နစက လက်ထက် ကိုဗစ်ချေးငွေ ထုတ်ယူထားသည့်လုပ်ငန်းရှင် (၉၀ဝ) ကျော် အသနားခံစာ တင်ပြသော်လည်း သက်တမ်းတိုးပေးမည်မဟုတ်
                        
                            
                             
 1297
 
                             
                            
                            
                         
                        
 
                        Pearl (NP News) - စက်တင်ဘာ ၉ 
	နစက လက်ထက် ကိုဗစ်ချေးငွေ ထုတ်ယူထားသည့်လုပ်ငန်းရှင် (၉၁၈) ဦးတို့က ချေးငွေသက် တမ်းတိုးပေးရန်အတွက် အသနားခံစာတင်ပြသော်လည်း သက်တမ်းတိုးပေးမည်မဟုတ်ကြောင်း ရင်းနှီး မြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝါဝါမောင်က  NP News  ပြောသည်။ 
	ကိုဗစ်-၁၉ ကြောင့်ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေး လုပ် ငန်းကော်မတီအနေဖြင့် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ထိခိုက်မှုရှိခဲ့သော စီးပွားရေးလုပ်ငန်းများကို ချေးငွေများထုတ်ချေးပေးခဲ့ရာ ပြီးခဲ့သည့် (၂၀၂၂)ခုနှစ် ဇန်နဝါရီလ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ လက်ထက်တွင်လည်း ယခင် ကိုဗစ်ရန်ပုံငွေ ဘီလျံ (၂၀ဝ) မှလည်းကောင်း၊ ထပ်မံ၍ ကိုဗစ် ရန်ပုံငွေ ( ၁၅) ဘီလျံမှလည်းကောင်း ချေးငွေများ ထုတ်ချေးခဲ့ကြောင်း သိရသည်။ 
	ထိုသို့ထုတ်ချေးခဲ့ရာ နိုင်ငံသားပိုင် ငါး၊ ပုစွန် မွေးမြူရေးအပါအဝင် မွေးမြူရေးကဏ္ဍမှ လုပ်ငန်း ရှင် (၃၂၇) ဦးအတွက် ပမာဏ ကျပ် (၇.၆၃၀) ဘီလျံ ထုတ်ချေးပေးခဲ့ပြီး လက်ရှိတွင် အရင်းအကျေဆပ် ပြီးသူ အရေအတွက် (၁၁၂) ဦး  ပမာဏအားဖြင့် ကျပ် (၂.၈၃၆၆) ဘီလျံ၊ အပြေအကျေမပေးဆပ်သူ (၂၁၅) ဦး ပမာဏအားဖြင့် ကျပ် (၄.၇၉၃၄ ဘီလျံ) ကျန်ရှိနေသေးကြောင်း သိရသည်။
	ထို့အတူ ရုပ်ရှင်၊ ဂီတ၊ သဘင်၊ စာနယ်ဇင်းနှင့် မီဒီယာကဏ္ဍအတွက် (၈၇၉) ဦးအတွက် ပမာဏ ကျပ် (၁၃.၁၃၂၅) ဘီလျံ ထုတ်ချေးပေးခဲ့ပြီး လက်ရှိတွင်  အရင်းအကျေဆပ်ပြီးသူ အရေအတွက် (၁၇၆) ဦး ပမာဏအားဖြင့် ကျပ် (၁.၆၃၂၁) ဘီလျံ၊ အပြေအကျေ မပေးဆပ်သူ (၇၀၃) ဦး ပမာဏအားဖြင့် ကျပ် (၁၁.၅၀ဝ၄) ဘီလျံကျန်ရှိနေသေးကြောင်း သိရသည်။ 
	“ ရုပ်ရှင် ဂီတ သဘင် စာနယ်ဇင်းနှင့် မီဒီ ယာကဏ္ဍအတွက် ကိုဗစ်-၁၉ ရန်ပုံငွေ ကျပ် (၁၅) ဘီလျံကနေ နစကလက်ထက် (၂၀၂၂) ခုနှစ် ဇန်န ဝါရီလမှ စတင် ထုတ်ချေးခဲ့တာပါ။ ငါး ၊ ပုစွန်ကတော့ အရင် ဘီလျံ (၂၀ဝ) ထဲကထုတ်ချေးတာပါ” ဟု စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေးလုပ်ငန်း ကော်မတီ၏ အတွင်းရေးမှူး ဒေါ်သီတာကြူက NP News သို့ ပြောသည်။
	လက်ရှိတွင် င်းတို့ကို ချေးငွေ ထုတ်ချေး ထားသည့် ခွင့်ပြုကာလမှာ (၃) နှစ်ပြည့်ပြီဖြစ်ကာ လုပ်ငန်းရှင်အချို့အနေဖြင့် ချေးငွေသက်တမ်း တိုးပေးရန်အတွက် အသားနားခံစာများ တင်ပြမှုများရှိ နေကြောင်းလည်း သိရသည်။ 
	“အဲဒီ အသုတ်ကလည်း ခွင့်ပြုကာလ (၃) နှစ် စကျော်နေပါပြီ။ သူတို့ကတော့ သက်တမ်းတိုး ပေးဖို့ အသနားခံစာတင်ကြတယ်။ သို့သော် အန်တီတို့ကို လမ်းညွှန်မှုရထားတာက (၃) နှစ်ကနေ ဆက် တိုးမပေးတော့ဘူး။ သူတို့ တခြားချေးငွေအမျိုးအစား သီးသန့်ချေးရင် ချေးပေါ့”ဟု ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝါဝါမောင်က NP News သို့ပြောသည်။
                     
