ကမ္ဘာကျော်အဆိုတော် တေလာဆွစ်ဖ်ထည်လဲတွဲခဲ့တဲ့ ရည်းစားတွေကဘယ်သူတွေလဲ

 872

ဝတီ (NP News) - ဒီဇင်ဘာ ၁၃
ချောလည်းချော၊ လှလည်းလှ၊ လျှမ်းလျှမ်းတောက်လည်းအောင်မြင်တဲ့သန်းကြွယ်သူဌေးမလေး အဆိုတော်တေလာဆွစ်ဖ်ဟာ ရည်းစားတွေကို ထည်လဲတွဲတဲ့နေရာမှာနာမည်ကြီးပါတယ်။ ဒါ့အပြင်ရည်းစားဟောင်းတွေအကြောင်း သီချင်းထဲထည့်ရေးတဲ့နေရာမှာလည်း နာမည်ကြီးတာပေါ့။ သူတွဲခဲ့သမျှရည်းစားတွေကလည်း တောင့်တောင့်ဖြောင့်ဖြောင့်၊ ရုပ်ရှိ ရေလျှံ၊ ဂုဏ်ရည်တူတွေချည်းပါပဲ။ သက်ရှိဘာဘီအရုပ်မလေးအ တိုင်းကိုလှတဲ့အပြင် အသံကလည်းအင်မတန်သာတဲ့တေလာဆွစ်ဖ်ဟာ အဲဒီကိုလူချောတွေနဲ့သိပ်လိုက်တာပေါ့။ ဒါပေမဲ့လည်း သူဟာရည်းစားဆိုရင် နှစ်ရှည်လများအတည်တကျတွဲလေ့မရှိဘဲ တစ်ယောက်နဲ့တွဲလိုက်၊ ပြတ်လိုက်နဲ့ပဲ သံသရာလည်နေပါတယ်။ ဒီတော့သူ့ရည်းစားဟောင်းတွေကလည်း များပြီးရင်းများလာတော့တာပေါ့။ ကဲ.. ယာက်ျားလေးတွေဝိုင်းဝိုင်းလည်နေတဲ့ တေလာဆွစ်ဖ်ဘယ်လိုယောကျ်ားလေးမျိုးတွေကို ရည်းစားအဖြစ်ရွေးချယ်ခဲ့သလဲကြည့်လိုက်ကြရအောင်ပါ။

zawgyi version
ကမာၻေက်ာ္အဆိုေတာ္ ေတလာဆြစ္ဖ္ ထည္လဲတြဲခဲ့တဲ့ ရည္းစားေတြကဘယ္သူေတြလဲ
ဝတီ (NP News) - ဒီဇင္ဘာ ၁၃
ေခ်ာလည္းေခ်ာ၊ လွလည္းလွ၊ လွ်မ္းလွ်မ္းေတာက္လည္းေအာင္ျမင္တဲ့သန္းႂကြယ္သူေဌးမေလး အဆိုေတာ္ေတလာဆြစ္ဖ္ဟာ ရည္းစားေတြကို ထည္လဲတြဲတဲ့ေနရာမွာနာမည္ႀကီးပါတယ္။ ဒါ့အျပင္ရည္းစားေဟာင္းေတြအေၾကာင္း သီခ်င္းထဲထည့္ေရးတဲ့ေနရာမွာလည္း နာမည္ႀကီးတာေပါ့။ သူတြဲခဲ့သမွ်ရည္းစားေတြကလည္း ေတာင့္ေတာင့္ေျဖာင့္ေျဖာင့္၊ ႐ုပ္ရွိ ေရလွ်ံ၊ ဂုဏ္ရည္တူေတြခ်ည္းပါပဲ။ သက္ရွိဘာဘီအ႐ုပ္မေလးအ တိုင္းကိုလွတဲ့အျပင္ အသံကလည္းအင္မတန္သာတဲ့ေတလာဆြစ္ဖ္ဟာ အဲဒီကိုလူေခ်ာေတြနဲ႔သိပ္လိုက္တာေပါ့။ ဒါေပမဲ့လည္း သူဟာရည္းစားဆိုရင္ ႏွစ္ရွည္လမ်ားအတည္တက်တြဲေလ့မရွိဘဲ တစ္ေယာက္နဲ႔တြဲလိုက္၊ ျပတ္လိုက္နဲ႔ပဲ သံသရာလည္ေနပါတယ္။ ဒီေတာ့သူ႔ရည္းစားေဟာင္းေတြကလည္း မ်ားၿပီးရင္းမ်ားလာေတာ့တာေပါ့။ ကဲ.. ယာက္်ားေလးေတြဝိုင္းဝိုင္းလည္ေနတဲ့ ေတလာဆြစ္ဖ္ဘယ္လိုေယာက်္ားေလးမ်ိဳးေတြကို ရည္းစားအျဖစ္ေ႐ြးခ်ယ္ခဲ့သလဲၾကည့္လိုက္ၾကရေအာင္ပါ။

