ပိတ်ဆို့အရေးယူမှုတွေနဲ့ပတ်သက်ပြီး မှန်ကန်တဲ့ရွေးချယ်မှုကိုလုပ်ဆောင်ဖို့ ဥရောပအင်အားကြီးနိုင်ငံတွေကို အီရန်တိုက်တွန်း

 127

Pika(NP News)
အီရန်နိုင်ငံဟာ ပိတ်ဆို့အရေးယူမှုအသစ်တွေကို ရပ်တန့်ဖို့ကြိုးပမ်းမှုတစ်စိတ်တစ်ပိုင်းအနေနဲ့ ဥရောပအင်အားကြီးနိုင်ငံတွေနဲ့အတူ တွေ့ဆုံဆွေးနွေးမှုတွေကို လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။ဗြိတိန်၊ပြင်သစ်၊ဂျာမနီနိုင်ငံတို့နဲ့အတူ ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့မှာ ကျင်းပခဲ့တဲ့ တွေ့ဆုံဆွေးနွေးပွဲကို အီရန်လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Kazem Gharibabadi တက်ရောက်ခဲ့တယ်လို့လည်း သိရပါတယ်။ Kazem Gharibabadiက”ဒီအချိန်ဟာ ဗြိတိန်၊ပြင်သစ်နဲ့ဂျာမနီနိုင်ငံတို့အတွက် မှန်ကန်တဲ့ရွေးချယ်မှု၊ သံတမန်ရေးအချိန်တွေနဲ့ နေရာတွေကို လုပ်ဆောင်ဖို့ အချိန်ပဲဖြစ်ပါတယ်။လာမယ့်ရက်တွေမှာလည်း ဆက်သွယ်မှုတွေဆက်လက်ရှိနေဖို့ ကျွန်တော်တို့ဆုံးဖြတ်ခဲ့ပါတယ်။”လို့ ပြောဆိုခဲ့ပါတယ်။ဒါ့ပြင် အီရန်နိုင်ငံရဲ့ အာရုံစိုက်မှုဟာ နိုင်ငံအတွက် အကုန်အကျများစေမယ့် လုပ်ရပ်တွေ ဒါမှမဟုတ် ဖြစ်ရပ်တွေကို တားဆီးဖို့ပဲဖြစ်တယ်လို့ Kazem Gharibabadiက အစောပိုင်းမှာ ထုတ်ပြန်ပြောကြားခဲ့ပါတယ်။ပြီးတော့ ဗြိတိန်၊ပြင်သစ်၊ဂျာမနီနိုင်ငံတို့ရဲ့ ပိတ်ဆို့အရေးယူမှုဆိုင်ရာ ခြိမ်းခြောက်မှုတွေနဲ့ပတ်သက်ပြီး ဆွေးနွေးမှုတွေကို အစွမ်းကုန်လုပ်ဆောင်နေတယ်လို့လည်း Kazem Gharibabadiက ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ Kazem Gharibabadiဟာ ဗြိတိန်၊ပြင်သစ်၊ဂျာမနီနိုင်ငံတို့နဲ့ ထပ်မံလုပ်ဆောင်မယ့် ဒုတိယအကြိမ်မြောက် ဆွေးနွေးပွဲမတိုင်ခင် ယခုလိုထုတ်ဖော်ပြောဆိုခဲ့တာလည်းဖြစ်ပါတယ်။

Zawgyi Version:
ပိတ္ဆို႔အေရးယူမႈေတြနဲ႔ပတ္သက္ၿပီး မွန္ကန္တဲ့ေ႐ြးခ်ယ္မႈကိုလုပ္ေဆာင္ဖို႔ ဥေရာပအင္အားႀကီးႏိုင္ငံေတြကို အီရန္တိုက္တြန္း
Pika(NP News)
အီရန္ႏိုင္ငံဟာ ပိတ္ဆို႔အေရးယူမႈအသစ္ေတြကို ရပ္တန႔္ဖို႔ႀကိဳးပမ္းမႈတစ္စိတ္တစ္ပိုင္းအေနနဲ႔ ဥေရာပအင္အားႀကီးႏိုင္ငံေတြနဲ႔အတူ ေတြ႕ဆုံေဆြးေႏြးမႈေတြကို လုပ္ေဆာင္ခဲ့တယ္လို႔ သိရပါတယ္။ၿဗိတိန္၊ျပင္သစ္၊ဂ်ာမနီႏိုင္ငံတို႔နဲ႔အတူ ဆြစ္ဇာလန္ႏိုင္ငံ ဂ်ီနီဗာၿမိဳ႕မွာ က်င္းပခဲ့တဲ့ ေတြ႕ဆုံေဆြးေႏြးပြဲကို အီရန္လက္ေထာက္ႏိုင္ငံျခားေရးဝန္ႀကီး Kazem Gharibabadi တက္ေရာက္ခဲ့တယ္လို႔လည္း သိရပါတယ္။ Kazem Gharibabadiက”ဒီအခ်ိန္ဟာ ၿဗိတိန္၊ျပင္သစ္နဲ႔ဂ်ာမနီႏိုင္ငံတို႔အတြက္ မွန္ကန္တဲ့ေ႐ြးခ်ယ္မႈ၊ သံတမန္ေရးအခ်ိန္ေတြနဲ႔ ေနရာေတြကို လုပ္ေဆာင္ဖို႔ အခ်ိန္ပဲျဖစ္ပါတယ္။လာမယ့္ရက္ေတြမွာလည္း ဆက္သြယ္မႈေတြဆက္လက္ရွိေနဖို႔ ကြၽန္ေတာ္တို႔ဆုံးျဖတ္ခဲ့ပါတယ္။”လို႔ ေျပာဆိုခဲ့ပါတယ္။ဒါ့ျပင္ အီရန္ႏိုင္ငံရဲ႕ အာ႐ုံစိုက္မႈဟာ ႏိုင္ငံအတြက္ အကုန္အက်မ်ားေစမယ့္ လုပ္ရပ္ေတြ ဒါမွမဟုတ္ ျဖစ္ရပ္ေတြကို တားဆီးဖို႔ပဲျဖစ္တယ္လို႔ Kazem Gharibabadiက အေစာပိုင္းမွာ ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။ၿပီးေတာ့ ၿဗိတိန္၊ျပင္သစ္၊ဂ်ာမနီႏိုင္ငံတို႔ရဲ႕ ပိတ္ဆို႔အေရးယူမႈဆိုင္ရာ ၿခိမ္းေျခာက္မႈေတြနဲ႔ပတ္သက္ၿပီး ေဆြးေႏြးမႈေတြကို အစြမ္းကုန္လုပ္ေဆာင္ေနတယ္လို႔လည္း Kazem Gharibabadiက ထုတ္ေဖာ္ေျပာဆိုခဲ့ပါတယ္။ Kazem Gharibabadiဟာ ၿဗိတိန္၊ျပင္သစ္၊ဂ်ာမနီႏိုင္ငံတို႔နဲ႔ ထပ္မံလုပ္ေဆာင္မယ့္ ဒုတိယအႀကိမ္ေျမာက္ ေဆြးေႏြးပြဲမတိုင္ခင္ ယခုလိုထုတ္ေဖာ္ေျပာဆိုခဲ့တာလည္းျဖစ္ပါတယ္။

Related news

© 2021. All rights reserved.