မင်္ဂလာဒုံ လုံခြုံရေးတပ်ဖွဲ့ဝင်များအား ပစ်ခတ်ခဲ့သည့် ကျူးလွန်သူများကို ဖမ်းမိ

2822

NP News - နိုဝင်ဘာ ၁၉
မင်္ဂလာဒုံမြို့နယ်၊ အမှတ် (၃)လမ်းမကြီးဘေးရှိ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး ဝင်/ထွက်ပေါက်၌ လုံခြုံရေး တာဝန်ထမ်းဆောင်နေသော အဖွဲ့ဝင်များသည် နိုဝင်ဘာလ(၇) ရက် နေ့လည်ပိုင်းက အရပ်သားလက်နက်ကိုင် တစ်စု၏ ပစ်ခတ်တိုက်ခိုက်ခြင်းကို ခံခဲ့ရပြီး ပစ်ခတ်မှုကျူးလွန်ခဲ့သည့် တရားခံများအား ဖမ်းဆီးရမိခဲ့ပြီဖြစ် ကြောင်း နစကဘက်က နိုဝင်ဘာလ(၁၉) ရက် ညပိုင်းတွင် ထုတ်ပြန်သည်။
အဆိုပါပစ်ခတ်မှုဖြစ်စဉ်တွင် အရပ်သားလက်နက်ကိုင် အမျိုးသား(၃) ဦးသည် Probox ယာဉ်ပေါ်မှ လက်နက်င ယ်ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ဝန်ထမ်း (၁) ဦး၊ အပြစ်မဲ့ပြည်သူ (၁) ဦးနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်အချို့ ဒဏ်ရာများ အသီးသီးရရှိခဲ့ကြောင်း သိရသည်။ ၎င်းတို့အဖွဲ့ပစ်ခတ်တိုက်ခိုက်ခဲ့သည့် သတင်းရုပ်သံဖိုင်များ လူမှုကွန်ရက်ပေါ် သို့ ပြန့်နှံ့လာချိန်တွင် အများစုသည် သေနတ်ပစ်ခတ်ခဲ့သူအား ရွှေလက်ပိုင်ရှင်ဟု တင်စား ရေး သားခဲ့သည်ကို တွေ့ရကာ လူအနည်းစုကသာ အပြစ်မဲ့ပြည်သူများထိခိုက်မည်ကို စိုးရိမ်ကြောင်း ဦးစားပေးပြော ဆိုခဲ့ကြသည်။
နစကထုတ်ပြန်ချက်တွင် ပြည်သူတစ်ဦး၏သတင်းပေးချက်အရ အဆိုပါပစ်ခတ်တိုက်ခိုက်မှုဖြစ်စဉ်တွင် အသုံးပြုခဲ့သော Probox ယာဉ်အား ငှားရမ်းပေးခဲ့သည့် ဟန်လင်းသိန်း(ခ) ရဲလင်းသိန်း(၄ဝ)နှစ်အား မင်္ဂလာဒုံ မြို့ နယ်၊ ကုန်းတလဘောင်ကျေးရွာ၊ မိုးမခလမ်း၊ ဆောင်းသဇင် အဆောင်၌လည်းကောင်း၊ ၎င်းယာဉ်အား ငှားရမ်း ထားသည့် တင်ဇော်မြင့်(၂၉)နှစ်အား ကမာရွတ်မြို့နယ်၊ (၃)ရပ်ကွက်၊ ပုလဲဂေဟာလမ်း၌ လည်းကောင်း ဖမ်းဆီး ရမိခဲ့ပြီး တရားခံတင်ဇော်မြင့်၏ထွက်ဆိုချက်အရ သန်းနိုင်(ခ)ဘဲဥ (၂၉)နှစ်၊ ပြည့်စုံအောင် (ခ) အသေး လေး (၂၁) နှစ်နှင့် လွင်မိုး (၂၃)နှစ်တို့ သုံးဦးအား ကမာရွတ်မြို့နယ်၊ (၃)ရပ်ကွက်၊ ဗဟိုလမ်းတွင် ထပ်မံဖမ်းဆီးရမိ ကြောင်း သိရသည်။
