အမေရိကန် CIA လက်ထောက်ညွှန်မှူးနှင့် ထိုင်းဝန်ကြီးချုပ်တို့ (၄၅)မိနစ်ကြာ တံခါးပိတ် တွေ့ဆုံခဲ့ပြီး မြန်မာအရေးဆွေးနွေးခဲ့

 4591

Htay Oung (NP News) - နိုဝင်ဘာ ၂၀
အမေရိကန် ဗဟိုထောက်လှမ်းရေးအေဂျင်စီ (CIA) ၏ လက်ထောက်ညွှန်ကြားရေးမှူး ဒေးဗစ်ကိုဟင်းသည် ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာနှင့် နိုဝင်ဘာ(၁၉)ရက်နံနက်ပိုင်းက တံခါးပိတ်တွေ့ဆုံခဲ့ပြီး ထိုင်းနှင့် မြန်မာနိုင်ငံအတွင်း လုံခြုံရေးအခြေအနေကိစ္စများ အပါအဝင် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေးအကြောင်းအရာများစွာတို့ကို ဆွေးနွေးခဲ့ကြောင်း ယုံကြည်ရသည်ဟု Bangkok Post က ယနေ့ ရေးသားသည်။

ကြိုတင် သတင်းထုတ်ပြန်ခြင်း မရှိဘဲ အစိုးရအိမ်တော်၌ ယခုကဲ့သို့ တွေ့ဆုံမှုတွင် နံနက် ၉ နာရီခွဲမှစတင်၍ ဗိုလ်ချုပ်ကြီး ပရာယွတ်သည် ၄၅ မိနစ်ခန့်ကြာသည်အထိ မစ္စတာကိုဟင်နှင့်အတူ ရှိနေခဲ့သည်ဟု သတင်းရင်းမြစ်တစ်ခုက ဆိုသည်။ ဆွေးနွေးပွဲသို့ မီဒီယာများ တက်ရောက်ခွင့်ကိုမူ ပိတ်ပင်ထားသည်။ ဒေသတွင်း တည်ငြိမ်ရေး၊ မြန်မာနိုင်ငံအခြေအနေနှင့် အိမ်နီးချင်းနိုင်ငံအတွင်းရှိ ထိရောက်သော ပါတီအဖွဲ့အစည်းများအား အကူအညီပေးအပ်ရေးဆိုင်ရာ ကန့်သတ်များကို အဓိကထား ဆွေးနွေးခဲ့ကြောင်း ထိုင်းအစိုးရ အိမ်တော်သတင်းရင်းမြစ်ထံမှ သိရှိရသည်။ ၎င်းတို့၏ ဆွေးနွေးမှုများသည် စီးပွားရေးဆိုင်ရာလုံခြုံရေး၊ ထိုင်း-အမေရိကန် ပူးပေါင်းဆောင်ရွက်မှုနယ်ပယ်များနှင့် ထိုင်းနိုင်ငံက ဥက္ကဋ္ဌအဖြစ် တာဝန်ယူ၍ လာမည့်နှစ် အာရှ-ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ (APEC) ဖိုရမ်တွင် ထိုင်းနိုင်ငံအား ပံ့ပိုးကူညီမည့် အမေရိကန်၏ ကတိကဝတ်များနှင့်လည်း သက်ဆိုင်ကြောင်း သတင်းရင်းမြစ်က ဆိုသည်။ နိုင်ငံရေး၊ စီးပွားရေးနှင့် (နှစ်နိုင်ငံ) ပူးပေါင်းဆောင်ရွက်ရေးတို့ကို ယေဘုယျသဘော ဆွေးနွေးခြင်းမဟုတ်ဘဲ နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုများ သို့မဟုတ် ပစိဖိတ်ကျော် မိတ်ဖက်ဆက်ဆံရေးအတွက် ဘက်စုံတိုးတက်ရေးဆိုင်ရာ သဘောတူညီချက် [CPTPP] ဖြစ်ကြောင်း အခြားသတင်းရင်းမြစ်က ပြောဆိုသည်။

