ယူကရိန်းကို တိုင်းကြပ်နိုင်ငံအဖြစ် တည်ကြက်ထားလာတဲ့ ရုရှား-အမေရိကန်-နေတိုးတို့ရဲ့ ကစားကွက်မှာ ဘယ်သူမှောက်လျှက်လဲမလဲ
1553
ကိုလှိုင် (NP News) - ဒီဇင်ဘာ ၁၀
ဒီဇင်ဘာလ ၇ ရက်နေ့က အမေရိကန်သမ္မတ ဘိုင်ဒင်နဲ့ ရုရှားသမ္မတ ပူတင်တို့ နှစ်နာရီကျော်ကြာအောင် ဗီဒီယို ကွန်ဖရင့်ပြုလုပ်ခဲ့ကြရာမှာ ဆွေးနွေးခဲ့ကြတဲ့ အဓိက အကြောင်းအရာကတော့ ရုရှားနဲ့ ယူကရိန်းတို့အကြားဖြစ်ပေါ်နေတဲ့ စစ်ရေးတင်းမာမှု ဖြစ်ပါတယ်။
အမေရိကန်နဲ့ နေတိုးစစ်စာချုပ် အဖွဲ့ အနေနဲ့ ယူကရိန်းနယ်စပ်မှာ တပ်အင်အားတစ်သိန်းကျော် ချရပ်ထားတဲ့ ရုရှားနိုင်ငံဟာ မကြာခင်မှာ ယူကရိန်းကို ဝင်တိုက်တော့မယ်ဆိုပြီး စိုးရိမ်နေ
ကြတာဖြစ်ပါတယ်။ ပူတင်ကတော့ ယူကရိန်းကို မတိုက်ပါဘူးလို့ ခပ်ရှင်းရှင်းပဲ ပြန်ဖြေခဲ့ ပါတယ်။ ဒါပေမဲ့ အမေရိကန်နဲ့ အနောက်အုပ်စု ထောက်လှမ်းရေး အဖွဲ့အစည်းတွေကတော့ ရုရှား တပ်ဖွဲ့လှုပ်ရှားမှုတွေအရ မကြာခင် ရုရှားတပ်တွေ အင်အားအကြီးအကျယ်တိုးမြှင့်ပြီး အင်အား ၁၇၅၀၀၀လောက်ပါတဲ့ တပ်တော်တစ်ခု အင်အားနဲ့ ယူကရိန်းကို ကျူးကျော်လာ
နိုင်တယ်လို့ သုံးသပ်နေကြပါတယ်။ သမ္မတ ဘိုင်ဒင်က ဆွေးနွေးပွဲမှာ ယူကရိန်းကို ရုရှားက ဝင်တိုက်မယ်ဆိုရင် အမေရိကန်နဲ့ အနောက်အုပ်စုက ရုရှားကို မကြုံဖူးအောင်ပြင်းထန်တဲ့ ပိတ်ဆို့ အရေးယူမှုတွေပြုလုပ်သွားမယ်လို့ သမ္မတ ပူတင်ကို သတိပေးခဲ့ပါတယ်။ ပူတင်ကလည်း နေတိုးအဖွဲ့ကို ရုရှားနယ်စပ်အထိရောက်လာအောင် အရှေ့ဘက်ကို နယ်မြေတိုးချဲ့မလာဖို့ ပြန်ပြီး တောင်းဆိုခဲ့ပါတယ်။
- အင်အားနိုင်ငံရေးနှင့် ကြားခံတိုင်းကြပ်နိုင်ငံများ -
ဒီပြဿနာကို မဟာဗျူဟာ ပထဝီနိုင်ငံရေးအမြင်နဲ့ သုံးသပ်ရရင်တော့ အခြေခံအားဖြင့် နိုင်ငံရေးသရုပ်မှန်ဝါဒ Realism အယူအဆဖြစ်တဲ့ နိုင်ငံတွေဟာ မိမိအကျိုးစီးပွားကိုကာကွယ်ဖို့ အင်အားတောင့်တင်းအောင် အမြဲ ဖြည့်ဆည်းတည်ဆောက်နေရမယ်ဆိုတဲ့ အမြင်က အစပြုလာတာပါပဲ။ တစ်ဘက်က အင်အားကြီးလာရင် ကိုယ့်ဘက်ကလည်း လုံခြုံအောင်ကာကွယ်ဖို့ တန်ပြန်အင်အားတည်ဆောက်ရမယ်။ ကိုယ်က အင်အားနည်းရင် အားကိုးရမယ့်မဟာမိတ်ရှာရမယ်။ ဒီလိုနဲ့ နှစ်ဘက်အပြိုင် သံသယတွေနဲ့ အင်အားတည်ဆောက်ပြင်ဆင်ကြရင်း တင်းမာမှုတွေ ကြီးထွားလာတာ ဖြစ်ပါတယ်။
ဒီလို တင်းမာမှုတွေအကြားမှာ မြေစာပင်ဖြစ်တတ်ကြတာကတော့ အပြိုင်ဖြစ်နေတဲ့ အင်အားစုကြီး နှစ်ခုအကြားက တိုင်းကြပ်လို့ ခေါ်တဲ့ ကြားခံနိုင်ငံငယ်လေးတွေပါပဲ။ တိုင်းကြပ်သဘောကို နားလည်လွယ်အောင်ပြောရရင် သင်္ဘောတွေ မော်တော်တွေ ကမ်းကပ်ရင်၊ တစ်စင်းနဲ့တစ်စင်း ရေထဲမှာ ကပ်ရင် မနာအောင် ကြားက ဝါရှာလို ခံပေးတဲ့ ဘောကွင်းတာယာအဟောင်းတွေလိုပါပဲ။ နိုင်ငံကြီး အချင်းချင်း ထိပ်တိုက် မတွေ့အောင် ဒီနယ်မြေတွေက ကြားကခံပေးထားတာဖြစ်ပါတယ်။ နိုင်ငံကြီး၊အင်အားကြီးတွေ ထိပ်တိုက်မတွေ့ကြပေမဲ့ ကြားခံတွေကတော့ နှစ်ဘက် ဖိအားခံကြရပြီး ပြားနေကြရတာပါ။ ယူကရိန်းလည်း ဒီကံကြမ္မာမျိုး ကြုံနေရတာလို့ ဆိုနိုင်ပါတယ်။
- ယူကရိန်းနှင့်ရုရှား -
