ဆောက်လုပ်ရေးဒုဝန်ကြီး ဦးကျော်လင်း အပါအဝင် ပဲခူးတိုင်း လမ်းပန်းဆက်သွယ်ရေးဝန်ကြီးနှင့် ညွှန်ချုပ်(၃) ဦး တို့ကို အဂတိမှုဖြင့် တရားစွဲခံရ

 1062

NP News - ဒီဇင်ဘာ ၁
NLD လက်ထက် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်လင်းအပါအဝင် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးသန်းဝင်းနှင့် ညွှန်ကြားရေးမှူးချုပ် ဦးအောင်မြင့်ဦး၊ ဦးရဲမင်းဇော်၊ ဦးနေအောင်ရဲမြင့်တို့အား အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်လှစ်အရေးယူလိုက်ကြောင်း အဂတိတိုက်ဖျက်ရေးကော်မရှင်က ဒီဇင်ဘာလ ၁ ရက်တွင် ထုတ်ပြန်သည်။

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဟောင်း ဦးကျော်လင်း၏ ဆောင်ရွက်ချက်များအပေါ် အဂတိ လိုက်စားမှုတိုက်ဖျက်ရေးဥပဒေနှင့်အညီ လိုအပ်သလိုစုံစမ်းစစ်ဆေးအရေးယူနိုင်ရန် တိုင်ကြားခြင်းနှင့်စပ်လျဉ်း ၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က စုံစမ်းစစ်ဆေးရေးအဖွဲ့ဖွဲ့စည်းပြီး စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ စုံစမ်းစစ်ဆေးရေးအဖွဲ့၏တွေ့ရှိချက်အရ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဟောင်း ဦးကျော် လင်းသည် ၂ဝ၂ဝ ပြည့်နှစ်တွင် စစ်ကိုင်းတိုင်းဒေသကြီး မင်းကင်းမြို့နယ်မှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ရန် ဆောင်ရွက်နေ့သည့်အချိန်တွင် ဒေသခံပြည်သူ လူထု ထောက်ခံမှုရရှိစေရန် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ ပြင်ဆင်ထိန်းသိမ်းရေးရန်ပုံငွေဖြင့် ဆောင် ရွက်ရမည့် မုံရွာ - ယာကြီး - ကလေးဝလမ်း၊ မိုင် (၈၅/ဝ) မှ ကြာပင်ကျေးရွာသို့ ဆက်သွယ်ထားသော လမ်းအား ၂ဝ၁၉ - ၂ဝ၂ဝ ဘဏ္ဍာရေးနှစ်အတွင်းတွင် ငွေလုံးငွေရင်ရန်ပုံငွေ လျာထားသတ်မှတ်မှုမရှိဘဲ လမ်းဦးစီဌာန ပြင်ဆင်ထိန်းသိမ်းရေး ရန်ပုံငွေကျပ် (၃၆၈) သန်းဖြင့်လည်းကောင်း၊ ၂ဝ၂ဝ - ၂ဝ၂၁ ဘဏ္ဍရေး နှစ်အတွင်းတွင် မုံရွာ - ယာကြီး - ကလေးဝလမ်းကို ငွေလုံးငွေရင်းရန်ပုံငွေ လျာထားသတ်မှတ်မှုမရှိဘဲ လမ်းဦးစီးဌာန ပြင်ဆင် ထိန်းသိမ်းရေးရန်ပုံငွေကျပ် (၁၉၄.၄၃) သန်း ဖြင့်လည်းကောင်း ဆောင်ရွက်ခဲ့ရာတွင် ထိုစဉ်က လမ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်မြင့်ဦး (ယခုအမြဲတမ်းအတွင်းဝန်) က ပြည်ထောင်စု အထူးပြင်ဆင်ထိန်းသိမ်းရေး ရန်ပုံငွေမှ လျာထားခွင့်ပြု ချက်မရှိဘဲ မင်းကင်းမြို့နယ်တွင် ကျောက်အိုးတံတား တည်ဆောက်ခဲ့ရာ တံတားဦးစီး ဌာနညွှန်ကြားရေး မှူးချုပ် ဦးနေအောင်ရဲမြင့်က တံတားဦးစီးဌာန၏ ပြင်ဆင်ထိန်းသိမ်းရေးရန်ပုံငွေမှ ငွေကျပ်သိန်း (၁၂ဝဝ) ဖြင့် အသုံးပြုဆောင်ရွက်ပေးခဲ့ခြင်းတို့သည် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၏ အမိန့်ကြော်ငြာစာအမှတ် (၃၅/၂ဝ၁၇) ဖြင့် ထုတ်ပြန်ထားသည့် မြန်မာနိုင်ငံ၏ဘဏ္ဍာရေး စီမံခန့်ခွဲမှုဆိုင်ရာစည်းမျဉ်း အပိုဒ် (၄၆) နှင့် အပိုဒ် (၁၂၃) တို့ကို လိုက်နာမှုမရှိဘဲ ဆောင်ရွက်ခဲ့ခြင်းကြောင့် နိုင်ငံတော်ဘဏ္ဍာကို ထိခိုက် နစ်နာဆုံးရှုံးစေခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

