မြစ်ငယ် PDF အဖွဲ့ဝင် (၂) ဦး လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းဆီးခံရ

 3109

NP News - နိုဝင်ဘာ ၂၄
အမရပူရမြို့နယ်၊ မြစ်ငယ် PDF အဖွဲ့ဝင် (၂) ဦးအား လက်နက်ခဲယမ်းများနှင့်အတူ နိုဝင်ဘာလ (၂ဝ) ရက်တွင် အမရပူရမြို့နယ်၊ မြစ်လောင်းကျေးရွာအနီး၌ ဖမ်းဆီးရမိခဲ့ကြောင်း စစ်ကောင်စီသတင်းမှန်ပြန်ကြားရေးက နိုဝင်ဘာ (၂၃) ရက်တွင် သတင်းထုတ်ပြန်သည်။

စစ်ကောင်စီ၏ထုတ်ပြန်ချက်အရ ဖမ်းဆီးရမိခဲ့သည့် မြစ်ငယ်(PDF) အဖွဲ့ဝင်ဆိုသူနှစ်ဦးသည် အမရပူရမြို့နယ်၊ ဥယျာဉ်တော်အုပ်စု၊ သရက်တန်းကျေးရွာတွင် နေထိုင်သူ ထိန်ဝင်းအောင် (ခ) တေဇ (၂၇) နှစ်နှင့် ဖြိုးကျော် (ခ) ကျော်ကြီး (၂၁) နှစ်တို့ဖြစ်ကြောင်း သိရကာ ၎င်းတို့နှင့်အတူ ပစ္စတို (၁) လက်၊ ၉ မမကျည် (၁၄) တောင့်၊ လက်ပစ်ဗုံး (၁) လုံး၊ ဓားမြှောင် (၁) ချောင်း၊ လက်ကိုင်ဖုန်း (၃)လုံးအား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ဖမ်းဆီးရမိသူ (၂) ဦး၏ထွက်ဆိုချက်အရ အမရပူရမြို့နယ်၊ တမုတ်ဆိုးကျေးရွာအုပ်စု၊ သာလှအေးကျေးရွာ တောင်ဘက်၊ ဆင်ရွာကျေးရွာနေ ဦးမြငွေပိုင်ဆိုင်သော ကွင်းအမှတ် - ၅၇ဝ (ခ)၊ ပေါက်အင်းကွင်းရှိ လယ်တဲတွင် လက်လုပ်မိုင်းများနှင့် လက်လုပ်သေနတ်များ သိမ်းဆည်းထားကြောင်း သိရှိသဖြင့် လုံခြုံရေးပူးပေါင်းအဖွဲ့မှ သွားရောက်ရှာဖွေရာ တူးမီးလက်လုပ်သေနတ် (၂၃) လက်နှင့် လက်လုပ်မိုင်း (၁) လုံ တို့အား တွေ့ရှိသိမ်းဆည်း ခဲ့ကြောင်း သိရသည်။

ဖမ်းဆီးရမိသည့် ထိန်ဝင်းအောင် (ခ) တေဇ နှင့် ဖြိုးကျော် (ခ) ကျော်ကြီးတို့(၂) ဦးသည် ဧပြီလအတွင်း KIA ဌာနချုပ်၊ လိုင်ဇာမြို့အနီး၌ ဖောက်ခွဲရေးသင်တန်းတက်ရောက်ခဲ့ကြောင်းနှင့် ဇူလိုင်လအတွင်း ဖမ်းဆီးရန်ကျန် ဝင်းထွန်း (ခ) မင်းသန်းကျော် မှ မြစ်ငယ် PDF အဖွဲ့အား အင်အား (၁၃) ဦးဖြင့် ဖွဲ့စည်းခဲ့ပြီး ၎င်းတို့ (၂) ဦးမှာ အဖွဲ့ဝင်အဖြစ် ပါဝင်ခဲ့သည်ကို စစ်ဆေးပေါ်ပေါက်ခဲ့ကြောင်း သိရသည်။