ပြောရရင် ယူကရိန်းနဲ့ ရုရှားဟာ သမိုင်းကြောင်းအရ ဆက်စပ်မှုတွေ အများကြီး ရှိပါတယ်။ တကယ်တော့ ရုရှားလူမျိုးတွေရဲ့ စတင်မွေးဖွားရာ ဇာတိချက်ကြွေ မွေးရပ်မြေဟာ ယူကရိန်းဖြစ်ပါတယ်။ ရုရှား ဇာဘုရင်တွေခေတ်မှာလည်း ယူကရိန်းက ရုရှားအင်ပါယာထဲမှာ ပါဝင်ခဲ့သလို ဆိုဗီယက်ပြည်ထောင်စု ထူထောင်တော့လည်း ပြည်နယ်တစ်ခုအဖြစ် ပါဝင်ခဲ့ပါတယ်။ စတာလင်နောက်ပိုင်း ဆိုဗီယက်ခေါင်းဆောင် ခရုရှက်ဆိုရင် ယူကရိန်းနယ်သားဖြစ်ပြီး သူ့နယ်အတွက် လက်ဆောင်အနေနဲ့ ၁၉၅၄ ခုနှစ်မှာ ရုရှားပိုင် ကရိုင်းမီးယားကျွန်းဆွယ်ကို ယူကရိန်းထဲ ပေါင်းထည့်ပေးခဲ့တာ ဖြစ်ပါတယ်။ အခုအထိလည်း ယူကရိန်းကို အလယ်က ဖြတ်စီးနေတဲ့ ဒနိုက်ပါမြစ် အရှေ့ဘက်တစ်ခြမ်းလုံးမှာ ရုရှားနွယ်ဖွားတွေ အများစုနေထိုင်ကြဆဲပဲ ဖြစ်ပါတယ်။ ဒါကြောင့် ယူကရိန်းဟာ သဘာဝအနေအထားအရ နှစ်ပိုင်းကွဲနေတယ်လို့ ဆိုနိုင်ပါတယ်။ နောက်ထပ် အရေးပါတဲ့အချက်က ယူကရိန်းဟာ ရုရှားအတွက် ဥရောပ အထွက်လမ်း ဂိတ်ဝဖြစ်နေသလို၊ မြေထဲပင်လယ်ဘက်ထွက်တဲ့ ပင်လယ်နက်ထွက်ပေါက်ကို ထိပ်က စီးပြီးရပ်တည်နေတဲ့ ပထဝီအနေအထားကို ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။ ရုရှားက ဥရောပကို သွယ်တန်းရောင်းချနေတဲ့ ဓါတ်ငွေ့ပိုက်လိုင်းတွေက ယူကရိန်းကို ဖြတ်သန်းရတာမို့ စီးပွားရေးအရ ရုရှားအတွက်အရေးပါသလို ပင်လယ်နက်ကို ထိန်းချုပ်နိုင်ဖို့ ကရိုင်းမီးယား ကျွန်းဆွယ်ကလည်း လုံခြုံရေးအရ အလွန်အရေးပါပါတယ်။ ဒီအချက်တွေကြောင့် ၁၉၉၁ ခုနှစ် ဆိုဗီယက်ပြိုကွဲအပြီး သီးခြားနိုင်ငံဖြစ်လာတဲ့ ယူကရိန်းဟာ မဟာဗျူဟာဇာတ်ခုံပေါ်မှာ ကစားစရာ နယ်ရုပ်တစ်ခု ဖြစ်လာခဲ့ပါတယ်။
- နေတိုး၏ အရှေ့ဘက်တိုးချဲ့ရေး ကြိုးပမ်းမှု -
စစ်အေးတိုက်ပွဲမှာ အနိုင်ရခဲ့တဲ့ အမေရိကန်က နေတိုးအဖွဲ့ကို အရှေ့ဘက်တိုးချဲ့ပြီး ဩဇာဖြန့်ကျက်ဖို့ ကြိုးပမ်းလာခဲ့ပါတယ်။ ၁၉၈၉ မှာ ဘာလင်တံတိုင်းပြိုကျခဲ့ပြီးတော့ နှစ်နိုင်ငံပေါင်းစည်းလိုက်တဲ့ဂျာမနီကို နေတိုးအဖွဲ့ထဲ ထည့်သွင်းဖွဲ့စည်းလိုက်တဲ့အခါ ဝါဆော အဖွဲ့ဝင်ဟောင်းတွေဖြစ်တဲ့ ချက်၊ ပိုလန်နဲ့ ဟန်ဂေရီတို့ကလည်း နေတိုးထဲ ဝင်ချင်လာကြ ပါတယ်။ ဒီ တိုင်းကြပ်တွေ နေတိုးထဲပါသွားရင် ဆိုဗီယက်အတွက် လုံခြုံရေးကို ထိပါး လာနိုင်တဲ့အတွက် စိုးရိမ်လာတဲ့ ဆိုဗီယက်သမ္မတ ဂေါ်ဘားချက်ကို ၁၉၉၀ နှစ်ဆန်းမှာ အနောက်အုပ်စု ထိပ်သီးခေါင်းဆောင်တွေက "နေတိုးကို နောက်ထပ်တစ်လက်မမှ ထပ်ပြီး မတိုးချဲ့တော့ပါဘူး" လို့ ကတိပေးခဲ့တယ်လို့ဆိုပါတယ်။ နောက်ပိုင်း ပေါ်ထွက်လာတဲ့ အချက်တွေအရ အဲဒီလူတွေထဲမှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဘေကာ၊ သမ္မတ ဘုရှ်၊ အနောက်ဂျာမနီ နိုင်ငံခြားရေးဝန်ကြီး ဂျန်ရှာနဲ့ ဗြိတိသျှဝန်ကြီးချုပ် မာဂရက် သက်ချာတို့ ပါဝင်တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ ဒီကတိကဝတ်တွေကို စာချုပ်စာတမ်းနဲ့ မှတ်တမ်း မတင်နိုင်ခဲ့တာ ဂေါ်ဘားချက်ရဲ့ အားနည်းချက်ပါပဲ။ ၁၉၉၁ မှာ ဆိုဗီယက်ကြီးပါပြိုကွဲ သွားတော့ စစ်နိုင်သူတို့ ထုံးစံအတိုင်း ကတိတွေဘေးချိတ်ပြီးလုပ်ချင်ရာ လုပ်တော့တာပါပဲ။ အမေရိကန်သမ္မတ ဘီလ်ကလင်တန်လက်ထက်မှာ နေတိုးကို အရှေ့ဘက်တိုးချဲ့ရေးမူဝါဒ Eastward expansion of NATO ကို အမျိုးသားလုံခြုံရေး မဟာဗျူဟာမှာထည့်သွင်းပြီး ငြိမ်းချမ်းရေးမိတ်ဖက် Partner for Peace PfP ဆိုတဲ့နာမည်နဲ့ အရှေ့ဥရောပနိုင်ငံတွေကို ဆွဲသွင်းလာခဲ့တာပါ။ အဓိက အချက်အချာကျတဲ့ ချက်၊ ပိုလန်၊ ဟန်ဂေရီနိုင်ငံတွေဟာ ၁၉၉၄ ခုမှာ PfP ဖြစ်ပြီး ၁၉၉၉ ကျတော့ တင်းပြည့်နေတိုးအဖွဲ့ဝင်တွေ ဖြစ်လာခဲ့ကြပါတယ်။ အဲဒီတုန်းက ရုရှားသမ္မတ ယဲ့လ်ဆင်ဟာ အနောက်ဩဇာခံ လုံးလုံးဖြစ်နေတော့ ဘာမှ ပြင်းပြင်းထန်ထန်မကန့်ကွက်နိုင်တော့ပါဘူး။ ဂေါ်ဘားချက်ကိုယ်တိုင်လည်း နောင်တရပြီး တဖျစ်တောက်တောက်ညည်းတွားရုံကလွဲလို့ ဘာမှမတတ်နိုင်တော့ပါဘူး။
- ဓါးစာခံ မြေစာပင် ယူကရိန်း -
