မြန်မာ့ဒူးရင်းသီး ကို (၂၀၂၇) ခုနှစ်တွင် ပြည်ပသို့အလုံးအရင်းဖြင့် တင်ပို့မည်

352

ပြည့်ဖြိုး (NP News) - ဇူလိုင် (၁၇) ရက်
မြန်မာ့ဒူးရင်းသီးကို လာမယ့် (၂၀၂၇) ခုနှစ်အတွင်း ပြည်ပဈေးကွက်ဆီအလုံးအရင်းဖြင့် တင်ပို့ရောင်းချသွားနိုင်ရန် လျာထားဆောင်ရွက်နေကြောင်းဒူရင်းစိုက်ပျိုးတင်ပို့ရောင်းချသူများအသင်း က သိရသည်။
ပြည်ပဈေးကွက်ကို လက်ရှိ ဒူရင်းတင်ပို့မှုရှိနေသော်လည်း အနည်းအကျဉ်းသာဖြစ်ပြီး လာမယ့် ၂၀၂၇ ခုနှစ်တွင် အလုံးအရင်းဖြင့်ပို့သွားနိုင်ရန် စီစဉ်နေခြင်းဖြစ်သည်။
" ၂၀၂၇ မှာ နိုင်ငံခြားကို အလုံးအရင်းနဲ့ရောင်းချပြီး နိုင်ငံခြားတင်ပို့နိုင်ဖို့ဆောင်ရွက်သွားမှာပါ။ (၂၀၂၅-၂၀၂၆) တင်ပို့မယ်ဆို အနည်းငယ်သာဖြစ်မှာပါ ။ (၂၀၂၇) မှာ တင်ပို့နိုင်မယ့် အရေအတွက်နဲ့ စိုက်ပျိုးနိုင်မယ့် အရေအတွက်များမှာပါ ။ မလေးရှားနိုင်ငံမှာရောင်းချနေတဲ့မျိုးတွေ ၊ တကယ့်မျိုးကောင်းမျိုးသန့်တွေ မြန်မာပြည်မှာ တော်တော်စိုက်ပျိုးထားပါတယ်"ဟု ဒူးရင်းစိုက်ပျိုးတင်ပို့ရောင်းချသူများအသင်း တာဝန်ရှိသူတစ်ဦးကပြောသည်။
ထိုကဲ့သို့တင်ပို့သွားနိုင်ရန် လက်ရှိတွင် ဒူရင်းစိုက်ပျိုးမှုတွေကို တိုးချဲ့လုပ်ဆောင်နေသလို ၊ ဒူရင်းစိုက်တောင်သူတွေ ကို လည်း နည်းပညာ ပေးတာ ၊ အသီးခူးစွတ်နည်းလမ်း ၊ ပိုးမွှား ကာကွယ်တဲ့နည်းလမ်း မျှဝေပေးခြင်းများ လုပ်ဆောင်ပေးနေကြောင်းသိရသည်။
လက်ရှိ ရန်ကုန်တိုင်းအတွင်းမှာ ဒူရင်းစိုက်ပျိုးမှု ဧက (၄ဝဝဝ) နှင့် (၆ဝဝဝ) ကြားစိုက်ပျိုးထားကြောင်းသိရသည်။ ဒူရင်းသီးကို စနစ်တကျစိုက်ပျိုးမည်ဆိုပါက ရေခံ ၊မြေခံရှိလို့ ဈေးကောင်းရနိုင်ပြီး အခြေအနေကောင်းတဲ့ သီးနှံစိုက်ပျိုးရေးဈေးကွက်တစ်ခု ဖြစ်ကြောင်းသိရသည်။
ယခုနှစ် ပြည်တွင်းဈေးကွက်အတွင်း ဒူရင်းသီး 1kg ကို ကျပ် (၁၅၀၀၀) နှင့် ကျပ် (၂၀၀၀၀) ကြားအနိမ့်ဆုံးရောင်းရပြီး၊ အသားခွာထားတာဆို 1kg ကို ကျပ် (၉၀၀၀၀) မှ ကျပ် (၁ဝဝဝဝဝ) ကြား ရောင်းချကြကြောင်း ဒူရင်းသီးဈေးကွက်အတွင်းမှ သိရသည်။