အဆိုပါ မြစ်ငယ် PDF အဖွဲ့၏ ကျူးလွန်မှုများအနေဖြင့် အောက်တိုဘာလ၊ ပထမပတ်တွင် ဝင်းထွန်း(ခ) မင်းသန်းကျော်၏စေခိုင်းမှုဖြင့် ဖြိုးကျော် (ခ) ကျော်ကြီးမှ ဆိုင်ကယ်မောင်းနှင်၍ ထိန်းဝင်းအောင် (ခ) တေဇမှ နောက်မှလိုက်ပါလျက် အမရပူရမြို့နယ်၊ စားတော်ကျေားရွာနေ ကိုမျိုး (ခ) ငမျိုးအား ဒလန်ဟု စွပ်စွဲ၍ သေနတ်ဖြင့် (၄) ချက် ပစ်ခတ်၍ လုပ်ကြံခဲ့ကြောင်း၊ ထို့နောက် အောက်တိုဘာ (၅) ရက်နေ့တွင် မြစ်ငယ်မြို့၊ နှင်းဆီရပ်ကွက်နှင့် သဇင်ရပ်ကွက်လမ်းဆုံ၌ မြန်မာ့မီးရထား လူစီးတွဲနှင့် ကုန်တွဲစက်ရုံမှ လက်ထောက် အင်ဂျင်နီယာ (လျှပ်စစ်) ဦးစံထွန်းမြိုင်အား အောင်ခန့်ကျော်မှ ဆိုင်ကယ်မောင်း၍ ဝင်းထွန်း (ခ) မင်းသန်းကျော်က နောက်မှထိုင်လိုက်ပါပြီး ပစ်ခတ် လုပ်ကြံခဲ့ကြောင်း ၎င်းတို့မှ ထွက်ဆိုခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အမရပူရမြို့နယ်၊ တဲနံ့သာကျေးရွာ၊ ရစဖမှူး၏ သားမက်ဖြစ်သူ ချစ်ကိုအား နိုဝင်ဘာ (၄) ရက်တွင် ပစ္စတိုသေနတ်ဖြင့် (၂) ချက် ပစ်ခတ်လုပ်ကြံခဲ့ကြောင်း၊ နိုဝင်ဘာ (၁၃) ရက်တွင် အမရပူရမြို့နယ်၊ ဆင်ရာမြင်းမူ ကျေးရွာနေ စိုးသူအား ဒလန်ဟု စွပ်စွဲ၍ ဆင်ရွာမြင်းမူကျေးရွာအဝင်လမ်းအနီးတွင် ပစ္စတိုဖြင့် (၄) ချက်ခန့် ပစ်ခတ်လုပ်ကြံခဲ့ကြောင်း၊ နိုဝင်ဘာလ (၁၆) ရက်တွင် မြစ်ငယ်တိုးဂိတ်အကျော် Denko ဆီဆိုင်အနီး ထုံးဖိုလမ်းတွင် မကျည်းချိုကျေးရွာနေ ညီညီလွင်အား ဒလန်ဟုစွပ်စွဲ၍ ပစ္စတိုဖြင့် (၆) ချက် ပစ်ခတ်သတ်ဖြတ်ခဲ့ပြီး ၎င်း၏ဆိုင်ကယ်၊ လက်ကိုင်ဖုန်းနှင့် ငွေကျပ် (၂၈) သိန်းတို့အား ယူဆောင်ခဲ့ကြကြောင်း၊ မြစ်ငယ် PDF အဖွဲ့မှ ဝင်းထွန်း (ခ) မင်းသန်းကျော်နှင့် ငရဲ(ခ)ကုလားတို့ (၂) ဦးသည် အောက်တိုဘာလ (၂၂) ရက်တွင် အမရပူရမြို့နယ်၊ သရက်တန်းကျေးရွာရှိ Mytel ဖုန်းတာဝါတိုင်အား လက်လုပ်ဗုံးဖြင့် ဖောက်ခွဲ ဖျက်ဆီးခဲ့ကြောင်းလည်း ဖော်ထုတ်ချက်အရသိရသည်။

ဖမ်းဆီးရမိသူများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး ဆက်လက်ဆောက်ရွက်သွားမည် ဖြစ်ကြောင်းနှင့် ဆက်စပ်တရားခံများအား အမြန်ဆုံး ဖော်ထုတ်သွားမည်ဖြစ်ကြောင်း စစ်ကောင်စီ၏ ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

Zawgyi Version;
ျမစ္ငယ္ PDF အဖြဲ႕ဝင္ (၂) ဦး လက္နက္ခဲယမ္းမ်ားႏွင့္အတူ ဖမ္းဆီးခံရ
NP News - ႏိုဝင္ဘာ ၂၄
အမရပူရၿမိဳ႕နယ္၊ ျမစ္ငယ္ PDF အဖြဲ႕ဝင္ (၂) ဦးအား လက္နက္ခဲယမ္းမ်ားႏွင့္အတူ ႏိုဝင္ဘာလ (၂ဝ) ရက္တြင္ အမရပူရၿမိဳ႕နယ္၊ ျမစ္ေလာင္းေက်း႐ြာအနီး၌ ဖမ္းဆီးရမိခဲ့ေၾကာင္း စစ္ေကာင္စီသတင္းမွန္ျပန္ၾကားေရးက ႏိုဝင္ဘာ (၂၃) ရက္တြင္ သတင္းထုတ္ျပန္သည္။