ယူကရိန်းကတော့ ရုရှားအတွက် ဘယ်လိုမှလက်လွတ်မခံနိုင်တဲ့ နေရာဖြစ်နေပါတယ်။ တရုတ်အတွက် ဟောင်ကောင်က အရေးပါသလို ရုရှားအတွက် ယူကရိန်းက အရေးပါနေတာပါ။ ဒါကြောင့်လည်း ရုရှားကိုအညှာကိုင်ပြီး ထိန်းချုပ်နိုင်ရေးအတွက် အမေရိကန်က ယူကရိန်းမှာ ဝင်ရောက်စွက်ဖက်လှုပ်ရှားလာခဲ့ပါတယ်။ အထူးသဖြင့်တော့ ဒီမိုကရက်သမ္မတ အိုဘားမားနဲ့ ဒုသမ္မတဘိုင်ဒင်တို့လက်ထက်မှာဖြစ်ပါတယ်။ ၂၀၁၄ မှာ ရုရှားလိုလားတဲ့ သမ္မတကို မေဒန်တော်လှန်ရေးလို့ခေါ်တဲ့ လူထုအုံကြွနည်းနဲ့ ဖြုတ်ချပြီး အမေရိကန်လိုလားတဲ့သမ္မတကို တင်နိင်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ယူကရိန်းဟာ အင်အားကြီးနှစ်ခု အားပြိုင်ရာ စစ်မြေပြင်ဖြစ်လာခဲ့တော့တာပါပဲ။ အနောက်လိုလားတဲ့ အစိုးရက ဥရောပသမဂ္ဂနဲ့ နေတိုးအဖွဲ့ထဲဝင်ဖို့ကြိုးစားလာပြီး ကရိုင်းမီးယားကျွန်းဆွယ်မှာ တပ်ချထားတဲ့ ဌာနချုပ်ကို ဖယ်ရှားဖို့လုပ်လာတဲ့အခါမှာတော့ ရုရှားရဲ့ သည်းခံနိုင်စွမ်း ကုန်ဆုံးသွားပြီး ကရိုင်းမီးယားမှာ ခွဲထွက်ပုန်ကန်မှုဖြစ်အောင်လုပ်ပြီးတော့ ရုရှားနိုင်ငံထဲ ဆွဲသွင်းလိုက်တော့တာပါပဲ။ အဲဒီနောက် ရုရှားရဲ့နောက်ကွယ်က အားပေးထောက်ခံမှုနဲ့ ဒနိုက်ပါမြစ်အရှေ့ခြမ်းက ရုရှားနွယ်ဖွားတွေက ခွဲထွက်ရေးလှုပ်ရှားမှုတွေ ပေါ်ပေါက်လာပြီး ပြည်တွင်းစစ် ဖြစ်လာခဲ့ပါတယ်။ ၂၀၁၅ မှာ ငြိမ်းချမ်းရေးစာချုပ်ချုပ်ဆိုနိုင်ခဲ့ပေမဲ့ လက်တွေ့မှာ အောင်မြင်မှုအပြည့်အဝမရှိဘဲ တိုက်ခိုက်မှုတွေကဆက်ဖြစ်နေခဲ့တာပါ။
ရုရှားနဲ့ အဆင်ပြေတဲ့ ထရမ့်လက်ထက်မှာ အမေရိကန်က ဒီအရှုပ်ထုပ်ပြဿနာကို သိပ်မဖွ ခဲ့ပေမဲ့ ရုရှားကို မုန်းတီးလှတဲ့ ဘိုင်ဒင်လက်ထက်မှာတော့ ဒီမီးတောက်က ပြန်တောက်လောင် လာတာဖြစ်ပါတယ်။ ၂၀၂၀ စက်တင်ဘာမှာ ယူကရိန်းသမ္မတ ဇဲလင်းစကီးက နေတိုးထဲဝင်ဖို့ ယူကရိန်းရဲ့ ဆုံးဖြတ်ချက်ကို အမျိုးသားလုံခြုံရေးမဟာဗျူဟာမှာ အတည်ပြုခဲ့ပါတယ်။ ၂၀၂၁ စက်တင်ဘာမှာ ဇဲလင်းစကီးက ဘိုင်ဒင်နဲ့တွေ့တော့ ပူးတွဲကြေညာချက်မှာ ဘိုင်ဒင်က ယူကရိန်း နေတိုးထဲဝင်ဖို့ ကိစ္စကိုထောက်ခံခဲ့ပြီး မဟာဗျူဟာလုံခြုံရေးပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ဖို့ ကတိပြုခဲ့ပါတယ်။ ငွေကြေးအားဖြင့်လည်း ၂၀၂၁ အတွက် အမေရိကန်က
ထောက်ပံ့တဲ့ ဒေါ်လာ သန်း ၄၀၀ အပြင် လုံခြုံရေးအတွက် သန်း ၆၀ ထပ်ပေးခဲ့ပါတယ်။ ၂၀၁၄ ကစပြီး အမေရိကန်က ယူကရိန်းကို ထောက်ပံ့ခဲ့တာ ဒေါ်လာ ၂ ဒသမ ၄ ဘီလျံရှိပြီလို့ ဆိုပါတယ်။ တစ်ဖက်မှာလည်း ရုရှားက ၂၀၂၁ စက်တင်ဘာလကစပြီး ယူကရိန်းဘက်နယ်ခြား
ဒေသမှာ တပ်အင်အားအလုံးအရင်း ပြောင်းရွှေ့ချထားလာပါတယ်။ အဓိက အင်အားစုက အမှတ်(၄၁) တပ်ပေါင်းစု တပ်တော် (41st Combined Arms Army) ဖြစ်ပါတယ်။ ဒီတပ်ဖွဲ့က ဘဲလာရုစ်နိုင်ငံထဲမှာလည်း ပူးတွဲစစ်လေ့ကျင့်ခန်း ပြုလုပ်ခဲ့ပြီး အခုနောက်ပိုင်းမှာ ယူကရိန်း နယ်စပ်နားတဝိုက် တပ်ဖြန့်ထားတယ်လို့ဆိုပါတယ်။ နေတိုး ဘက်ကလည်း ရုရှားရဲ့ အနောက်ဘက် နယ်စပ်တဝိုက်မှာ တပ်တွေ တိုးချဲ့ချထားမှုတွေလုပ်လာခဲ့သလို အမေရိကန် နျူကလီယာလက်နက်တစ်ချို့ကိုလည်း ရုရှားနယ်စပ်နားမှာ ဖြန်ချထားဖို့အထိ လုပ်လာခဲ့ ပါတယ်။ ဒီအခြေအနေတွေက ရုရှားနဲ့ယူကရိန်းအကြားတင်းမာမှုတွေ မြင့်တက်လာစေပြီး ရုရှားက ယူကရိန်းကို မကြာခင် ဝင်တိုက်တော့မယ်ဆိုတာမျိုးအထိ သတင်းတွေ ထွက်လာတာဖြစ်ပါတယ်။
- သုံးသပ်ချက် -
