မုံရွာမြို့အတွင်း လုပ်ကြံသတ်ဖြတ်မှုများနှင့် ဖောက်ခွဲရေးလုပ်ငန်းများဆောင်ရွက်ခဲ့သည့် MHG အဖွဲ့ဝင်(၅)ဦး ထပ်မံဖမ်းဆီးရမိဟုဆို

 1380

NP News - ဒီဇင်ဘာ ၉
မုံရွာမြို့နယ်အတွင်း လုပ်ကြံသတ်ဖြတ်မှု(၆)ကြိမ်နှင့် ဖောက်ခွဲဖျက်စီးရေးလုပ်ငန်း(၄)ကြိမ်လုပ်ဆောင်ခဲ့သည့် MHG အဖွဲ့ဝင်(၅)ဦးကိုထပ်မံဖမ်းဆီးရမိခဲ့ကြောင်း စစ်ကောင်စီ၏ဒီဇင်ဘာလ(၈)ရက်ညပိုင်းထုတ်ပြန်ချက်အရသိရသည်။ အဆိုပါအဖွဲ့မှအဖွဲ့ဝင်သုံးဦးဖြစ်သည့် သီဟ (ခ) သီဟအောင်၊ အိတုံ နှင့် သက်နိုင်းကိုကိုတို့ကို ၎င်းတို့အသုံးပြုခဲ့သည့် လက်နက်ပစ္စည်းများနှင့်အတူဖမ်းဆီးရမိခဲ့ကြောင်း စစ်ကောင်စီဘက်မှ သတင်းထုတ်ပြန်ခဲ့ပြီးဖြစ်သည်။

အဆိုပါ ဖမ်းဆီးရမိခဲ့သည့် အဖွဲ့ဝင်(၃)ဦး၏ ထွက်ဆိုချက်အရ ဒီဇင်ဘာ လ (၃)ရက်တွင် မုံရွာမြို့၊ နန္ဒဝန်ရပ်ကွက်၊ Perfect-2 စားသောက်ဆိုင်၌ မုံရွာမြို့၊ ရတနာပုံရပ်ကွက်နေ ထူးသန့်လွင်(ခ)မိုးကြိုး(၁၉)နှစ်၊ အက်တောရွာပြင်ရပ်ကွက်နေ အောင်ဇေယျ(၁၉)နှစ်နှင့် နန္ဒဝန်ရပ်ကွက်နေ ထိုက်ဇော်အောင်(၁၈)နှစ်တို့ (၃)ဦးအားဖမ်းဆီးရမိခဲ့ပြီး ၎င်းတို့၏ထွက်ဆိုချက်အရ ၎င်းတို့တိမ်းရှောင်တည်းခိုနေထိုင်ခဲ့သည့် မုံရွာမြို့၊ နန္ဒဝန်ရပ်ကွက်ရှိ HONEY တည်းခိုခန်းအား သွားရောက်ရှာဖွေခဲ့ရာတွင် တည်း ခိုခန်းပိုင်ရှင် ပွတ်စပါးဒေဝီ (၅၈)နှစ်နှင့် မန်နေဂျာအောင်ကျော်မြင့်(၂၇) နှစ်တို့ (၂)ဦးအား ထပ်မံဖမ်းဆီးရမိခဲ့ခြင်းဖြစ်ပြီး စုစုပေါင်း(၈)ဦးကိုဖမ်း ဆီးရမိခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။ အဆိုပါ ဖမ်းဆီးရမိခဲ့သည့် MHG အဖွဲ့ဝင်(၈)ဦးသည် မုံရွာမြို့အတွင်းပြည်သူများ အား ဒလန်ဟုစွပ်စွဲ၍လုပ်ကြံသတ်ဖြတ်ခြင်းအနေဖြင့်(၆)ကြိမ်အထိလုပ် ဆောင်ခဲ့ကြောင်း၊ ဖောက်ခွဲရေးလုပ်ငန်များအနေဖြင့် (၄)ကြိမ်လုပ် ဆောင်ခဲ့ကြောင်း ထုတ်ပြန်ချက်အရသိရသည်။

ထို့ပြင် ဖမ်းဆီးရမိခဲ့သည့် အဖွဲ့ဝင်များထဲမှသက်နိုင်ကိုကိုသည် မုံရွာမြို့ နယ်၊ သာစည် ရွာအနီးတွင်လည်းကောင်း၊ အိတုံသည် ဖားကန့်မြို့နယ်၊ မော်ကုဋေကျေးရွာအနီးရှိ KIA သင်တန်းကျောင်းတွင်လည်းကောင်း၊ ဖောက်ခွဲဖျက်ဆီးရေးသင်တန်းအား တက်ရောက်ခဲ့ကြောင်းနှင့် လုပ်ကြံသတ်ဖြတ်မှုနှင့် ဖောက်ခွဲရေးတွင် အသုံးပြုသည့်လက်နက်ပစ္စည်းများအား သီဟ(ခ)သီဟအောင် ၏ ချိတ်ဆက် ပေးမှုဖြင့် မြဝတီမြို့နေ ဖမ်း ဆီးရန်ကျန် မောင်ကျော်အပါအဝင် (စိစစ်ဆဲ)ကျား (၄) ဦးမှ အောက် တိုဘာလ (၂ဝ) ရက်တွင် တရားခံအောင်ဇေယျ၏နေအိမ်၌ ထူးသန့်လွင်၊ ထိုက်ဇော်အောင် နှင့် ဖမ်းဆီးရန်ကျန် မြင့်မောင်မောင်တို့အား Glock ပစ္စတို (၂)လက်၊ Bretta ပစ္စတို (၁)လက်တို့အား လာရောက်ပို့ ဆောင်ပေးခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။ လုပ် ကြံသတ်ဖြတ်မှုနှင့် ဖောက်ခွဲရေးလုပ်ငန်းများလုပ်ဆောင်ရန်အတွက်ဖမ်း ဆီးရန်ကျန်ရှိသည့် မုံရွာ PDF အဖွဲ့မှကောင်းဆုသာ၊ သိန်းနိုင်ဝင်း(ခ)ဘိုသိန်း၊ မြင့်မောင်မောင်၊ အောင်ဖြိုးဝေ(ခ)ဆရာကျောင်းတို့၏စေခိုင်းမှုဖြင့် လုပ်ဆောင်ခဲ့ကြခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်အရသိရသည်။

zawgyi version
NP News - ဒီဇင်ဘာ ၉



Related news

© 2021. All rights reserved.