စစ္ေကာင္စီ၏ထုတ္ျပန္ခ်က္အရ ဖမ္းဆီးရမိခဲ့သည့္ ျမစ္ငယ္(PDF) အဖြဲ႕ဝင္ဆိုသူႏွစ္ဦးသည္ အမရပူရၿမိဳ႕နယ္၊ ဥယ်ာဥ္ေတာ္အုပ္စု၊ သရက္တန္းေက်း႐ြာတြင္ ေနထိုင္သူ ထိန္ဝင္းေအာင္ (ခ) ေတဇ (၂၇) ႏွစ္ႏွင့္ ၿဖိဳးေက်ာ္ (ခ) ေက်ာ္ႀကီး (၂၁) ႏွစ္တို႔ျဖစ္ေၾကာင္း သိရကာ ၎တို႔ႏွင့္အတူ ပစၥတို (၁) လက္၊ ၉ မမက်ည္ (၁၄) ေတာင့္၊ လက္ပစ္ဗုံး (၁) လုံး၊ ဓားေျမႇာင္ (၁) ေခ်ာင္း၊ လက္ကိုင္ဖုန္း (၃)လုံးအား သိမ္းဆည္းရမိခဲ့ေၾကာင္း သိရသည္။

ဖမ္းဆီးရမိသူ (၂) ဦး၏ထြက္ဆိုခ်က္အရ အမရပူရၿမိဳ႕နယ္၊ တမုတ္ဆိုးေက်း႐ြာအုပ္စု၊ သာလွေအးေက်း႐ြာ ေတာင္ဘက္၊ ဆင္႐ြာေက်း႐ြာေန ဦးျမေငြပိုင္ဆိုင္ေသာ ကြင္းအမွတ္ - ၅၇ဝ (ခ)၊ ေပါက္အင္းကြင္းရွိ လယ္တဲတြင္ လက္လုပ္မိုင္းမ်ားႏွင့္ လက္လုပ္ေသနတ္မ်ား သိမ္းဆည္းထားေၾကာင္း သိရွိသျဖင့္ လုံၿခဳံေရးပူးေပါင္းအဖြဲ႕မွ သြားေရာက္ရွာေဖြရာ တူးမီးလက္လုပ္ေသနတ္ (၂၃) လက္ႏွင့္ လက္လုပ္မိုင္း (၁) လုံ တို႔အား ေတြ႕ရွိသိမ္းဆည္း ခဲ့ေၾကာင္း သိရသည္။

ဖမ္းဆီးရမိသည့္ ထိန္ဝင္းေအာင္ (ခ) ေတဇ ႏွင့္ ၿဖိဳးေက်ာ္ (ခ) ေက်ာ္ႀကီးတို႔(၂) ဦးသည္ ဧၿပီလအတြင္း KIA ဌာနခ်ဳပ္၊ လိုင္ဇာၿမိဳ႕အနီး၌ ေဖာက္ခြဲေရးသင္တန္းတက္ေရာက္ခဲ့ေၾကာင္းႏွင့္ ဇူလိုင္လအတြင္း ဖမ္းဆီးရန္က်န္ ဝင္းထြန္း (ခ) မင္းသန္းေက်ာ္ မွ ျမစ္ငယ္ PDF အဖြဲ႕အား အင္အား (၁၃) ဦးျဖင့္ ဖြဲ႕စည္းခဲ့ၿပီး ၎တို႔ (၂) ဦးမွာ အဖြဲ႕ဝင္အျဖစ္ ပါဝင္ခဲ့သည္ကို စစ္ေဆးေပၚေပါက္ခဲ့ေၾကာင္း သိရသည္။

