နှစ်သောင်းတန် နှင့် ငါးသောင်းတန် ငွေစက္ကူများ ထုတ်မည်ဆိုသည့် သတင်းသည် မှန်ကန်မှု မရှိကြောင်း ဗဟိုဘဏ်ပြန်လည် ဖြေရှင်း

 3363

NP News - ဒီဇင်ဘာ ၉
လူမှုကွန်ရက်စာမျက်နှာများပေါ်တွင် ငွေစက္ကူအသစ် ၂ဝဝဝဝ ကျပ်တန်၊ ၅ဝဝဝဝ ကျပ်တန်များထုတ်မည်ဆိုသော ကောလာဟလသတင်းများထွက်ပေါ်ခဲ့သည့်အပေါ် ယခုသတင်းဖြစ်ပေါ်နေသော ငွေစက္ကူသစ်များ ထုတ်မည်ဆိုသည့်သတင်းသည်မဟုတ်မှန်ကြောင်း မြန်မာနိုင်ငံတော်ဗ ဟိုဘဏ်က ယနေ့ (ဒီဇင်ဘာလ ၉ ရက်)တွင်ထုတ်ပြန်လိုက်သည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် ငွေစက္ကူတန်ဖိုးအမျိုးအစားအ သစ်ထုတ်ဝေခြင်း၊ ထုတ်ဝေပြီးသောငွေစက္ကူအမျိုးအစားကို ပုံစံသစ်ဖြင့်ပြောင်းလဲထုတ်ဝေခြင်းကိစ္စရပ်များဆောင်ရွက်မည်ဆိုပါလျှင် ပြည်သူ များကို ကြိုတင်ကြေညာအသိပေးဆောင်ရွက်ရကြောင်းသိရသည်။

“ငွေစက္ကူတန်ဖိုးအမျိုးအစားသစ်တွေ၊ ဒါမှမဟုတ်ရင် ထုတ်ပြီးတဲ့ငွေ စက္ကူအမျိုးအစားတွေကို ပုံစံအသစ်နဲ့ထုတ်မယ်ဆိုရင်ပြည်သူတွေကို ကြိုတင်အသိပေးကြေညာပါတယ်။ အခုလောလောဆယ်ကြေညာထားတာလည်း ဘာမှမရှိပါဘူး။ သတင်းထွက်နေတဲ့ကိစ္စတွေကလည်း သ တင်းအမှားပါ။ ငွေစက္ကူရိုက်တယ်ဆိုရင် အခုမှထ အခုမှထုတ်ရိုက်လို့ရတဲ့အလုပ်မျိုးမဟုတ်ဘူး” ဟု ဗဟိုဘဏ်၏ ငွေကြေးစီမံခန့်ခွဲမှုဌာနမှ ညွန်ကြားရေးမှူးချုပ် ဦးဝင်းမြင့်က NP News သို့ပြောသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် ဘတ်ဂျက်လိုငွေ၊ နိုင်ငံတော်အသုံး စရိတ်၊ ဟောင်းနွမ်းငွေစက္ကူများလာရောက်အပ်နှံမှု၊ ဟောင်းနွမ်းငွေစ က္ကူများဖျက်ဆီးမှုအပေါ်မူတည်ကာ ငွေစက္ကူများကို ပြန်လည်အစားထိုး ရိုက်နှိပ်ခြင်းသာရှိကြောင်းသိရသည်။ “တစ်နှစ်တစ်နှစ်ကို ဖျက်ဆီးတာတွေရှိတယ်။ အသုံးလိုတာတွေရှိတယ်။ အဲဒီအတွက်အစားထိုးထုတ်တာတွေရှိတယ်”ဟု ဦးဝင်းမြင့်က ဆက်လက်ပြောသည်။

ထို့ပြင် ဗိုလ်ချုပ်ရုပ်ပုံပါငွေစက္ကူများကိုလည်းထုတ်ဝေရန်စီစဉ်လျက်ရှိကြောင်းသိရသည်။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ယနေ့(ဒီဇင်ဘာလ ၉ ရက်)တွင်လည်း နိုင်ငံခြားငွေဈေးပြိုင်လေလံဖြင့် အမေရိကန်ဒေါ်လာ (၁၃)သန်းကိုရောင်းချခဲ့ကြောင်းသိရသည်။ လေလံအတွက်ရောင်းချခဲ့သည့် ပျမ်းမျှငွေလဲလှယ်နှုန်းသည် ၁၇၈ဝ ကျပ်ဖြစ်ကြောင်းသိရသည်။ ဗဟိုဘဏ်မှ ၂ဝ၂၁ ခုနှစ် ဖေဖော်ဝါရီလမှ ဒီဇင်ဘာလ (၉)ရက်အထိ ရောင်းချပေးခဲ့သည့် အမေရိကန်ဒေါ်လာ (၃၅၃.၈)သန်းရှိပြီဖြစ်ကြောင်းသိရသည်။

