နိုင်ငံဖြတ်ကျော်လျှပ်စစ်ဓာတ်အား ချိတ်ဆက်ရန်အတွက် ADB နှင့် ကမ္ဘာ့ဘဏ်တို့မှ ဆက်လက်ကူညီပေးစေလိုကြောင်း စွမ်းအင်ဝန်ကြီး ဆို

 900

ချယ်ရီ (NP News) - သြဂုတ် ၁၅
အိမ်နီးချင်းနိုင်ငံများဖြစ်သည့် လာအိုနှင့်ထိုင်းနိုင်ငံတို့ထံမှ နိုင်ငံဖြတ်ကျော် လျှပ်စစ်ဓာတ်အား ချိတ်ဆက်ရယူနိုင်ရေးစီမံကိန်းများ ပါဝင်လာစေရန် အာရှဖွံ့ဖြိုးရေးဘဏ် (ADB)နှင့် ကမ္ဘာ့ဘဏ်(WB) များအနေဖြင့် ဆက်လက်ကူညီဆောင်ရွက်ပေးစေလိုကြောင်း စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်က ပြောကြားသည်။
အဆိုပါစကားကို ဩဂုတ်လ ၁၄ ရက်က ပြုလုပ်သည့် အာဆီယံဒေသတွင်း စီးပွားရေးပေါင်းစည်းဆက်နွယ်မှု ပိုမိုအားကောင်းလာစေရေးအတွက် အာဆီယံနိုင်ငံဖြတ်ကျော် လျှပ်စစ်ဓာတ်အား ချိတ်ဆက်ရောင်းဝယ်မှုစီမံကိန်းများဆိုင်ရာ ဘဏ္ဍာငွေအထောက်အပံ့ရရှိရေး လုပ်ထုံးလုပ်နည်းများနှင့်စပ်လျဉ်းသော ကဏ္ဍစုံဝန်ကြီးအဆင့်အစည်းအဝေး၌ ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။
"၂ဝ၄၅ ခုနှစ်မတိုင်မီ အကောင်အထည်ဖော်ဆောင်ရွက်မည့် (ASEAN Power Grid Finan-cing Facility(APGF)) စီမံကိန်းများတွင် နိုင်ငံတော်၏ လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရန် အိမ်နီးချင်းနိုင်ငံများဖြစ်သည့် လာအိုနှင့်ထိုင်းနိုင်ငံတို့ထံမှ နိုင်ငံဖြတ်ကျော် လျှပ်စစ်ဓာတ်အား ချိတ်ဆက်ရယူနိုင်ရေးစီမံကိန်းများ ပါဝင်လာစေရေးအတွက် အာရှဖွံ့ဖြိုးရေးဘဏ်နှင့် ကမ္ဘာ့ဘဏ်များ အနေဖြင့် ဆက်လက်ကူညီဆောင်ရွက်ပေးစေလိုကြောင်း" စွမ်းအင်ဝန်ကြီးက ဆိုသည်။
မြန်မာနိုင်ငံ၏ ပထဝီအနေအထားနှင့် ပထဝီနိုင်ငံရေးအခွင့်အလမ်းများကို အသုံးချ၍ ဒေသတွင်းစီးပွားရေးနှင့် စွမ်းအင်ကဏ္ဍ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရေးအတွက် စီမံကိန်းများ လာရောက်ရင်းနှီးမြှုပ်နှံဖော်ဆောင်ကြရန် ဖိတ်ခေါ်ပြီး မိမိနိုင်ငံနှင့် ဒေသတွင်းနိုင်ငံများ၏ စွမ်းအင်ဖူလုံရေးနှင့် စွမ်းအင်ကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန် မြန်မာနိုင်ငံအနေဖြင့် အာဆီယံနိုင်ငံများနှင့် အတူတကွဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းက ဆွေးနွေးပြောကြားခဲ့သည်။
ထို့ပြင် မြန်မာနိုင်ငံတွင် စွမ်းအင်အရင်းအမြစ်များ ပေါများသည့်အတွက် အာဆီယံနိုင်ငံများ၏ စွမ်းအင်ကဏ္ဍ ရင်းနှီးမြှုပ်နှံမှုများကို ကြိုဆိုကြောင်း အဆိုပါအစည်းဝေး၌ အာဆီယံစီးပွားရေးဝန်ကြီး၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝါဝါမောင်က ပြောကြားခဲ့ကြောင်း သိရသည်။
ကမ္ဘာ့ဘဏ်သည် ဆင်းရဲမွဲတေမှုကို လျှော့ချရန် ရည်ရွယ်ချက်ဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများသို့ ပညာရေး၊ ကျန်းမာရေး ၊ ရေ၊ လမ်း၊ စွမ်းအင်၊ လယ်ယာအစရှိသည့်ကဏ္ဍများအတွက် ပိုက်ဆံချေးခြင်း နှင့် အခြားအကူအညီများပေးခြင်းတို့ကို ပြုလုပ်သော နိုင်ငံတကာဘဏ်ဖြစ်ပြီး အာရှဖွံ့ဖြိုးတိုးတက်ရေးဘဏ်သည် အာရှနှင့် အရှေ့ဖျားဒေသရှိ နိုင်ငံများ၏ စီးပွားရေးတိုးတက်ဖွံ့ဖြိုးရန်နှင့် ပူးပေါင်းဆောင်ရွက်ရန် ရည်ရွယ်ချက်ဖြင့် ရင်းနှီးမြှပ်နှံခြင်း၊ ငွေကြေးအကူအညီပေးခြင်း၊ ချေးငှားခြင်း၊ ကျွမ်းကျင်မှုအကူအညီပေးခြင်းနှင့် အခြားအကူအညီပေးခြင်း အမျိုးမျိုးတို့ကို ဆောင်ရွက်ပေးသည့်ဘဏ်တစ်ခုလည်း ဖြစ်သည်။

