အနုပညာနှင့် သမိုင်းပေါကြွယ်ဝရာ မက်ဒရစ်မြို့တော်

 139

Pika (NP News) - သြဂုတ် ၁၅

မက်ဒရစ်မြို့သည် စပိန်နိုင်ငံ၏မြို့တော် နှင့်လူဦးရေအများဆုံး လူဦးရေအထူထပ်ဆုံးမြူနီစီပယ် တစ်ခုဖြစ်ပြီး ကမ္ဘာပေါ်တွင် အကောင်းဆုံး အနုပညာ၊ အစားအစာ၊ သမိုင်းကြောင်းနှင့် ဗိသုကာ လက်ရာ များကြောင့် နာမည်ကျော်ကြားသည့်မြို့ တစ်မြို့ဖြစ်သည်။ မက်ဒရစ်မြို့တွင် နေထိုင်သူ လူဦးရေမှာ (၃ ဒသမ ၅)သန်းနီးပါးရှိပြီး မက်ဒရစ် မြို့ပြဧရိယာတွင်နေထိုင်သူလူဦးရေမှာ (၇)သန်း ခန့်ရှိကြောင်းသိရ သည်။ မက်ဒရစ်မြို့သည် ဥရောပ သမဂ္ဂတွင် ဒုတိယမြောက်အကြီးဆုံးမြို့တစ်မြို့ဖြစ်ပြီး မက်ဒရစ် မြို့ပြ ဧရိယာသည် ဥရောပသမဂ္ဂတွင် ဒုတိယမြောက်အကြီးဆုံးမြို့ပြဧရိယာတစ်ခု ဖြစ်ကြောင်းသိရသည်။ ထို့ ပြင် မက်ဒရစ်မြို့သည် ပင်လယ်ရေမျက်နှာပြင်အထက် (၆၅၀)မီတာအမြင့်ခန့်တွင်ရှိ‌သော Iberian ကျွန်း ဆွယ်အလယ်ပိုင်းရှိ Manzanares မြစ်ပေါ်တွင်တည်ရှိပြီး စပိန်နိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေးနှင့် ယဉ် ကျေးမှုဆိုင်ရာအချက် အချက်နေရာတစ်ခုဖြစ်ကြောင်းလည်းသိရသည်။မက်ဒရစ်မြို့သည် (၁၅၆၁) ခုနှစ် တွင် အုပ်ချုပ်ရေးအချက်အချာနေရာတစ်ခုအဖြစ် ဖွံ့ဖြိုးတိုးတက် လာခဲ့ပြီး ဟစ်စပန်နစ်ဘုရင်စနစ်၏ အမြဲတမ်းထိုင် ခုံနေရာဖြစ်လာခဲ့ကြောင်းသိရသည်။ ထို့ပြင် မက် ဒရစ်မြို့ပြဧရိယာသည် ဥရောပ သမဂ္ဂ တွင် ဒုတိယ မြောက်အကြီးဆုံးဂျီဒီပီရှိပြီး Globalization and World Cities Research ကွန်ရက်က မက်ဒရစ် မြို့ကို အယ်လ်ဖာအဆင့်ရှိမြို့တစ်မြို့အဖြစ် အဆင့် သတ်မှတ်ခဲ့ကြောင်းသိရသည်။ မက်ဒရစ် မြို့ပြ ဧရိယာသည် elefónica၊ Iberia၊ BBVA နှင့် FCC တို့ကဲ့သို့‌ သော အဓိကစပိန်ကုမ္ပဏီကြီးများကို လက်ခံထားပြီး နိုင်ငံတွင်းတွင် ဘဏ်လုပ်ငန်းလည် ပတ်မှုအများစုရှိသည့် နေရာတစ်ခုလည်းဖြစ်သည်။ ထို့ပြင် မက်ဒရစ်မြို့တွင် ကုလသမဂ္ဂခရီးသွားလုပ် ငန်း၊ Ibero-American