စင်ကာပူမှာ တရားမ၀င်ယာဉ်မောင်းနှင်မှုနဲ့ ယာဉ်မောင်း (၈)ဦးကို ဖမ်းဆီးအရေးယူထား

 176

ရောင်နီ (NP News) - ဇွန် ၁၈
စင်ကာပူနိုင်ငံ၊ တရုတ်တန်းရှိ Buddha Tooth Relic ဘုရားကျောင်း၊ ပြတိုက်နဲ့ Gardens by the Bay တို့မှာ တရားမဝင် ယာဉ်မောင်းနှင်မှုနဲ့ ယာဉ်မောင်း (၈) ဦးကို ဖမ်းဆီးခဲ့တယ်လို့ ကုန်းလမ်းပို့ဆောင်ရေး အာဏာပိုင်အဖွဲ့ (LTA) က ဇွန်လ ၁၇ ရက်မှာ ပြောကြားပါတယ်။

စင်ကာပူခရီးသွားလုပ်ငန်းဘုတ်အဖွဲ့ရဲ့ ပူးပေါင်းအရေးယူဆောင်ရွက်မှုအရ ယာဉ်မောင်းတွေကို ပြီးခဲ့တဲ့ သီတင်းပတ်က ဖမ်းဆီးနိုင်ခဲ့တယ်လို့ LTA ဖေ့စ်ဘွတ်ခ်ပို့စ်မှာ ဖော်ပြထားပါတယ်။ အဆိုပါ ယာဉ်မောင်းတွေကို နိုင်ငံခြား မှတ်ပုံတင်ထားပြီး တရားမဝင်ပွိုင့်မှ ဝန်ဆောင်မှု ပေးဆောင်မှုနဲ့ ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ သိရပါတယ်။ စစ်ဆေးမှုတွေအရလည်း ၄င်းတို့က လိုင်စင်မဲ့ ခရီးသွားလမ်းညွှန်လုပ်ငန်းတွေ ဆောင်ရွက်ပေးခဲ့တာ တွေ့ရတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

"သင့်လျော်တဲ့ လိုင်စင်နဲ့အာမခံမရှိရင် အဓိကအားဖြင့် ယာဉ်မတော်တဆမှုတွေ ဖြစ်ပွားတဲ့အခါ ခရီးသည်တွေအတွက် ဆိုးရွားတဲ့ အန္တရာယ်တွေ ဖြစ်ပေါ်စေတယ်" လို့ အာဏာပိုင်တွေကဆိုပါတယ်။

စင်ကာပူမှာ အများသူငှာ ဝန်ဆောင်မှု လိုင်စင်မရှိဘဲ မော်တော်ယာဉ်တွေကို အသုံးပြုကာ တရားမဝင် ဝန်ဆောင်မှုပေးသူတွေကို ဒဏ်ငွေ ဒေါ်လာ (၃၀၀၀) သို့မဟုတ် ထောင်ဒဏ် ခြောက်လအထိ သို့မဟုတ် ဒဏ်နှစ်ရပ်လုံး ချမှတ်နိုင်ပြီး ၎င်းတို့ရဲ့ယာဉ်တွေလည်း ဆုံးရှုံးရနိုင်ချေ ရှိတယ်လို့ သိရပါတယ်။

zawgyi version
စင္ကာပူမွာ တရားမ၀င္ယာဥ္ေမာင္းႏွင္မႈနဲ႔ ယာဥ္ေမာင္း (၈)ဦးကို ဖမ္းဆီးအေရးယူထား
ေရာင္နီ(NP News) - ဇြန္ ၁၈

စင္ကာပူႏိုင္ငံ၊ တ႐ုတ္တန္းရွိ Buddha Tooth Relic ဘုရားေက်ာင္း၊ ျပတိုက္နဲ႔ Gardens by the Bay တို႔မွာ တရားမဝင္ ယာဥ္ေမာင္းႏွင္မႈနဲ႔ ယာဥ္ေမာင္း (၈) ဦးကို ဖမ္းဆီးခဲ့တယ္လို႔ ကုန္းလမ္းပို႔ေဆာင္ေရး အာဏာပိုင္အဖြဲ႕ (LTA) က ဇြန္လ ၁၇ ရက္မွာ ေျပာၾကားပါတယ္။

စင္ကာပူခရီးသြားလုပ္ငန္းဘုတ္အဖြဲ႕ရဲ႕ ပူးေပါင္းအေရးယူေဆာင္႐ြက္မႈအရ ယာဥ္ေမာင္းေတြကို ၿပီးခဲ့တဲ့ သီတင္းပတ္က ဖမ္းဆီးႏိုင္ခဲ့တယ္လို႔ LTA ေဖ့စ္ဘြတ္ခ္ပို႔စ္မွာ ေဖာ္ျပထားပါတယ္။ အဆိုပါ ယာဥ္ေမာင္းေတြကို ႏိုင္ငံျခား မွတ္ပုံတင္ထားၿပီး တရားမဝင္ပြိဳင့္မွ ဝန္ေဆာင္မႈ ေပးေဆာင္မႈနဲ႔ ဖမ္းဆီးထိန္းသိမ္းထားတယ္လို႔ သိရပါတယ္။ စစ္ေဆးမႈေတြအရလည္း ၄င္းတို႔က လိုင္စင္မဲ့ ခရီးသြားလမ္းၫႊန္လုပ္ငန္းေတြ ေဆာင္႐ြက္ေပးခဲ့တာ ေတြ႕ရတယ္လို႔ အာဏာပိုင္ေတြက ေျပာပါတယ္။

"သင့္ေလ်ာ္တဲ့ လိုင္စင္နဲ႔အာမခံမရွိရင္ အဓိကအားျဖင့္ ယာဥ္မေတာ္တဆမႈေတြ ျဖစ္ပြားတဲ့အခါ ခရီးသည္ေတြအတြက္ ဆိုး႐ြားတဲ့ အႏၲရာယ္ေတြ ျဖစ္ေပၚေစတယ္" လို႔ အာဏာပိုင္ေတြကဆိုပါတယ္။

စင္ကာပူမွာ အမ်ားသူငွာ ဝန္ေဆာင္မႈ လိုင္စင္မရွိဘဲ ေမာ္ေတာ္ယာဥ္ေတြကို အသုံးျပဳကာ တရားမဝင္ ဝန္ေဆာင္မႈေပးသူေတြကို ဒဏ္ေငြ ေဒၚလာ (၃၀၀၀) သို႔မဟုတ္ ေထာင္ဒဏ္ ေျခာက္လအထိ သို႔မဟုတ္ ဒဏ္ႏွစ္ရပ္လုံး ခ်မွတ္ႏိုင္ၿပီး ၎တို႔ရဲ႕ယာဥ္ေတြလည္း ဆုံးရႈံးရႏိုင္ေခ် ရွိတယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.