ဟိမဝန္တာတောင်တန်းမှာပျောက်ဆုံးသွားတဲ့ ပြင်သစ်တောင်တက်သမားသုံးဦးရဲ့ရုပ်အလောင်းတွေကိုပြန်လည်တွေ့ရှိ

1036

ရောင်နီ (NP News) - နိုဝင်ဘာ ၉
နီပေါနိုင်ငံမှ ကယ်ဆယ်ရေးအဖွဲ့တစ်ဖွဲ့ဟာ လွန်ခဲ့တဲ့သီတင်းနှစ်ပတ်နီးပါးခန့်ကဟိမဝ န္တာတောင်တန်းမှာ ပျောက်ဆုံးသွားခဲ့တဲ့ ပြင်သစ်တောင်တက်သမား သုံးဦးရဲ့ရုပ်အ လောင်းတွေကို ကယ်ဆယ်နိုင်ခဲ့တယ်လို့ ရဲတပ်ဖွဲ့က နိုဝင်ဘာလ(၈)ရက်မှာပြောကြားခဲ့ပါတယ်။
၎င်းတို့သုံးဦးဟာ ဝေးလံခေါင်သီတဲ့ Solukhumbu ခရိုင်၊ ဧဝရတ်တောင်အနီး၊ အသေးငယ်ဆုံးတောင်ထွတ်ဖြစ်တဲ့ ၆၇၈၃ မီတာအမြင့်ရှိ Kantega တောင်ပေါ်ကိုတက်ဖို့ကြိုး ပမ်းခဲ့ကြတာဖြစ်ပြီး အောက်တိုဘာလ(၂၆)ရက်က နှင်းထုပြိုကျမှုဖြစ်ပွားခဲ့ပြီးနောက် အဆက်အသွယ် ပြတ်တောက်သွားခဲ့တာ ဖြစ်ပါတယ်။ “တောင်ပေါ်ကယ်ဆယ်ရေးအ ဖွဲ့တစ်ဖွဲ့က အလောင်း(၃)လောင်းကို ယင်းဧရိယာထဲကနေပြန်လည်သယ်ယူနိုင်ခဲ့တယ်။ အလောင်းတွေကို ဖော်ထုတ်ပြီးပါပြီ "လို့ ရဲအရာရှိ Tarka Raj Pandey က Reuters သတင်းဌာနကို ပြောကြားပါတယ်။ အလောင်းတွေကို Solukhumbu ခရိုင်ရှိ အကြီးဆုံးမြို့ဖြစ်တဲ့ Lukla သို့သယ်ဆောင်ပြီး အလောင်းတွေကို မြို့တော်Kathmandu သို့ သယ်ဆောင်သွားမှာဖြစ်တယ်လို့သိရပါတယ်။
နီပေါနိုင်ငံဟာ ဧဝရတ်တောင် အပါအဝင်ကမ္ဘာ့အမြင့်ဆုံးတောင် (၁၄)ခုအနက်ရှစ်ခုကို ပိုင်ဆိုင်ထားတဲ့ နိုင်ငံဖြစ်ပါတယ်။ နိုင်ငံခြား တောင်တက်သမားတွေကိုဖိတ်ခေါ်ခြင်းဖြင့်ရရှိတဲ့ဝင်ငွေဟာ နိုင်ငံရဲ့နိုင်ငံခြားငွေရင်းမြစ်ဖြစ်တယ်လို့သိရပါတယ်။ ပြီးခဲ့တဲ့နှစ်က ကိုရိုနာဗိုင်းရပ်ကြောင့် ပိတ်ထားရတဲ့နီပေါနိုင်ငံရှိ ဟိမဝန္တာတောင်တန်းတွေကိုယခုနှစ်မှာ ပြန်လည်ဖွင့်လှစ်ခဲ့ပြီး နိုင်ငံခြားတောင်တက်သမားတွေ တဖြည်းဖြည်းပြန်လည်ရောက်ရှိလာခဲ့တယ်လို့သိရပါတယ်။
