BLACKPINK အဖွဲ့ဝင် ရိုစ့်ရဲ့အိမ်မွေးခွေး ဟန့်ခ်Vogue မဂ္ဂဇင်းကာဗာမှာ နေရာယူနိုင်တဲ့ ပထမဆုံး "K-Pups" အိမ်မွေးခွေးဖြစ်လာ

 379

ရောင်နီ (NP News) - သြဂုတ် ၂၆
BLACKPINK အဖွဲ့ဝင် ရိုစ့်ရဲ့ အိမ်မွေးခွေး ဟန့်ခ်ဟာ Vogue ရဲ့မျက်နှာဖုံးစာမျက်နှာမှာ ပြသခွင့်ရတဲ့ K Pups တွေထဲ ပထမဆုံး အိမ်မွေးခွေးလေးဖြစ်လာခဲ့ပါတယ်။
သြဂုတ်လ ၁၈ ရက်က ဟန့်ခ်ဟာ Dogue လို့အမည်ရတဲ့ နာမည်ကြီးခွေးတွေအတွက် ရည်ရွယ်ထုတ်ထားတဲ့ Vogue ရဲ့အထူးထုတ် မဂ္ဂဇင်း မျက်နှာဖုံးမှာ ပထမဆုံး နေရာယူနိုင်ခဲ့တဲ့ K-pop idol အိမ်မွေးတိရစ္ဆာန်အဖြစ် သမိုင်းဝင်ခဲ့ပါတယ်။ မဂ္ဂဇင်းဟာ ဟန့်ခ်နဲ့ ရိုစ့်တို့ရဲ့ရင်းနှီးမှုကိုလည်း မီးမောင်းထိုး ပြနေပါတယ်။
ဟန့်ခ် ဟာ မဂ္ဂဇင်းနဲ့ ဗီဒီယို ဓါတ်ပုံရိုက်ကူးမှုတွေမှာ ရိုစ့်နဲ့အတူ အတူ မကြာခဏဆိုသလို ပါဝင်လေ့ရှိပြီး Tiffany & Co.၊ SULWHASOO၊ RIMOWA၊ OIOI၊ Homeplus၊ Season's Greetings, "-R- Album" စတဲ့ တေးသီချင်းတွေမှာ ပရိသတ်ရဲ့အာရုံစိုက်မှုကို ဖမ်းစားနိုင်ခဲ့ပါတယ်။ ဒီလိုပါဝင်မှုတွေကြောင့် ဟန့်ခ်ဟာ Instagram မှာ follower အများဆုံးခွေးဖြစ်လာပြီး အင်တာနက်တစ်ခုလုံးမှာ ပရိသတ် အချစ်ခံရဆုံး အိမ်မွေး တိရစ္ဆာန်တွေထဲက တစ်ကောင်ဖြစ်လာခဲ့ပါတယ်။

Zawgyi Version:
BLACKPINK အဖြဲ႕ဝင္ ႐ိုစ့္ရဲ႕အိမ္ေမြးေခြး ဟန႔္ခ္Vogue မဂၢဇင္းကာဗာမွာ ေနရာယူႏိုင္တဲ့ ပထမဆုံး "K-Pups" အိမ္ေမြးေခြးျဖစ္လာ
ေရာင္နီ (NP News) - ၾသဂုတ္ ၂၆
BLACKPINK အဖြဲ႕ဝင္ ႐ိုစ့္ရဲ႕ အိမ္ေမြးေခြး ဟန႔္ခ္ဟာ Vogue ရဲ႕မ်က္ႏွာဖုံးစာမ်က္ႏွာမွာ ျပသခြင့္ရတဲ့ K Pups ေတြထဲ ပထမဆုံး အိမ္ေမြးေခြးေလးျဖစ္လာခဲ့ပါတယ္။
ၾသဂုတ္လ ၁၈ ရက္က ဟန႔္ခ္ဟာ Dogue လို႔အမည္ရတဲ့ နာမည္ႀကီးေခြးေတြအတြက္ ရည္႐ြယ္ထုတ္ထားတဲ့ Vogue ရဲ႕အထူးထုတ္ မဂၢဇင္း မ်က္ႏွာဖုံးမွာ ပထမဆုံး ေနရာယူႏိုင္ခဲ့တဲ့ K-pop idol အိမ္ေမြးတိရစာၦန္အျဖစ္ သမိုင္းဝင္ခဲ့ပါတယ္။ မဂၢဇင္းဟာ ဟန႔္ခ္နဲ႔ ႐ိုစ့္တို႔ရဲ႕ရင္းႏွီးမႈကိုလည္း မီးေမာင္းထိုး ျပေနပါတယ္။
ဟန႔္ခ္ ဟာ မဂၢဇင္းနဲ႔ ဗီဒီယို ဓါတ္ပုံ႐ိုက္ကူးမႈေတြမွာ ႐ိုစ့္နဲ႔အတူ အတူ မၾကာခဏဆိုသလို ပါဝင္ေလ့ရွိၿပီး Tiffany & Co.၊ SULWHASOO၊ RIMOWA၊ OIOI၊ Homeplus၊ Season's Greetings, "-R- Album" စတဲ့ ေတးသီခ်င္းေတြမွာ ပရိသတ္ရဲ႕အာ႐ုံစိုက္မႈကို ဖမ္းစားႏိုင္ခဲ့ပါတယ္။ ဒီလိုပါဝင္မႈေတြေၾကာင့္ ဟန႔္ခ္ဟာ Instagram မွာ follower အမ်ားဆုံးေခြးျဖစ္လာၿပီး အင္တာနက္တစ္ခုလုံးမွာ ပရိသတ္ အခ်စ္ခံရဆုံး အိမ္ေမြး တိရစာၦန္ေတြထဲက တစ္ေကာင္ျဖစ္လာခဲ့ပါတယ္။

Related news

© 2021. All rights reserved.