EU ၏ ပိတ်ဆို့မှုကိုချိုးဖောက်ပြီး အီတလီနိုင်ငံက မြန်မာနှင့်တရားမဝင်သစ်ကုန်သွယ်မှုများလုပ်နေဟုဆို

1108

ဂျန်ဇက်(NP News)- စက်တင်ဘာ ၁
ဥရောပသမဂ္ဂ၏ ကုန်သွယ်ရေးစည်းမျဉ်းကိုချိုးဖောက်ပြီး အီတလီနိုင်ငံသည် မြန်မာနိုင်ငံနှင့် တရားမဝင်သစ်ကုန် သွယ်မှုပြုလုပ်နေသည့် အဓိကနိုင်ငံဖြစ်ကြောင်း လန်ဒန်အခြေစိုက် သဘာဝပတ်ဝန်းကျင်စုံစမ်းရေးအေဂျင်စီ Environmental Investigation Agency-(EIA)ကသတင်းထုတ်ပြန်ခဲ့ကြောင်းသိရသည်။
အဆိုပါအဖွဲ့က အီတလီကုန်သည်ပေါင်း (၂၇)ဦးသည် မြန်မာနိုင်ငံကသစ်နှင့် သစ်ထွက်ပစ္စည်းများတင်သွင်းခဲ့ကြောင်းပြောသည်။ EIA အဖွဲ့၏ သစ်တော၊ သစ်တောထွက်ပစ္စည်းနှင့် ပတ်သက်သည့် အဖွဲ့အကြီးအကဲ Faith Doherty က"(၁၈)လကြာ စုံစမ်းစစ်ဆေးမှုအတွင်းတွေ့ရှိချက်တွေမှ ာအီတလီနိုင်ငံရဲ့ လုပ်ရပ်တွေဟာမေးခွန်း ထုတ်စရာဖြစ်လာတယ်"ဟု ပြောသည်။
အီတလီကုန်သည်များသည် ယခုနှစ် မတ်လ၊ ဧပြီ နှင့် မေလအတွင်းမြန်မာနိုင်ငံမှ အမေရိကန်ဒေါ်လာ (၁ ဒသမ ၄) သန်းတန်ဖိုးရှိသစ်တောထွက်ပစ္စည်းများတင်သွင်းမှုများရှိခဲ့ကြောင်း Faith Doherty ကပြောသည်။ မြန်မာပြည်သူများက အာဏာသိမ်းစစ်ကောင်စီအား ငွေကြေးအထောက်ပံ့ဖြစ်စေနိုင်သည့်အရာများကို တားဆီးနိုင်ရန် တောင်းဆိုမှုများရှိနေခဲ့သည့်အတွက် ဥရောပသမဂ္ဂက စစ်ကောင်စီကို ကူညီထောက်ပံ့ပေးနေသည့် စစ်တပ်စီးပွား ရေးလုပ်ငန်းများနှင့်မြန်မာ့သစ်လုပ်ငန်းများကိုပိတ်ဆို့မှုများ ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း ယင်းကဆက်လက်ပြေ ာသည်။
မြန်မာသစ်လုပ်ငန်းအပေါ်တင်းကြပ်သည့် ပိတ်ဆို့မှုများချမှတ်ထားသော်လည်း သစ်တောထွက်ပစ္စည်း ကုန်သွယ်မှုများက မြင့်တက်လျက်ရှိနေကြောင်း သိရသည်။ ၎င်းက"ဥပဒေချိုးဖောက်နေတာတွေတွေ့ရှိပေမယ့်ပြစ်ဒဏ်ပေးမှုအနည်းငယ်သာလုပ်တဲ့အတွက် ကုမ္ပဏီတွေဟာ မြန်မာနိုင်ငံနဲ့တရားမဝင်သစ်ကုန်သွယ်မှုတွေ ဆက်လက်လုပ် ဆောင်နေတာဖြစ်တယ်" ဟု ပြောသည်။
#NPNews