zawgyi version
ဟိမဝႏၲာေတာင္တန္းမွာေပ်ာက္ဆုံးသြားတဲ့ ျပင္သစ္ေတာင္တက္သမားသုံးဦးရဲ႕႐ုပ္အေလာင္းေတြကိုျပန္လည္ေတြ႕ရွိ
ေရာင္နီ (NP News) - ႏိုဝင္ဘာ ၉
နီေပါႏိုင္ငံမွ ကယ္ဆယ္ေရးအဖြဲ႕တစ္ဖြဲ႕ဟာ လြန္ခဲ့တဲ့သီတင္းႏွစ္ပတ္နီးပါးခန႔္ကဟိမဝ ႏၲာေတာင္တန္းမွာ ေပ်ာက္ဆုံးသြားခဲ့တဲ့ ျပင္သစ္ေတာင္တက္သမား သုံးဦးရဲ႕႐ုပ္အ ေလာင္းေတြကို ကယ္ဆယ္ႏိုင္ခဲ့တယ္လို႔ ရဲတပ္ဖြဲ႕က ႏိုဝင္ဘာလ(၈)ရက္မွာေျပာၾကားခဲ့ပါတယ္။
၎တို႔သုံးဦးဟာ ေဝးလံေခါင္သီတဲ့ Solukhumbu ခ႐ိုင္၊ ဧဝရတ္ေတာင္အနီး၊ အေသးငယ္ဆုံးေတာင္ထြတ္ျဖစ္တဲ့ ၆၇၈၃ မီတာအျမင့္ရွိ Kantega ေတာင္ေပၚကိုတက္ဖို႔ႀကိဳး ပမ္းခဲ့ၾကတာျဖစ္ၿပီး ေအာက္တိုဘာလ(၂၆)ရက္က ႏွင္းထုၿပိဳက်မႈျဖစ္ပြားခဲ့ၿပီးေနာက္ အဆက္အသြယ္ ျပတ္ေတာက္သြားခဲ့တာ ျဖစ္ပါတယ္။ “ေတာင္ေပၚကယ္ဆယ္ေရးအ ဖြဲ႕တစ္ဖြဲ႕က အေလာင္း(၃)ေလာင္းကို ယင္းဧရိယာထဲကေနျပန္လည္သယ္ယူႏိုင္ခဲ့တယ္။ အေလာင္းေတြကို ေဖာ္ထုတ္ၿပီးပါၿပီ "လို႔ ရဲအရာရွိ Tarka Raj Pandey က Reuters သတင္းဌာနကို ေျပာၾကားပါတယ္။ အေလာင္းေတြကို Solukhumbu ခ႐ိုင္ရွိ အႀကီးဆုံးၿမိဳ႕ျဖစ္တဲ့ Lukla သို႔သယ္ေဆာင္ၿပီး အေလာင္းေတြကို ၿမိဳ႕ေတာ္Kathmandu သို႔ သယ္ေဆာင္သြားမွာျဖစ္တယ္လို႔သိရပါတယ္။
နီေပါႏိုင္ငံဟာ ဧဝရတ္ေတာင္ အပါအဝင္ကမာၻ႔အျမင့္ဆုံးေတာင္ (၁၄)ခုအနက္ရွစ္ခုကို ပိုင္ဆိုင္ထားတဲ့ ႏိုင္ငံျဖစ္ပါတယ္။ ႏိုင္ငံျခား ေတာင္တက္သမားေတြကိုဖိတ္ေခၚျခင္းျဖင့္ရရွိတဲ့ဝင္ေငြဟာ ႏိုင္ငံရဲ႕ႏိုင္ငံျခားေငြရင္းျမစ္ျဖစ္တယ္လို႔သိရပါတယ္။ ၿပီးခဲ့တဲ့ႏွစ္က ကို႐ိုနာဗိုင္းရပ္ေၾကာင့္ ပိတ္ထားရတဲ့နီေပါႏိုင္ငံရွိ ဟိမဝႏၲာေတာင္တန္းေတြကိုယခုႏွစ္မွာ ျပန္လည္ဖြင့္လွစ္ခဲ့ၿပီး ႏိုင္ငံျခားေတာင္တက္သမားေတြ တျဖည္းျဖည္းျပန္လည္ေရာက္ရွိလာခဲ့တယ္လို႔သိရပါတယ္။