                        
                                                                    
 
                                
                                
                                        Zawgyi Version: 
နစက လက္ထက္ ကိုဗစ္ေခ်းေငြ ထုတ္ယူထားသည့္လုပ္ငန္းရွင္ (၉၀ဝ) ေက်ာ္ အသနားခံစာ တင္ျပ ေသာ္လည္း သက္တမ္းတိုးေပးမည္မဟုတ္
Pearl (NP News) - စက္တင္ဘာ ၉ 
	နစက လက္ထက္ ကိုဗစ္ေခ်းေငြ ထုတ္ယူထားသည့္လုပ္ငန္းရွင္ (၉၁၈) ဦးတို႔က ေခ်းေငြသက္ တမ္းတိုးေပးရန္အတြက္ အသနားခံစာတင္ျပေသာ္လည္း သက္တမ္းတိုးေပးမည္မဟုတ္ေၾကာင္း ရင္းႏွီး ျမႇဳပ္ႏွံမႈႏွင့္ ႏိုင္ငံျခားစီးပြားဆက္သြယ္ေရးဝန္ႀကီးဌာန၊ ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာဝါဝါေမာင္က  NP News  ေျပာသည္။ 
	ကိုဗစ္-၁၉ ေၾကာင့္ျဖစ္ေပၚလာႏိုင္သည့္ စီးပြားေရးသက္ေရာက္မႈမ်ားအေပၚ ကုစားေရး လုပ္ ငန္းေကာ္မတီအေနျဖင့္ ကိုဗစ္-၁၉ ကပ္ေရာဂါေၾကာင့္ ထိခိုက္မႈရွိခဲ့ေသာ စီးပြားေရးလုပ္ငန္းမ်ားကို ေခ်းေငြမ်ားထုတ္ေခ်းေပးခဲ့ရာ ၿပီးခဲ့သည့္ (၂၀၂၂)ခုႏွစ္ ဇန္နဝါရီလ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ လက္ထက္တြင္လည္း ယခင္ ကိုဗစ္ရန္ပုံေငြ ဘီလ်ံ (၂၀ဝ) မွလည္းေကာင္း၊ ထပ္မံ၍ ကိုဗစ္ ရန္ပုံေငြ ( ၁၅) ဘီလ်ံမွလည္းေကာင္း ေခ်းေငြမ်ား ထုတ္ေခ်းခဲ့ေၾကာင္း သိရသည္။ 
	ထိုသို႔ထုတ္ေခ်းခဲ့ရာ ႏိုင္ငံသားပိုင္ ငါး၊ ပုစြန္ ေမြးျမဴေရးအပါအဝင္ ေမြးျမဴေရးက႑မွ လုပ္ငန္း ရွင္ (၃၂၇) ဦးအတြက္ ပမာဏ က်ပ္ (၇.၆၃၀) ဘီလ်ံ ထုတ္ေခ်းေပးခဲ့ၿပီး လက္ရွိတြင္ အရင္းအေက်ဆပ္ ၿပီးသူ အေရအတြက္ (၁၁၂) ဦး  ပမာဏအားျဖင့္ က်ပ္ (၂.၈၃၆၆) ဘီလ်ံ၊ အေျပအေက်မေပးဆပ္သူ (၂၁၅) ဦး ပမာဏအားျဖင့္ က်ပ္ (၄.၇၉၃၄ ဘီလ်ံ) က်န္ရွိေနေသးေၾကာင္း သိရသည္။
