ဂျပန်နိုင်ငံတိုကျိုမီးရထားဘူတာရုံမှာ ဓါးနဲ့တိုက်ခိုက်မှုဖြစ်ပွားခဲ့တာကြောင့် အနည်းဆုံး(၁၇)ဦးဒဏ်ရာရ

696

ဂျန်ဇက် (NP News) - နိုဝင်ဘာ ၁
Batman ဇာတ်ကားထဲက ဂျိုကာပုံစံမျိုး ဝတ်စုံဝတ်ဆင်ထားတဲ့ လူတစ်ဦးဟာ ဂျပန်နိုင်ငံတိုကျိုမြို့ရှိ မီးရထားစင်္ကြန်လိုင်းမှာ ခရီးသွားတွေကို တိုက်ခိုက်ခဲ့တဲ့အတွက် အနည်းဆုံး (၁၇)ဦး ဒဏ်ရာရသွားခဲ့ကြောင်း၊ ခ ရီးသည်အများစုဟာ Halloween ပွဲတော်ကို စုံရုံးသွားရောက်ဖို့ပြင်ဆင်နေချိန်မှာအခုလိုမျိုးတိုက်ခိုက်ခံရတာဖြစ်တယ်လို့ ဂျပန်မီဒီယာတွေကဆိုပါတယ်။
ဂျပန်အခြေစိုက် NHK သတင်းဌာနက တိုက်ခိုက်မှုကြောင့်(၂၄)ဦးအထိ ဒဏ်ရာရနိုင်တယ်လို့ဖော်ပြခဲ့ပါတယ်။ ဓါးနဲ့တိုက်ခိုက်ခဲ့သူတွေဟာ ခရီး သည်တွေကို ဓါးနဲ့တိုက်ခိုက်ခဲ့ပြီးနောက် ဓါတ်ဆီလောင်းပြီးမီးရှို့ဖို့ ကြံ စည်ခဲ့တယ်လို့လည်း သတင်းမှာဖော်ပြခဲ့ပါတယ်။ မျက်မြင်သက်သေတစ်ဦးက "ကျွန်တော်အနေနဲ့ကနဦးမှာ Halloween စတန့်ပုံစံလုပ်တယ်လို့ထင်ခဲ့တယ်။အဲဒီအချိန်မှာ ခရီးသည်တွေဟာ ဒဏ်ရာတွေနဲ့စီးမယ့် ရထားတွဲတွေကို ဦးတည်ပြေးလွှားနေတာတွေ့မြင်ခဲ့တယ်။နောက် ပိုင်းမှာတွေ့မြင်လိုက်ရတာက ဓါးရှည်နဲ့လိုက်ခုတ်နေတာကိုတွေ့မြင်ခဲ့ရတယ်။ အဲဒီဓါးမှာလည်း သွေးတွေပေကျံနေတာတွေ့ခဲ့ရတယ်" လို့ပြောပါတယ်။
ခရီးသည်တွေကို တိုက်ခိုက်မှုကျူးလွန်ခဲ့သူကိုနေရာမှာတင်ဖမ်းဆီးနိုင်ခဲ့ပြီး လူသတ်မှုကျူးလွန်ဖို့ ကြံစည်ခြင်းရှိ၊မရှိဆိုတဲ့အချက်ကို စုံစမ်းစစ် ဆေးနေတယ်လို့သိရပါတယ်။ ဒဏ်ရာရသူတွေအနက် လူတစ်ဦးစိုးရိမ်ရတဲ့အခြေနေမျိုးရှိနေပြီး တိုက်ခိုက်မှုကျူးလွန်ခဲ့သူဟာ အသက်(၆ဝ)အ ရွယ်ရှိနိုင်တယ်လို့ ဂျပန်မီဒီယာတွေကဆိုပါတယ်။ အဆိုပါတိုက်ခိုက်မှုဟာ Kokuryo မီးရထားဘူတာရုံရှိ Keio ရထားအတွင်းဖြစ်ပွားခဲ့တာဖြစ်တယ်လို့ တိုကျိုရဲတပ်ဖွဲ့ကပြောပါတယ်။ လူမူကွန်ရက်တစ်ခုဖြစ်တဲ့ Twitter မှာ ပျံ့နှံနေတဲ့ ရုပ်သံဖိုင်ထဲမှာ တိုက်ခိုက်မှုကျူးလွန်သူဟာ ဂျိုကာပုံစံမျိုးဝတ်ဆင်ထားပြီး ခရမ်းရောင်ဝတ်စုံနဲ့ အောက်ခံအစိမ်းရောင်ရှပ်အင်္ကျီကိုဝတ်ဆင်ထားတာဖြစ်တယ်လို့သိရပါတယ်။ အဆိုပါတိုက်ခိုက်မှုဟာ နှစ်လကျော်အတွင်း တိုကျိုမြို့မီးရထားဘူတာမှာဓါးနဲ့တိုက်ခိုက်တဲ့ ဒုတိယမြောက်တိုက်ခိုက်မှုဖြစ်ပြီး သြဂုတ်လတုန်းကလည်း အသက်(၃၆)နှစ်အရွယ်ရှိအမျိုးသားတစ်ဦးဟာ ခရီးသည်(၁ဝ)ဦးဒဏ်ရာရအောင် ဓါးနဲ့တိုက်ခိုက်ခဲ့ဖူးပါတယ်။