ယင်းအပြင် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဟောင်း ဦးကျော်လင်းသည် ဆောက်လုပ်ရေးဝန်ကြီး ဌာန၊ ဒုတိယဝန်ကြီးတာဝန်ထမ်းဆောင်စဉ် (၂ဝ၂ဝ) ပြည့်နှစ်၊ ဇူလိုင်လအတွင်း အဆောက်အဦ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရဲမင်းဇော်ထံသို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ခရိုင်ရုံး ဆောက် လုပ်ရန်အတွက် အကြောင်းပြကာ အလှူငွေကျပ်သိန်း (၃ဝ) ထည့်ဝင်ရန် တောင်းခံခဲ့ကြောင်း၊ ဦးရဲမင်းဇော်က အဆောက်အဦ အထူးအဖွဲ့ (၁၆) ဖွဲ့ရှိလက်အောက် ဝန်ထမ်းများထံ အလှူခံခိုင်းခဲ့ပြီး ရရှိသည့်ငွေကျပ်သိန်း (၃ဝ) ကို ဒုတိယ ဝန်ကြီးဟောင်း ဦးကျော်လင်းထံသို့ ပေးအပ်စေခဲ့ခြင်းသည် ဦးကျော်လင်းအနေဖြင့် ရာထူးတာဝန်ကို အလွဲ သုံးစားပြု၍ တံစိုးလက်ဆောင်ကို လက်ခံရယူခဲ့ခြင်းဖြစ်ပြီး ညွှန်ကြာ းရေးမှူးချုပ်ဦးရဲမင်းဇော်အနေဖြင့် ဦးကျော်လင်းမှ တံစိုးလက်ဆောင်ရယူရာတွင် အားပေးကူညီခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဦးကျော်လင်းသည် ၂ဝ၂ဝ ပြည့်နှစ် ဇူလိုင်လအတွင်းက စစ်ကိုင်းတိုင်းဒေသကြီး၊ မင်းကင်းမြို့နယ်မှ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီကိုယ်စားပြု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ရန် ဆောက် ရွက်သည့်အချိန်တွင်လည်း မင်းကင်းမြို့နယ်သို့သွားရောက်သည့် ခရီးစဉ်များ၌ ဘုန်းတော်ကြီးကျောင်းများသို့ ဝင်ရောက်ဖူးမြှော်၍ အလှူငွေနှင့် ဆန်အိတ်များ ပေးအပ်လှူဒါန်းရာတွင် ၎င်း၏ ညွှန်ကြားချက်အရ ဆောက်လုပ် ရေးဝန်ကြီးဌာနဝန်ထမ်းများမှ စီစဉ်ပေးသည့် ဆန်အိတ် (၆၈) အိတ်ကို ထိုက်သင့်သည့် တန်ဖိုးငွေ ပေးချေခြင်း မရှိဘဲ လက်ခံခဲ့ခြင်းသည် ရာထူးတာဝန်ကို အလွဲသုံးစားပြု၍ အဂတိလိုက်စားမှု ကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း၊ ဦးကျော်လင်းသည် ၂ဝ၂ဝ ပြည့်နှစ်အတွင်း အမျိုးသားဒီမိုကရေးစီအဖွဲ့ချုပ်ပါတီအောင်နိုင်ရေးတွင် အသုံးပြုရန် အကြောင်းပြ၍ အလှူငွေများကို ၎င်းကိုယ်တိုင်နှင့် ၎င်း၏ကိုယ်ရေးအရာရှိဖြစ်သူမှတဆင့် ဆောက်လုပ်ရေး ဝန်ထမ်းများနှင့် ဆောက်လုပ်ရေးကုမ္ပဏီများထံမှ စုစုပေါင်းငွေကျပ် (၃၆၃) သိန်းကျော်ကို လက်ခံ၍ ရွေးကောက်ပွဲစည်းရုံးရေးအတွက် ပါတီအလံ၊ အင်္ကျီ၊ တီရှပ်၊ ဦးထုပ်နှင့် လက်ကမ်းစာစောင်များ ဝယ်ယူရာတွင် အသုံးပြုခဲ့ကြောင်း၊ ၂ဝ၂ဝ ပြည့်နှစ် ဇူလိုင်လနှင့် စက်တင်ဘာလအတွင်းတွင် ဆောက်လုပ်ရေးကုမ္ပဏီ (၂) ခု ထံမှ စုစုပေါင်းငွေကျပ်သိန်း (၆ဝဝ) ကို ၎င်း၏ ကိုယ်ရေးအရာရှိမှတစ်ဆင့် လက်ခံရယူခဲ့ခြင်းတို့သည် ရာထူးတာဝန်ကို အလွဲသုံးစားပြု၍ တံစိုး လက်ဆောင်ကို လက်ခံရယူခဲ့ကြောင်း သိရသည်။

