အီရန်မှာ နျူကလီးယားလက်နက်တွေ ထုတ်လုပ်ဖို့ရည်ရွယ်ချက်မရှိဘူးလို့ အီရန်သမ္မတပြော

468

Pika (NP News) - ဇွန် ၁၇
အီရန်နိုင်ငံဟာ နျူကလီးယားလက်နက်တွေထုတ်လုပ်ဖို့ ရည်ရွယ်ချက်မရှိပေမယ့်လည်း ၎င်းရဲ့နျူကလီးယားစွမ်းအင်နဲ့ သုတေသနလုပ်ပိုင်ခွင့်ကို ဆက်လက်လုပ်ဆောင်သွားမှာဖြစ်တယ်လို့ အီရန်သမ္မတ Masoud Pezeshkian က ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
Masoud Pezeshkian ဟာ အီရန်ထိပ်တန်းခေါင်းဆောင်အလီခါမေနီရဲ့ နျူကလီးယားလက်နက်ဆိုင်ရာပြောဆိုချက်တွေကို ကိုးကားပြီး ယခုလိုထပ်လောင်းပြောကြားခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။ Masoud Pezeshkian က"ကျွန်တော်တို့မှာ နျူကလီးယားလက်နက်တွေထုတ်လုပ်ဖို့ ရည်ရွယ်ချက်မရှိပါဘူး။ကျွန်တော်တို့က စစ်ပွဲကို မရှာသလို အစပျိုးခဲ့တာလည်းမဟုတ်ပါဘူး"လို့ပြောဆိုခဲ့ပါတယ်။
အစ္စရေးနဲ့ အီရန်ကြား အပြန်အလှန်ပစ်ခတ်တိုက်ခိုက်မှုတွေ မြင့်တက်နေချိန်မှာပဲ Masoud Pezeshkian ရဲ့ ပြောဆိုချက်တွေထွက်ပေါ်လာတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ဇွန်လ(၁၃)ရက်နေ့မှာ အစ္စရေးက အီရန်ကို တိုက်လေယာဉ်အစင်းရေ(၂၀၀)နဲ့ လေကြောင်းတိုက်ခိုက်မှုတွေလုပ်ဆောင်ခဲ့ပြီးနောက် နှစ်နိုင်ငံကြားတင်းမာမှုတွေမြင့်တက်လာခဲ့တာလည်းဖြစ်ပါတယ်။ ဒါ့ပြင် အစ္စရေးရဲ့လေကြောင်းတိုက်ခိုက်မှုတွေနဲ့ပတ်သက်ပြီး ပြင်းထန်တဲ့လက်တုံ့ပြန်မှုတွေကို လုပ်ဆောင်သွားမယ်လို့ အီရန်ထိပ်တန်းခေါင်းဆောင်အလီခါမေနီက ကတိပြုပြောဆိုခဲ့ပါတယ်။
zawgyi version
အီရန္မွာ န်ဴကလီးယားလက္နက္ေတြ ထုတ္လုပ္ဖို႔ရည္႐ြယ္ခ်က္မရွိဘူးလို႔ အီရန္သမၼတေျပာ
Pika (NP News) - ဇြန္ ၁၇
အီရန္ႏိုင္ငံဟာ န်ဴကလီးယားလက္နက္ေတြထုတ္လုပ္ဖို႔ ရည္႐ြယ္ခ်က္မရွိေပမယ့္လည္း ၎ရဲ႕န်ဴကလီးယားစြမ္းအင္နဲ႔ သုေတသနလုပ္ပိုင္ခြင့္ကို ဆက္လက္လုပ္ေဆာင္သြားမွာျဖစ္တယ္လို႔ အီရန္သမၼတ Masoud Pezeshkian က ထုတ္ေဖာ္ေျပာၾကားခဲ့ပါတယ္။
Masoud Pezeshkian ဟာ အီရန္ထိပ္တန္းေခါင္းေဆာင္အလီခါေမနီရဲ႕ န်ဴကလီးယားလက္နက္ဆိုင္ရာေျပာဆိုခ်က္ေတြကို ကိုးကားၿပီး ယခုလိုထပ္ေလာင္းေျပာၾကားခဲ့တာျဖစ္တယ္လို႔လည္း သိရပါတယ္။ Masoud Pezeshkian က"ကြၽန္ေတာ္တို႔မွာ န်ဴကလီးယားလက္နက္ေတြထုတ္လုပ္ဖို႔ ရည္႐ြယ္ခ်က္မရွိပါဘူး။ကြၽန္ေတာ္တို႔က စစ္ပြဲကို မရွာသလို အစပ်ိဳးခဲ့တာလည္းမဟုတ္ပါဘူး"လို႔ေျပာဆိုခဲ့ပါတယ္။
အစၥေရးနဲ႔ အီရန္ၾကား အျပန္အလွန္ပစ္ခတ္တိုက္ခိုက္မႈေတြ ျမင့္တက္ေနခ်ိန္မွာပဲ Masoud Pezeshkian ရဲ႕ ေျပာဆိုခ်က္ေတြထြက္ေပၚလာတာျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ဇြန္လ(၁၃)ရက္ေန႔မွာ အစၥေရးက အီရန္ကို တိုက္ေလယာဥ္အစင္းေရ(၂၀၀)နဲ႔ ေလေၾကာင္းတိုက္ခိုက္မႈေတြလုပ္ေဆာင္ခဲ့ၿပီးေနာက္ ႏွစ္ႏိုင္ငံၾကားတင္းမာမႈေတြျမင့္တက္လာခဲ့တာလည္းျဖစ္ပါတယ္။ ဒါ့ျပင္ အစၥေရးရဲ႕ေလေၾကာင္းတိုက္ခိုက္မႈေတြနဲ႔ပတ္သက္ၿပီး ျပင္းထန္တဲ့လက္တုံ႔ျပန္မႈေတြကို လုပ္ေဆာင္သြားမယ္လို႔ အီရန္ထိပ္တန္းေခါင္းေဆာင္အလီခါေမနီက ကတိျပဳေျပာဆိုခဲ့ပါတယ္။