ထိုင်း၏ နိုင်ငံရေးအခြေအနေများကို ဆွေးနွေးသည့်အခါ ထိုင်းအနေဖြင့်လည်း အဆိုပါကိစ္စအပေါ် ဝါရှင်တန်က ရှုမြင်သော ကျောထောက်နောက်ခံပြုသည့် ဒေသဆိုင်ရာ အခြေအနေကို ပိုမိုနားလည်သဘောပေါက်ရန် ပါဝင်သည်ဆို၏။ မစ္စတာ ကိုဟင်သည် ထိုင်းနိုင်ငံမှ ထွက်ခွာပြီးနောက် အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) ၏ အခြားနိုင်ငံနှစ်နိုင်ငံသို့ ဆက်လက်သွားရောက်ရန် စီစဉ်ထားကြောင်းကိုလည်း သိရှိရသည်။ ထိုင်းနိုင်ငံ အမျိုးသားလုံခြုံရေးကောင်စီ၏ အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ဆူပွန် မလာနီရွန်ကမူ အစိုးရအိမ်တော်တွင် မစ္စတာကိုဟင်နှင့် ဗိုလ်ချုပ်ကြီး ပရာယွတ်တို့ တွေ့ဆုံခဲ့ကြောင်း အတည်ပြုခဲ့သော်လည်း ဆွေးနွေးမှု၏ အဓိကအချက်မှာ ထိုင်းနှင့် အခြားအာဆီယံအဖွဲ့ဝင်နိုင်ငံများကြား လုံခြုံရေးဆိုင်ရာဆက်ဆံရေးကို ခိုင်မာအားကောင်းစေရန်ဖြစ်ကြောင်း၊ အမေရိကန်ထောက်လှမ်းရေးအေဂျင်စီနှင့် ထိုင်းအစိုးရအကြား သတင်းအချက်အလက်မျှဝေခြင်းနှင့် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေးအတွက် စီအိုင်အေ အမှုဆောင်တစ်ဦး၏ ထိုင်းနိုင်ငံသို့ တစ်နှစ်လျှင်တစ်ကြိမ် လာရောက်ခြင်းမှာ ပုံမှန်ဖြစ်ကြောင်း ရှင်းပြသည်။ နောက်ပိုင်းတွင် မစ္စတာ ကိုဟင်သည် ဒုတိယဝန်ကြီးချုပ် ပရာဝစ် ဝေါင်ဆူဝန်၊ ထိုင်းအစိုးရ၏ လုံခြုံရေးဆိုင်ရာ တာဝန်ခံ ဗိုလ်ချုပ်ကြီး ဆူပွန်တို့နှင့်လည်း သီးခြားစီ တွေ့ဆုံခဲ့ခြင်းဖြစ်သည်။ ဗိုလ်ချုပ်ကြီး ပရာဝစ်က ၎င်းတွေ့ဆုံမှုသည် ယခင်အကြိမ်ကြိမ် တွေ့ဆုံခဲ့ဖူးသည့် မစ္စတာ ကိုဟင်တို့အကြား ပုဂ္ဂိုလ်ရေး ပြန်လည်ဆုံဆည်းမှုအဖြစ် ဖော်ပြသည်။ ဒေသဆိုင်ရာလုံခြုံရေးကိစ္စများကိုမူ ဝန်ကြီးချုပ်ထံ တင်ပြထားပြီးဖြစ်သောကြောင့် ထုတ်ဖော်ပြောဆိုရန် ငြင်းဆိုသည်။ ပြီးခဲ့သည့် တနင်္ဂနွေနေ့တွင် မြန်မာနိုင်ငံသို့ သွားရောက်လည်ပတ်စဉ်အတွင်း စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တွေ့ဆုံခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီး ဒွန် ပရာမုဒ်ဝီနိုင်းက ကြာသပတေးနေ့၌ ထုတ်ဖော်ပြောဆိုသော်လည်း အသေးစိတ်အကြောင်းအရာများကိုမူ ချန်လှပ်ထားသည်။