	ထို႔အတူ ႐ုပ္ရွင္၊ ဂီတ၊ သဘင္၊ စာနယ္ဇင္းႏွင့္ မီဒီယာက႑အတြက္ (၈၇၉) ဦးအတြက္ ပမာဏ က်ပ္ (၁၃.၁၃၂၅) ဘီလ်ံ ထုတ္ေခ်းေပးခဲ့ၿပီး လက္ရွိတြင္  အရင္းအေက်ဆပ္ၿပီးသူ အေရအတြက္ (၁၇၆) ဦး ပမာဏအားျဖင့္ က်ပ္ (၁.၆၃၂၁) ဘီလ်ံ၊ အေျပအေက် မေပးဆပ္သူ (၇၀၃) ဦး ပမာဏအားျဖင့္ က်ပ္ (၁၁.၅၀ဝ၄) ဘီလ်ံက်န္ရွိေနေသးေၾကာင္း သိရသည္။ 
	“ ႐ုပ္ရွင္ ဂီတ သဘင္ စာနယ္ဇင္းႏွင့္ မီဒီ ယာက႑အတြက္ ကိုဗစ္-၁၉ ရန္ပုံေငြ က်ပ္ (၁၅) ဘီလ်ံကေန နစကလက္ထက္ (၂၀၂၂) ခုႏွစ္ ဇန္န ဝါရီလမွ စတင္ ထုတ္ေခ်းခဲ့တာပါ။ ငါး ၊ ပုစြန္ကေတာ့ အရင္ ဘီလ်ံ (၂၀ဝ) ထဲကထုတ္ေခ်းတာပါ” ဟု စီးပြားေရးသက္ေရာက္မႈမ်ားအေပၚ ကုစားေရးလုပ္ငန္း ေကာ္မတီ၏ အတြင္းေရးမႉး ေဒၚသီတာၾကဴက NP News သို႔ ေျပာသည္။
	လက္ရွိတြင္ င္းတို႔ကို ေခ်းေငြ ထုတ္ေခ်း ထားသည့္ ခြင့္ျပဳကာလမွာ (၃) ႏွစ္ျပည့္ၿပီျဖစ္ကာ လုပ္ငန္းရွင္အခ်ိဳ႕အေနျဖင့္ ေခ်းေငြသက္တမ္း တိုးေပးရန္အတြက္ အသားနားခံစာမ်ား တင္ျပမႈမ်ားရွိ ေနေၾကာင္းလည္း သိရသည္။ 
	“အဲဒီ အသုတ္ကလည္း ခြင့္ျပဳကာလ (၃) ႏွစ္ စေက်ာ္ေနပါၿပီ။ သူတို႔ကေတာ့ သက္တမ္းတိုး ေပးဖို႔ အသနားခံစာတင္ၾကတယ္။ သို႔ေသာ္ အန္တီတို႔ကို လမ္းၫႊန္မႈရထားတာက (၃) ႏွစ္ကေန ဆက္ တိုးမေပးေတာ့ဘူး။ သူတို႔ တျခားေခ်းေငြအမ်ိဳးအစား သီးသန႔္ေခ်းရင္ ေခ်းေပါ့”ဟု ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာဝါဝါေမာင္က NP News သို႔ေျပာသည္။