Zawgyi Version:
ႏိုင္ငံျဖတ္ေက်ာ္လွ်ပ္စစ္ဓာတ္အား ခ်ိတ္ဆက္ရန္အတြက္ ADB ႏွင့္ ကမာၻ႔ဘဏ္တို႔မွ ဆက္လက္ကူညီေပးေစလိုေၾကာင္း စြမ္းအင္ဝန္ႀကီး ဆို
ခ်ယ္ရီ (NP News) - ၾသဂုတ္ ၁၅
အိမ္နီးခ်င္းႏိုင္ငံမ်ားျဖစ္သည့္ လာအိုႏွင့္ထိုင္းႏိုင္ငံတို႔ထံမွ ႏိုင္ငံျဖတ္ေက်ာ္ လွ်ပ္စစ္ဓာတ္အား ခ်ိတ္ဆက္ရယူႏိုင္ေရးစီမံကိန္းမ်ား ပါဝင္လာေစရန္ အာရွဖြံ႕ၿဖိဳးေရးဘဏ္ (ADB)ႏွင့္ ကမာၻ႔ဘဏ္(WB) မ်ားအေနျဖင့္ ဆက္လက္ကူညီေဆာင္႐ြက္ေပးေစလိုေၾကာင္း စြမ္းအင္ဝန္ႀကီးဌာန၊ ျပည္ေထာင္စုဝန္ႀကီး ဦးကိုကိုလြင္က ေျပာၾကားသည္။
အဆိုပါစကားကို ဩဂုတ္လ ၁၄ ရက္က ျပဳလုပ္သည့္ အာဆီယံေဒသတြင္း စီးပြားေရးေပါင္းစည္းဆက္ႏြယ္မႈ ပိုမိုအားေကာင္းလာေစေရးအတြက္ အာဆီယံႏိုင္ငံျဖတ္ေက်ာ္ လွ်ပ္စစ္ဓာတ္အား ခ်ိတ္ဆက္ေရာင္းဝယ္မႈစီမံကိန္းမ်ားဆိုင္ရာ ဘ႑ာေငြအေထာက္အပံ့ရရွိေရး လုပ္ထုံးလုပ္နည္းမ်ားႏွင့္စပ္လ်ဥ္းေသာ က႑စုံဝန္ႀကီးအဆင့္အစည္းအေဝး၌ ထည့္သြင္းေျပာၾကားခဲ့ျခင္း ျဖစ္သည္။
"၂ဝ၄၅ ခုႏွစ္မတိုင္မီ အေကာင္အထည္ေဖာ္ေဆာင္႐ြက္မည့္ (ASEAN Power Grid Finan-cing Facility(APGF)) စီမံကိန္းမ်ားတြင္ ႏိုင္ငံေတာ္၏ လွ်ပ္စစ္ဓာတ္အားလိုအပ္ခ်က္ကို ျဖည့္ဆည္းႏိုင္ရန္ အိမ္နီးခ်င္းႏိုင္ငံမ်ားျဖစ္သည့္ လာအိုႏွင့္ထိုင္းႏိုင္ငံတို႔ထံမွ ႏိုင္ငံျဖတ္ေက်ာ္ လွ်ပ္စစ္ဓာတ္အား ခ်ိတ္ဆက္ရယူႏိုင္ေရးစီမံကိန္းမ်ား ပါဝင္လာေစေရးအတြက္ အာရွဖြံ႕ၿဖိဳးေရးဘဏ္ႏွင့္ ကမာၻ႔ဘဏ္မ်ား အေနျဖင့္ ဆက္လက္ကူညီေဆာင္႐ြက္ေပးေစလိုေၾကာင္း" စြမ္းအင္ဝန္ႀကီးက ဆိုသည္။