တရားခံ ဝေယံထက်နိုင်သည် မမေ(ခ) မိုးသူခိုင်(ခ)မေသက်ခိုင် ဖွဲ့စည်းထားရှိသော MURM မှ ဖြစ်ပြီး တရားခံ လွင်မိုးမှာ ပဲခူး PDF အဖွဲ့မှဖြစ်ကာ ၎င်းသည် မိုးသီဟနှင့်အတူ KNLA တပ်မဟာ (၁) နယ်မြေအတွင်း ဖောက်ခွဲ ရေးသင်တန်းအား တက်ရောက်ခဲ့ကြောင်းနှင့် တရားခံ မျိုးနိုင်သည် မမေ(ခ)မိုးသူခိုင် (ခ)မေသက်ခိုင် အား အောက်တိုဘာလ အတွင်း မြောက်ဒဂုံမြို့နယ်၌ Safe House အဖြစ် လုံးချင်းတိုက်ခန်းအား ငှားရမ်းအသုံးပြုရန် ငွေကြေးများထောက်ပံ့ခဲ့ကြောင်း ယင်းတို့အဖွဲ့သည် အောက်တိုဘာလ (၂၈) ရက် မင်္ဂလာဒုံမြို့နယ် သင်္ဃန်း ကျွန်းကြီးကျေးရွာနေ အပြစ်မဲ့ပြည်သူ ဦးဖိုချိုအား MURM အဖွဲ့မှ ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖမ်းဆီးရမိထားသည့် တရားခံများ၏ထွက်ဆိုချက်များအား အသေးစိတ်ဖော်ပြထားသည်။
ပြည်တွင်း အကြမ်းဖက်မှုများအတွက် ဂျပန်နိုင်ငံတွင် မြန်မာထမင်းဆိုင် ဖွင့်လှစ်ရောင်းချနေသော (ဖမ်းဆီး ရန်ကျန်) တရားခံ သန်းထိုက်စိုး(ခ)စိုးကြီးသည် NUG ၊ CRPH တို့နှင့်ဆက်သွယ်၍ မြန်မာနိုင်ငံအတွင်းရှိ ယင်းတို့အဖွဲ့များအား ထောက်ပံ့ပေးလျက်ရှိကြောင်း၊ သန်းထိုက်စိုး(ခ)စိုးကြီးအနေဖြင့် NUG မှ လွင်ကိုလတ် ပြုလုပ်သော Zoom Meeting များတွင် တက်ရောက်၍ ငွေကြေးထောက်ပံ့မှုအခြေအနေများအား ပြောကြားရ ကြောင်းနှင့် ၎င်းသည် FFF အဖွဲ့အပြင် အခြားအဖွဲ့များအတွက်လည်း ထောက်ပံ့ပေးလျက်ရှိကြောင်း စစ်ဆေး ပေါ်ပေါက်ချက်အရ သိရသည်။
ထို့ကြောင့် ယခုဖမ်းဆီးရမိသော တရားခံများအား တရားဥပဒေအတိုင်းထိရောက်စွာအရေးယူသွားမည်ဖြစ်ပြီး ဆက်စပ်တရားခံများအား ဆက်လက်ဖော်ထုတ် ဖမ်းဆီးသွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။