zawgyi version
ျမန္မာ့ဒူးရင္းသီး ကို (၂၀၂၇) ခုႏွစ္တြင္ ျပည္ပသို႔အလုံးအရင္းျဖင့္ တင္ပို႔မည္
ျပည့္ၿဖိဳး (NP News) - ဇူလိုင္ (၁၇) ရက္
ျမန္မာ့ဒူးရင္းသီးကို လာမယ့္ (၂၀၂၇) ခုႏွစ္အတြင္း ျပည္ပေဈးကြက္ဆီအလုံးအရင္းျဖင့္ တင္ပို႔ေရာင္းခ်သြားႏိုင္ရန္ လ်ာထားေဆာင္႐ြက္ေနေၾကာင္းဒူရင္းစိုက္ပ်ိဳးတင္ပို႔ေရာင္းခ်သူမ်ားအသင္း က သိရသည္။
ျပည္ပေဈးကြက္ကို လက္ရွိ ဒူရင္းတင္ပို႔မႈရွိေနေသာ္လည္း အနည္းအက်ဥ္းသာျဖစ္ၿပီး လာမယ့္ ၂၀၂၇ ခုႏွစ္တြင္ အလုံးအရင္းျဖင့္ပို႔သြားႏိုင္ရန္ စီစဥ္ေနျခင္းျဖစ္သည္။
" ၂၀၂၇ မွာ ႏိုင္ငံျခားကို အလုံးအရင္းနဲ႔ေရာင္းခ်ၿပီး ႏိုင္ငံျခားတင္ပို႔ႏိုင္ဖို႔ေဆာင္႐ြက္သြားမွာပါ။ (၂၀၂၅-၂၀၂၆) တင္ပို႔မယ္ဆို အနည္းငယ္သာျဖစ္မွာပါ ။ (၂၀၂၇) မွာ တင္ပို႔ႏိုင္မယ့္ အေရအတြက္နဲ႔ စိုက္ပ်ိဳးႏိုင္မယ့္ အေရအတြက္မ်ားမွာပါ ။ မေလးရွားႏိုင္ငံမွာေရာင္းခ်ေနတဲ့မ်ိဳးေတြ ၊ တကယ့္မ်ိဳးေကာင္းမ်ိဳးသန႔္ေတြ ျမန္မာျပည္မွာ ေတာ္ေတာ္စိုက္ပ်ိဳးထားပါတယ္"ဟု ဒူးရင္းစိုက္ပ်ိဳးတင္ပို႔ေရာင္းခ်သူမ်ားအသင္း တာဝန္ရွိသူတစ္ဦးကေျပာသည္။
ထိုကဲ့သို႔တင္ပို႔သြားႏိုင္ရန္ လက္ရွိတြင္ ဒူရင္းစိုက္ပ်ိဳးမႈေတြကို တိုးခ်ဲ႕လုပ္ေဆာင္ေနသလို ၊ ဒူရင္းစိုက္ေတာင္သူေတြ ကို လည္း နည္းပညာ ေပးတာ ၊ အသီးခူးစြတ္နည္းလမ္း ၊ ပိုးမႊား ကာကြယ္တဲ့နည္းလမ္း မွ်ေဝေပးျခင္းမ်ား လုပ္ေဆာင္ေပးေနေၾကာင္းသိရသည္။
လက္ရွိ ရန္ကုန္တိုင္းအတြင္းမွာ ဒူရင္းစိုက္ပ်ိဳးမႈ ဧက (၄ဝဝဝ) ႏွင့္ (၆ဝဝဝ) ၾကားစိုက္ပ်ိဳးထားေၾကာင္းသိရသည္။ ဒူရင္းသီးကို စနစ္တက်စိုက္ပ်ိဳးမည္ဆိုပါက ေရခံ ၊ေျမခံရွိလို႔ ေဈးေကာင္းရႏိုင္ၿပီး အေျခအေနေကာင္းတဲ့ သီးႏွံစိုက္ပ်ိဳးေရးေဈးကြက္တစ္ခု ျဖစ္ေၾကာင္းသိရသည္။
ယခုႏွစ္ ျပည္တြင္းေဈးကြက္အတြင္း ဒူရင္းသီး 1kg ကို က်ပ္ (၁၅၀၀၀) ႏွင့္ က်ပ္ (၂၀၀၀၀) ၾကားအနိမ့္ဆုံးေရာင္းရၿပီး၊ အသားခြာထားတာဆို 1kg ကို က်ပ္ (၉၀၀၀၀) မွ က်ပ္ (၁ဝဝဝဝဝ) ၾကား ေရာင္းခ်ၾကေၾကာင္း ဒူရင္းသီးေဈးကြက္အတြင္းမွ သိရသည္။