ကာဇက်စတန်နှင့် မိုဇမ်ဘစ်နိုင်ငံဆိုင်ရာ ထိုင်းသံအမတ်ကြီးဟောင်း ရပ်စ် ဂျာလီချန်ဒရာနှင့်အတူ နိုင်ငံခြားရေးဝန်ကြီး၏ မြန်မာနိုင်ငံသို့ သံတမန်ရေးရာ ခရီးစဉ်အသေးစိတ်များနှင့်ပတ်သက်၍ ထိုင်းအစိုးရအနေဖြင့် ပိုမိုပွင့်လင်းမြင်သာမှုရှိရန် ပြည်ပမီဒီယာများက ဖော်ပြပြီးနောက် ပြည်သူအများ၏အာရုံစိုက်ခြင်းကို ခံခဲ့ရသည်။ ထိုင်းနိုင်ငံက Covid-19 ရောဂါကာကွယ်ဆေးများကို မြန်မာစစ်အစိုးရထံ လှူဒါန်းခဲ့ကြောင်း သတင်းထွက်ပေါ်ခြင်းနှင့် ပတ်သက်၍ရှင်းလင်းရန် မစ္စတာ ရပ်စ်က ဝန်ကြီးဌာနအား တိုက်တွန်းခဲ့သော်လည်း နိုင်ငံခြားရေးဝန်ကြီးက အဆိုပါသတင်းအတွက် ကိုင်တွယ်ဖြေရှင်းခြင်း မရှိခဲ့ချေ။

Zawgyi Version
အေမရိကန္ CIA လက္ေထာက္ညႊန္မွဴးႏွင့္ ထိုင္း၀န္ၾကီးခ်ဳပ္တုိ႔ (၄၅)မိနစ္ၾကာ တံခါးပိတ္ ေတြ႔ဆံုခဲ့ျပီး ျမန္မာအေရးေဆြးေႏြးခဲ့
Htay Oung (NP News) - ႏုိ၀င္ဘာ ၂၀
အေမရိကန္ ဗဟိုေထာက္လွမ္းေရးေအဂ်င္စီ (CIA) ၏ လက္ေထာက္ညႊန္ၾကားေရးမႉး ေဒးဗစ္ကိုဟင္းသည္ ထိုင္း၀န္ႀကီးခ်ဳပ္ ပရာယြတ္ခ်န္အိုခ်ာႏွင့္ ႏုိ၀င္ဘာ(၁၉)ရက္နံနက္ပုိင္းက တံခါးပိတ္ေတြ႔ဆုံခဲ့ၿပီး ထိုင္းႏွင့္ ျမန္မာႏိုင္ငံအတြင္း လုံျခဳံေရးအေျခအေနကိစၥမ်ား အပါအဝင္ လူသားခ်င္းစာနာမႈဆိုင္ရာ အကူအညီေပးေရးအေၾကာင္းအရာမ်ားစြာတို႔ကို ေဆြးေႏြးခဲ့ေၾကာင္း ယုံၾကည္ရသည္ဟု Bangkok Post က ယေန႔ ေရးသားသည္။