အထွေထွေအတွင်းရေးမှူး ချုပ်ရုံး (SEGIB) ၊ Ibero – American ပြည်ထောင် စုများအဖွဲ့ (OEI) နှင့် ပြည်သူ့အကျိုးစီးပွား ကြီးကြပ် ရေးဘုတ်အဖွဲ့ (PIOB) တို့၏ ရုံးချုပ်များ တည်ရှိကြောင်းသိရသည်။ တော်ဝင်စပိန် အကယ်ဒမီ၏ စံချိန် စံညွှန်းသတ်မှတ်ရေးအခန်းကဏ္ဍနှင့် အညီ မက်ဒရစ်မြို့သည် စပိန်ဘာသာဗေဒဆေး òန်းပညာအတွက် အချက်အချာနေရာတစ်ခုလည်း ဖြစ်သည်။ မက်ဒရစ်မြို့သည် FITUR ၊ ARCO ၊ SIMO TCI နှင့် Madrid Fashion Week ကဲ့သို့သော ပွဲတော်များကိုလည်း စီစဉ်ကျင်းပပြီး ၎င်းသည်ရီးရဲလ်မက်ဒရစ်နှင့် အက်သ လက်တီကို မက်ဒရစ်ဘောလုံးအသင်းတို့၏ နေအိမ်လည်းဖြစ်သည်။ မက်ဒရစ်မြို့၏ အထင်ကရ နေရာ များတွင် Plaza Mayor ရင်ပြင်၊ မက်ဒရစ်တော်ဝင်နန်းတော်၊ တော်ဝင်ပြဇာတ်ရုံ၊ Buen Retiro ပန်းခြံ၊ (၁၉)ရာစု အမျိုးသားစာကြည့်တိုက်အဆောက်အအုံနှင့် အမျိုးသားပြတိုက်အများအပြားပါဝင်ကြောင်း သိရသည်။

စီးပွားရေး
မက်ဒရစ်မြို့သည်(၁၆)ရာစုတွင် စပိန် နိုင်ငံ၏မြို့တော်ဖြစ်လာခဲ့ပြီးနောက် ထုတ်လုပ်မှု သို့မဟုတ် ကုန်သွယ်မှုများထက် စားသုံးမှုဆိုင်ရာအချက်အချာနေရာတစ်ခုဖြစ်ခဲ့ကြောင်း သိရသည်။ တောင်ဝင်မိသားစု၊ နိုင်ငံတော်အစိုးရ၊ ဘဏ်လုပ်ငန်း နှင့် ထုတ်ဝေခြင်းတို့ကဲ့သို့သော ကုန်သွယ်မှုများ အပါအဝင် မက်ဒရစ်မြို့၏လျင်မြန်စွာကြီးထွားလာနေ သောလူဦးရေကို ထောက်ပံ့ပေးမှုများလုပ်ဆောင် နိုင်ရန်အတွက် စီးပွားရေးလုပ်ငန်းကို အဓိကထား ဆောင်ရွက်ခဲ့ကြောင်းသိရသည်။ ကြီးမားသော စက်မှု ကဏ္ဍသည် (၂၀)ရာစုမတိုင်မီအချိန်အထိ မဖွံ့ဖြိုး သေးသော်လည်း နောက်ပိုင်းတွင် စက်မှုလုပ်ငန်းသည် အလွန်ကျယ်ပြန့်ပြီးကွဲပြားလာမှုနှင့်အတူ မက်ဒ ရစ်မြို့သည် စပိန်နိုင်ငံ၏ ဒုတိယမြောက်စက်မှုမြို့ တော်ဖြစ်ခဲ့ကြောင်းသိရသည်။ သို့သော်လည်း လက်ရှိအချိန်တွင် မက်ဒရစ်မြို့၏စီးပွားရေးကို ဝန်ဆောင် မှုကဏ္ဍက ပိုမိုလွှမ်းမိုးလာခဲ့ကြောင်းလည်း သိရသည်။ ထို့ပြင် မက်ဒရစ်မြို့သည် လန်ဒန်၊ ပဲရစ်၊ ဖရန့်ခ် ဖာ့တ်နှင့် အမ်စတာဒမ်မြို့တို့ပြီးလျှင် ဥရောပ တွင် (၅)ခုမြောက်အရေးအကြီးဆုံးကုန်သွယ်ရေး အချက် အချာနေရာတစ်ခုဖြစ်ပြီး ကမ္ဘာပေါ်တွင် အဆင့်(၁၁)နေရာမှာရှိသည့် ကုန်သွယ်ရေးအချက် အချာနေရာ တစ်ခုဖြစ်ကြောင်းလည်းသိရသည်။

