နစက ဒုဥက္ကဋ္ဌဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ ရုရှားသို့သွားရောက်

1054

NP News - စက်တင်ဘာ ၁
နစက ဒုတိယဥက္ကဋ္ဌ၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် စက်တင်ဘာလ (၁) ရက်က ရုရှားနိုင်ငံသို့ ထွက်ခွါခဲ့ကြောင်း သတင်းရရှိသည်။
အဆိုပါအဖွဲ့သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ကာကွယ်ရေးဝန်ကြီး Army General Kuzhugetovich Shoigu ၏ ဖိတ်ကြားချက်အရ ရုရှားဖက်ဒရေးရှင်းနိုင်ငံတွင် ကျင်းပပြုလုပ်လျက်ရှိသည့် International Army Games-2021 ပိတ်ပွဲအခမ်းအနားသို့ တက်ရောက်ရန် သွားရောက်ခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါ ခရီးစဉ်တွင် နစက ဒုဥက္က ဋ္ဌနှင့်အတူ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး အောင်စိုးနှင့် တပ်မတော်အရာရှိကြီးများ လိုက်ပါသွားကြကြောင်းသိရသည်။
ယင်းတို့အား နစက ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အပါအဝင် တပ်မ တော်မှ တာဝန်ရှိသူများနှင့် မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံသံရုံးမှ တာဝန်ရှိသူများက လေဆိပ်၌ပို့ ဆောင်နှုတ်ဆက်ခဲ့ကြကြောင်းသိရသည်။ ခရီးစဉ်အတွင်း International Army Games-2021 ပိတ်ပွဲ အခမ်းအနားသို့ တက်ရောက်ခြင်း၊ ရုရှားဖက်ဒရေးနိုင်ငံမှ စစ်ဘက်၊ အရပ်ဘက် တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခြင်းနှင့် အ ထင်ကရနေရာများသို့ သွားရောက်လေ့လာခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
International Army Games 2021 ကို ရုရှားနိုင်ငံတွင် ဩဂုတ်လ (၂၂) ရက် မှ စက်တင်ဘာလ (၂) ရက်အထိ ပြု လုပ်မည်ဖြစ်ပြီး မြန်မာ့တပ်မတော်လေကြောင်းချီတပ်ဖွဲ့သည် လေကြောင်းချီတပ်စု (Airborne Platoon) ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် ဩဂုတ်လ (၉) ရက်ကရောက်ရှိနေကြောင်း သိရသည်။ ထို့ပြင် ရုရှားနိုင်ငံတွင် ကျင်းပသည့် International Army Games 2021 (Army of Culture) ပြိုင်ပွဲတွင် မြန်မာ့တပ်မတော် ကိုယ်စားပြုအသင်းသည် မြန်မာ့ရိုးရာအိုးစည်အကနှင့်ပါဝင် ယှဉ်ပြိုင်ခဲ့ကြောင်းသိရသည်။ International Army Games 2021 ဖွင့်ပွဲအခမ်းအနားကို တပ်မတော် ကြည်း၊ ရေ၊ လေ ညှိနှိင်း ကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီး မောင်မောင်အေးက တက်ရောက်ခဲ့ကြောင်း သိရသည်။
#NPNews