ဂျိုးဂျိုးနက်စ် Joe Jonas
တေလာဆွစ်ဖ်တွဲခဲ့သမျှတွေထဲမှာ ပထမဦးဆုံး နာမည်ကြီးရည်းစားက တော့ ဂျိုးဂျိုးနက်စ်ပါပဲ။ ပြီးတော့ သူ့ဘက်ကစပြီးတေလာဆွစ်ဖ်ကိုအ ဆက်ဖြတ်လိုက်တာလေ။ ဒီအဆိုတော်နှစ်ယောက်ဟာ ၂ဝဝ၈ ခုနှစ် ဇူ လိုင်လကနေပြီး အောက်တိုဘာလအထိပဲတွဲခဲ့ကြတာပါ။ သူက တေလာဆွစ်ဖ်ကိုဖုန်းလှမ်းဆက်ပြီး အဆက်ဖြတ်လိုက်တာဖြစ်ပါတယ်။ အခုတော့ သူက Game of Thrones ဇာတ်ကားထဲက သရုပ်ဆောင် Sophie Turner နဲ့လက်ထပ်ပြီးလို့သမီးလေးတစ်ယောက်တောင်ရနေပါပြီ။ ဒါပေ မဲ့ သူဟာ ရည်းစားဟောင်းတေလာဆွစ်ဖ်နဲ့မိတ်ဆွေလိုခင်မင်နေပါပြီ။ တေလာဆွစ်ဖ်ရဲ့ဖျော်ဖြေပွဲတစ်ခုကိုတောင် သူက သူ့ဇနီးနဲ့အတူသွားအားပေးခဲ့သေးတယ်လေ။

zawgyi version
ဂ်ိဳးဂ်ိဳးနက္စ္ Joe Jonas
ေတလာဆြစ္ဖ္တြဲခဲ့သမွ်ေတြထဲမွာ ပထမဦးဆုံး နာမည္ႀကီးရည္းစားက ေတာ့ ဂ်ိဳးဂ်ိဳးနက္စ္ပါပဲ။ ၿပီးေတာ့ သူ႔ဘက္ကစၿပီးေတလာဆြစ္ဖ္ကိုအ ဆက္ျဖတ္လိုက္တာေလ။ ဒီအဆိုေတာ္ႏွစ္ေယာက္ဟာ ၂ဝဝ၈ ခုႏွစ္ ဇူ လိုင္လကေနၿပီး ေအာက္တိုဘာလအထိပဲတြဲခဲ့ၾကတာပါ။ သူက ေတလာဆြစ္ဖ္ကိုဖုန္းလွမ္းဆက္ၿပီး အဆက္ျဖတ္လိုက္တာျဖစ္ပါတယ္။ အခုေတာ့ သူက Game of Thrones ဇာတ္ကားထဲက သ႐ုပ္ေဆာင္ Sophie Turner နဲ႔လက္ထပ္ၿပီးလို႔သမီးေလးတစ္ေယာက္ေတာင္ရေနပါၿပီ။ ဒါေပ မဲ့ သူဟာ ရည္းစားေဟာင္းေတလာဆြစ္ဖ္နဲ႔မိတ္ေဆြလိုခင္မင္ေနပါၿပီ။ ေတလာဆြစ္ဖ္ရဲ႕ေဖ်ာ္ေျဖပြဲတစ္ခုကိုေတာင္ သူက သူ႔ဇနီးနဲ႔အတူသြားအားေပးခဲ့ေသးတယ္ေလ။