ဒီအနေအထားကို သုံးသပ်ရမယ်ဆိုရင် ရုရှားက မဟာဗျူဟာလုံခြုံရေးအတွက် သူ့ရဲ့ near abroad လို့ခေါ်တဲ့ အပြင်စည်း နယ်မြေတွေကို ထိန်းချုပ်နိုင်ရေးဟာ အဓိက အကျိုးစီးပွား ဖြစ်နေပါတယ်။ ဒါကြောင့် ယူကရိန်းကို သူ့ဩဇာအောက်မှာ မဖြစ်မနေ ထားချင်တာ ဖြစ်ပါတယ်။ ဒါပေမဲ့ နိုင်ငံတစ်ခုကို အကြောင်းပြချက်မရှိဘဲ ဝင်တိုက်ဖို့က မဖြစ်နိုင်ပါဘူး။ ရုရှားအတွက် အဲဒီအကြောင်းပြချက် red line ဟာ သူ့နယ်စပ်ကို သူ့ရန်ဘက်ဖြစ်တဲ့
နေတိုးတပ်ဖွဲ့တွေ ရောက်ရှိ ခြိမ်းခြောက်လာမှုပါပဲ။ ယူကရိန်းက နေတိုးထဲ မဝင်သရွေ့ ရုရှားက ယူကရိန်းကို ဝင်တိုက်မှာ မဟုတ်ပါဘူး။ တစ်ဘက်ကိုကြည့်ရင်လည်း အင်အားနိုင်ငံရေးအရ အမေရိကန်ဟာ အကျဘက်ကိုရောက်နေပြီး ဘိုင်ဒင်ကိုယ်တိုင်ကလည်း စစ်တိုက်ချင်သူ မဟုတ်တဲ့အတွက် ရုရှားက ဝင်တိုက်ရင်တောင် အမေရိကန်တပ်တွေကို စေလွှတ်ဖွယ်မရှိပါဘူး။
အခု လေထဲမှာ ပြောဆိုနေကြတာတွေ၊ တပ်အင်အားတွေ လက်နက်တွေ အင်အားပြနေကြ
တာတွေ အကုန်လုံးဟာ deterrence ဆိုတဲ့ ဟန့်တားနိုင်ရေးအတွက် ဟိန်းလုံး ဟောက်လုံး
ခြောက်လုံး bluff တွေပဲ ဖြစ်နိုင်ပါတယ်။ အင်အားအရဆိုရင် ရုရှားက သူ့အိမ်ကွင်းမှာ သူကြိုက်သလောက် အင်အားသုံးနိုင်တဲ့အတွက်စင်ပေါ်ကရောက်နေတယ်လို့ ပြောနိုင်ပါတယ်။ အမေရိကန်အတွက်ကတော့ တစ်ဘက်မှာလည်း တရုတ်နဲ့ တိုင်ဝမ်ကိစ္စ၊ တောင်တရုတ် ပင်လယ်ကိစ္စ၊ မြောက်ကိုရီးယားကိစ္စတွေလည်း ရှိနေတော့ ဗျာများနေရမယ့် အနေအထား ရှိပါတယ်။ လက်ရှိအနေအထားမှာ နှစ်ဘက်စလုံးကို တစ်ပြိုင်တည်း နိုင်အောင်တိုက်ဖို့မပြောနဲ့ ရုရှား သို့မဟုတ် တရုတ် နိုင်ငံတစ်ခုတည်းကိုတောင် နိုင်ဖို့ မလွယ်တဲ့ အခြေအနေရှိနေတာပါ။
စီးပွားရေးပိတ်ဆို့မှုတွေ လုပ်မယ်ဆိုပေမဲ့ ဒါကလည်း နှစ်ဘက်သွားဓါးလို နှစ်ဘက်စလုံး ထိခိုက်နိုင်မယ့် အလားအလာရှိပါတယ်။ ရုရှားကို အမေရိကန်ဒေါ်လာ သုံးမရအောင်
ဒေါ်လာနဲ့ငွေလွှဲမရအောင်လုပ်ဖို့များပေမဲ့ ရုရှားကလည်း ဒါကိုမျှော်မှန်းပြီး သူ့ရဲ့ အဓိက
ဖောက်သည်တွေနဲ့ ကုန်သွယ်ရာမှာ ကိုယ်ပိုင်ငွေကြေးတွေ အသုံးပြုရောင်းဝယ်ဖို့ လုပ်နေတာ ကြာပြီဖြစ်ပါတယ်။ ကမ္ဘာမှာ ဒေါ်လာအသုံးနည်းလာတာနဲ့အမျှ ဒေါ်လာဈေးကျပြီး
ငွေဖောင်းပွမှုနဲ့ ရင်ဆိုင်လာရမှာဖြစ်ပါတယ်။ ပင်လယ်နက်ဖြတ် Nord Stream ရုရှားဓါတ်ငွေ့ ပိုက်လိုင်းကို အမေရိကန်ဖိအားကြောင့် ဂျာမနီက ပိတ်မယ်ဆိုရင်လည်း တကယ်တန်း ဓါတ်ငွေ့ မရမှာက ဓါတ်ငွေ့လိုအပ်တဲ့ ဂျာမနီပဲဖြစ်မှာပါ။ အပြန်အလှန်အနေနဲ့ ယူကရိန်းကိုလည်း ရုရှားက ဓါတ်ငွေ့ရောင်းမပေးတော့ရင် ယူကရိန်းလည်း ဒုက္ခရောက်မှာ ဖြစ်ပါတယ်။
အမေရိကန်အတွက် အားပြုနိုင်တဲ့ အဓိက နည်းလမ်းကတော့ စစ်တုရင်စကားနဲ့
ပြောရင်၊ ရှေ့တန်းမှာ ထိုးကျွေးမယ့် နယ်ရုပ်ကို တင်ထားပြီး စစ်ကဲ၊ မြင်းတို့လို လက်အောက်ခံ မဟာမိတ် ပါဝါတွေနဲ့ ဝန်းရံပေးထားမှာ ဖြစ်ပါတယ်။ ဘုရင်မကြီးကတော့ လွတ်ရာကျွတ်ရာ လုံခြုံတဲ့နေရာကနေ ထောက်ထားပေးတာမျိုးပဲ လုပ်နေမယ့်သဘောရှိပါတယ်။
ရုရှားကလည်း ယူကရိန်းလို ဝိတ်တန်းမတူတဲ့ နိုင်ငံငယ်ကလေးကို နာမည်အပျက်ခံပြီး ကိုယ်တိုင် ဝင်တိုက်မှာမဟုတ်ပါဘူး။ ရှိပြီးသား ရုရှားနွယ်ဖွားခွဲထွက်ရေး အဖွဲ့တွေကို
နောက်ကွယ်က လူအား ပစ္စည်းအားနဲ့ ဖြည့်တင်းပေးပြီး ဒနိုက်ပါမြစ် အရှေ့ခြမ်းကို အပြည့်ထိန်းချုပ်နိုင်အောင် လုပ်ထားမယ့်သဘောရှိပါတယ်။
နယ်ရုပ်အဖြစ် ထိုးကျွေးခံ တိုင်းပြည်ငယ်လေးတွေကတော့ ကြားခံတိုင်းကြပ်ဘဝမှာ အဖိကြိတ်ခံဘဝနဲ့ ကြေမွပျက်စီးမှုလမ်းကြောင်းကို ရင်ဆိုင်ရင်း ဒုက္ခများကြရတဲ့ ဘဝကို သင်ခန်းစာယူ မြင်တတ်ကြစေဖို့ သုံးသပ်တင်ပြလိုက်ရပါတယ်။