စီးပွားရေးသမိုင်းကြောင်း
(၁၅၆၁)ခုနှစ်မှစတင်ပြီး စပိန်အင်ပါယာ၏မြို့တော်ဖြစ်လာခဲ့သော မက်ဒရစ်မြို့၏ လူဦးရေသည် လျင်မြန်စွာကြီးထွားလာခဲ့ပြီး အုပ်ချုပ်ရေး၊ ဘဏ် လုပ်ငန်းနှင့် အသေးစားကုန်ထုတ်လုပ်ငန်းတို့သည် အဓိက လုပ်ဆောင်ချက်များထဲတွင် ပါဝင်သော်လည်း ၎င်းသည်မီးရထားလမ်းများမပေါ်မီအချိန်က ပထဝီဝင်အနေအထားအရ ထုတ်လုပ်မှု သို့မဟုတ် ကုန်သွယ်မှုထက် စားသုံးမှုပိုမိုများပြားသော နေရာ တစ်ခုလည်းဖြစ်သည်။ စပိန်ဘဏ်သည် ရှေးအကျဆုံးဥရော ပဗဟိုဘဏ်များထဲမှတစ်ခုဖြစ်ပြီး မူလက San Carlos ဘဏ်အဖြစ် (၁၇၈၂)ခုနှစ်တွင် စတင်တည် ထောင်ခဲ့သော်လည်း နောက်ပိုင်းတွင် San Fernando ဘဏ်အဖြစ် (၁၈၂၉)ခုနှစ်တွင် အမည်ပြောင်းခဲ့ပြီး (၁၈၅၆)ခုနှစ်တွင် စပိန်ဘဏ်ဖြစ်လာခဲ့ ကြောင်းသိရသည်။ ထို့ပြင် မက်ဒရစ်စတော့ အိတ် ချိန်းကို (၁၈၃၁)ခုနှစ် အောက်တိုဘာလ(၂၀)ရက်တွင် စတင်ဖွင့်လှစ်ခဲ့ကြောင်းလည်းသိရသည်။ စက်မှုလုပ် ငန်းသည်(၂၀)ရာစုတွင် ကြီးမားစွာစတင်ဖွံ့ဖြိုး တိုး တက်လာခဲ့သော်လည်း အထူးသဖြင့် (၁၉၆၀) ပြည့် နှစ်များဝန်းကျင် “ Spanish miracle ”ကာလများ အတွင်း လျင်မြန်စွာတိုးတက်လာခဲ့ကြောင်းသိရသည်။ မက်ဒရစ်မြို့၏စီးပွားရေးသည် မော်တော် ယာဉ် များ၊ လေယာဉ်များ၊ ဓာတုဗေဒပစ္စည်းများ၊ အီ လက်ထရွန်နစ်ပစ္စည်းများ၊ ဆေးဝါးများ၊ ပြုပြင်ထားသော အစားအစာ၊ ပုံနှိပ်ပစ္စည်းများနှင့် သားရေပစ္စည်း များကဲ့သို့သော ကုန်ထုတ်လုပ်ငန်းများအပေါ် အခြေပြုခဲ့ကြောင်းသိရသည်။ (၁၉၇၀)ပြည့်နှစ်များ နှောင်းပိုင်းတွင် ဒီမိုကရေစီ ပြန်လည်ထူထောင်ချိန်မှ စတင်ပြီး မက်ဒရစ်မြို့သည် ဆက်လက်ကျယ် ပြန့်လာခဲ့ပြီး လက်ရှိအချိန်တွင် ၎င်း၏စီးပွားရေး သည် ဥရောပသမဂ္ဂတွင် အတက်ြွကဆုံးနှင့် ကွဲပြား မှုအရှိဆုံးဖြစ်ကြောင်းလည်း သိရသည်။