zawgyi version
ဂ်ပန္ႏိုင္ငံတိုက်ိဳမီးရထားဘူတာ႐ုံမွာ ဓါးနဲ႔တိုက္ခိုက္မႈျဖစ္ပြားခဲ့တာေၾကာင့္ အနည္းဆုံး(၁၇)ဦးဒဏ္ရာရ
ဂ်န္ဇက္ (NP News) - ႏိုဝင္ဘာ ၁
Batman ဇာတ္ကားထဲက ဂ်ိဳကာပုံစံမ်ိဳး ဝတ္စုံဝတ္ဆင္ထားတဲ့ လူတစ္ဦးဟာ ဂ်ပန္ႏိုင္ငံတိုက်ိဳၿမိဳ႕ရွိ မီးရထားစၾကၤန္လိုင္းမွာ ခရီးသြားေတြကို တိုက္ခိုက္ခဲ့တဲ့အတြက္ အနည္းဆုံး (၁၇)ဦး ဒဏ္ရာရသြားခဲ့ေၾကာင္း၊ ခ ရီးသည္အမ်ားစုဟာ Halloween ပြဲေတာ္ကို စုံ႐ုံးသြားေရာက္ဖို႔ျပင္ဆင္ေနခ်ိန္မွာအခုလိုမ်ိဳးတိုက္ခိုက္ခံရတာျဖစ္တယ္လို႔ ဂ်ပန္မီဒီယာေတြကဆိုပါတယ္။
ဂ်ပန္အေျခစိုက္ NHK သတင္းဌာနက တိုက္ခိုက္မႈေၾကာင့္(၂၄)ဦးအထိ ဒဏ္ရာရႏိုင္တယ္လို႔ေဖာ္ျပခဲ့ပါတယ္။ ဓါးနဲ႔တိုက္ခိုက္ခဲ့သူေတြဟာ ခရီး သည္ေတြကို ဓါးနဲ႔တိုက္ခိုက္ခဲ့ၿပီးေနာက္ ဓါတ္ဆီေလာင္းၿပီးမီးရႈိ႕ဖို႔ ႀကံ စည္ခဲ့တယ္လို႔လည္း သတင္းမွာေဖာ္ျပခဲ့ပါတယ္။ မ်က္ျမင္သက္ေသတစ္ဦးက "ကြၽန္ေတာ္အေနနဲ႔ကနဦးမွာ Halloween စတန႔္ပုံစံလုပ္တယ္လို႔ထင္ခဲ့တယ္။အဲဒီအခ်ိန္မွာ ခရီးသည္ေတြဟာ ဒဏ္ရာေတြနဲ႔စီးမယ့္ ရထားတြဲေတြကို ဦးတည္ေျပးလႊားေနတာေတြ႕ျမင္ခဲ့တယ္။ေနာက္ ပိုင္းမွာေတြ႕ျမင္လိုက္ရတာက ဓါးရွည္နဲ႔လိုက္ခုတ္ေနတာကိုေတြ႕ျမင္ခဲ့ရတယ္။ အဲဒီဓါးမွာလည္း ေသြးေတြေပက်ံေနတာေတြ႕ခဲ့ရတယ္" လို႔ေျပာပါတယ္။
ခရီးသည္ေတြကို တိုက္ခိုက္မႈက်ဴးလြန္ခဲ့သူကိုေနရာမွာတင္ဖမ္းဆီးႏိုင္ခဲ့ၿပီး လူသတ္မႈက်ဴးလြန္ဖို႔ ႀကံစည္ျခင္းရွိ၊မရွိဆိုတဲ့အခ်က္ကို စုံစမ္းစစ္ ေဆးေနတယ္လို႔သိရပါတယ္။ ဒဏ္ရာရသူေတြအနက္ လူတစ္ဦးစိုးရိမ္ရတဲ့အေျခေနမ်ိဳးရွိေနၿပီး တိုက္ခိုက္မႈက်ဴးလြန္ခဲ့သူဟာ အသက္(၆ဝ)အ ႐ြယ္ရွိႏိုင္တယ္လို႔ ဂ်ပန္မီဒီယာေတြကဆိုပါတယ္။ အဆိုပါတိုက္ခိုက္မႈဟာ Kokuryo မီးရထားဘူတာ႐ုံရွိ Keio ရထားအတြင္းျဖစ္ပြားခဲ့တာျဖစ္တယ္လို႔ တိုက်ိဳရဲတပ္ဖြဲ႕ကေျပာပါတယ္။ လူမူကြန္ရက္တစ္ခုျဖစ္တဲ့ Twitter မွာ ပ်ံ႕ႏွံေနတဲ့ ႐ုပ္သံဖိုင္ထဲမွာ တိုက္ခိုက္မႈက်ဴးလြန္သူဟာ ဂ်ိဳကာပုံစံမ်ိဳးဝတ္ဆင္ထားၿပီး ခရမ္းေရာင္ဝတ္စုံနဲ႔ ေအာက္ခံအစိမ္းေရာင္ရွပ္အက်ႌကိုဝတ္ဆင္ထားတာျဖစ္တယ္လို႔သိရပါတယ္။ အဆိုပါတိုက္ခိုက္မႈဟာ ႏွစ္လေက်ာ္အတြင္း တိုက်ိဳၿမိဳ႕မီးရထားဘူတာမွာဓါးနဲ႔တိုက္ခိုက္တဲ့ ဒုတိယေျမာက္တိုက္ခိုက္မႈျဖစ္ၿပီး ၾသဂုတ္လတုန္းကလည္း အသက္(၃၆)ႏွစ္အ႐ြယ္ရွိအမ်ိဳးသားတစ္ဦးဟာ ခရီးသည္(၁ဝ)ဦးဒဏ္ရာရေအာင္ ဓါးနဲ႔တိုက္ခိုက္ခဲ့ဖူးပါတယ္။