( ဆောင်းပါးရှင် ကိုလှိုင်သည် နိုင်ငံရေးသုတေသီတစ်ဦးဖြစ်ပြီး လက်ရှိ နစက၏ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်နေသူဖြစ်သည် )
Zawgyi Version
ယူကရိန္းကုိ တုိင္းၾကပ္ႏုိင္ငံအျဖစ္ တည္ၾကက္ထားလာတဲ့ ရုရွား-အေမရိကန္-ေနတုိးတုိ႔ရဲ႕ ကစားကြက္မွာ ဘယ္သူေမွာက္လွ်က္လဲမလဲ
ကုိလိႈင္ (NP News) - ဒီဇင္ဘာ ၁၀
ဒီဇင္ဘာလ ၇ ရက္ေန႔က အေမရိကန္သမၼတ ဘိုင္ဒင္နဲ႔ ႐ုရွားသမၼတ ပူတင္တို႔ ႏွစ္နာရီေက်ာ္ၾကာေအာင္ ဗီဒီယို ကြန္ဖရင့္ျပဳလုပ္ခဲ့ၾကရာမွာ ေဆြးေႏြးခဲ့ၾကတဲ့ အဓိက အေၾကာင္းအရာကေတာ့ ႐ုရွားနဲ႔ ယူကရိန္းတို႔အၾကားျဖစ္ေပၚေနတဲ့ စစ္ေရးတင္းမာမႈ ျဖစ္ပါတယ္။
အေမရိကန္နဲ႔ ေနတိုးစစ္စာခ်ဳပ္ အဖြဲ႕ အေနနဲ႔ ယူကရိန္းနယ္စပ္မွာ တပ္အင္အားတစ္သိန္းေက်ာ္ ခ်ရပ္ထားတဲ့ ႐ုရွားႏိုင္ငံဟာ မၾကာခင္မွာ ယူကရိန္းကို ဝင္တိုက္ေတာ့မယ္ဆိုၿပီး စိုးရိမ္ေန
ၾကတာျဖစ္ပါတယ္။ ပူတင္ကေတာ့ ယူကရိန္းကို မတိုက္ပါဘူးလို႔ ခပ္ရွင္းရွင္းပဲ ျပန္ေျဖခဲ့ ပါတယ္။ ဒါေပမဲ့ အေမရိကန္နဲ႔ အေနာက္အုပ္စု ေထာက္လွမ္းေရး အဖြဲ႕အစည္းေတြကေတာ့ ႐ုရွား တပ္ဖြဲ႕လႈပ္ရွားမႈေတြအရ မၾကာခင္ ႐ုရွားတပ္ေတြ အင္အားအႀကီးအက်ယ္တိုးျမႇင့္ၿပီး အင္အား ၁၇၅၀၀၀ေလာက္ပါတဲ့ တပ္ေတာ္တစ္ခု အင္အားနဲ႔ ယူကရိန္းကို က်ဴးေက်ာ္လာ
ႏုိင္တယ္လို႔ သုံးသပ္ေနၾကပါတယ္။ သမၼတ ဘိုင္ဒင္က ေဆြးေႏြးပြဲမွာ ယူကရိန္းကို ႐ုရွားက ဝင္တိုက္မယ္ဆိုရင္ အေမရိကန္နဲ႔ အေနာက္အုပ္စုက ႐ုရွားကို မႀကဳံဖူးေအာင္ျပင္းထန္တဲ့ ပိတ္ဆို႔ အေရးယူမႈေတြျပဳလုပ္သြားမယ္လို႔ သမၼတ ပူတင္ကို သတိေပးခဲ့ပါတယ္။ ပူတင္ကလည္း ေနတိုးအဖြဲ႕ကို ႐ုရွားနယ္စပ္အထိေရာက္လာေအာင္ အေရွ႕ဘက္ကို နယ္ေျမတိုးခ်ဲ႕မလာဖို႔ ျပန္ၿပီး ေတာင္းဆိုခဲ့ပါတယ္။
- အင္အားႏိုင္ငံေရးႏွင့္ ၾကားခံတိုင္းၾကပ္ႏိုင္ငံမ်ား -
ဒီျပႆနာကို မဟာဗ်ဴဟာ ပထဝီႏိုင္ငံေရးအျမင္နဲ႔ သုံးသပ္ရရင္ေတာ့ အေျခခံအားျဖင့္ ႏိုင္ငံေရးသ႐ုပ္မွန္ဝါဒ Realism အယူအဆျဖစ္တဲ့ ႏိုင္ငံေတြဟာ မိမိအက်ိဳးစီးပြားကိုကာကြယ္ဖို႔ အင္အားေတာင့္တင္းေအာင္ အၿမဲ ျဖည့္ဆည္းတည္ေဆာက္ေနရမယ္ဆိုတဲ့ အျမင္က အစျပဳလာတာပါပဲ။ တစ္ဘက္က အင္အားႀကီးလာရင္ ကိုယ့္ဘက္ကလည္း လုံၿခဳံေအာင္ကာကြယ္ဖို႔ တန္ျပန္အင္အားတည္ေဆာက္ရမယ္။ ကိုယ္က အင္အားနည္းရင္ အားကိုးရမယ့္မဟာမိတ္ရွာရမယ္။ ဒီလိုနဲ႔ ႏွစ္ဘက္အၿပိဳင္ သံသယေတြနဲ႔ အင္အားတည္ေဆာက္ျပင္ဆင္ၾကရင္း တင္းမာမႈေတြ ႀကီးထြားလာတာ ျဖစ္ပါတယ္။
ဒီလို တင္းမာမႈေတြအၾကားမွာ ေျမစာပင္ျဖစ္တတ္ၾကတာကေတာ့ အၿပိဳင္ျဖစ္ေနတဲ့ အင္အားစုႀကီး ႏွစ္ခုအၾကားက တိုင္းၾကပ္လို႔ ေခၚတဲ့ ၾကားခံႏိုင္ငံငယ္ေလးေတြပါပဲ။ တိုင္းၾကပ္သေဘာကို နားလည္လြယ္ေအာင္ေျပာရရင္ သေဘၤာေတြ ေမာ္ေတာ္ေတြ ကမ္းကပ္ရင္၊ တစ္စင္းနဲ႔တစ္စင္း ေရထဲမွာ ကပ္ရင္ မနာေအာင္ ၾကားက ဝါရွာလို ခံေပးတဲ့ ေဘာကြင္းတာယာအေဟာင္းေတြလိုပါပဲ။ ႏိုင္ငံႀကီး အခ်င္းခ်င္း ထိပ္တိုက္ မေတြ႕ေအာင္ ဒီနယ္ေျမေတြက ၾကားကခံေပးထားတာျဖစ္ပါတယ္။ ႏိုင္ငံႀကီး၊အင္အားႀကီးေတြ ထိပ္တိုက္မေတြ႕ၾကေပမဲ့ ၾကားခံေတြကေတာ့ ႏွစ္ဘက္ ဖိအားခံၾကရၿပီး ျပားေနၾကရတာပါ။ ယူကရိန္းလည္း ဒီကံၾကမၼာမ်ိဳး ႀကဳံေနရတာလို႔ ဆိုႏိုင္ပါတယ္။
- ယူကရိန္းႏွင့္႐ုရွား -