ယနေ့ခေတ်စီးပွားရေး
မက်ဒရစ်မြို့သည် စွမ်းအား၊ အသိပညာ နှင့် နည်းပညာဆိုင်ရာဆန်းသစ်တီထွင်မှုတို့နှင့် တိုက် ရိုက်ချိတ်ဆက်လုပ်ဆောင်မှုများကို အာရုံ စိုက်ထားကြောင်းသိရသည်။ မက်ဒရစ်မြို့သည် ဥရောပ၏ အကြီးဆုံးဘဏ္ဍာရေးစင်တာများထဲမှ တစ်ခုဖြစ်ပြီး စပိန်နိုင်ငံတွင်းတွင် အကြီးဆုံးဖြစ်ကြောင်း သိရ သည်။ မက်ဒရစ်မြို့တွင် တက္ကသိုလ် ပေါင်း(၁၇)ခုနှင့် သုတေသနစင်တာပေါင်း(၃၀)ကျော်ရှိပြီး လူဦးရေ အရ ဥရောပသမဂ္ဂတွင် ဒုတိယမြောက်အကြီးဆုံးမြို့တစ်မြို့ဖြစ်ကာ စုစုပေါင်းပြည်တွင်း ထုတ်ကုန်အား ဖြင့် တတိယမြောက်အကြီး ဆုံးဖြစ်ကြောင်းသိရသည်။ ထို့ပြင် မက်ဒရစ်မြို့သည် ဘာစီလိုနာမြို့ပြီးလျှင် နည်းပညာမြင့်ထုတ်လုပ်မှုကို အထူးပြုသည့် စပိန်နိုင်ငံ၏ဒုတိယမြောက်စက်မှု အချက်အချာနေရာဆို သည့် ရပ်တည်ချက်ကို ဆက်လက်ထိန်းသိမ်းထားဆဲလည်းဖြစ်သည်။

Zawgyi Version:
အႏုပညာႏွင့္ သမိုင္းေပါႂကြယ္ဝရာ မက္ဒရစ္ၿမိဳ႕ေတာ္
Pika (NP News) - ၾသဂုတ္ ၁၅
မက္ဒရစ္ၿမိဳ႕သည္ စပိန္ႏိုင္ငံ၏ၿမိဳ႕ေတာ္ ႏွင့္လူဦးေရအမ်ားဆုံး လူဦးေရအထူထပ္ဆုံးျမဴနီစီပယ္ တစ္ခုျဖစ္ၿပီး ကမာၻေပၚတြင္ အေကာင္းဆုံး အႏုပညာ၊ အစားအစာ၊ သမိုင္းေၾကာင္းႏွင့္ ဗိသုကာ လက္ရာ မ်ားေၾကာင့္ နာမည္ေက်ာ္ၾကားသည့္ၿမိဳ႕ တစ္ၿမိဳ႕ျဖစ္သည္။ မက္ဒရစ္ၿမိဳ႕တြင္ ေနထိုင္သူ လူဦးေရမွာ (၃ ဒသမ ၅)သန္းနီးပါးရွိၿပီး မက္ဒရစ္ ၿမိဳ႕ျပဧရိယာတြင္ေနထိုင္သူလူဦးေရမွာ (၇)သန္း ခန႔္ရွိေၾကာင္းသိရ သည္။ မက္ဒရစ္ၿမိဳ႕သည္ ဥေရာပ သမဂၢတြင္ ဒုတိယေျမာက္အႀကီးဆုံးၿမိဳ႕တစ္ၿမိဳ႕ျဖစ္ၿပီး မက္ဒရစ္ ၿမိဳ႕ျပ ဧရိယာသည္ ဥေရာပသမဂၢတြင္ ဒုတိယေျမာက္အႀကီးဆုံးၿမိဳ႕ျပဧရိယာတစ္ခု ျဖစ္ေၾကာင္းသိရသည္။ ထို႔ ျပင္ မက္ဒရစ္ၿမိဳ႕သည္ ပင္လယ္ေရမ်က္ႏွာျပင္အထက္ (၆၅၀)မီတာအျမင့္ခန႔္တြင္ရွိ‌ေသာ Iberian ကြၽန္း ဆြယ္အလယ္ပိုင္းရွိ Manzanares