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စက်မှု၊ လျှပ်စစ်နှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဟောင်း ဦးသန်းဝင်းသည် ၂ဝ၂ဝ - ၂ဝ၂၁ ဘဏ္ဍာနှစ်တွင် ပဲခူးမြို့ရှောင်လမ်း ပြုပြင်တည်ဆောက်ခြင်း တင်ဒါ Lot.3 နှင့် စပ်လျဉ်း၍ တင်ဒါ လက်ခံရေးနှင့် စိစစ်ရေးကော်မတီမှ ရွေးချယ်ထားသည့် အဆိုပြုငွေကျပ် (၁၄၈၁) သန်းကျော်ဖြင့် ကုမ္ပဏီအား ရွေးချယ်ခြင်းမပြုဘဲ ငွေကျပ် (၁၅၁၃) သန်းကျော်ဖြင့် ဒုဝန်ကြီးဟောင်း ဦးကျော်လင်းနှင့် ဆက်စပ်နေသည့် ကုမ္ပဏီတစ်ခုအား ရွေးချယ်ပေးခဲ့သည့်အတွက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ငွေလုံးငွေရင်း ရန်ပုံငွေမှ ငွေကျပ် (၃၂) သန်းခန့် ပိုမိုကုန်ကျခဲ့ခြင်းသည် နိုင်ငံတော်သမ္မတရုံး၏ ညွှန်ကြား ချက်အမှတ် ၁/၂ဝ၁၇ နှင့်အညီ လိုက်နာ ဆောင်ရွက်မှုမရှိဘဲ ဆောင်ရွက်ခဲ့ခြင်းကြောင့် နိုင်ငံတော်၏ဘဏ္ဍ
ကို ထိခိုက်နစ်နာဆုံးရှုံးစေခဲ့ကြောင်း သိရသည်။

အဆိုပါစစ်ဆေးပေါ်ပေါက်ချက်များကြောင့် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဟောင်း ဦးကျော်လင်း နှင့် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စက်မှု၊ လျှပ်စစ်နှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးဟောင်း ဦးသန်းဝင်းတို့ အပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ (၅၅) အရလည်းကောင်း၊ ညွှန်ကြားရေးမှူးချုပ် တာဝန်ထမ်း ဆောင်ခဲ့သည့် ဦးအောင်မြင့်ဦး၊ ညွှန်ကြားရေးမှူးချုပ် ဦးရဲမင်းဇော်နှင့် ညွှန်ကြားရေးမှူးချုပ် ဦးနေအောင်ရဲမြင့်တို့ အပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ (၅၅/၆၃) အရလည်းကောင်း သက်ဆိုင်ရာရဲစခန်း အသီးသီးတွင် ဒီဇင်ဘာလ (၁) ရက်တွင် ပထမသတင်းပေး တိုင်ကြားချက်ဖွင့်လှစ်၍ တရားစွဲဆိုအရေးယူနိုင်ရေး ဆောက်ရွက်လျက်ရှိကြောင်း အဂတိတိုက်ဖျက်ရေးကော်မရှင်ထံမှ သိရသည်။

