မြန်မာဘက်က တရုတ်နှင့်ထိုင်း နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းများကို ဇန်နဝါရီလတွင် ပြန်လည်ဖွင့်လှစ်ပေးဖွယ်ရှိ

891

NP News - နိုဝင်ဘာ ၁၇
မြန်မာနိုင်ငံဘက်က တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းများကို ၂ဝ၂၂ ခုနှစ် ဇန်နဝါရီလတွင် ပြန်လည်ဖွင့်လှစ်ဖွယ်ရှိကြောင်း ဘန်ကောက်ပို့စ်သတင်းဖော်ပြချက်အရသိရသည်။ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းများပြန်လည်ဖွင့်လှစ်ရေးအတွက်လည်း ကုန်သည်လုပ်ငန်းရှင်များ၊ ယာဉ်ပိုင်ရှင်များ၊ ယာဉ်မောင်းများနှင့် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းကိုမှီခိုလုပ်ကိုင်နေကြသူများက အမြန်ဆုံးပန်လည်ဖွင့်လှစ်နိုင်ရေးအတွက် မျှော်လင့်နေကြသည်။
တရုတ်နိုင်ငံဘက်က မြန်မာဘက်မှကုန်စည်လေးမျိုးကိုတင်သွင်းရန်ပြီးခဲ့သည့်လပိုင်းက ခွင့်ပြုထားသော်လည်း တစ်ဖက်သတ်ကုန် သွယ်မှုဖြစ်သည်ဟုယူဆခြင်းကြောင့် မြန်မာဘက်ကလက်ရှိအချိန်ထိအဆိုပါကုန်စည်များကိုတင်သွင်းရန် ခွင့်ပြု ထားခြင်းမရှိပေ။
“တရုတ်၊ အိန္ဒိယ နဲ့ ရုရှားနိုင်ငံက ပုဂ္ဂလိကရင်းနှီးမြှုပ်နှံသူတွေက နယ်စပ်လမ်းကြောင်းတွေ ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် စိတ်အားထက်သန်သူတွေထဲမှာ ပါဝင်နေတယ်”လို့ စီးပွားရေးနှင့်ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာနမှတာဝန်ရှိသူတစ်ဦးကပြောသည်။
မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်ရေးကို မူဆယ်၊ လွယ်ဂျယ်၊ ချင်းရွှေဟော်၊ ကံပိုက်တီး၊ နယ်စပ်ကုန်သွယ်ရေးစခန်းများမှတဆင့် ဆောင်ရွက်လျက်ရှိပြီး မြန်မာ-ထိုင်းနယ်စပ်ကုန်သွယ်ရေးကို တာချီလိတ်၊ မြဝတီ၊ ကော့သောင်း၊ မြိတ်၊ ထီးခီး၊ မောတောင်တို့မှတဆင့်လုပ်ဆောင်လျက်ရှိကြောင်းသိရသည်။ အဆိုပါ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းများသည် ကိုဗစ်-၁၉ ကပ်ရောဂါအခြေအနေကြောင့်ရပ်ဆိုင်းခဲ့ပြီး ကုန်သွယ်မှုပ မာဏများလည်းကျဆင်းခဲ့သည်။ အာရှဖွံ့ဖြိုးရေးဘဏ် (ADB) ၏ ခန့်မှန်းချက်အရ ယခုနှစ်အတွင်း မြန်မာ့စီးပွားရေးသည် (၁၈.၄) ရာခိုင်နှုန်း ကျဆင်းသွားဖွယ်ရှိပြီး စံချိန်တင် အနက်ရှိုင်းဆုံး ကျုံ့သွားခြင်း ဖြစ်လာလိမ့်မယ်လို့ ဆိုထားပါတယ်။
Zawgyi Version;
NP News - နိုဝင်ဘာ ၁၇