"ဝ" အထူးဒေသ ခရီးစဉ်အပြီး မိုင်လား သို့ ရှမ်းဝန်ကြီးချုပ် ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့ ၂ ရက်ကြာ သွား ရောက်

243

သက်ပိုင် (NP News) - ဩဂုတ် ၉
ရှမ်းပြည်နယ်အစိုးရဝန်ကြီးချုပ် ဦးအောင်အောင် ဦးဆောင်သည့် ရှမ်းပြည်နယ်အစိုးရ ကိုယ်စားလှယ်အဖွဲ့သည် "ဝ" အထူးဒေသ ခရီးစဉ်အပြီး တဆက်တည်းအဖြစ် ရှမ်းပြည်နယ်အရှေ့ပိုင်း၊ အထူးဒေသ (၄) မိုင်းလား သို့ ၂ ရက် ကြာ သွားရောက်ခဲ့ကြောင်း သိရသည်။
မိုင်းလား အထူးဒေသ သို့ ဩဂုတ်လ (၇) ရက် နှင့် (၈) ရက်တို့တွင် သွားရောက်ခဲ့ခြင်းဖြစ်ပြီး ခရီးစဉ် အတွင်း မိုင်းလား ၏ ငြိမ်းချမ်းရေးနှင့် စည်းလုံးရေးကော်မတီ ဒု-ဥက္ကဌ များဖြစ်ကြသည့် ဦးစန်ပေ့၊ ဦးဆန်လူ ဦးဆောင် သော ယင်းဒေသမှ တာဝန်ရှိသူများ နှင့် ဆွေးနွေးခဲ့ကြောင်း မိုင်းလား ဘက်က သတင်းထုတ်ပြန်ထားသည်။
ယင်းသို့ ဆွေးနွေးရာတွင် ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေး စသည့် တို့နှင့်ပတ်သက်၍ အသေးစိတ်ဆွေးနွေးခဲ့ကြပြီး စာသင်ကျောင်း နှင့် ဆေးရုံပြန်လည်ပြုပြင်ရန်အတွက် အသုံးစရိတ်များကို ချပေးခဲ့ကြောင်း သိရသည်။
ယခုတကြိမ် တွေ့ဆုံဆွေးနွေးခြင်းကို အခွင့်အရေးတစ်ရပ်အဖြစ် အသုံးချပြီး လူမှုစီးပွားကဏ္ဍအသီးသီး၌ ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်ကာ ဒေသဖွံ့ဖြိုးတိုးတက်ရေးကို အနေအထားသစ်တခုသို့ ရောက်ရှိစေရန် အတူတကွ တွန်းအားပေး ဖော်ဆောင်သွားမည်ဟု နှစ်ဦးနှစ်ဖက်မှ အသီးသီးပြောဆိုဆွေးနွေးခဲ့ကြကြောင်း မိုင်းလားဘက်က ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ရှမ်းပြည်နယ်အစိုးရ ဝန်ကြီးချုပ် ဦးအောင်အောင် ဦးဆောင်သည့် ရှမ်းပြည်နယ်အစိုးရ ကိုယ်စားလှယ်အဖွဲ့ အနေဖြင့် ယင်းမတိုင်မီကလည်း “ဝ” အထူးဒေသသို့သွားရောက်ခဲ့ပြီး နယ်စပ်ကုန်သွယ်ရေးနှင့် ရွေးကောက်ပွဲ ကိစ္စများကိုဆွေးနွေးမှုများပြုလုပ်ခဲ့ကြကြောင်း သိရသည်။