Zawgyi Version;
ေဆာက္လုပ္ေရးဒုဝန္ႀကီး ဦးေက်ာ္လင္း အပါအဝင္ ပဲခူးတိုင္း လမ္းပန္းဆက္သြယ္ေရးဝန္ႀကီးႏွင့္ ၫႊန္ခ်ဳပ္(၃) ဦး တို႔ကို အဂတိမႈျဖင့္ တရားစြဲခံရ
NP News - ဒီဇင္ဘာ ၁
NLD လက္ထက္ ေဆာက္လုပ္ေရးဝန္ႀကီးဌာန၊ ဒုတိယဝန္ႀကီး ဦးေက်ာ္လင္းအပါအဝင္ ပဲခူးတိုင္းေဒသႀကီး အစိုးရအဖြဲ႕၊ လမ္းပန္းဆက္သြယ္ေရးဝန္ႀကီး ဦးသန္းဝင္းႏွင့္ ၫႊန္ၾကားေရးမႉးခ်ဳပ္ ဦးေအာင္ျမင့္ဦး၊ ဦးရဲမင္းေဇာ္၊ ဦးေနေအာင္ရဲျမင့္တို႔အား အဂတိလိုက္စားမႈ တိုက္ဖ်က္ေရးဥပေဒျဖင့္ အမႈဖြင့္လွစ္အေရးယူလိုက္ေၾကာင္း အဂတိတိုက္ဖ်က္ေရးေကာ္မရွင္က ဒီဇင္ဘာလ ၁ ရက္တြင္ ထုတ္ျပန္သည္။