အဆိုပါ ျမစ္ငယ္ PDF အဖြဲ႕၏ က်ဴးလြန္မႈမ်ားအေနျဖင့္ ေအာက္တိုဘာလ၊ ပထမပတ္တြင္ ဝင္းထြန္း(ခ) မင္းသန္းေက်ာ္၏ေစခိုင္းမႈျဖင့္ ၿဖိဳးေက်ာ္ (ခ) ေက်ာ္ႀကီးမွ ဆိုင္ကယ္ေမာင္းႏွင္၍ ထိန္းဝင္းေအာင္ (ခ) ေတဇမွ ေနာက္မွလိုက္ပါလ်က္ အမရပူရၿမိဳ႕နယ္၊ စားေတာ္ေက်ား႐ြာေန ကိုမ်ိဳး (ခ) ငမ်ိဳးအား ဒလန္ဟု စြပ္စြဲ၍ ေသနတ္ျဖင့္ (၄) ခ်က္ ပစ္ခတ္၍ လုပ္ႀကံခဲ့ေၾကာင္း၊ ထို႔ေနာက္ ေအာက္တိုဘာ (၅) ရက္ေန႔တြင္ ျမစ္ငယ္ၿမိဳ႕၊ ႏွင္းဆီရပ္ကြက္ႏွင့္ သဇင္ရပ္ကြက္လမ္းဆုံ၌ ျမန္မာ့မီးရထား လူစီးတြဲႏွင့္ ကုန္တြဲစက္႐ုံမွ လက္ေထာက္ အင္ဂ်င္နီယာ (လွ်ပ္စစ္) ဦးစံထြန္းၿမိဳင္အား ေအာင္ခန႔္ေက်ာ္မွ ဆိုင္ကယ္ေမာင္း၍ ဝင္းထြန္း (ခ) မင္းသန္းေက်ာ္က ေနာက္မွထိုင္လိုက္ပါၿပီး ပစ္ခတ္ လုပ္ႀကံခဲ့ေၾကာင္း ၎တို႔မွ ထြက္ဆိုခဲ့သည္ဟု ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။

အမရပူရၿမိဳ႕နယ္၊ တဲနံ႔သာေက်း႐ြာ၊ ရစဖမႉး၏ သားမက္ျဖစ္သူ ခ်စ္ကိုအား ႏိုဝင္ဘာ (၄) ရက္တြင္ ပစၥတိုေသနတ္ျဖင့္ (၂) ခ်က္ ပစ္ခတ္လုပ္ႀကံခဲ့ေၾကာင္း၊ ႏိုဝင္ဘာ (၁၃) ရက္တြင္ အမရပူရၿမိဳ႕နယ္၊ ဆင္ရာျမင္းမူ ေက်း႐ြာေန စိုးသူအား ဒလန္ဟု စြပ္စြဲ၍ ဆင္႐ြာျမင္းမူေက်း႐ြာအဝင္လမ္းအနီးတြင္ ပစၥတိုျဖင့္ (၄) ခ်က္ခန႔္ ပစ္ခတ္လုပ္ႀကံခဲ့ေၾကာင္း၊ ႏိုဝင္ဘာလ (၁၆) ရက္တြင္ ျမစ္ငယ္တိုးဂိတ္အေက်ာ္ Denko ဆီဆိုင္အနီး ထုံးဖိုလမ္းတြင္ မက်ည္းခ်ိဳေက်း႐ြာေန ညီညီလြင္အား ဒလန္ဟုစြပ္စြဲ၍ ပစၥတိုျဖင့္ (၆) ခ်က္ ပစ္ခတ္သတ္ျဖတ္ခဲ့ၿပီး ၎၏ဆိုင္ကယ္၊ လက္ကိုင္ဖုန္းႏွင့္ ေငြက်ပ္ (၂၈) သိန္းတို႔အား ယူေဆာင္ခဲ့ၾကေၾကာင္း၊ ျမစ္ငယ္ PDF အဖြဲ႕မွ ဝင္းထြန္း (ခ) မင္းသန္းေက်ာ္ႏွင့္ ငရဲ(ခ)ကုလားတို႔ (၂) ဦးသည္ ေအာက္တိုဘာလ (၂၂) ရက္တြင္ အမရပူရၿမိဳ႕နယ္၊ သရက္တန္းေက်း႐ြာရွိ Mytel ဖုန္းတာဝါတိုင္အား လက္လုပ္ဗုံးျဖင့္ ေဖာက္ခြဲ ဖ်က္ဆီးခဲ့ေၾကာင္းလည္း ေဖာ္ထုတ္ခ်က္အရသိရသည္။

ဖမ္းဆီးရမိသူမ်ားအား ဥပေဒႏွင့္အညီ ထိေရာက္စြာ အေရးယူႏိုင္ေရး ဆက္လက္ေဆာက္႐ြက္သြားမည္ ျဖစ္ေၾကာင္းႏွင့္ ဆက္စပ္တရားခံမ်ားအား အျမန္ဆုံး ေဖာ္ထုတ္သြားမည္ျဖစ္ေၾကာင္း စစ္ေကာင္စီ၏ ထုတ္ျပန္ခ်က္တြင္ ေရးသားထားသည္။

Related news

© 2021. All rights reserved.