ျမစ္ေပၚတြင္တည္ရွိၿပီး စပိန္ႏိုင္ငံ၏ ႏိုင္ငံေရး၊ စီးပြားေရးႏွင့္ ယဥ္ ေက်းမႈဆိုင္ရာအခ်က္ အခ်က္ေနရာတစ္ခုျဖစ္ေၾကာင္းလည္းသိရသည္။မက္ဒရစ္ၿမိဳ႕သည္ (၁၅၆၁) ခုႏွစ္ တြင္ အုပ္ခ်ဳပ္ေရးအခ်က္အခ်ာေနရာတစ္ခုအျဖစ္ ဖြံ႕ၿဖိဳးတိုးတက္ လာခဲ့ၿပီး ဟစ္စပန္နစ္ဘုရင္စနစ္၏ အၿမဲတမ္းထိုင္ ခုံေနရာျဖစ္လာခဲ့ေၾကာင္းသိရသည္။ ထို႔ျပင္ မက္ ဒရစ္ၿမိဳ႕ျပဧရိယာသည္ ဥေရာပ သမဂၢ တြင္ ဒုတိယ ေျမာက္အႀကီးဆုံးဂ်ီဒီပီရွိၿပီး Globalization and World Cities Research ကြန္ရက္က မက္ဒရစ္ ၿမိဳ႕ကို အယ္လ္ဖာအဆင့္ရွိၿမိဳ႕တစ္ၿမိဳ႕အျဖစ္ အဆင့္ သတ္မွတ္ခဲ့ေၾကာင္းသိရသည္။ မက္ဒရစ္ ၿမိဳ႕ျပ ဧရိယာသည္ elefónica၊ Iberia၊ BBVA ႏွင့္ FCC တို႔ကဲ့သို႔‌ ေသာ အဓိကစပိန္ကုမၸဏီႀကီးမ်ားကို လက္ခံထားၿပီး ႏိုင္ငံတြင္းတြင္ ဘဏ္လုပ္ငန္းလည္ ပတ္မႈအမ်ားစုရွိသည့္ ေနရာတစ္ခုလည္းျဖစ္သည္။ ထို႔ျပင္ မက္ဒရစ္ၿမိဳ႕တြင္ ကုလသမဂၢခရီးသြားလုပ္ ငန္း၊ Ibero-American အေထြေထြအတြင္းေရးမႉး ခ်ဳပ္႐ုံး (SEGIB) ၊ Ibero – American ျပည္ေထာင္ စုမ်ားအဖြဲ႕ (OEI) ႏွင့္ ျပည္သူ႔အက်ိဳးစီးပြား ႀကီးၾကပ္ ေရးဘုတ္အဖြဲ႕ (PIOB) တို႔၏ ႐ုံးခ်ဳပ္မ်ား တည္ရွိေၾကာင္းသိရသည္။ ေတာ္ဝင္စပိန္ အကယ္ဒမီ၏ စံခ်ိန္ စံၫႊန္းသတ္မွတ္ေရးအခန္းက႑ႏွင့္ အညီ မက္ဒရစ္ၿမိဳ႕သည္ စပိန္ဘာသာေဗဒေဆး òန္းပညာအတြက္ အခ်က္အခ်ာေနရာတစ္ခုလည္း ျဖစ္သည္။ မက္ဒရစ္ၿမိဳ႕သည္ FITUR ၊ ARCO ၊ SIMO TCI ႏွင့္ Madrid Fashion Week ကဲ့သို႔ေသာ ပြဲေတာ္မ်ားကိုလည္း စီစဥ္က်င္းပၿပီး ၎သည္ရီးရဲလ္မက္ဒရစ္ႏွင့္ အက္သ လက္တီကို မက္ဒရစ္ေဘာလုံးအသင္းတို႔၏ ေနအိမ္လည္းျဖစ္သည္။ မက္ဒရစ္ၿမိဳ႕၏ အထင္ကရ ေနရာ မ်ားတြင္ Plaza Mayor ရင္ျပင္၊ မက္ဒရစ္ေတာ္ဝင္နန္းေတာ္၊ ေတာ္ဝင္ျပဇာတ္႐ုံ၊ Buen Retiro ပန္းၿခံ၊ (၁၉)ရာစု အမ်ိဳးသားစာၾကည့္တိုက္အေဆာက္အအုံႏွင့္ အမ်ိဳးသားျပတိုက္အမ်ားအျပားပါဝင္ေၾကာင္း သိရသည္။

စီးပြားေရး