ၾကိဳတင္ သတင္းထုတ္ျပန္ျခင္း မရွိဘဲ အစိုးရအိမ္ေတာ္၌ ယခုကဲ့သို႔ ေတြ႔ဆံုမႈတြင္ နံနက္ ၉ နာရီခြဲမွစတင္၍ ဗိုလ္ခ်ဳပ္ႀကီး ပရာယြတ္သည္ ၄၅ မိနစ္ခန႔္ၾကာသည္အထိ္ မစၥတာကိုဟင္ႏွင့္အတူ ရွိေနခဲ့သည္ဟု သတင္းရင္းျမစ္တစ္ခုက ဆိုသည္။ ေဆြးေႏြးပြဲသို႔ မီဒီယာမ်ား တက္ေရာက္ခြင့္ကိုမူ ပိတ္ပင္ထားသည္။ ေဒသတြင္း တည္ၿငိမ္ေရး၊ ျမန္မာနိုင္ငံအေျခအေနႏွင့္ အိမ္နီးခ်င္းႏိုင္ငံအတြင္းရွိ ထိေရာက္ေသာ ပါတီအဖြဲ႔အစည္းမ်ားအား အကူအညီေပးအပ္ေရးဆိုင္ရာ ကန္႔သတ္မ်ားကို အဓိကထား ေဆြးေႏြးခဲ့ေၾကာင္း ထိုင္းအစိုးရ အိမ္ေတာ္သတင္းရင္းျမစ္ထံမွ သိရွိရသည္။ ၎တို႔၏ ေဆြးေႏြးမႈမ်ားသည္ စီးပြားေရးဆိုင္ရာလုံျခဳံေရး၊ ထိုင္း-အေမရိကန္ ပူးေပါင္းေဆာင္ရြက္မႈနယ္ပယ္မ်ားႏွင့္ ထိုင္းနိုင္ငံက ဥကၠ႒အျဖစ္ တာဝန္ယူ၍ လာမည့္ႏွစ္ အာရွ-ပစိဖိတ္ စီးပြားေရးပူးေပါင္းေဆာင္ရြက္မႈဆိုင္ရာ (APEC) ဖိုရမ္တြင္ ထိုင္းနိုင္ငံအား ပံ့ပိုးကူညီမည့္ အေမရိကန္၏ ကတိကဝတ္မ်ားႏွင့္လည္း သက္ဆိုင္ေၾကာင္း သတင္းရင္းျမစ္က ဆိုသည္။ နိုင္ငံေရး၊ စီးပြားေရးႏွင့္ (ႏွစ္နိုင္ငံ) ပူးေပါင္းေဆာင္ရြက္ေရးတို႔ကို ေယဘုယ်သေဘာ ေဆြးေႏြးျခင္းမဟုတ္ဘဲ နိုင္ငံျဖတ္ေက်ာ္ ရာဇ၀တ္မႈမ်ား သို႔မဟုတ္ ပစိဖိတ္ေက်ာ္ မိတ္ဖက္ဆက္ဆံေရးအတြက္ ဘက္စုံတိုးတက္ေရးဆိုင္ရာ သေဘာတူညီခ်က္ [CPTPP] ျဖစ္ေၾကာင္း အျခားသတင္းရင္းျမစ္က ေျပာဆိုသည္။

