ရခိုင်ပြည်နယ်ရှိ ဘင်္ဂါလီများအား ကိုဗစ်ကာကွယ်ဆေး ထိုးနှံပေးသွားမည်ဟုဆို

1219

NP News - သြဂုတ် ၂၇
ရခိုင်ပြည်နယ်၊ ဘူးသီတောင်၊ မောင်းတောဒေသများရှိ ဘင်္ဂါလီ(ခ) R-ဂျာများအား ကိုဗစ်ကာကွယ်ဆေးများ ထိုးနှံပေးနိုင်ရန် စီစဉ်ထားကြောင်း ယနေ့ သြဂုတ်လ (၂၇) ရက်တွင် ကျင်းပသည့် နစကသတင်းစာရှင်းလင်းပွဲတွင် သ တင်းမှန်ပြန်ကြားရေးအဖွဲ့ တာဝန်ခံ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။
အချို့သော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမှ EAO ဒေသများတွင် နေထိုင်သူများအား ကာကွယ်ဆေးထိုးနှံနိုင်ရေးဆောင်ရွက်ပေးရန် ဆက်သွယ်အကြောင်းကြားလာသည့်အတွက် EAO နေရာများတွင် နေထိုင်သူများအား ကာကွယ်ဆေးထိုးနှံနိုင်ရန် ဆောင်ရွက်လျက်ရှိပြီး စစ်ဘေးရှောင်စခန်းမှ ပြည်သူများကိုလည်း ကာကွယ်ဆေးထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
“နောက်တစ်ခု ကျွန်တော် အလေးထားပြီးပြောလိုတာကတော့ ဘူးသီးတောင် မောင်းတောဒေသနှင့် ရခိုင်ပြည်နယ်မှာရှိတဲ့ ဘင်္ဂါလီတွေကိုလည်း ကိုဗစ်-၁၉ ကာကွယ်ဆေးတွေ ထိုးနှံပေးသွားမှာဖြစ်ပါတယ်။ အားလုံးသည် ကျွန် တော်တို့ရဲ့ပြည်သူလူထုပဲဖြစ်ပါတယ်။ နိုင်ငံတော်အစိုးရရဲ့ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းစဉ်တွေမှာ မည်သူတစ်ဦးတစ်ယောက်ကိုမျှ ချန်လှပ်ထားမှာ မဟုတ်ပါဘူး။ အားလုံး လွှမ်းခြုံမှု ရစေမှာဖြစ်ပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။
ကိုဗစ်တတိယလှိုင်း ကူးစက်မှုအမြင့်အဆုံးအချိန်ဖြစ်သည့် ဇူလိုင်လ တတိယအပတ်တွင် ကူးစက်မှုသည် (၄၁) ရာ ခိုင်နှုန်းထိဖြစ်ခဲ့ရာ ယခု သြဂုတ်လ (၂၆) ရက်အထိ စစ်တမ်းအရ (၂၁) ရာခိုင်နှုန်းသာရှိတော့ကြောင်း တွေ့ရှိရသဖြင့် ၂ဝ ရာခိုင်နှုန်းလျော့ချနိုင်ခဲ့ကြောင်း သိရသည်။ နစကအနေဖြင့် ယခုနှစ်တွင် မြန်မာနိုင်ငံ၏ လူဦးရေ (၅ဝ) ရာခိုင် နှုန်းအထိ ဆေးထိုးနှံနိုင်ရေး ရည်မှန်းထားကြောင်းသိရသည်။
#NPNews