zawgyi version
ႏွစ္ေသာင္းတန္ ႏွင့္ ငါးေသာင္းတန္ ေငြစကၠဴမ်ား ထုတ္မည္ဆိုသည့္ သတင္းသည္ မွန္ကန္မႈ မရွိေၾကာင္း ဗဟိုဘဏ္ျပန္လည္ ေျဖရွင္း
NP News - ဒီဇင္ဘာ ၉
လူမႈကြန္ရက္စာမ်က္ႏွာမ်ားေပၚတြင္ ေငြစကၠဴအသစ္ ၂ဝဝဝဝ က်ပ္တန္၊ ၅ဝဝဝဝ က်ပ္တန္မ်ားထုတ္မည္ဆိုေသာ ေကာလာဟလသတင္းမ်ားထြက္ေပၚခဲ့သည့္အေပၚ ယခုသတင္းျဖစ္ေပၚေနေသာ ေငြစကၠဴသစ္မ်ား ထုတ္မည္ဆိုသည့္သတင္းသည္မဟုတ္မွန္ေၾကာင္း ျမန္မာႏိုင္ငံေတာ္ဗ ဟိုဘဏ္က ယေန႔ (ဒီဇင္ဘာလ ၉ ရက္)တြင္ထုတ္ျပန္လိုက္သည္။

ျမန္မာႏိုင္ငံေတာ္ဗဟိုဘဏ္အေနျဖင့္ ေငြစကၠဴတန္ဖိုးအမ်ိဳးအစားအ သစ္ထုတ္ေဝျခင္း၊ ထုတ္ေဝၿပီးေသာေငြစကၠဴအမ်ိဳးအစားကို ပုံစံသစ္ျဖင့္ေျပာင္းလဲထုတ္ေဝျခင္းကိစၥရပ္မ်ားေဆာင္႐ြက္မည္ဆိုပါလွ်င္ ျပည္သူ မ်ားကို ႀကိဳတင္ေၾကညာအသိေပးေဆာင္႐ြက္ရေၾကာင္းသိရသည္။

“ေငြစကၠဴတန္ဖိုးအမ်ိဳးအစားသစ္ေတြ၊ ဒါမွမဟုတ္ရင္ ထုတ္ၿပီးတဲ့ေငြ စကၠဴအမ်ိဳးအစားေတြကို ပုံစံအသစ္နဲ႔ထုတ္မယ္ဆိုရင္ျပည္သူေတြကို ႀကိဳတင္အသိေပးေၾကညာပါတယ္။ အခုေလာေလာဆယ္ေၾကညာထားတာလည္း ဘာမွမရွိပါဘူး။ သတင္းထြက္ေနတဲ့ကိစၥေတြကလည္း သ တင္းအမွားပါ။ ေငြစကၠဴ႐ိုက္တယ္ဆိုရင္ အခုမွထ အခုမွထုတ္႐ိုက္လို႔ရတဲ့အလုပ္မ်ိဳးမဟုတ္ဘူး” ဟု ဗဟိုဘဏ္၏ ေငြေၾကးစီမံခန႔္ခြဲမႈဌာနမွ ၫြန္ၾကားေရးမႉးခ်ဳပ္ ဦးဝင္းျမင့္က NP News သို႔ေျပာသည္။

ျမန္မာႏိုင္ငံေတာ္ဗဟိုဘဏ္အေနျဖင့္ ဘတ္ဂ်က္လိုေငြ၊ ႏိုင္ငံေတာ္အသုံး စရိတ္၊ ေဟာင္းႏြမ္းေငြစကၠဴမ်ားလာေရာက္အပ္ႏွံမႈ၊ ေဟာင္းႏြမ္းေငြစ ကၠဴမ်ားဖ်က္ဆီးမႈအေပၚမူတည္ကာ ေငြစကၠဴမ်ားကို ျပန္လည္အစားထိုး ႐ိုက္ႏွိပ္ျခင္းသာရွိေၾကာင္းသိရသည္။ “တစ္ႏွစ္တစ္ႏွစ္ကို ဖ်က္ဆီးတာေတြရွိတယ္။ အသုံးလိုတာေတြရွိတယ္။ အဲဒီအတြက္အစားထိုးထုတ္တာေတြရွိတယ္”ဟု ဦးဝင္းျမင့္က ဆက္လက္ေျပာသည္။

ထို႔ျပင္ ဗိုလ္ခ်ဳပ္႐ုပ္ပုံပါေငြစကၠဴမ်ားကိုလည္းထုတ္ေဝရန္စီစဥ္လ်က္ရွိေၾကာင္းသိရသည္။ ျမန္မာႏိုင္ငံေတာ္ဗဟိုဘဏ္က ယေန႔(ဒီဇင္ဘာလ ၉ ရက္)တြင္လည္း ႏိုင္ငံျခားေငြေဈးၿပိဳင္ေလလံျဖင့္ အေမရိကန္ေဒၚလာ (၁၃)သန္းကိုေရာင္းခ်ခဲ့ေၾကာင္းသိရသည္။ ေလလံအတြက္ေရာင္းခ်ခဲ့သည့္ ပ်မ္းမွ်ေငြလဲလွယ္ႏႈန္းသည္ ၁၇၈ဝ က်ပ္ျဖစ္ေၾကာင္းသိရသည္။ ဗဟိုဘဏ္မွ ၂ဝ၂၁ ခုႏွစ္ ေဖေဖာ္ဝါရီလမွ ဒီဇင္ဘာလ (၉)ရက္အထိ ေရာင္းခ်ေပးခဲ့သည့္ အေမရိကန္ေဒၚလာ (၃၅၃.၈)သန္းရွိၿပီျဖစ္ေၾကာင္းသိရသည္။

Related news

© 2021. All rights reserved.