မြန်မာနိုင်ငံတွင် အသက် (၁၂)နှစ်နှင့်အထက်ကလေးငယ်များအား ကိုဗစ်ကာကွယ်ဆေးထိုးနှံပေးမည်

747

NP News - စက်တင်ဘာ ၂၅
တရုတ်နိုင်ငံလှူဒါန်းပေးသော Sinopharm ကာကွယ်ဆေး (၂)သန်းကို မြန်မာနိုင်ငံရှိ အသက် (၁၂)နှစ်နှင်အထက် ကျောင်းသား/ကျောင်းသူများ၊ အသက်မပြည့်သေးသူများအား ထိုးနှံပေးသွားမည်ဖြစ်ကြောင်း စစ်ကောင်စီ ဘက်က စက်တင်ဘာလ ၂၄ ရက် ညပိုင်းတွင် ထုတ်ပြန်ကြေညာလိုက်သည်။
အဆိုပါ Sinopharm ကာကွယ်ဆေး(၂)သန်းသည် မြန်မာနိုင်ငံသို့ ယခုရက်ပိုင်းအတွင်း (စက်တင်ဘာလကုန်ပိုင်း) တွင် ရောက်ရှိလာမည်ဖြစ်ပြီး လက်ရှိမြန်မာနိုင်ငံ၌ ကိုဗစ်ကာကွယ်ဆေး (၁၅.၆) သန်းအားရရှိထားပြီးဖြစ်ရာ(၉.၇) သန်းထိုးနှံပြီးဖြစ်ကြောင်း သိရသည်။ ယင်းအပြင် လာမည့်အောက်တိုဘာလတွင်လည်း ကာကွယ်ဆေးအလုံးရေ (၁ဝ) သန်း ထပ်မံရောက်ရန်ရှိကြောင်းသိရသည်။
“စီနိုဗက်ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများသည် အသက် ၁၂ နှစ်နှင့်အထက် ကလေးများအားထိုးနှံနိုင်သည် ဟု သိရှိရကြောင်း၊ ထို့ကြောင့် ကျောင်းများပြန်လည်ဖွင့်လှစ်ချိန်တွင် စိတ်ချလက်ချ ပညာသင်ကြားနိုင်ရေးအတွက် ယ ခုလကုန်အတွင်းရောက်ရှိမည့် တရုတ်နိုင်ငံမှလှူဒါန်းသော ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (၂)သန်းအား ကျောင်း သား၊ ကျောင်းသူများကို ထိုးနှံပေးနိုင်ရေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း” စစ်ကောင်စီသတင်းမှန်ပြန်ကြားရေးဘက်မှ အသိပေးထုတ်ပြန်ထားသည်။
တရုတ်အစိုးရသည် Sinopharm ကာကွယ်ဆေးနှင့်ပတ်သက်၍ အသက် (၃) နှစ်အရွယ်မှစ၍ (၁၇)နှစ်အထိ ထိုးနှံ နိုင်ကြောင်း အရေးပေါ်ခွင့်ပြုခဲ့ပြီး ကာကွယ်ဆေးထိုးနှံထားသူ၏ ၉၆.၁% သည် ကိုယ်ခံအားတက်လာသည်ကိုတွေ့ ရပြီး ရလဒ်သည် လူကြီးများနှင့်မကွာကြောင်း ပြင်းထန်သောဘေးထွက်ဆိုးကျိုးမရှိကြောင်း ထုတ်ပြန်ထားသည်။ ထို့ကြောင့် အသက် (၃) နှစ်မှ (၁၇) နှစ်ကလေးများကို ကာကွယ်ဆေးထိုးထားပြီး ကိုယ်ခံစွမ်းအားတည်ဆောက်ထားခြင်းသည်လည်း ကိုဗစ်မျိုးဗီဇကွဲမထွက်ပေါ်ရန်အရေးပါသော အတားအဆီးအကာအရံဖြစ်စေကြောင်းသိရသည်။ တရုတ်နိုင်ငံသည် အသက် (၃)နှစ်မှ (၁၇) နှစ်ကလေးများကို ဇွန်လဆန်းမှစ၍ ကိုဗစ်ကာ ကွယ်ဆေးထိုးရန်ခွင့်ပြုပြီး ကလေးများငယ်တွင် ကိုဗစ်ကာကွယ်ဆေးထိုးနှံရန် ခွင့်ပြုချက်ပေးသည့် ပထမဆုံးနိုင်ငံလည်းဖြစ်သည်။
လက်ရှိမြန်မာနိုင်ငံ၌ ကာကွယ်ဆေးထိုးနှံရာတွင် အသက် (၆၅)နှစ်နှင့်အထက် သက်ကြီးများအပါအဝင် ဦးစားပေးအုပ်စု (၁၂) ခုအဖြစ်သတ်မှတ်ထိုးနှံပေးခဲ့ပြီး စက်တင်ဘာလ (၁၄) ရက်မှစတင်၍ အသက်(၅၅) နှစ်နှင့်အထက် လူ ကြီးများ၊ မသန်စွမ်းသူများ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများမှ တပ်ဖွဲ့ဝင်နှင့် မိသားစုဝင်များ၊ရွှေ့ပြောင်း လူအုပ်စုများနှင့် ယာယီစခန်းများမှ ပြည်သူလူထု၊ နာတာရှည်များနှင့် မကူးစက်နိုင်သော ရောဂါရှိသူများကို ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။
#NPNews