ျမန္မာႏိုင္ငံ၏ ပထဝီအေနအထားႏွင့္ ပထဝီႏိုင္ငံေရးအခြင့္အလမ္းမ်ားကို အသုံးခ်၍ ေဒသတြင္းစီးပြားေရးႏွင့္ စြမ္းအင္က႑ စဥ္ဆက္မျပတ္ ဖြံ႕ၿဖိဳးတိုးတက္ေစေရးအတြက္ စီမံကိန္းမ်ား လာေရာက္ရင္းႏွီးျမႇဳပ္ႏွံေဖာ္ေဆာင္ၾကရန္ ဖိတ္ေခၚၿပီး မိမိႏိုင္ငံႏွင့္ ေဒသတြင္းႏိုင္ငံမ်ား၏ စြမ္းအင္ဖူလုံေရးႏွင့္ စြမ္းအင္က႑ဖြံ႕ၿဖိဳးတိုးတက္ေစရန္ ျမန္မာႏိုင္ငံအေနျဖင့္ အာဆီယံႏိုင္ငံမ်ားႏွင့္ အတူတကြဝိုင္းဝန္းပူးေပါင္း ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း ၎က ေဆြးေႏြးေျပာၾကားခဲ့သည္။
ထို႔ျပင္ ျမန္မာႏိုင္ငံတြင္ စြမ္းအင္အရင္းအျမစ္မ်ား ေပါမ်ားသည့္အတြက္ အာဆီယံႏိုင္ငံမ်ား၏ စြမ္းအင္က႑ ရင္းႏွီးျမႇဳပ္ႏွံမႈမ်ားကို ႀကိဳဆိုေၾကာင္း အဆိုပါအစည္းေဝး၌ အာဆီယံစီးပြားေရးဝန္ႀကီး၊ ရင္းႏွီးျမႇဳပ္ႏွံမႈႏွင့္ ႏိုင္ငံျခားစီးပြားဆက္သြယ္ေရးဝန္ႀကီးဌာန၊ ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာဝါဝါေမာင္က ေျပာၾကားခဲ့ေၾကာင္း သိရသည္။
ကမာၻ႔ဘဏ္သည္ ဆင္းရဲမြဲေတမႈကို ေလွ်ာ့ခ်ရန္ ရည္႐ြယ္ခ်က္ျဖင့္ ဖြံ႕ၿဖိဳးဆဲႏိုင္ငံမ်ားသို႔ ပညာေရး၊ က်န္းမာေရး ၊ ေရ၊ လမ္း၊ စြမ္းအင္၊ လယ္ယာအစရွိသည့္က႑မ်ားအတြက္ ပိုက္ဆံေခ်းျခင္း ႏွင့္ အျခားအကူအညီမ်ားေပးျခင္းတို႔ကို ျပဳလုပ္ေသာ ႏိုင္ငံတကာဘဏ္ျဖစ္ၿပီး အာရွဖြံ႕ၿဖိဳးတိုးတက္ေရးဘဏ္သည္ အာရွႏွင့္ အေရွ႕ဖ်ားေဒသရွိ ႏိုင္ငံမ်ား၏ စီးပြားေရးတိုးတက္ဖြံ႕ၿဖိဳးရန္ႏွင့္ ပူးေပါင္းေဆာင္႐ြက္ရန္ ရည္႐ြယ္ခ်က္ျဖင့္ ရင္းႏွီးျမႇပ္ႏွံျခင္း၊ ေငြေၾကးအကူအညီေပးျခင္း၊ ေခ်းငွားျခင္း၊ ကြၽမ္းက်င္မႈအကူအညီေပးျခင္းႏွင့္ အျခားအကူအညီေပးျခင္း အမ်ိဳးမ်ိဳးတို႔ကို ေဆာင္႐ြက္ေပးသည့္ဘဏ္တစ္ခုလည္း ျဖစ္သည္။

Related news

© 2021. All rights reserved.