ဂုတ်တွင်းအဆင်းတွင် တွဲကားတစ်စီးကမ်းပါးယံဝင်တိုက်မှုဖြစ်ပွား

814

NP News - နိုဝင်ဘာ ၁၄
ရှမ်းပြည်နယ်၊ ပြည်ထောင်စုလမ်းမကြီး ဂုတ်တွင်းအဆင်း ကျောက်မဲဘက်အခြမ်းတွင် တွဲကားတစ်စီးလမ်းဘေးကမ်းပါးယံသို့ ဝင်တိုက်မှု ယနေ့(နိုဝင်ဘာလ ၁၄ရက်)၊ နံနက် (၅)နာရီကျော်ခန့်ကဖြစ် ပွားခဲ့ကြောင်း ကမ်းလင့်လက်များလူမှုကူညီရေးအသင်းထံမှသိရသည်။
တွဲကားသည် ကမ်းပါးယံကိုဝင်တိုက်ခြင်းကြောင့် ယာဉ်မောင်းဖြစ်သူ၏ ခန္ဓာကိုယ်အောက်ပိုင်းညပ်နေကြောင်း ကျောက်မဲမြို့နယ်၊ ကမ်းလင့်လက်များ လူမှုကူညီရေးအသင်း နောင်ပိန်သို့ ဖုန်းဆက်အကူအညီတောင်းခံမှုကြောင့် လူနာတင်ယာဉ် (၃)စီးနှင့် ကယ်ဆယ်ရေးပစ္စည်းများတင်ဆောင်၍ အချိန်နှင့်တပြေးညီ သွားရောက်ကူညီပေးခဲ့ရကြောင်း ကမ်းလင့်လက်များလူမှုကူညီရေးအသင်းမှ သိရသည်။
လက်ရှိအချိန်တွင် ဒဏ်ရာရရှိခဲ့သည့် ယာဉ်မောင်းအားဖြစ်ပွားရာနေရာမှ ကျောက်မဲပြည်သူ့ဆေးရုံ အရေးပေါ်ဌာန OPD သို့ အရေးပေါ်ပို့ဆောင်ပေးခဲ့ကြောင်းသိရသည်။
zawgyi version
NP News - နိုဝင်ဘာ ၁၄
တွဲကားသည် ကမ်းပါးယံကိုဝင်တိုက်ခြင်းကြောင့် ယာဉ်မောင်းဖြစ်သူ၏ န္ဓာာကိုယ်အောက်ပိုင်းညပ်နေကြောင်း ကျောက်မဲမြို့နယ်၊ ကမ်းလင့်လက်များ လူမှုကူညီရေးအသင်း နောင်ပိန်သို့ ဖုန်းဆက်အကူအညီတောင်းခံမှုကြောင့် လူနာတင်ယာဉ် (၃)စီးနှင့် ကယ်ဆယ်ရေးပစ္စည်းများတင်ဆောင်၍ အချိန်နှင့်တပြေးညီ သွားရောက်ကူညီပေးခဲ့ရကြောင်း ကမ်းလင့်လက်များလူမှုကူညီရေးအသင်းမှ သိရသည်။