ေဆာက္လုပ္ေရးဝန္ႀကီးဌာန၊ ဒုတိယဝန္ႀကီးေဟာင္း ဦးေက်ာ္လင္း၏ ေဆာင္႐ြက္ခ်က္မ်ားအေပၚ အဂတိ လိုက္စားမႈတိုက္ဖ်က္ေရးဥပေဒႏွင့္အညီ လိုအပ္သလိုစုံစမ္းစစ္ေဆးအေရးယူႏိုင္ရန္ တိုင္ၾကားျခင္းႏွင့္စပ္လ်ဥ္း ၍ အဂတိလိုက္စားမႈတိုက္ဖ်က္ေရးေကာ္မရွင္က စုံစမ္းစစ္ေဆးေရးအဖြဲ႕ဖြဲ႕စည္းၿပီး စစ္ေဆးခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
အဆိုပါ စုံစမ္းစစ္ေဆးေရးအဖြဲ႕၏ေတြ႕ရွိခ်က္အရ ေဆာက္လုပ္ေရးဝန္ႀကီးဌာန၊ ဒုတိယဝန္ႀကီးေဟာင္း ဦးေက်ာ္ လင္းသည္ ၂ဝ၂ဝ ျပည့္ႏွစ္တြင္ စစ္ကိုင္းတိုင္းေဒသႀကီး မင္းကင္းၿမိဳ႕နယ္မွ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ပါတီ၊ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္အျဖစ္ ဝင္ေရာက္ယွဥ္ၿပိဳင္ရန္ ေဆာင္႐ြက္ေန႔သည့္အခ်ိန္တြင္ ေဒသခံျပည္သူ လူထု ေထာက္ခံမႈရရွိေစရန္ ေက်းလက္လမ္းဖြံ႕ၿဖိဳးေရးဦးစီးဌာန၏ ျပင္ဆင္ထိန္းသိမ္းေရးရန္ပုံေငြျဖင့္ ေဆာင္ ႐ြက္ရမည့္ မုံ႐ြာ - ယာႀကီး - ကေလးဝလမ္း၊ မိုင္ (၈၅/ဝ) မွ ၾကာပင္ေက်း႐ြာသို႔ ဆက္သြယ္ထားေသာ လမ္းအား ၂ဝ၁၉ - ၂ဝ၂ဝ ဘ႑ာေရးႏွစ္အတြင္းတြင္ ေငြလုံးေငြရင္ရန္ပုံေငြ လ်ာထားသတ္မွတ္မႈမရွိဘဲ လမ္းဦးစီဌာန ျပင္ဆင္ထိန္းသိမ္းေရး ရန္ပုံေငြက်ပ္ (၃၆၈) သန္းျဖင့္လည္းေကာင္း၊ ၂ဝ၂ဝ - ၂ဝ၂၁ ဘ႑ေရး ႏွစ္အတြင္းတြင္ မုံ႐ြာ - ယာႀကီး - ကေလးဝလမ္းကို ေငြလုံးေငြရင္းရန္ပုံေငြ လ်ာထားသတ္မွတ္မႈမရွိဘဲ လမ္းဦးစီးဌာန ျပင္ဆင္ ထိန္းသိမ္းေရးရန္ပုံေငြက်ပ္ (၁၉၄.၄၃) သန္း ျဖင့္လည္းေကာင္း ေဆာင္႐ြက္ခဲ့ရာတြင္ ထိုစဥ္က လမ္းဦးစီးဌာန ၫႊန္ၾကားေရးမႉးခ်ဳပ္ ဦးေအာင္ျမင့္ဦး (ယခုအၿမဲတမ္းအတြင္းဝန္) က ျပည္ေထာင္စု အထူးျပင္ဆင္ထိန္းသိမ္းေရး ရန္ပုံေငြမွ လ်ာထားခြင့္ျပဳ ခ်က္မရွိဘဲ မင္းကင္းၿမိဳ႕နယ္တြင္ ေက်ာက္အိုးတံတား တည္ေဆာက္ခဲ့ရာ တံတားဦးစီး ဌာနၫႊန္ၾကားေရး မႉးခ်ဳပ္ ဦးေနေအာင္ရဲျမင့္က တံတားဦးစီးဌာန၏ ျပင္ဆင္ထိန္းသိမ္းေရးရန္ပုံေငြမွ ေငြက်ပ္သိန္း (၁၂ဝဝ) ျဖင့္ အသုံးျပဳေဆာင္႐ြက္ေပးခဲ့ျခင္းတို႔သည္ စီမံကိန္းႏွင့္ ဘ႑ာေရးဝန္ႀကီးဌာန၏ အမိန႔္ေၾကာ္ျငာစာအမွတ္ (၃၅/၂ဝ၁၇) ျဖင့္ ထုတ္ျပန္ထားသည့္ ျမန္မာႏိုင္ငံ၏ဘ႑ာေရး စီမံခန႔္ခြဲမႈဆိုင္ရာစည္းမ်ဥ္း အပိုဒ္ (၄၆) ႏွင့္ အပိုဒ္ (၁၂၃) တို႔ကို လိုက္နာမႈမရွိဘဲ ေဆာင္႐ြက္ခဲ့ျခင္းေၾကာင့္ ႏိုင္ငံေတာ္ဘ႑ာကို ထိခိုက္ နစ္နာဆုံးရႈံးေစခဲ့ေၾကာင္း ထုတ္ျပန္ခ်က္အရ သိရသည္။

ယင္းအျပင္ ေဆာက္လုပ္ေရးဝန္ႀကီးဌာန၊ ဒုတိယဝန္ႀကီးေဟာင္း ဦးေက်ာ္လင္းသည္ ေဆာက္လုပ္ေရးဝန္ႀကီး ဌာန၊ ဒုတိယဝန္ႀကီးတာဝန္ထမ္းေဆာင္စဥ္ (၂ဝ၂ဝ) ျပည့္ႏွစ္၊ ဇူလိုင္လအတြင္း အေဆာက္အဦ ဦးစီးဌာန ၫႊန္ၾကားေရးမႉးခ်ဳပ္ ဦးရဲမင္းေဇာ္ထံသို႔ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ပါတီ ခ႐ိုင္႐ုံး ေဆာက္ လုပ္ရန္အတြက္ အေၾကာင္းျပကာ အလႉေငြက်ပ္သိန္း (၃ဝ) ထည့္ဝင္ရန္ ေတာင္းခံခဲ့ေၾကာင္း၊ ဦးရဲမင္းေဇာ္က အေဆာက္အဦ အထူးအဖြဲ႕ (၁၆) ဖြဲ႕ရွိလက္ေအာက္ ဝန္ထမ္းမ်ားထံ အလႉခံခိုင္းခဲ့ၿပီး ရရွိသည့္ေငြက်ပ္သိန္း (၃ဝ) ကို ဒုတိယ ဝန္ႀကီးေဟာင္း ဦးေက်ာ္လင္းထံသို႔ ေပးအပ္ေစခဲ့ျခင္းသည္ ဦးေက်ာ္လင္းအေနျဖင့္ ရာထူးတာဝန္ကို အလြဲ သုံးစားျပဳ၍ တံစိုးလက္ေဆာင္ကို လက္ခံရယူခဲ့ျခင္းျဖစ္ၿပီး ၫႊန္ၾကာ းေရးမႉးခ်ဳပ္ဦးရဲမင္းေဇာ္အေနျဖင့္ ဦးေက်ာ္လင္းမွ တံစိုးလက္ေဆာင္ရယူရာတြင္ အားေပးကူညီခဲ့ျခင္းျဖစ္ေၾကာင္း ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။