ေျပာရရင္ ယူကရိန္းနဲ႔ ႐ုရွားဟာ သမိုင္းေၾကာင္းအရ ဆက္စပ္မႈေတြ အမ်ားႀကီး ရွိပါတယ္။ တကယ္ေတာ့ ႐ုရွားလူမ်ိဳးေတြရဲ႕ စတင္ေမြးဖြားရာ ဇာတိခ်က္ေႂကြ ေမြးရပ္ေျမဟာ ယူကရိန္းျဖစ္ပါတယ္။ ႐ုရွား ဇာဘုရင္ေတြေခတ္မွာလည္း ယူကရိန္းက ႐ုရွားအင္ပါယာထဲမွာ ပါဝင္ခဲ့သလို ဆိုဗီယက္ျပည္ေထာင္စု ထူေထာင္ေတာ့လည္း ျပည္နယ္တစ္ခုအျဖစ္ ပါဝင္ခဲ့ပါတယ္။ စတာလင္ေနာက္ပိုင္း ဆိုဗီယက္ေခါင္းေဆာင္ ခ႐ုရွက္ဆိုရင္ ယူကရိန္းနယ္သားျဖစ္ၿပီး သူ႔နယ္အတြက္ လက္ေဆာင္အေနနဲ႔ ၁၉၅၄ ခုႏွစ္မွာ ႐ုရွားပိုင္ က႐ိုင္းမီးယားကြၽန္းဆြယ္ကို ယူကရိန္းထဲ ေပါင္းထည့္ေပးခဲ့တာ ျဖစ္ပါတယ္။ အခုအထိလည္း ယူကရိန္းကို အလယ္က ျဖတ္စီးေနတဲ့ ဒႏိုက္ပါျမစ္ အေရွ႕ဘက္တစ္ျခမ္းလုံးမွာ ႐ုရွားႏြယ္ဖြားေတြ အမ်ားစုေနထိုင္ၾကဆဲပဲ ျဖစ္ပါတယ္။ ဒါေၾကာင့္ ယူကရိန္းဟာ သဘာဝအေနအထားအရ ႏွစ္ပိုင္းကြဲေနတယ္လို႔ ဆိုႏိုင္ပါတယ္။ ေနာက္ထပ္ အေရးပါတဲ့အခ်က္က ယူကရိန္းဟာ ႐ုရွားအတြက္ ဥေရာပ အထြက္လမ္း ဂိတ္ဝျဖစ္ေနသလို၊ ေျမထဲပင္လယ္ဘက္ထြက္တဲ့ ပင္လယ္နက္ထြက္ေပါက္ကို ထိပ္က စီးၿပီးရပ္တည္ေနတဲ့ ပထဝီအေနအထားကို ပိုင္ဆိုင္ထားတာျဖစ္ပါတယ္။ ႐ုရွားက ဥေရာပကို သြယ္တန္းေရာင္းခ်ေနတဲ့ ဓါတ္ေငြ႕ပိုက္လိုင္းေတြက ယူကရိန္းကို ျဖတ္သန္းရတာမို႔ စီးပြားေရးအရ ႐ုရွားအတြက္အေရးပါသလို ပင္လယ္နက္ကို ထိန္းခ်ဳပ္ႏိုင္ဖို႔ က႐ိုင္းမီးယား ကြၽန္းဆြယ္ကလည္း လုံၿခဳံေရးအရ အလြန္အေရးပါပါတယ္။ ဒီအခ်က္ေတြေၾကာင့္ ၁၉၉၁ ခုႏွစ္ ဆိုဗီယက္ၿပိဳကြဲအၿပီး သီးျခားႏိုင္ငံျဖစ္လာတဲ့ ယူကရိန္းဟာ မဟာဗ်ဴဟာဇာတ္ခုံေပၚမွာ ကစားစရာ နယ္႐ုပ္တစ္ခု ျဖစ္လာခဲ့ပါတယ္။
- ေနတိုး၏ အေရွ႕ဘက္တိုးခ်ဲ႕ေရး ႀကိဳးပမ္းမႈ -
စစ္ေအးတိုက္ပြဲမွာ အႏိုင္ရခဲ့တဲ့ အေမရိကန္က ေနတိုးအဖြဲ႕ကို အေရွ႕ဘက္တိုးခ်ဲ႕ၿပီး ဩဇာျဖန္႔က်က္ဖို႔ ႀကိဳးပမ္းလာခဲ့ပါတယ္။ ၁၉၈၉ မွာ ဘာလင္တံတိုင္းၿပိဳက်ခဲ့ၿပီးေတာ့ ႏွစ္ႏိုင္ငံေပါင္းစည္းလိုက္တဲ့ဂ်ာမနီကို ေနတိုးအဖြဲ႕ထဲ ထည့္သြင္းဖြဲ႕စည္းလိုက္တဲ့အခါ ဝါေဆာ အဖြဲ႕ဝင္ေဟာင္းေတြျဖစ္တဲ့ ခ်က္၊ ပိုလန္နဲ႔ ဟန္ေဂရီတို႔ကလည္း ေနတိုးထဲ ဝင္ခ်င္လာၾက ပါတယ္။ ဒီ တိုင္းၾကပ္ေတြ ေနတိုးထဲပါသြားရင္ ဆိုဗီယက္အတြက္ လုံၿခဳံေရးကို ထိပါး လာႏိုင္တဲ့အတြက္ စိုးရိမ္လာတဲ့ ဆိုဗီယက္သမၼတ ေဂၚဘားခ်က္ကို ၁၉၉၀ ႏွစ္ဆန္းမွာ အေနာက္အုပ္စု ထိပ္သီးေခါင္းေဆာင္ေတြက "ေနတိုးကို ေနာက္ထပ္တစ္လက္မမွ ထပ္ၿပီး မတိုးခ်ဲ႕ေတာ့ပါဘူး" လို႔ ကတိေပးခဲ့တယ္လို႔ဆိုပါတယ္။ ေနာက္ပိုင္း ေပၚထြက္လာတဲ့ အခ်က္ေတြအရ အဲဒီလူေတြထဲမွာ အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီးေဘကာ၊ သမၼတ ဘုရွ္၊ အေနာက္ဂ်ာမနီ ႏိုင္ငံျခားေရးဝန္ႀကီး ဂ်န္ရွာနဲ႔ ၿဗိတိသွ်ဝန္ႀကီးခ်ဳပ္ မာဂရက္ သက္ခ်ာတို႔ ပါဝင္တယ္လို႔ ဆိုပါတယ္။ ဒါေပမဲ့ ဒီကတိကဝတ္ေတြကို စာခ်ဳပ္စာတမ္းနဲ႔ မွတ္တမ္း မတင္ႏိုင္ခဲ့တာ ေဂၚဘားခ်က္ရဲ႕ အားနည္းခ်က္ပါပဲ။ ၁၉၉၁ မွာ ဆိုဗီယက္ႀကီးပါၿပိဳကြဲ သြားေတာ့ စစ္ႏိုင္သူတို႔ ထုံးစံအတိုင္း ကတိေတြေဘးခ်ိတ္ၿပီးလုပ္ခ်င္ရာ လုပ္ေတာ့တာပါပဲ။ အေမရိကန္သမၼတ ဘီလ္ကလင္တန္လက္ထက္မွာ ေနတိုးကို အေရွ႕ဘက္တိုးခ်ဲ႕ေရးမူဝါဒ Eastward expansion of NATO ကို အမ်ိဳးသားလုံၿခဳံေရး မဟာဗ်ဴဟာမွာထည့္သြင္းၿပီး ၿငိမ္းခ်မ္းေရးမိတ္ဖက္ Partner for Peace PfP ဆိုတဲ့နာမည္နဲ႔ အေရွ႕ဥေရာပႏိုင္ငံေတြကို ဆြဲသြင္းလာခဲ့တာပါ။ အဓိက အခ်က္အခ်ာက်တဲ့ ခ်က္၊ ပိုလန္၊ ဟန္ေဂရီႏိုင္ငံေတြဟာ ၁၉၉၄ ခုမွာ PfP ျဖစ္ၿပီး ၁၉၉၉ က်ေတာ့ တင္းျပည့္ေနတိုးအဖြဲ႕ဝင္ေတြ ျဖစ္လာခဲ့ၾကပါတယ္။ အဲဒီတုန္းက ႐ုရွားသမၼတ ယဲ့လ္ဆင္ဟာ အေနာက္ဩဇာခံ လုံးလုံးျဖစ္ေနေတာ့ ဘာမွ ျပင္းျပင္းထန္ထန္မကန္႔ကြက္ႏိုင္ေတာ့ပါဘူး။ ေဂၚဘားခ်က္ကိုယ္တိုင္လည္း ေနာင္တရၿပီး တဖ်စ္ေတာက္ေတာက္ညည္းတြား႐ုံကလြဲလို႔ ဘာမွမတတ္ႏိုင္ေတာ့ပါဘူး။
- ဓါးစာခံ ေျမစာပင္ ယူကရိန္း -
