ခရူးဆိတ်စစ်ပွဲအတွင်းအသုံးပြုခဲ့တဲ့ နှစ်ပေါင်း(၉ဝဝ)ကျော်သက်တမ်းရှိ ဓါးရှည်တစ်ချောင်းရှာဖွေတွေ့ရှိ

1046

ဂျန်ဇက် (NP News) - အောက်တိုဘာ ၂ဝ
အစ္စရေးရေငုပ်သမားတစ်ဦးဟာ အစ္စရေးနိုင်ငံမြောက်ပိုင်း အစ္စရေးကမ်း လွန်ပင်လယ်ပြင်မှာ ခရူးဆိတ်စစ်ပွဲခေတ်ကအသုံးပြုခဲ့တဲ့ ဓါးရှည်တစ်ချောင်းရှာဖွေတွေ့ရှိခဲ့ကြောင်း၊ အဆိုပါ ခရူးဆိတ်စစ်ပွဲတုန်းကအသုံးပြုခဲ့တဲ့ဓါးရှည်ဟာ သက်တမ်း(၉ဝဝ)ကျော်ကြာမြင့်နေပြီဖြစ်တယ်လို့သိရပါတယ်။
(၁)မီတာအရှည်ရှိတဲ့ဓါးရှည်ကို အစ္စရေးကမ်းလွန်ပင်လယ်ပြင်ကနေ မီတာ(၁၅ဝ)ကျော်နေရာက ရေအောက်(၅)မီတာအကျော်မှာရှာဖွေတွေ့ရှိခဲ့တာဖြစ်တယ်လို့သိရပါတယ်။ အဆိုပါဓါးရှည်ကို ရေငုပ်သမား Shlomi Katzin ဆိုသူက ဟိုင်ဖာကမ်းလွန်မှာတွေ့ရှိခဲ့တာဖြစ်ပြီး ဓါးမျက်နှာပြင်ဟာ ရေအောက်မှာနှစ်ပေါင်းများစွာကြာနစ်မြှုပ်နေခဲ့တဲ့အတွက် သက်ရှိအဏ္ဍဝါကောင်တွေရဲ့အခွံတွေ၊ အရိုးတွေကပ်နေတဲ့ပုံစံမျိုးရှိနေတယ်လို့သိရပါတယ်။ အစ္စရေး ရှေးဟောင်းအာဏာပိုင်အဖွဲ့ (IAA)က အဆိုပါဓါးရှည်ကို သန့်ရှင်းရေးပြုလုပ်ကာ အများပြည်သူနဲ့သက်ဆိုင်နေရာမှာပြသသွားဖို့ စဉ်းစားလျက်ရှိနေတယ်လို့သိရပါတယ်။ ၁ဝ၉၅ ခုနှစ်မှာစတင်ဖြစ်ပွားတဲ့ ခရူးဆိတ်စစ်ပွဲဟာ ဥရောပတိုက်ရှိ ခရစ်ယာန်ဘာသာဝင်တွေနဲ့ မွတ်စလင်တွေကြားဖြစ်ပွားတဲ့စစ်ပွဲဖြစ်ပြီး ခရစ်ယာန်တွေဟာ ဂျေရုဆင်လင်နဲ့မွတ်စလင်တွေပိုင်တဲ့ ကုန်းမြင့်ဒေသတွေကို သိမ်းပိုက်ဖို့ကြိုးပမ်းရာမှာဖြစ်ပွားခဲ့တဲ့ စစ်ပွဲလည်းဖြစ်ပါတယ်။
အစ္စရေးရှေးဟောင်းအာဏာပိုင်အဖွဲ့ရဲ့ ရေဟောင်းအဏ္ဏဝါသုတေသနဌာနအကြီးအကဲ Kobi Sharvit က ဓါးရှည်ကိုတွေ့ရှိခဲ့တဲ့ Carmel ကမ်း ရိုးတန်းမှာ နှစ်ပေါင်းများစွာကြာသင်္ဘောတွေ ဖြတ်သန်းမောင်းနှင်ခဲ့ကြောင်း၊ ကမ်းရိုးတန်းအတွင်းလေပြင်းမုန်တိုင်းတိုက်ခတ်မှုကြောင့် ကမ်းရိုးတန်းတစ်လျှောက်ဖြတ်သန်းမောင်းနှင်တဲ့သင်္ဘောတွေ ပျက်စီး ဆုံးရှုံးတာမျိုးရှိခဲ့ကြောင်း၊ ဓါးရှည်ဟာ ပျက်စီးသွားတဲ့သင်္ဘောကနေ ကျန်ခဲ့တဲ့ပစ္စည်းဖြစ်နိုင်ဖွယ်ရှိနိုင်တယ်လို့ဆိုပါတယ်။ ဓါးရှည်ကို သံနဲ့ပြု လုပ်ထားတဲ့ ကျောက်တုံးတွေစီမြန်းထားတဲ့အတွက် ကြီးမားလေလံကြောင်း ၊ အဆိုပါဓါးရှည်ကိုကြည့်ခြင်းဖြင့် ခရူးဆိတ်စစ်ပွဲတုန်းကပါဝင်တိုက်ခိုက်ခဲ့သူတွေဟာ ခန္ဓာကိုယ်အလွန်သန်မာပြီး လက်ရှိလူတွေထက် ကျန်းမာကြံ့ခိုင်မှုပိုကောင်းဖွယ်ရှိနေတယ်လို့ Kobi Sharvit ကပြောပါတယ်။
#NPNews