ဦးေက်ာ္လင္းသည္ ၂ဝ၂ဝ ျပည့္ႏွစ္ ဇူလိုင္လအတြင္းက စစ္ကိုင္းတိုင္းေဒသႀကီး၊ မင္းကင္းၿမိဳ႕နယ္မွ အမ်ိဳးသား ဒီမိုကေရစီအဖြဲ႕ခ်ဳပ္ပါတီကိုယ္စားျပဳ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္အျဖစ္ ဝင္ေရာက္ယွဥ္ၿပိဳင္ရန္ ေဆာက္ ႐ြက္သည့္အခ်ိန္တြင္လည္း မင္းကင္းၿမိဳ႕နယ္သို႔သြားေရာက္သည့္ ခရီးစဥ္မ်ား၌ ဘုန္းေတာ္ႀကီးေက်ာင္းမ်ားသို႔ ဝင္ေရာက္ဖူးေျမႇာ္၍ အလႉေငြႏွင့္ ဆန္အိတ္မ်ား ေပးအပ္လႉဒါန္းရာတြင္ ၎၏ ၫႊန္ၾကားခ်က္အရ ေဆာက္လုပ္ ေရးဝန္ႀကီးဌာနဝန္ထမ္းမ်ားမွ စီစဥ္ေပးသည့္ ဆန္အိတ္ (၆၈) အိတ္ကို ထိုက္သင့္သည့္ တန္ဖိုးေငြ ေပးေခ်ျခင္း မရွိဘဲ လက္ခံခဲ့ျခင္းသည္ ရာထူးတာဝန္ကို အလြဲသုံးစားျပဳ၍ အဂတိလိုက္စားမႈ က်ဴးလြန္ခဲ့ျခင္းျဖစ္ေၾကာင္း၊ ဦးေက်ာ္လင္းသည္ ၂ဝ၂ဝ ျပည့္ႏွစ္အတြင္း အမ်ိဳးသားဒီမိုကေရးစီအဖြဲ႕ခ်ဳပ္ပါတီေအာင္ႏိုင္ေရးတြင္ အသုံးျပဳရန္ အေၾကာင္းျပ၍ အလႉေငြမ်ားကို ၎ကိုယ္တိုင္ႏွင့္ ၎၏ကိုယ္ေရးအရာရွိျဖစ္သူမွတဆင့္ ေဆာက္လုပ္ေရး ဝန္ထမ္းမ်ားႏွင့္ ေဆာက္လုပ္ေရးကုမၸဏီမ်ားထံမွ စုစုေပါင္းေငြက်ပ္ (၃၆၃) သိန္းေက်ာ္ကို လက္ခံ၍ ေ႐ြးေကာက္ပြဲစည္း႐ုံးေရးအတြက္ ပါတီအလံ၊ အက်ႌ၊ တီရွပ္၊ ဦးထုပ္ႏွင့္ လက္ကမ္းစာေစာင္မ်ား ဝယ္ယူရာတြင္ အသုံးျပဳခဲ့ေၾကာင္း၊ ၂ဝ၂ဝ ျပည့္ႏွစ္ ဇူလိုင္လႏွင့္ စက္တင္ဘာလအတြင္းတြင္ ေဆာက္လုပ္ေရးကုမၸဏီ (၂) ခု ထံမွ စုစုေပါင္းေငြက်ပ္သိန္း (၆ဝဝ) ကို ၎၏ ကိုယ္ေရးအရာရွိမွတစ္ဆင့္ လက္ခံရယူခဲ့ျခင္းတို႔သည္ ရာထူးတာဝန္ကို အလြဲသုံးစားျပဳ၍ တံစိုး လက္ေဆာင္ကို လက္ခံရယူခဲ့ေၾကာင္း သိရသည္။