ထိုင္း၏ နိုင္ငံေရးအေျခအေနမ်ားကို ေဆြးေႏြးသည့္အခါ ထိုင္းအေနျဖင့္လည္း အဆိုပါကိစၥအေပၚ ၀ါရွင္တန္က ရႈျမင္ေသာ ေက်ာေထာက္ေနာက္ခံျပဳသည့္ ေဒသဆိုင္ရာ အေျခအေနကို ပိုမိုနားလည္သေဘာေပါက္ရန္ ပါ၀င္သည္ဆို၏။ မစၥတာ ကိုဟင္သည္ ထိုင္းနိုင္ငံမွ ထြက္ခြာၿပီးေနာက္ အေရွ႕ေတာင္အာရွနိုင္ငံမ်ားအသင္း (အာဆီယံ) ၏ အျခားနိုင္ငံႏွစ္နိုင္ငံသို႔ ဆက္လက္သြားေရာက္ရန္ စီစဥ္ထားေၾကာင္းကိုလည္း သိရွိရသည္။ ထိုင္းႏိုင္ငံ အမ်ိဳးသားလုံျခဳံေရးေကာင္စီ၏ အေထြေထြအတြင္းေရးမွဴး ဗိုလ္ခ်ဳပ္ႀကီး ဆူပြန္ မလာနီရြန္ကမူ အစိုးရအိမ္ေတာ္တြင္ မစၥတာကိုဟင္ႏွင့္ ဗိုလ္ခ်ဳပ္ႀကီး ပရာယြတ္တို႔ ေတြ႕ဆုံခဲ့ေၾကာင္း အတည္ျပဳခဲ့ေသာ္လည္း ေဆြးေႏြးမႈ၏ အဓိကအခ်က္မွာ ထိုင္းႏွင့္ အျခားအာဆီယံအဖြဲ႕ဝင္ႏိုင္ငံမ်ားၾကား လုံျခဳံေရးဆိုင္ရာဆက္ဆံေရးကို ခိုင္မာအားေကာင္းေစရန္ျဖစ္ေၾကာင္း၊ အေမရိကန္ေထာက္လွမ္းေရးေအဂ်င္စီႏွင့္ ထိုင္းအစိုးရအၾကား သတင္းအခ်က္အလက္မၽွေဝျခင္းႏွင့္ ပူးေပါင္းေဆာင္ရြက္မႈျမႇင့္တင္ေရးအတြက္ စီအိုင္ေအ အမႈေဆာင္တစ္ဦး၏ ထိုင္းနိုင္ငံသို႔ တစ္ႏွစ္လၽွင္တစ္ႀကိမ္ လာေရာက္ျခင္းမွာ ပုံမွန္ျဖစ္ေၾကာင္း ရွင္းျပသည္။ ေနာက္ပိုင္းတြင္ မစၥတာ ကိုဟင္သည္ ဒုတိယ၀န္ႀကီးခ်ဳပ္ ပရာဝစ္ ေ၀ါင္ဆူဝန္၊ ထိုင္းအစိုးရ၏ လုံျခဳံေရးဆိုင္ရာ တာဝန္ခံ ဗိုလ္ခ်ဳပ္ၾကီး ဆူပြန္တို႔ႏွင့္လည္း သီးျခားစီ ေတြ႔ဆုံခဲ့ျခင္းျဖစ္သည္။ ဗိုလ္ခ်ဳပ္ႀကီး ပရာဝစ္က ၎ေတြ႕ဆုံမႈသည္ ယခင္အႀကိမ္ႀကိမ္ ေတြ႔ဆုံခဲ့ဖူးသည့္ မစၥတာ ကိုဟင္တို႔အၾကား ပုဂၢိဳလ္ေရး ျပန္လည္ဆုံဆည္းမႈအျဖစ္ ေဖာ္ျပသည္။ ေဒသဆိုင္ရာလုံျခဳံေရးကိစၥမ်ားကိုမူ ဝန္ႀကီးခ်ဳပ္ထံ တင္ျပထားၿပီးျဖစ္ေသာေၾကာင့္ ထုတ္ေဖာ္ေျပာဆိုရန္ ျငင္းဆိုသည္။ ၿပီးခဲ့သည့္ တနဂၤေႏြေန႔တြင္ ျမန္မာနိုင္ငံသို႔ သြားေရာက္လည္ပတ္စဥ္အတြင္း စစ္အစိုးရေခါင္းေဆာင္ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လွိုင္ႏွင့္ ေတြ႕ဆုံခဲ့ေၾကာင္း နိုင္ငံျခားေရးဝန္ႀကီး ဒြန္ ပရာမုဒ္ဝီႏိုင္းက ၾကာသပေတးေန႔၌ ထုတ္ေဖာ္ေျပာဆိုေသာ္လည္း အေသးစိတ္အေၾကာင္းအရာမ်ားကိုမူ ခ်န္လွပ္ထားသည္။

ကာဇက္စတန္ႏွင့္ မိုဇမ္ဘစ္နိုင္ငံဆိုင္ရာ ထိုင္းသံအမတ္ႀကီးေဟာင္း ရပ္စ္ ဂ်ာလီခ်န္ဒရာႏွင့္အတူ ႏိုင္ငံျခားေရး၀န္ၾကီး၏ ျမန္မာနိုင္ငံသို႔ သံတမန္ေရးရာ ခရီးစဥ္အေသးစိတ္မ်ားႏွင့္ပတ္သက္၍ ထိုင္းအစိုးရအေနျဖင့္ ပိုမိုပြင့္လင္းျမင္သာမႈရွိရန္ ျပည္ပမီဒီယာမ်ားက ေဖာ္ျပၿပီးေနာက္ ျပည္သူအမ်ား၏အာ႐ုံစိုက္ျခင္းကို ခံခဲ့ရသည္။ ထိုင္းနိုင္ငံက Covid-19 ေရာဂါကာကြယ္ေဆးမ်ားကို ျမန္မာစစ္အစိုးရထံ လွဴဒါန္းခဲ့ေၾကာင္း သတင္းထြက္ေပၚျခင္းႏွင့္ ပတ္သက္၍ရွင္းလင္းရန္ မစၥတာ ရပ္စ္က ဝန္ႀကီးဌာနအား တိုက္တြန္းခဲ့ေသာ္လည္း ႏိုင္ငံျခားေရး၀န္ၾကီးက အဆိုပါသတင္းအတြက္ ကိုင္တြယ္ေျဖရွင္းျခင္း မရွိခဲ့ေခ်။

© 2021. All rights reserved.