လူးကပ်စ်တေးလ် Lucas Till
တေလာဟာ You Belong With Me သီချင်းရိုက်ရင်းနဲ့အဲဒီထဲကသရုပ် ဆောင်ကောင်လေး လူးကပ်စ်တေးလ်နဲ့အပြင်မှာ တကယ်ကြိုက်သွားပါသေးတယ်။ ဒါပေမဲ့ သူတို့တွဲတာတစ်လလောက်ပဲ ကြာလိုက်ပါတယ်။ အဲဒီနောက်ပိုင်းမှာတော့ လူးကပ်စ်က တခြားဇာတ်ကားတွေရိုက်နေရတာနဲ့မအားပါဘူး။

zawgyi version
လူးကပ္စ္ေတးလ္ Lucas Till
ေတလာဟာ You Belong With Me သီခ်င္း႐ိုက္ရင္းနဲ႔အဲဒီထဲကသ႐ုပ္ ေဆာင္ေကာင္ေလး လူးကပ္စ္ေတးလ္နဲ႔အျပင္မွာ တကယ္ႀကိဳက္သြားပါေသးတယ္။ ဒါေပမဲ့ သူတို႔တြဲတာတစ္လေလာက္ပဲ ၾကာလိုက္ပါတယ္။ အဲဒီေနာက္ပိုင္းမွာေတာ့ လူးကပ္စ္က တျခားဇာတ္ကားေတြ႐ိုက္ေနရတာနဲ႔မအားပါဘူး။

တေလာလော့ဒ်နာ Taylor Lautner
ဒီတေလာနှစ်ယောက်ကတော့ ၂ဝဝ၉ ခုနှစ်မှာ Valentine’s Day ဆိုတဲ့ဇာတ်ကားရိုက်ရင်းတွေ့ သွားကြတာပါ။ တေလာဆွစ်ဖ်က Back To December ဆိုတဲ့ သူ့သီချင်းထဲမှာ သူ့အပြုံးချိုမြမြ၊ သူ့အသား ညိုစိမ့်စိမ့်ဆိုပြီး ( Twilight ) တွိုင်းလိုက်ဇာတ်ကားထဲက မင်းသားတေလာလော့ဒ်နာကို
ရည်ညွှန်းပြီး သီဆိုထားပါတယ်။ သူတို့နှစ်ယောက် ပြတ်သွားတော့ မင်းသားချောတေလာလော့ဒ်နာက မင်းသမီးတစ်ယောက်နဲ့ နှစ်အတော်ကြာ တွဲလိုက်ပါသေးတယ်။

zawgyi version
ေတလာေလာ့ဒ္နာ Taylor Lautner
ဒီေတလာႏွစ္ေယာက္ကေတာ့ ၂ဝဝ၉ ခုႏွစ္မွာ Valentine’s Day ဆိုတဲ့ဇာတ္ကား႐ိုက္ရင္းေတြ႕ သြားၾကတာပါ။ ေတလာဆြစ္ဖ္က Back To December ဆိုတဲ့ သူ႔သီခ်င္းထဲမွာ သူ႔အၿပဳံးခ်ိဳျမျမ၊ သူ႔အသား ညိဳစိမ့္စိမ့္ဆိုၿပီး ( Twilight ) တြိဳင္းလိုက္ဇာတ္ကားထဲက မင္းသားေတလာေလာ့ဒ္နာကို ရည္ၫႊန္းၿပီး သီဆိုထားပါတယ္။ သူတို႔ႏွစ္ေယာက္ ျပတ္သြားေတာ့ မင္းသားေခ်ာေတလာေလာ့ဒ္နာက မင္းသမီးတစ္ေယာက္နဲ႔ ႏွစ္အေတာ္ၾကာ တြဲလိုက္ပါေသးတယ္။

ဂျွန်မေယာ John Mayer
ဂျွန်မေယာဟာ တေလာဆွစ်ဖ်နဲ့အတွဲကောင်းလို့ တေလာဆွစ်ဖ်အတွက်
သီချင်းရေးစရာ ကုန်ကြမ်းဖြစ်သွားခဲ့ရပါတယ်။ တေလာဆွစ်ဖ်က Dear Johnဆိုတဲ့သီချင်းရေးခဲ့တာလေ။တေလာဆွစ်ဖ်နဲ့ပြတ်သွားအပြီးမှာတော့ ဂျွန်မေယာကတေလာဆွစ်ဖ်နဲ့ တစ်ခါတစ်ခါသိပ်မတည့်လှတဲ့ကေတီပယ်ရီနဲ့တွဲလိုက်ပါသေးတယ်။ အခုလောလောဆယ်မှာတော့ ဂျွန်မေယာက ဘက်ပဲ့နေပါတယ်။

