တစ်ရက်လျှင်ဆန်နှစ်ဗူးခွဲခန့်စားသုံးနေခြင်းကြောင့် စားသုံးမှုပုံစံပြောင်းလဲပါက ကျန်းမာရေးအတွက်အထောက်အကူရမည်ဟုဆို

 1267

NP News - နိုဝင်ဘာ ၂
မြန်မာနိုင်ငံအနေဖြင့် မိရိုးဖာလာအားဖြင့် ဆန်ကိုအဓိကထားစားသုံးပြီး အချို့သည် နှစ်နပ်မှသုံးနပ်အထိစားသုံးသော်လည်း ဗိုက်ဝရန်ကိုသာအ ဓိကထားစားသည့်အတွက် ခန္ဓာကိုယ်ကလိုအပ်သည့် အာဟာရကိုပြည့်ပြည့်ဝဝမရသည်ကိုလည်း တွေ့ရှိရကြောင်း နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က နိုဝင်ဘာလ(၁)ရက်ကပြောသည့် (၉)လပြည့်မိန့်ခွန်းတွင်ထည့်သွင်းပြောကြားခဲ့သည်။ ထို့ကြောင့် ဆန်စားသုံးမှုကို အနည်းငယ်လျှော့ချပြီး အခြားလိုအပ်သည့် အသား၊ ငါး၊ ဟင်းသီးဟင်း ရွက်တို့ကို ထိုက်သင့်သလိုရရှိအောင် ဖြည့်ဆည်စားသုံးမည်ဆိုပါက ကျန်းမာရေးအတွက်လည်းများစွာအထောက်အကူရမည်ဖြစ်ကြောင်း ယင်းကပြောသည်။

သာမာန်အားဖြင့် လူတစ်ယောက်က မနက်၊ နေ့လည် ဆန်နို့ဆီဗူးတစ်ဗူးစီခန့်စားသုံးသည့်အပြင် နံနက်စောစောတွင် နို့ဆီဗူးတစ်ဝက်ခန့်စားသုံးသည့်အတွက်ကြောင့် နှစ်ဗူးခွဲခန့်ကုန်နေကြောင်း၊ တပ်မတော်တွင်လည်း အဆိုပါနှုန်းအတိုင်းစားသည့်အတွက်(၁ဝ)ရာခိုင်နှုန်းခန့်လျှော့ချစားသုံးကြည့်သည့်အခါ အကျိုးရှိသည်ကိုလည်းတွေ့ရှိရကြောင်း ယင်းကပြောသည်။

“ဒါကြောင့် ဒါလေးကိုလည်း ထိုက်သင့်သလိုထိန်းသိမ်းပြီးတော့မှစားသုံးမှုပုံစံမျိုး ပြောင်းလဲသွားမယ်ဆိုလို့ရှိရင် ပြည်သူများရဲ့ ကျန်းမာရေးအ တွက်လည်း များစွာအထောက်အကူရမယ်ဆိုတာလေးလည်း ကျွန်တော် အကြံပြုလိုပါတယ်။ ဒါကြောင့် ပြည်သူတွေအနေနဲ့ ဒါကိုထည့်သွင်းစဉ်း စားပြီးတော့မှ ဆုံးဖြတ်ဆောင်ရွက်စေလိုပါတယ်”ဟု ဗိုလ်ချုပ်မှူးကြီးကပြောသည်။

နိုင်ငံသည် စိုက်ပျိုးရေးနှင့်မွေးမြူရေးအဓိကထားသည့်နိုင်ငံဖြစ်သည့်အ တွက် စားရေရိက္ခာအခြေခံအားဖြင့်ရှိပြီးသားဖြစ်သည့်အတွက် စိုက်ပျိုး ရေးနှင့်မွေးမြူရေး ထုတ်ကုန်များကို ယခုထက်ပိုပြီးထွက်ရှိအောင်နည်းလမ်းပေါင်းစုံဖြင့် ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။