ပဲခူးတိုင္းေဒသႀကီးအစိုးရအဖြဲ႕၊ စက္မႈ၊ လွ်ပ္စစ္ႏွင့္ လမ္းပန္းဆက္သြယ္ေရးဝန္ႀကီးေဟာင္း ဦးသန္းဝင္းသည္ ၂ဝ၂ဝ - ၂ဝ၂၁ ဘ႑ာႏွစ္တြင္ ပဲခူးၿမိဳ႕ေရွာင္လမ္း ျပဳျပင္တည္ေဆာက္ျခင္း တင္ဒါ Lot.3 ႏွင့္ စပ္လ်ဥ္း၍ တင္ဒါ လက္ခံေရးႏွင့္ စိစစ္ေရးေကာ္မတီမွ ေ႐ြးခ်ယ္ထားသည့္ အဆိုျပဳေငြက်ပ္ (၁၄၈၁) သန္းေက်ာ္ျဖင့္ ကုမၸဏီအား ေ႐ြးခ်ယ္ျခင္းမျပဳဘဲ ေငြက်ပ္ (၁၅၁၃) သန္းေက်ာ္ျဖင့္ ဒုဝန္ႀကီးေဟာင္း ဦးေက်ာ္လင္းႏွင့္ ဆက္စပ္ေနသည့္ ကုမၸဏီတစ္ခုအား ေ႐ြးခ်ယ္ေပးခဲ့သည့္အတြက္ ပဲခူးတိုင္းေဒသႀကီးအစိုးရအဖြဲ႕ေငြလုံးေငြရင္း ရန္ပုံေငြမွ ေငြက်ပ္ (၃၂) သန္းခန႔္ ပိုမိုကုန္က်ခဲ့ျခင္းသည္ ႏိုင္ငံေတာ္သမၼတ႐ုံး၏ ၫႊန္ၾကား ခ်က္အမွတ္ ၁/၂ဝ၁၇ ႏွင့္အညီ လိုက္နာ ေဆာင္႐ြက္မႈမရွိဘဲ ေဆာင္႐ြက္ခဲ့ျခင္းေၾကာင့္ ႏိုင္ငံေတာ္၏ဘ႑
ကို ထိခိုက္နစ္နာဆုံးရႈံးေစခဲ့ေၾကာင္း သိရသည္။

အဆိုပါစစ္ေဆးေပၚေပါက္ခ်က္မ်ားေၾကာင့္ ေဆာက္လုပ္ေရးဝန္ႀကီးဌာန၊ ဒုတိယဝန္ႀကီးေဟာင္း ဦးေက်ာ္လင္း ႏွင့္ ပဲခူးတိုင္းေဒသႀကီးအစိုးရအဖြဲ႕၊ စက္မႈ၊ လွ်ပ္စစ္ႏွင့္ လမ္းပန္းဆက္သြယ္ေရး ဝန္ႀကီးေဟာင္း ဦးသန္းဝင္းတို႔ အေပၚ အဂတိလိုက္စားမႈတိုက္ဖ်က္ေရးဥပေဒပုဒ္မ (၅၅) အရလည္းေကာင္း၊ ၫႊန္ၾကားေရးမႉးခ်ဳပ္ တာဝန္ထမ္း ေဆာင္ခဲ့သည့္ ဦးေအာင္ျမင့္ဦး၊ ၫႊန္ၾကားေရးမႉးခ်ဳပ္ ဦးရဲမင္းေဇာ္ႏွင့္ ၫႊန္ၾကားေရးမႉးခ်ဳပ္ ဦးေနေအာင္ရဲျမင့္တို႔ အေပၚ အဂတိလိုက္စားမႈတိုက္ဖ်က္ေရး ဥပေဒပုဒ္မ (၅၅/၆၃) အရလည္းေကာင္း သက္ဆိုင္ရာရဲစခန္း အသီးသီးတြင္ ဒီဇင္ဘာလ (၁) ရက္တြင္ ပထမသတင္းေပး တိုင္ၾကားခ်က္ဖြင့္လွစ္၍ တရားစြဲဆိုအေရးယူႏိုင္ေရး ေဆာက္႐ြက္လ်က္ရွိေၾကာင္း အဂတိတိုက္ဖ်က္ေရးေကာ္မရွင္ထံမွ သိရသည္။

Related news

© 2021. All rights reserved.