Zawgyi Version;
မဂၤလာဒုံၿမိဳ႕နယ္ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားအား ပစ္ခတ္ခဲ့သည့္ က်ဴးလြန္သူမ်ားကို ဖမ္းမိ
NP News - ႏိုဝင္ဘာ ၁၉
မဂၤလာဒုံၿမိဳ႕နယ္၊ အမွတ္ (၃)လမ္းမႀကီးေဘးရွိ ၿမိဳ႕နယ္စီမံအုပ္ခ်ဳပ္ေရးအဖြဲ႕႐ုံး ဝင္/ထြက္ေပါက္၌ လုံၿခဳံေရး တာဝန္ထမ္းေဆာင္ေနေသာ အဖြဲ႕ဝင္မ်ားသည္ ႏိုဝင္ဘာလ(၇) ရက္ ေန႔လည္ပိုင္းက အရပ္သားလက္နက္ကိုင္ တစ္စု၏ ပစ္ခတ္တိုက္ခိုက္ျခင္းကို ခံခဲ့ရၿပီး ပစ္ခတ္မႈက်ဴးလြန္ခဲ့သည့္ တရားခံမ်ားအား ဖမ္းဆီးရမိခဲ့ၿပီျဖစ္ ေၾကာင္း နစကဘက္က ႏိုဝင္ဘာလ(၁၉) ရက္ ညပိုင္းတြင္ ထုတ္ျပန္သည္။
အဆိုပါပစ္ခတ္မႈျဖစ္စဥ္တြင္ အရပ္သားလက္နက္ကိုင္ အမ်ိဳးသား(၃) ဦးသည္ Probox ယာဥ္ေပၚမွ လက္နက္င ယ္ျဖင့္ ပစ္ခတ္ခဲ့ျခင္းျဖစ္ၿပီး ဝန္ထမ္း (၁) ဦး၊ အျပစ္မဲ့ျပည္သူ (၁) ဦးႏွင့္ လုံၿခဳံေရးတပ္ဖြဲ႕ဝင္အခ်ိဳ႕ ဒဏ္ရာမ်ား အသီးသီးရရွိခဲ့ေၾကာင္း သိရသည္။ ၎တို႔အဖြဲ႕ပစ္ခတ္တိုက္ခိုက္ခဲ့သည့္ သတင္း႐ုပ္သံဖိုင္မ်ား လူမႈကြန္ရက္ေပၚ သို႔ ျပန႔္ႏွံ႔လာခ်ိန္တြင္ အမ်ားစုသည္ ေသနတ္ပစ္ခတ္ခဲ့သူအား ေ႐ႊလက္ပိုင္ရွင္ဟု တင္စား ေရး သားခဲ့သည္ကို ေတြ႕ရကာ လူအနည္းစုကသာ အျပစ္မဲ့ျပည္သူမ်ားထိခိုက္မည္ကို စိုးရိမ္ေၾကာင္း ဦးစားေပးေျပာ ဆိုခဲ့ၾကသည္။
နစကထုတ္ျပန္ခ်က္တြင္ ျပည္သူတစ္ဦး၏သတင္းေပးခ်က္အရ အဆိုပါပစ္ခတ္တိုက္ခိုက္မႈျဖစ္စဥ္တြင္ အသုံးျပဳခဲ့ေသာ Probox ယာဥ္အား ငွားရမ္းေပးခဲ့သည့္ ဟန္လင္းသိန္း(ခ) ရဲလင္းသိန္း(၄ဝ)ႏွစ္အား မဂၤလာဒုံ ၿမိဳ႕ နယ္၊ ကုန္းတလေဘာင္ေက်း႐ြာ၊ မိုးမခလမ္း၊ ေဆာင္းသဇင္ အေဆာင္၌လည္းေကာင္း၊ ၎ယာဥ္အား ငွားရမ္း ထားသည့္ တင္ေဇာ္ျမင့္(၂၉)ႏွစ္အား ကမာ႐ြတ္ၿမိဳ႕နယ္၊ (၃)ရပ္ကြက္၊ ပုလဲေဂဟာလမ္း၌ လည္းေကာင္း ဖမ္းဆီး ရမိခဲ့ၿပီး တရားခံတင္ေဇာ္ျမင့္၏ထြက္ဆိုခ်က္အရ သန္းႏိုင္(ခ)ဘဲဥ (၂၉)ႏွစ္၊ ျပည့္စုံေအာင္ (ခ) အေသး ေလး (၂၁) ႏွစ္ႏွင့္ လြင္မိုး (၂၃)ႏွစ္တို႔ သုံးဦးအား ကမာ႐ြတ္ၿမိဳ႕နယ္၊ (၃)ရပ္ကြက္၊ ဗဟိုလမ္းတြင္ ထပ္မံဖမ္းဆီးရမိ ေၾကာင္း သိရသည္။
