ ထို႔ျပင္ အယ္လ္ဘမ္အသစ္ The Life Of A Showgirl တရားဝင္ထြက္ရွိလာမည့္ ရက္စြဲကို ေနာက္ပိုင္းတြင္ ထုတ္ျပန္ေၾကညာသြားမည္ျဖစ္ ေၾကာင္း ေတလာဆြစ္ဖ္ကေျပာၾကားခဲ့သည္။ အဆိုပါ အယ္လ္ဘမ္အသစ္၏ဗီႏိုင္းဗားရွင္းကို ေတလာ ဆြစ္ဖ္ ၏ဝက္ဘ္ဆိုက္တြင္ အေမရိကန္ ေဒၚလာ (၃၀)ျဖင့္ ႀကိဳတင္မွာယူႏိုင္မည္ျဖစ္ၿပီး ကတ္ဆက္ ဗားရွင္းကို အေမရိကန္ေဒၚလာ(၂၀)ျဖင့္ရရွိမည္ျဖစ္ကာ ေတလာဆြစ္ဖ္ပိုစတာပါေသာ စီဒီတစ္ခ်ပ္ကို အေမရိကန္ေဒၚလာ(၁၃)ေဒၚလာျဖင့္ ရရွိႏိုင္မည္ျဖစ္ေၾကာင္း သိရသည္။
ထို႔ျပင္ ၿပီးခဲ့သည့္လမ်ားအတြင္းလုပ္ေဆာင္ခဲ့ေသာ ေတလာဆြစ္ဖ္၏ “Eras” ေဖ်ာ္ေျဖေရး ခရီး စဥ္သည္ အေမရိကန္ေဒၚလာ(၁)ဘီလ်ံေက်ာ္ဝင္ ေငြရရွိခဲ့ၿပီး စံခ်ိန္သစ္တစ္ခုကို ခ်ိဳးဖ်က္ႏိုင္ခဲ့ေၾကာင္း လည္းသိရသည္။