ယူကရိန္းကေတာ့ ႐ုရွားအတြက္ ဘယ္လိုမွလက္လြတ္မခံႏိုင္တဲ့ ေနရာျဖစ္ေနပါတယ္။ တ႐ုတ္အတြက္ ေဟာင္ေကာင္က အေရးပါသလို ႐ုရွားအတြက္ ယူကရိန္းက အေရးပါေနတာပါ။ ဒါေၾကာင့္လည္း ႐ုရွားကိုအညႇာကိုင္ၿပီး ထိန္းခ်ဳပ္ႏိုင္ေရးအတြက္ အေမရိကန္က ယူကရိန္းမွာ ဝင္ေရာက္စြက္ဖက္လႈပ္ရွားလာခဲ့ပါတယ္။ အထူးသျဖင့္ေတာ့ ဒီမိုကရက္သမၼတ အိုဘားမားနဲ႔ ဒုသမၼတဘိုင္ဒင္တို႔လက္ထက္မွာျဖစ္ပါတယ္။ ၂၀၁၄ မွာ ႐ုရွားလိုလားတဲ့ သမၼတကို ေမဒန္ေတာ္လွန္ေရးလို႔ေခၚတဲ့ လူထုအုံႂကြနည္းနဲ႔ ျဖဳတ္ခ်ၿပီး အေမရိကန္လိုလားတဲ့သမၼတကို တင္နိင္ခဲ့ပါတယ္။ အဲဒီေနာက္မွာေတာ့ ယူကရိန္းဟာ အင္အားႀကီးႏွစ္ခု အားၿပိဳင္ရာ စစ္ေျမျပင္ျဖစ္လာခဲ့ေတာ့တာပါပဲ။ အေနာက္လိုလားတဲ့ အစိုးရက ဥေရာပသမဂၢနဲ႔ ေနတိုးအဖြဲ႕ထဲဝင္ဖို႔ႀကိဳးစားလာၿပီး က႐ိုင္းမီးယားကြၽန္းဆြယ္မွာ တပ္ခ်ထားတဲ့ ဌာနခ်ဳပ္ကို ဖယ္ရွားဖို႔လုပ္လာတဲ့အခါမွာေတာ့ ႐ုရွားရဲ႕ သည္းခံႏိုင္စြမ္း ကုန္ဆုံးသြားၿပီး က႐ိုင္းမီးယားမွာ ခြဲထြက္ပုန္ကန္မႈျဖစ္ေအာင္လုပ္ၿပီးေတာ့ ႐ုရွားႏိုင္ငံထဲ ဆြဲသြင္းလိုက္ေတာ့တာပါပဲ။ အဲဒီေနာက္ ႐ုရွားရဲ႕ေနာက္ကြယ္က အားေပးေထာက္ခံမႈနဲ႔ ဒႏိုက္ပါျမစ္အေရွ႕ျခမ္းက ႐ုရွားႏြယ္ဖြားေတြက ခြဲထြက္ေရးလႈပ္ရွားမႈေတြ ေပၚေပါက္လာၿပီး ျပည္တြင္းစစ္ ျဖစ္လာခဲ့ပါတယ္။ ၂၀၁၅ မွာ ၿငိမ္းခ်မ္းေရးစာခ်ဳပ္ခ်ဳပ္ဆိုႏိုင္ခဲ့ေပမဲ့ လက္ေတြ႕မွာ ေအာင္ျမင္မႈအျပည့္အဝမရွိဘဲ တိုက္ခိုက္မႈေတြကဆက္ျဖစ္ေနခဲ့တာပါ။
႐ုရွားနဲ႔ အဆင္ေျပတဲ့ ထရမ့္လက္ထက္မွာ အေမရိကန္က ဒီအရႈပ္ထုပ္ျပႆနာကို သိပ္မဖြ ခဲ့ေပမဲ့ ႐ုရွားကို မုန္းတီးလွတဲ့ ဘိုင္ဒင္လက္ထက္မွာေတာ့ ဒီမီးေတာက္က ျပန္ေတာက္ေလာင္ လာတာျဖစ္ပါတယ္။ ၂၀၂၀ စက္တင္ဘာမွာ ယူကရိန္းသမၼတ ဇဲလင္းစကီးက ေနတိုးထဲဝင္ဖို႔ ယူကရိန္းရဲ႕ ဆုံးျဖတ္ခ်က္ကို အမ်ိဳးသားလုံၿခဳံေရးမဟာဗ်ဴဟာမွာ အတည္ျပဳခဲ့ပါတယ္။ ၂၀၂၁ စက္တင္ဘာမွာ ဇဲလင္းစကီးက ဘိုင္ဒင္နဲ႔ေတြ႕ေတာ့ ပူးတြဲေၾကညာခ်က္မွာ ဘိုင္ဒင္က ယူကရိန္း ေနတိုးထဲဝင္ဖို႔ ကိစၥကိုေထာက္ခံခဲ့ၿပီး မဟာဗ်ဴဟာလုံၿခဳံေရးပူးေပါင္းေဆာင္႐ြက္မႈ ျမႇင့္တင္ဖို႔ ကတိျပဳခဲ့ပါတယ္။ ေငြေၾကးအားျဖင့္လည္း ၂၀၂၁ အတြက္ အေမရိကန္က
ေထာက္ပံ့တဲ့ ေဒၚလာ သန္း ၄၀၀ အျပင္ လုံၿခဳံေရးအတြက္ သန္း ၆၀ ထပ္ေပးခဲ့ပါတယ္။ ၂၀၁၄ ကစၿပီး အေမရိကန္က ယူကရိန္းကို ေထာက္ပံ့ခဲ့တာ ေဒၚလာ ၂ ဒသမ ၄ ဘီလ်ံရွိၿပီလို႔ ဆိုပါတယ္။ တစ္ဖက္မွာလည္း ႐ုရွားက ၂၀၂၁ စက္တင္ဘာလကစၿပီး ယူကရိန္းဘက္နယ္ျခား
ေဒသမွာ တပ္အင္အားအလုံးအရင္း ေျပာင္းေ႐ႊ႕ခ်ထားလာပါတယ္။ အဓိက အင္အားစုက အမွတ္(၄၁) တပ္ေပါင္းစု တပ္ေတာ္ (41st Combined Arms Army) ျဖစ္ပါတယ္။ ဒီတပ္ဖြဲ႕က ဘဲလာ႐ုစ္ႏိုင္ငံထဲမွာလည္း ပူးတြဲစစ္ေလ့က်င့္ခန္း ျပဳလုပ္ခဲ့ၿပီး အခုေနာက္ပိုင္းမွာ ယူကရိန္း နယ္စပ္နားတဝိုက္ တပ္ျဖန္႔ထားတယ္လို႔ဆိုပါတယ္။ ေနတိုး ဘက္ကလည္း ႐ုရွားရဲ႕ အေနာက္ဘက္ နယ္စပ္တဝိုက္မွာ တပ္ေတြ တိုးခ်ဲ႕ခ်ထားမႈေတြလုပ္လာခဲ့သလို အေမရိကန္ န်ဴကလီယာလက္နက္တစ္ခ်ိဳ႕ကိုလည္း ႐ုရွားနယ္စပ္နားမွာ ျဖန္ခ်ထားဖို႔အထိ လုပ္လာခဲ့ ပါတယ္။ ဒီအေျခအေနေတြက ႐ုရွားနဲ႔ယူကရိန္းအၾကားတင္းမာမႈေတြ ျမင့္တက္လာေစၿပီး ႐ုရွားက ယူကရိန္းကို မၾကာခင္ ဝင္တိုက္ေတာ့မယ္ဆိုတာမ်ိဳးအထိ သတင္းေတြ ထြက္လာတာျဖစ္ပါတယ္။
- သုံးသပ္ခ်က္ -
ဒီအေနအထားကို သုံးသပ္ရမယ္ဆိုရင္ ႐ုရွားက မဟာဗ်ဴဟာလုံၿခဳံေရးအတြက္ သူ႔ရဲ႕ near abroad လို႔ေခၚတဲ့ အျပင္စည္း နယ္ေျမေတြကို ထိန္းခ်ဳပ္ႏိုင္ေရးဟာ အဓိက အက်ိဳးစီးပြား ျဖစ္ေနပါတယ္။ ဒါေၾကာင့္ ယူကရိန္းကို သူ႔ဩဇာေအာက္မွာ မျဖစ္မေန ထားခ်င္တာ ျဖစ္ပါတယ္။ ဒါေပမဲ့ ႏိုင္ငံတစ္ခုကို အေၾကာင္းျပခ်က္မရွိဘဲ ဝင္တိုက္ဖို႔က မျဖစ္ႏိုင္ပါဘူး။ ႐ုရွားအတြက္ အဲဒီအေၾကာင္းျပခ်က္ red line ဟာ သူ႔နယ္စပ္ကို သူ႔ရန္ဘက္ျဖစ္တဲ့
