အိန္ဒိယနဲ့တရုတ်နိုင်ငံကြားဆက်ဆံရေးတွေ တည်ငြိမ်တိုးတက်လာခဲ့တယ်လို့ အိန္ဒိယဝန်ကြီးချုပ်မှတ်ချက်ပြု

227

Pika(NP News) - သြဂုတ် ၂၁
အိန္ဒိယနဲ့တရုတ်နိုင်ငံကြားဆက်ဆံရေးတွေဟာ အချင်းချင်းရဲ့အကျိုးစီးပွားကို လေးစားတဲ့လမ်းညွှန်မှုတွေနဲ့အတူ တိုးတက်လာခဲ့တယ်လို့ အိန္ဒိယဝန်ကြီးချုပ်မိုဒီက ထုတ်ပြန်ပြောကြားခဲ့ပါတယ်။
မိုဒီဟာ တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယီနဲ့ နယူးဒေလီမြို့မှာ တွေ့ဆုံစဉ်အချိန်အတွင်း ယခုလိုထုတ်ဖော်ပြောဆိုခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။ ဒါ့ပြင် နှစ်နိုင်ငံကြားနယ်စပ်မှာ ငြိမ်းချမ်းရေးနဲ့တည်ငြိမ်ရေးကို ထိန်းသိမ်းထားဖို့ အရေးကြီးမှုတွေကို မိုဒီကအလေးပေးပြောကြားခဲ့တယ်လို့လည်း သိရပါတယ်။ ပြီးတော့ နယ်စပ်တစ်လျှောက် ငြိမ်းချမ်းရေးနဲ့တည်ငြိမ်ရေးကို ထိန်းသိမ်းတာဟာ တရုတ်နိုင်ငံနဲ့ဆက်ဆံရေးတွေ တိုးတက်လာဖို့အတွက် မရှိမဖြစ်လိုအပ်တယ်လို့လည်း မိုဒီကပြောကြားခဲ့ပါတယ်။
ဝမ်ယီဟာ အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ကို သွားရောက်လည်ပတ်စဉ်အချိန်အတွင်း အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး S. Jaishankar၊ အမျိုးသားလုံခြုံရေးအကြံပေး Ajit Doval တို့နဲ့ တွေ့ဆုံဆွေးနွေးမှုတွေလုပ်ဆောင်ခဲ့တယ်လို့လည်း သိရပါတယ်။ဒါ့ပြင် အိန္ဒိယနဲ့တရုတ်နိုင်ငံကြားဆက်ဆံရေးမှာ ခက်ခဲတဲ့ကာလတစ်ခုအဖြစ် ဖော်ပြပြောဆိုထားတဲ့အရာတွေကို ကျော်ဖြတ်ဖို့ကြိုးပမ်းမှုတွေကို နှစ်ဘက်စလုံးက အချက်ပြခဲ့တယ်လို့လည်း သိရပါတယ်။
zawgyiversion
အိႏၵိယနဲ႔တ႐ုတ္ႏိုင္ငံၾကားဆက္ဆံေရးေတြ တည္ၿငိမ္တိုးတက္လာခဲ့တယ္လို႔ အိႏၵိယဝန္ႀကီးခ်ဳပ္မွတ္ခ်က္ျပဳ
Pika(NP News) - ၾသဂုတ္ ၂၁
အိႏၵိယနဲ႔တ႐ုတ္ႏိုင္ငံၾကားဆက္ဆံေရးေတြဟာ အခ်င္းခ်င္းရဲ႕အက်ိဳးစီးပြားကို ေလးစားတဲ့လမ္းၫႊန္မႈေတြနဲ႔အတူ တိုးတက္လာခဲ့တယ္လို႔ အိႏၵိယဝန္ႀကီးခ်ဳပ္မိုဒီက ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။
မိုဒီဟာ တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီးဝမ္ယီနဲ႔ နယူးေဒလီၿမိဳ႕မွာ ေတြ႕ဆုံစဥ္အခ်ိန္အတြင္း ယခုလိုထုတ္ေဖာ္ေျပာဆိုခဲ့တာျဖစ္တယ္လို႔လည္း သိရပါတယ္။ ဒါ့ျပင္ ႏွစ္ႏိုင္ငံၾကားနယ္စပ္မွာ ၿငိမ္းခ်မ္းေရးနဲ႔တည္ၿငိမ္ေရးကို ထိန္းသိမ္းထားဖို႔ အေရးႀကီးမႈေတြကို မိုဒီကအေလးေပးေျပာၾကားခဲ့တယ္လို႔လည္း သိရပါတယ္။ ၿပီးေတာ့ နယ္စပ္တစ္ေလွ်ာက္ ၿငိမ္းခ်မ္းေရးနဲ႔တည္ၿငိမ္ေရးကို ထိန္းသိမ္းတာဟာ တ႐ုတ္ႏိုင္ငံနဲ႔ဆက္ဆံေရးေတြ တိုးတက္လာဖို႔အတြက္ မရွိမျဖစ္လိုအပ္တယ္လို႔လည္း မိုဒီကေျပာၾကားခဲ့ပါတယ္။
ဝမ္ယီဟာ အိႏၵိယႏိုင္ငံ နယူးေဒလီၿမိဳ႕ကို သြားေရာက္လည္ပတ္စဥ္အခ်ိန္အတြင္း အိႏၵိယႏိုင္ငံျခားေရးဝန္ႀကီး S. Jaishankar၊ အမ်ိဳးသားလုံၿခဳံေရးအႀကံေပး Ajit Doval တို႔နဲ႔ ေတြ႕ဆုံေဆြးေႏြးမႈေတြလုပ္ေဆာင္ခဲ့တယ္လို႔လည္း သိရပါတယ္။ဒါ့ျပင္ အိႏၵိယနဲ႔တ႐ုတ္ႏိုင္ငံၾကားဆက္ဆံေရးမွာ ခက္ခဲတဲ့ကာလတစ္ခုအျဖစ္ ေဖာ္ျပေျပာဆိုထားတဲ့အရာေတြကို ေက်ာ္ျဖတ္ဖို႔ႀကိဳးပမ္းမႈေတြကို ႏွစ္ဘက္စလုံးက အခ်က္ျပခဲ့တယ္လို႔လည္း သိရပါတယ္။