“ဥပမာအားဖြင့် ကျွန်တော်တို့နိုင်ငံမှာ မြစ်၊ ချောင်းတွေပေါပါတယ်။ မြစ်အတွင်းမှာ ငါးမျိုးတွေ စိုက်ထည့်တာတွေကို နိုင်ငံတော်ကနေ မီလီယံပေါင်းများစွာ ကျခံပြီးတော့မှ ငါးမျိုးစိုက်ထည့်ပေးလျက်ရှိပါတယ်။ ဒါတွေကို ဖမ်းယူပြီး ရောင်းမယ်ပဲဖြစ်ဖြစ်၊ စားမယ်ပဲဖြစ်ဖြစ် ဒါတွေက ရရှိတဲ့သူအတွက်ကတော့ အကျိုးရှိမယ်ဆိုတာကို ကျွန်တော်တို့ တွေ့ရပါတယ်။ ဒါကြောင့် ကျွန်တော်တို့ စားသုံး မှုပုံစံတွေကို ပြင်မယ်ဆိုလို့ရှိရင် လူမှုကျန်းမာရေးတွေလည်း အများကြီးကို ပြောင်းလဲ သွားနိုင်တာကို တွေ့ရပါတယ်”ဟု ဗိုလ် ချုပ်မှူးကြီးကပြောသည်။

ထို့ပြင် ဆန်မဖူလုံသည့်ဒေသများရှိသည့်အတွက် အဆိုပါဒေသများတွင် ဆန်ဖူလုံရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနများက တွန်းအားပေးပြီးဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။

zawgyi version
တစ္ရက္လွ်င္ဆန္ႏွစ္ဗူးခြဲခန႔္စားသုံးေနျခင္းေၾကာင့္ စားသုံးမႈပုံစံေျပာင္းလဲပါက က်န္းမာေရးအတြက္အေထာက္အကူရမည္ဟုဆို
NP News - ႏိုဝင္ဘာ ၂
ျမန္မာႏိုင္ငံအေနျဖင့္ မိ႐ိုးဖာလာအားျဖင့္ ဆန္ကိုအဓိကထားစားသုံးၿပီး အခ်ိဳ႕သည္ ႏွစ္နပ္မွသုံးနပ္အထိစားသုံးေသာ္လည္း ဗိုက္ဝရန္ကိုသာအ ဓိကထားစားသည့္အတြက္ ခႏၶာကိုယ္ကလိုအပ္သည့္ အာဟာရကိုျပည့္ျပည့္ဝဝမရသည္ကိုလည္း ေတြ႕ရွိရေၾကာင္း နစက ဥကၠ႒ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က ႏိုဝင္ဘာလ(၁)ရက္ကေျပာသည့္ (၉)လျပည့္မိန႔္ခြန္းတြင္ထည့္သြင္းေျပာၾကားခဲ့သည္။ ထို႔ေၾကာင့္ ဆန္စားသုံးမႈကို အနည္းငယ္ေလွ်ာ့ခ်ၿပီး အျခားလိုအပ္သည့္ အသား၊ ငါး၊ ဟင္းသီးဟင္း ႐ြက္တို႔ကို ထိုက္သင့္သလိုရရွိေအာင္ ျဖည့္ဆည္စားသုံးမည္ဆိုပါက က်န္းမာေရးအတြက္လည္းမ်ားစြာအေထာက္အကူရမည္ျဖစ္ေၾကာင္း ယင္းကေျပာသည္။

သာမာန္အားျဖင့္ လူတစ္ေယာက္က မနက္၊ ေန႔လည္ ဆန္ႏို႔ဆီဗူးတစ္ဗူးစီခန႔္စားသုံးသည့္အျပင္ နံနက္ေစာေစာတြင္ ႏို႔ဆီဗူးတစ္ဝက္ခန႔္စားသုံးသည့္အတြက္ေၾကာင့္ ႏွစ္ဗူးခြဲခန႔္ကုန္ေနေၾကာင္း၊ တပ္မေတာ္တြင္လည္း အဆိုပါႏႈန္းအတိုင္းစားသည့္အတြက္(၁ဝ)ရာခိုင္ႏႈန္းခန႔္ေလွ်ာ့ခ်စားသုံးၾကည့္သည့္အခါ အက်ိဳးရွိသည္ကိုလည္းေတြ႕ရွိရေၾကာင္း ယင္းကေျပာသည္။