ေနတိုးတပ္ဖြဲ႕ေတြ ေရာက္ရွိ ၿခိမ္းေျခာက္လာမႈပါပဲ။ ယူကရိန္းက ေနတိုးထဲ မဝင္သေ႐ြ႕ ႐ုရွားက ယူကရိန္းကို ဝင္တိုက္မွာ မဟုတ္ပါဘူး။ တစ္ဘက္ကိုၾကည့္ရင္လည္း အင္အားႏိုင္ငံေရးအရ အေမရိကန္ဟာ အက်ဘက္ကိုေရာက္ေနၿပီး ဘိုင္ဒင္ကိုယ္တိုင္ကလည္း စစ္တိုက္ခ်င္သူ မဟုတ္တဲ့အတြက္ ႐ုရွားက ဝင္တိုက္ရင္ေတာင္ အေမရိကန္တပ္ေတြကို ေစလႊတ္ဖြယ္မရွိပါဘူး။
အခု ေလထဲမွာ ေျပာဆိုေနၾကတာေတြ၊ တပ္အင္အားေတြ လက္နက္ေတြ အင္အားျပေနၾက
တာေတြ အကုန္လုံးဟာ deterrence ဆိုတဲ့ ဟန္႔တားႏိုင္ေရးအတြက္ ဟိန္းလုံး ေဟာက္လုံး
ေျခာက္လုံး bluff ေတြပဲ ျဖစ္ႏိုင္ပါတယ္။ အင္အားအရဆိုရင္ ႐ုရွားက သူ႔အိမ္ကြင္းမွာ သူႀကိဳက္သေလာက္ အင္အားသုံးႏိုင္တဲ့အတြက္စင္ေပၚကေရာက္ေနတယ္လို႔ ေျပာႏိုင္ပါတယ္။ အေမရိကန္အတြက္ကေတာ့ တစ္ဘက္မွာလည္း တ႐ုတ္နဲ႔ တိုင္ဝမ္ကိစၥ၊ ေတာင္တ႐ုတ္ ပင္လယ္ကိစၥ၊ ေျမာက္ကိုရီးယားကိစၥေတြလည္း ရွိေနေတာ့ ဗ်ာမ်ားေနရမယ့္ အေနအထား ရွိပါတယ္။ လက္ရွိအေနအထားမွာ ႏွစ္ဘက္စလုံးကို တစ္ၿပိဳင္တည္း ႏိုင္ေအာင္တိုက္ဖို႔မေျပာနဲ႔ ႐ုရွား သို႔မဟုတ္ တ႐ုတ္ ႏိုင္ငံတစ္ခုတည္းကိုေတာင္ ႏိုင္ဖို႔ မလြယ္တဲ့ အေျခအေနရွိေနတာပါ။
စီးပြားေရးပိတ္ဆို႔မႈေတြ လုပ္မယ္ဆိုေပမဲ့ ဒါကလည္း ႏွစ္ဘက္သြားဓါးလို ႏွစ္ဘက္စလုံး ထိခိုက္ႏိုင္မယ့္ အလားအလာရွိပါတယ္။ ႐ုရွားကို အေမရိကန္ေဒၚလာ သုံးမရေအာင္
ေဒၚလာနဲ႔ေငြလႊဲမရေအာင္လုပ္ဖို႔မ်ားေပမဲ့ ႐ုရွားကလည္း ဒါကိုေမွ်ာ္မွန္းၿပီး သူ႔ရဲ႕ အဓိက
ေဖာက္သည္ေတြနဲ႔ ကုန္သြယ္ရာမွာ ကိုယ္ပိုင္ေငြေၾကးေတြ အသုံးျပဳေရာင္းဝယ္ဖို႔ လုပ္ေနတာ ၾကာၿပီျဖစ္ပါတယ္။ ကမၻာမွာ ေဒၚလာအသုံးနည္းလာတာနဲ႔အမွ် ေဒၚလာေဈးက်ၿပီး
ေငြေဖာင္းပြမႈနဲ႔ ရင္ဆိုင္လာရမွာျဖစ္ပါတယ္။ ပင္လယ္နက္ျဖတ္ Nord Stream ႐ုရွားဓါတ္ေငြ႕ ပိုက္လိုင္းကို အေမရိကန္ဖိအားေၾကာင့္ ဂ်ာမနီက ပိတ္မယ္ဆိုရင္လည္း တကယ္တန္း ဓါတ္ေငြ႕ မရမွာက ဓါတ္ေငြ႕လိုအပ္တဲ့ ဂ်ာမနီပဲျဖစ္မွာပါ။ အျပန္အလွန္အေနနဲ႔ ယူကရိန္းကိုလည္း ႐ုရွားက ဓါတ္ေငြ႕ေရာင္းမေပးေတာ့ရင္ ယူကရိန္းလည္း ဒုကၡေရာက္မွာ ျဖစ္ပါတယ္။
အေမရိကန္အတြက္ အားျပဳႏိုင္တဲ့ အဓိက နည္းလမ္းကေတာ့ စစ္တုရင္စကားနဲ႔
ေျပာရင္၊ ေရွ႕တန္းမွာ ထိုးေကြၽးမယ့္ နယ္႐ုပ္ကို တင္ထားၿပီး စစ္ကဲ၊ ျမင္းတို႔လို လက္ေအာက္ခံ မဟာမိတ္ ပါဝါေတြနဲ႔ ဝန္းရံေပးထားမွာ ျဖစ္ပါတယ္။ ဘုရင္မႀကီးကေတာ့ လြတ္ရာကြၽတ္ရာ လုံၿခဳံတဲ့ေနရာကေန ေထာက္ထားေပးတာမ်ိဳးပဲ လုပ္ေနမယ့္သေဘာရွိပါတယ္။
႐ုရွားကလည္း ယူကရိန္းလို ဝိတ္တန္းမတူတဲ့ ႏိုင္ငံငယ္ကေလးကို နာမည္အပ်က္ခံၿပီး ကိုယ္တိုင္ ဝင္တိုက္မွာမဟုတ္ပါဘူး။ ရွိၿပီးသား ႐ုရွားႏြယ္ဖြားခြဲထြက္ေရး အဖြဲ႕ေတြကို
ေနာက္ကြယ္က လူအား ပစၥည္းအားနဲ႔ ျဖည့္တင္းေပးၿပီး ဒႏိုက္ပါျမစ္ အေရွ႕ျခမ္းကို အျပည့္ထိန္းခ်ဳပ္ႏိုင္ေအာင္ လုပ္ထားမယ့္သေဘာရွိပါတယ္။
နယ္႐ုပ္အျဖစ္ ထိုးေကြၽးခံ တိုင္းျပည္ငယ္ေလးေတြကေတာ့ ၾကားခံတိုင္းၾကပ္ဘဝမွာ အဖိႀကိတ္ခံဘဝနဲ႔ ေၾကမြပ်က္စီးမႈလမ္းေၾကာင္းကို ရင္ဆိုင္ရင္း ဒုကၡမ်ားၾကရတဲ့ ဘဝကို သင္ခန္းစာယူ ျမင္တတ္ၾကေစဖို႔ သုံးသပ္တင္ျပလိုက္ရပါတယ္။
( ေဆာင္းပါးရွင္ ကုိလိႈင္သည္ ႏုိင္ငံေရးသုေတသီတစ္ဦးျဖစ္ျပီး လက္ရွိ နစက၏ အျပည္ျပည္ဆုိင္ရာပူးေပါင္းေဆာင္ရြက္ေရး၀န္ၾကီးအျဖစ္ တာ၀န္ထမ္းေဆာင္ေနသူျဖစ္သည္ )