Zawgyi Version:
"ဝ" အထူးေဒသ ခရီးစဥ္အၿပီး မိုင္လား သို႔ ရွမ္းဝန္ႀကီးခ်ဳပ္ ဦးေဆာင္ေသာ ကိုယ္စားလွယ္ အဖြဲ႕ ၂ ရက္ၾကာ သြား ေရာက္
သက္ပိုင္ (NP News) - ဩဂုတ္ ၉
ရွမ္းျပည္နယ္အစိုးရဝန္ႀကီးခ်ဳပ္ ဦးေအာင္ေအာင္ ဦးေဆာင္သည့္ ရွမ္းျပည္နယ္အစိုးရ ကိုယ္စားလွယ္အဖြဲ႕သည္ "ဝ" အထူးေဒသ ခရီးစဥ္အၿပီး တဆက္တည္းအျဖစ္ ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ အထူးေဒသ (၄) မိုင္းလား သို႔ ၂ ရက္ ၾကာ သြားေရာက္ခဲ့ေၾကာင္း သိရသည္။
မိုင္းလား အထူးေဒသ သို႔ ဩဂုတ္လ (၇) ရက္ ႏွင့္ (၈) ရက္တို႔တြင္ သြားေရာက္ခဲ့ျခင္းျဖစ္ၿပီး ခရီးစဥ္ အတြင္း မိုင္းလား ၏ ၿငိမ္းခ်မ္းေရးႏွင့္ စည္းလုံးေရးေကာ္မတီ ဒု-ဥကၠဌ မ်ားျဖစ္ၾကသည့္ ဦးစန္ေပ့၊ ဦးဆန္လူ ဦးေဆာင္ ေသာ ယင္းေဒသမွ တာဝန္ရွိသူမ်ား ႏွင့္ ေဆြးေႏြးခဲ့ေၾကာင္း မိုင္းလား ဘက္က သတင္းထုတ္ျပန္ထားသည္။
ယင္းသို႔ ေဆြးေႏြးရာတြင္ ေဒသဖြံ႕ၿဖိဳးတိုးတက္ေရး၊ ပညာေရး၊ က်န္းမာေရး၊ လမ္းပန္းဆက္သြယ္ေရး စသည့္ တို႔ႏွင့္ပတ္သက္၍ အေသးစိတ္ေဆြးေႏြးခဲ့ၾကၿပီး စာသင္ေက်ာင္း ႏွင့္ ေဆး႐ုံျပန္လည္ျပဳျပင္ရန္အတြက္ အသုံးစရိတ္မ်ားကို ခ်ေပးခဲ့ေၾကာင္း သိရသည္။
ယခုတႀကိမ္ ေတြ႕ဆုံေဆြးေႏြးျခင္းကို အခြင့္အေရးတစ္ရပ္အျဖစ္ အသုံးခ်ၿပီး လူမႈစီးပြားက႑အသီးသီး၌ ပူးေပါင္းေဆာင္႐ြက္မႈမ်ားကို ျမႇင့္တင္ကာ ေဒသဖြံ႕ၿဖိဳးတိုးတက္ေရးကို အေနအထားသစ္တခုသို႔ ေရာက္ရွိေစရန္ အတူတကြ တြန္းအားေပး ေဖာ္ေဆာင္သြားမည္ဟု ႏွစ္ဦးႏွစ္ဖက္မွ အသီးသီးေျပာဆိုေဆြးေႏြးခဲ့ၾကေၾကာင္း မိုင္းလားဘက္က ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။
ရွမ္းျပည္နယ္အစိုးရ ဝန္ႀကီးခ်ဳပ္ ဦးေအာင္ေအာင္ ဦးေဆာင္သည့္ ရွမ္းျပည္နယ္အစိုးရ ကိုယ္စားလွယ္အဖြဲ႕ အေနျဖင့္ ယင္းမတိုင္မီကလည္း “ဝ” အထူးေဒသသို႔သြားေရာက္ခဲ့ၿပီး နယ္စပ္ကုန္သြယ္ေရးႏွင့္ ေ႐ြးေကာက္ပြဲ ကိစၥမ်ားကိုေဆြးေႏြးမႈမ်ားျပဳလုပ္ခဲ့ၾကေၾကာင္း သိရသည္။