ရတနာကမ်းလွန်သဘာဝဓာတ်ငွေ့ပိုက်လိုင်းမှ Compressor များရပ်တန့်ခဲ့၍ ယနေ့ ဓာတ်အားထုတ်လွှတ်မှုလျော့နည်းနေ

 437

စော(NP News)- စက်တင်ဘာ ၂၅

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံများသို့ ဓာတ်ငွေ့ ပို့လွှတ်နေသော ရတနာကမ်းလွန်သဘာဝ ဓာတ်ငွေ့ပိုက်လိုင်းမှ Compressor များ ယနေ့ စက်တင်ဘာ (၂၅)ရက်၊ နံနက် (၈)နာရီအချိန်တွင် အရေးပေါ်ရပ်တန့်မှု ဖြစ်ပေါ်သွားကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းက အသိပေးထုတ်ပြန်ထားသည်။

ထိုသို့ ရပ်တန့်မှုကြောင့် ဓာတ်အားစနစ်အတွင်းသို့ ဓာတ်အား ထုတ်လုပ်ပို့လွှတ်နိုင်မှု (400) MW ခန့် လျော့နည်းလျက်ရှိကြောင်းလည်း ထုတ်ပြန်ထားသည်။

အဆိုပါအရေးပေါ် ထိန်းသိမ်းပြုပြင်ခြင်းလုပ်ငန်း ဆောင်ရွက်နေ စဉ်အတွင်း ဓာတ်အားစနစ်အတွင်းသို့ ဓာတ်အားထုတ်လုပ်ပို့လွှတ်မှု လျော့နည်း လျက်ရှိကြောင်းနှင့် လျော့နည်းသွား သော လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုများ အတွက် အရေးပေါ်ဝန်အားလျှော့ထိန်းညှိခြင်းများ အချိန်ပိုင်း ဆောင်ရွက်ရမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ထို့ကြောင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်မှုဇုန်များနှင့်မြို့နယ်၊ နေရာအချို့တို့ တွင် ယာယီဓာတ်အားပြတ်တောက်မှုများရှိမည်ဖြစ်ပါကြောင်းနှင့် အရေးကြီးနေရာများ လျှပ်စစ်ဓာတ်အား ပြတ်တောက်မှု မရှိစေရေးကို အလေးထား ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းက အသိပေးထားသည်။

zawgyi version
ရတနာကမ္းလြန္သဘာဝဓာတ္ေငြ႕ပိုက္လိုင္းမွ Compressor မ်ားရပ္တန္႔ခဲ့၍ ယေန႔ ဓာတ္အားထုတ္လႊတ္မႈေလ်ာ့နည္းေန

ေစာ(NP News)- စက္တင္ဘာ ၂၅

ရန္ကုန္တိုင္းေဒသႀကီးအတြင္းရွိ သဘာဝဓာတ္ေငြ႕သုံး ဓာတ္အားေပးစက္႐ုံမ်ားသို႔ ဓာတ္ေငြ႕ ပို႔လႊတ္ေနေသာ ရတနာကမ္းလြန္သဘာဝ ဓာတ္ေငြ႕ပိုက္လိုင္းမွ Compressor မ်ား ယေန႔ စက္တင္ဘာ (၂၅)ရက္၊ နံနက္ (၈)နာရီအခ်ိန္တြင္ အေရးေပၚရပ္တန္႔မႈ ျဖစ္ေပၚသြားေၾကာင္း ရန္ကုန္လွ်ပ္စစ္ဓာတ္အားေပးေရးေကာ္ပိုေရးရွင္းက အသိေပးထုတ္ျပန္ထားသည္။

ထိုသို႔ ရပ္တန႔္မႈေၾကာင့္ ဓာတ္အားစနစ္အတြင္းသို႔ ဓာတ္အား ထုတ္လုပ္ပို႔လႊတ္ႏိုင္မႈ (400) MW ခန႔္ ေလ်ာ့နည္းလ်က္ရွိေၾကာင္းလည္း ထုတ္ျပန္ထားသည္။

အဆိုပါအေရးေပၚ ထိန္းသိမ္းျပဳျပင္ျခင္းလုပ္ငန္း ေဆာင္႐ြက္ေန စဥ္အတြင္း ဓာတ္အားစနစ္အတြင္းသို႔ ဓာတ္အားထုတ္လုပ္ပို႔လႊတ္မႈ ေလ်ာ့နည္း လ်က္ရွိေၾကာင္းႏွင့္ ေလ်ာ့နည္းသြား ေသာ လွ်ပ္စစ္ဓာတ္အားထုတ္လုပ္မႈမ်ား အတြက္ အေရးေပၚဝန္အားေလွ်ာ့ထိန္းညႇိျခင္းမ်ား အခ်ိန္ပိုင္း ေဆာင္႐ြက္ရမည္ျဖစ္ေၾကာင္း ထုတ္ျပန္ထားသည္။

ထို႔ေၾကာင့္ ရန္ကုန္တိုင္းေဒသႀကီးအတြင္းရွိ စက္မႈဇုန္မ်ားႏွင့္ၿမိဳ႕နယ္၊ ေနရာအခ်ိဳ႕တို႔ တြင္ ယာယီဓာတ္အားျပတ္ေတာက္မႈမ်ားရွိမည္ျဖစ္ပါေၾကာင္းႏွင့္ အေရးႀကီးေနရာမ်ား လွ်ပ္စစ္ဓာတ္အား ျပတ္ေတာက္မႈ မရွိေစေရးကို အေလးထား ေဆာင္႐ြက္သြားမည္ ျဖစ္ေၾကာင္း ရန္ကုန္လွ်ပ္စစ္ဓာတ္အားေပးေရးေကာ္ပိုေရးရွင္းက အသိေပးထားသည္။

Related news

© 2021. All rights reserved.