မက္ဒရစ္ၿမိဳ႕သည္(၁၆)ရာစုတြင္ စပိန္ ႏိုင္ငံ၏ၿမိဳ႕ေတာ္ျဖစ္လာခဲ့ၿပီးေနာက္ ထုတ္လုပ္မႈ သို႔မဟုတ္ ကုန္သြယ္မႈမ်ားထက္ စားသုံးမႈဆိုင္ရာအခ်က္အခ်ာေနရာတစ္ခုျဖစ္ခဲ့ေၾကာင္း သိရသည္။ ေတာင္ဝင္မိသားစု၊ ႏိုင္ငံေတာ္အစိုးရ၊ ဘဏ္လုပ္ငန္း ႏွင့္ ထုတ္ေဝျခင္းတို႔ကဲ့သို႔ေသာ ကုန္သြယ္မႈမ်ား အပါအဝင္ မက္ဒရစ္ၿမိဳ႕၏လ်င္ျမန္စြာႀကီးထြားလာေန ေသာလူဦးေရကို ေထာက္ပံ့ေပးမႈမ်ားလုပ္ေဆာင္ ႏိုင္ရန္အတြက္ စီးပြားေရးလုပ္ငန္းကို အဓိကထား ေဆာင္႐ြက္ခဲ့ေၾကာင္းသိရသည္။ ႀကီးမားေသာ စက္မႈ က႑သည္ (၂၀)ရာစုမတိုင္မီအခ်ိန္အထိ မဖြံ႕ၿဖိဳး ေသးေသာ္လည္း ေနာက္ပိုင္းတြင္ စက္မႈလုပ္ငန္းသည္ အလြန္က်ယ္ျပန႔္ၿပီးကြဲျပားလာမႈႏွင့္အတူ မက္ဒ ရစ္ၿမိဳ႕သည္ စပိန္ႏိုင္ငံ၏ ဒုတိယေျမာက္စက္မႈၿမိဳ႕ ေတာ္ျဖစ္ခဲ့ေၾကာင္းသိရသည္။ သို႔ေသာ္လည္း လက္ရွိအခ်ိန္တြင္ မက္ဒရစ္ၿမိဳ႕၏စီးပြားေရးကို ဝန္ေဆာင္ မႈက႑က ပိုမိုလႊမ္းမိုးလာခဲ့ေၾကာင္းလည္း သိရသည္။ ထို႔ျပင္ မက္ဒရစ္ၿမိဳ႕သည္ လန္ဒန္၊ ပဲရစ္၊ ဖရန႔္ခ္ ဖာ့တ္ႏွင့္ အမ္စတာဒမ္ၿမိဳ႕တို႔ၿပီးလွ်င္ ဥေရာပ တြင္ (၅)ခုေျမာက္အေရးအႀကီးဆုံးကုန္သြယ္ေရး အခ်က္ အခ်ာေနရာတစ္ခုျဖစ္ၿပီး ကမာၻေပၚတြင္ အဆင့္(၁၁)ေနရာမွာရွိသည့္ ကုန္သြယ္ေရးအခ်က္ အခ်ာေနရာ တစ္ခုျဖစ္ေၾကာင္းလည္းသိရသည္။

စီးပြားေရးသမိုင္းေၾကာင္း
(၁၅၆၁)ခုႏွစ္မွစတင္ၿပီး စပိန္အင္ပါယာ၏ၿမိဳ႕ေတာ္ျဖစ္လာခဲ့ေသာ မက္ဒရစ္ၿမိဳ႕၏ လူဦးေရသည္ လ်င္ျမန္စြာႀကီးထြားလာခဲ့ၿပီး အုပ္ခ်ဳပ္ေရး၊ ဘဏ္ လုပ္ငန္းႏွင့္ အေသးစားကုန္ထုတ္လုပ္ငန္းတို႔သည္ အဓိက လုပ္ေဆာင္ခ်က္မ်ားထဲတြင္ ပါဝင္ေသာ္လည္း ၎သည္မီးရထားလမ္းမ်ားမေပၚမီအခ်ိန္က ပထဝီဝင္အေနအထားအရ ထုတ္လုပ္မႈ သို႔မဟုတ္ ကုန္သြယ္မႈထက္ စားသုံးမႈပိုမိုမ်ားျပားေသာ ေနရာ တစ္ခုလည္းျဖစ္သည္။ စပိန္ဘဏ္သည္ ေရွးအက်ဆုံးဥေရာ ပဗဟိုဘဏ္မ်ားထဲမွတစ္ခုျဖစ္ၿပီး မူလက San Carlos ဘဏ္အျဖစ္ (၁၇၈၂)ခုႏွစ္တြင္ စတင္တည္ ေထာင္ခဲ့ေသာ္လည္း ေနာက္ပိုင္းတြင္ San Fernando ဘဏ္အျဖစ္ (၁၈၂၉)ခုႏွစ္တြင္ အမည္ေျပာင္းခဲ့ၿပီး (၁၈၅၆)ခုႏွစ္တြင္ စပိန္ဘဏ္ျဖစ္လာခဲ့ ေၾကာင္းသိရသည္။ ထို႔ျပင္ မက္ဒရစ္စေတာ့ အိတ္ ခ်ိန္းကို (၁၈၃၁)ခုႏွစ္ ေအာက္တိုဘာလ(၂၀)ရက္တြင္ စတင္ဖြင့္လွစ္ခဲ့ေၾကာင္းလည္းသိရသည္။ စက္မႈလုပ္ ငန္းသည္(၂၀)ရာစုတြင္ ႀကီးမားစြာစတင္ဖြံ႕ၿဖိဳး တိုး တက္လာခဲ့ေသာ္လည္း အထူးသျဖင့္ (၁၉၆၀) ျပည့္ ႏွစ္မ်ားဝန္းက်င္ “ Spanish miracle ”ကာလမ်ား အတြင္း လ်င္ျမန္စြာတိုးတက္လာခဲ့ေၾကာင္းသိရသည္။ မက္ဒရစ္ၿမိဳ႕၏စီးပြားေရးသည္ ေမာ္ေတာ္ ယာဥ္ မ်ား၊ ေလယာဥ္မ်ား၊ ဓာတုေဗဒပစၥည္းမ်ား၊ အီ လက္ထ႐ြန္နစ္ပစၥည္းမ်ား၊ ေဆးဝါးမ်ား၊ ျပဳျပင္ထားေသာ အစားအစာ၊ ပုံႏွိပ္ပစၥည္းမ်ားႏွင့္ သားေရပစၥည္း မ်ားကဲ့သို႔ေသာ ကုန္ထုတ္လုပ္ငန္းမ်ားအေပၚ အေျချပဳခဲ့ေၾကာင္းသိရသည္။ (၁၉၇၀)ျပည့္ႏွစ္မ်ား ေႏွာင္းပိုင္းတြင္ ဒီမိုကေရစီ ျပန္လည္ထူေထာင္ခ်ိန္မွ စတင္ၿပီး မက္ဒရစ္ၿမိဳ႕သည္ ဆက္လက္က်ယ္ ျပန႔္လာခဲ့ၿပီး လက္ရွိအခ်ိန္တြင္ ၎၏စီးပြားေရး သည္ ဥေရာပသမဂၢတြင္ အတက္ျြကဆုံးႏွင့္ ကြဲျပား မႈအရွိဆုံးျဖစ္ေၾကာင္းလည္း သိရသည္။

ယေန႔ေခတ္စီးပြားေရး
မက္ဒရစ္ၿမိဳ႕သည္ စြမ္းအား၊ အသိပညာ ႏွင့္ နည္းပညာဆိုင္ရာဆန္းသစ္တီထြင္မႈတို႔ႏွင့္ တိုက္ ႐ိုက္ခ်ိတ္ဆက္လုပ္ေဆာင္မႈမ်ားကို အာ႐ုံ စိုက္ထားေၾကာင္းသိရသည္။ မက္ဒရစ္ၿမိဳ႕သည္ ဥေရာပ၏ အႀကီးဆုံးဘ႑ာေရးစင္တာမ်ားထဲမွ တစ္ခုျဖစ္ၿပီး စပိန္ႏိုင္ငံတြင္းတြင္ အႀကီးဆုံးျဖစ္ေၾကာင္း သိရ သည္။ မက္ဒရစ္ၿမိဳ႕တြင္ တကၠသိုလ္ ေပါင္း(၁၇)ခုႏွင့္ သုေတသနစင္တာေပါင္း(၃၀)ေက်ာ္ရွိၿပီး လူဦးေရ အရ ဥေရာပသမဂၢတြင္ ဒုတိယေျမာက္အႀကီးဆုံးၿမိဳ႕တစ္ၿမိဳ႕ျဖစ္ကာ စုစုေပါင္းျပည္တြင္း ထုတ္ကုန္အား ျဖင့္ တတိယေျမာက္အႀကီး ဆုံးျဖစ္ေၾကာင္းသိရသည္။ ထို႔ျပင္ မက္ဒရစ္ၿမိဳ႕သည္ ဘာစီလိုနာၿမိဳ႕ၿပီးလွ်င္ နည္းပညာျမင့္ထုတ္လုပ္မႈကို အထူးျပဳသည့္ စပိန္ႏိုင္ငံ၏ဒုတိယေျမာက္စက္မႈ အခ်က္အခ်ာေနရာဆို သည့္ ရပ္တည္ခ်က္ကို ဆက္လက္ထိန္းသိမ္းထားဆဲလည္းျဖစ္သည္။

Related news

© 2021. All rights reserved.