တရားခံ ေဝယံထက္ႏိုင္သည္ မေမ(ခ) မိုးသူခိုင္(ခ)ေမသက္ခိုင္ ဖြဲ႕စည္းထားရွိေသာ MURM မွ ျဖစ္ၿပီး တရားခံ လြင္မိုးမွာ ပဲခူး PDF အဖြဲ႕မွျဖစ္ကာ ၎သည္ မိုးသီဟႏွင့္အတူ KNLA တပ္မဟာ (၁) နယ္ေျမအတြင္း ေဖာက္ခြဲ ေရးသင္တန္းအား တက္ေရာက္ခဲ့ေၾကာင္းႏွင့္ တရားခံ မ်ိဳးႏိုင္သည္ မေမ(ခ)မိုးသူခိုင္ (ခ)ေမသက္ခိုင္ အား ေအာက္တိုဘာလ အတြင္း ေျမာက္ဒဂုံၿမိဳ႕နယ္၌ Safe House အျဖစ္ လုံးခ်င္းတိုက္ခန္းအား ငွားရမ္းအသုံးျပဳရန္ ေငြေၾကးမ်ားေထာက္ပံ့ခဲ့ေၾကာင္း ယင္းတို႔အဖြဲ႕သည္ ေအာက္တိုဘာလ (၂၈) ရက္ မဂၤလာဒုံၿမိဳ႕နယ္ သဃၤန္း ကြၽန္းႀကီးေက်း႐ြာေန အျပစ္မဲ့ျပည္သူ ဦးဖိုခ်ိဳအား MURM အဖြဲ႕မွ ပစ္ခတ္သတ္ျဖတ္ခဲ့ေၾကာင္း ထုတ္ျပန္ခ် က္တြင္ ဖမ္းဆီးရမိထားသည့္ တရားခံမ်ား၏ထြက္ဆိုခ်က္မ်ားအား အေသးစိတ္ေဖာ္ျပထားသည္။
ျပည္တြင္း အၾကမ္းဖက္မႈမ်ားအတြက္ ဂ်ပန္ႏိုင္ငံတြင္ ျမန္မာထမင္းဆိုင္ ဖြင့္လွစ္ေရာင္းခ်ေနေသာ (ဖမ္းဆီး ရန္က်န္) တရားခံ သန္းထိုက္စိုး(ခ)စိုးႀကီးသည္ NUG ၊ CRPH တို႔ႏွင့္ဆက္သြယ္၍ ျမန္မာႏိုင္ငံအတြင္းရွိ ယင္းတို႔အဖြဲ႕မ်ားအား ေထာက္ပံ့ေပးလ်က္ရွိေၾကာင္း၊ သန္းထိုက္စိုး(ခ)စိုးႀကီးအေနျဖင့္ NUG မွ လြင္ကိုလတ္ ျပဳလုပ္ေသာ Zoom Meeting မ်ားတြင္ တက္ေရာက္၍ ေငြေၾကးေထာက္ပံ့မႈအေျခအေနမ်ားအား ေျပာၾကားရ ေၾကာင္းႏွင့္ ၎သည္ FFF အဖြဲ႕အျပင္ အျခားအဖြဲ႕မ်ားအတြက္လည္း ေထာက္ပံ့ေပးလ်က္ရွိေၾကာင္း စစ္ေဆး ေပၚေပါက္ခ်က္အရ သိရသည္။
ထို႔ေၾကာင့္ ယခုဖမ္းဆီးရမိေသာ တရားခံမ်ားအား တရားဥပေဒအတိုင္းထိေရာက္စြာအေရးယူသြားမည္ျဖစ္ၿပီး ဆက္စပ္တရားခံမ်ားအား ဆက္လက္ေဖာ္ထုတ္ ဖမ္းဆီးသြားမည္ျဖစ္ေၾကာင္း ေဖာ္ျပထားသည္။