သံချောင်းလုံး တန်ချိန် (၅ဝဝ)နီပါးကို ငလျင်ပြန်လည်တည်‌ဆောက်ရေးအတွက် မန္တလေးသို့ ပို့ဆောင်

 230

ချယ်ရီ (NP News) - စက်တင်ဘာ ၂၅

ငလျင်ဘေးဒဏ်ခံခဲ့ရသော ဒေသများရှိ ပြန်လည်ထူထောင်ရေးနှင့် တည်ဆောက်ရေးလုပ်ငန်းများအတွက် လိုအပ်လျက်ရှိသော HRB (500) အမျိုးအစား သံချောင်းလုံး တန်ချိန် (၅၀၀) နီးပါကို မန္တလေးသို့ ပို့ဆောင်ရောက်ရှိကြောင်း နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကောင်စီ၏ ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ သံချောင်းလုံးစုစုပေါင်း တန်ချိန် (၄၈၆ ဒဿမ ၈၈၆) တန်ကို အထူးကုန်ရထားဖြင့် တင်ဆောင်၍ စက်တင်ဘာလ (၂၃) ရက်၊ နံနက်ပိုင်းက ရန်ကုန်မြို့၊ မလွှကုန်းဘူတာမှတစ်ဆင့် စတင်ထွက်ခွာခဲ့ပြီး ညပိုင်းတွင် နေပြည်တော်ဘူတာသို့ ဆိုက်ရောက်ခဲ့ကြောင်း သိရသည်။

ထို့နောက် နေပြည်တော်မှ ဆက်လက်ထွက်ခွာခဲ့ရာ မန္တလေးမြို့၊ မြို့ဟောင်းဘူတာသို့ ယမန်‌နေ့ (စက်တင်ဘာလ ၂၄ ရက်)၊ နံနက်ပိုင်းက ရောက်ရှိခဲ့ကြောင်း သိရသည်။

ရောက်ရှိစဉ် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ဇော်ဦးနှင့် တာဝန်ရှိသူများက လာရောက်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ပြန်လည်ထူထောင်ရေးနှင့် တည်ဆောက်ရေးလုပ်ငန်းများအတွက် ဆက်လက်ဖြန့်ဖြူးပေးမည်ဖြစ်ကြောင်း သိရသည်။

zawgyi version
သံေခ်ာင္းလုံး တန္ခ်ိန္ (၅ဝဝ)နီပါးကို ငလ်င္ျပန္လည္တည္‌ေဆာက္ေရးအတြက္ မႏၲေလးသို႔ ပို႔ေဆာင္

ခ်ယ္ရီ (NP News) - စက္တင္ဘာ ၂၅

ငလ်င္ေဘးဒဏ္ခံခဲ့ရေသာ ေဒသမ်ားရွိ ျပန္လည္ထူေထာင္ေရးႏွင့္ တည္ေဆာက္ေရးလုပ္ငန္းမ်ားအတြက္ လိုအပ္လ်က္ရွိေသာ HRB (500) အမ်ိဳးအစား သံေခ်ာင္းလုံး တန္ခ်ိန္ (၅၀၀) နီးပါကို မႏၲေလးသို႔ ပို႔ေဆာင္ေရာက္ရွိေၾကာင္း ႏိုင္ငံေတာ္လုံၿခဳံေရးႏွင့္ ေအးခ်မ္းသာယာေရးေကာင္စီ၏ ထုတ္ျပန္ခ်က္အရ သိရသည္။

အဆိုပါ သံေခ်ာင္းလုံးစုစုေပါင္း တန္ခ်ိန္ (၄၈၆ ဒႆမ ၈၈၆) တန္ကို အထူးကုန္ရထားျဖင့္ တင္ေဆာင္၍ စက္တင္ဘာလ (၂၃) ရက္၊ နံနက္ပိုင္းက ရန္ကုန္ၿမိဳ႕၊ မလႊကုန္းဘူတာမွတစ္ဆင့္ စတင္ထြက္ခြာခဲ့ၿပီး ညပိုင္းတြင္ ေနျပည္ေတာ္ဘူတာသို႔ ဆိုက္ေရာက္ခဲ့ေၾကာင္း သိရသည္။

ထို႔ေနာက္ ေနျပည္ေတာ္မွ ဆက္လက္ထြက္ခြာခဲ့ရာ မႏၲေလးၿမိဳ႕၊ ၿမိဳ႕ေဟာင္းဘူတာသို႔ ယမန္‌ေန႔ (စက္တင္ဘာလ ၂၄ ရက္)၊ နံနက္ပိုင္းက ေရာက္ရွိခဲ့ေၾကာင္း သိရသည္။

ေရာက္ရွိစဥ္ မႏၲေလးတိုင္းေဒသႀကီးအစိုးရအဖြဲ႕၊ လမ္းပန္းဆက္သြယ္ေရးဝန္ႀကီး ဦးေအာင္ေဇာ္ဦးႏွင့္ တာဝန္ရွိသူမ်ားက လာေရာက္ၾကည့္ရႈစစ္ေဆးခဲ့ၾကၿပီး မႏၲေလးတိုင္းေဒသႀကီးအတြင္းရွိ ျပန္လည္ထူေထာင္ေရးႏွင့္ တည္ေဆာက္ေရးလုပ္ငန္းမ်ားအတြက္ ဆက္လက္ျဖန႔္ျဖဴးေပးမည္ျဖစ္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.