“ဒါေၾကာင့္ ဒါေလးကိုလည္း ထိုက္သင့္သလိုထိန္းသိမ္းၿပီးေတာ့မွစားသုံးမႈပုံစံမ်ိဳး ေျပာင္းလဲသြားမယ္ဆိုလို႔ရွိရင္ ျပည္သူမ်ားရဲ႕ က်န္းမာေရးအ တြက္လည္း မ်ားစြာအေထာက္အကူရမယ္ဆိုတာေလးလည္း ကြၽန္ေတာ္ အႀကံျပဳလိုပါတယ္။ ဒါေၾကာင့္ ျပည္သူေတြအေနနဲ႔ ဒါကိုထည့္သြင္းစဥ္း စားၿပီးေတာ့မွ ဆုံးျဖတ္ေဆာင္႐ြက္ေစလိုပါတယ္”ဟု ဗိုလ္ခ်ဳပ္မႉးႀကီးကေျပာသည္။

ႏိုင္ငံသည္ စိုက္ပ်ိဳးေရးႏွင့္ေမြးျမဴေရးအဓိကထားသည့္ႏိုင္ငံျဖစ္သည့္အ တြက္ စားေရရိကၡာအေျခခံအားျဖင့္ရွိၿပီးသားျဖစ္သည့္အတြက္ စိုက္ပ်ိဳး ေရးႏွင့္ေမြးျမဴေရး ထုတ္ကုန္မ်ားကို ယခုထက္ပိုၿပီးထြက္ရွိေအာင္နည္းလမ္းေပါင္းစုံျဖင့္ ကူညီေဆာင္႐ြက္ေပးလ်က္ရွိေၾကာင္းသိရသည္။

“ဥပမာအားျဖင့္ ကြၽန္ေတာ္တို႔ႏိုင္ငံမွာ ျမစ္၊ ေခ်ာင္းေတြေပါပါတယ္။ ျမစ္အတြင္းမွာ ငါးမ်ိဳးေတြ စိုက္ထည့္တာေတြကို ႏိုင္ငံေတာ္ကေန မီလီယံေပါင္းမ်ားစြာ က်ခံၿပီးေတာ့မွ ငါးမ်ိဳးစိုက္ထည့္ေပးလ်က္ရွိပါတယ္။ ဒါေတြကို ဖမ္းယူၿပီး ေရာင္းမယ္ပဲျဖစ္ျဖစ္၊ စားမယ္ပဲျဖစ္ျဖစ္ ဒါေတြက ရရွိတဲ့သူအတြက္ကေတာ့ အက်ိဳးရွိမယ္ဆိုတာကို ကြၽန္ေတာ္တို႔ ေတြ႕ရပါတယ္။ ဒါေၾကာင့္ ကြၽန္ေတာ္တို႔ စားသုံး မႈပုံစံေတြကို ျပင္မယ္ဆိုလို႔ရွိရင္ လူမႈက်န္းမာေရးေတြလည္း အမ်ားႀကီးကို ေျပာင္းလဲ သြားႏိုင္တာကို ေတြ႕ရပါတယ္”ဟု ဗိုလ္ ခ်ဳပ္မႉးႀကီးကေျပာသည္။

ထို႔ျပင္ ဆန္မဖူလုံသည့္ေဒသမ်ားရွိသည့္အတြက္ အဆိုပါေဒသမ်ားတြင္ ဆန္ဖူလုံေရးအတြက္ သက္ဆိုင္ရာဝန္ႀကီးဌာနမ်ားက တြန္းအားေပးၿပီးေဆာင္႐ြက္ေပးလ်က္ရွိေၾကာင္းသိရသည္။

Related news

© 2021. All rights reserved.