zawgyi version
ဂြၽန္ေမယာ John Mayer
ဂြၽန္ေမယာဟာ ေတလာဆြစ္ဖ္နဲ႔အတြဲေကာင္းလို႔ ေတလာဆြစ္ဖ္အတြက္
သီခ်င္းေရးစရာ ကုန္ၾကမ္းျဖစ္သြားခဲ့ရပါတယ္။ ေတလာဆြစ္ဖ္က Dear Johnဆိုတဲ့သီခ်င္းေရးခဲ့တာေလ။ေတလာဆြစ္ဖ္နဲ႔ျပတ္သြားအၿပီးမွာေတာ့ ဂြၽန္ေမယာကေတလာဆြစ္ဖ္နဲ႔ တစ္ခါတစ္ခါသိပ္မတည့္လွတဲ့ေကတီပယ္ရီနဲ႔တြဲလိုက္ပါေသးတယ္။ အခုေလာေလာဆယ္မွာေတာ့ ဂြၽန္ေမယာက ဘက္ပဲ့ေနပါတယ္။

ဂျိတ်ခ်ဂလန်ဟယ်လ် Jake Gyllenhaal
ဂျိတ်ခ်နဲ့တေလာက ပေါ်တင်ပဲတွဲသွားတွဲလာလုပ်ခဲ့ကြပါတယ်။ သူတို့နှစ်ယောက်ဟာ ၂ဝ၁ဝ ခုနှစ် နှစ်ကုန်ပိုင်းလောက်မှာတွဲခဲ့ကြတာဖြစ်ပြီး အဲဒီအချိန်တုန်းကတော့ သူတို့ကိုကြည့်ရတာ မိုးမမြင်လေမမြင်ပျော်နေကြပုံပါပဲ။ All Too Well ဆိုတဲ့သီချင်းမှာတေလာက ဂျိတ်ခ်အကြောင်းထည့်ရေးထားတာလို့ ကောလာဟလတွေထွက်ခဲ့ပါတယ်။ သူတို့နှစ်ယောက်တွဲ ကြတုန်းက ဂျိတ်ခ်က အသက် ၃ဝ၊ တေလာဆွစ်ဖ်က အသက်၂၁ နှစ်ပါ။
အသက်အရွယ်ကွာလို့ ကွဲသွားကြတဲ့ပုံစံမျိုး တေလာဆွစ်ဖ်က သူ့သီချင်းတစ်ပုဒ်မှာစောင်းပါးရိပ်ခြေ ထည့်ရေးထားပါသေးတယ်။ အခုတော့ အ သက် ၄ဝ ကျော်နေပြီဖြစ်တဲ့ သူ့ရည်းစားဟောင်းဂျိတ်ခ်က အသက်၂၅ နှစ်အရွယ် မော်ဒယ်မလေးတစ်ယောက်နဲ့တွဲနေတာ ၂ဝ၁၈ ခုနှစ်ကတည်း ကပါပဲ။

zawgyi version
ဂ်ိတ္ခ္ဂလန္ဟယ္လ္ Jake Gyllenhaal
ဂ်ိတ္ခ္နဲ႔ေတလာက ေပၚတင္ပဲတြဲသြားတြဲလာလုပ္ခဲ့ၾကပါတယ္။ သူတို႔ႏွစ္ေယာက္ဟာ ၂ဝ၁ဝ ခုႏွစ္ ႏွစ္ကုန္ပိုင္းေလာက္မွာတြဲခဲ့ၾကတာျဖစ္ၿပီး အဲဒီအခ်ိန္တုန္းကေတာ့ သူတို႔ကိုၾကည့္ရတာ မိုးမျမင္ေလမျမင္ေပ်ာ္ေနၾကပုံပါပဲ။ All Too Well ဆိုတဲ့သီခ်င္းမွာေတလာက ဂ်ိတ္ခ္အေၾကာင္းထည့္ေရးထားတာလို႔ ေကာလာဟလေတြထြက္ခဲ့ပါတယ္။ သူတို႔ႏွစ္ေယာက္တြဲ ၾကတုန္းက ဂ်ိတ္ခ္က အသက္ ၃ဝ၊ ေတလာဆြစ္ဖ္က အသက္၂၁ ႏွစ္ပါ။အသက္အ႐ြယ္ကြာလို႔ ကြဲသြားၾကတဲ့ပုံစံမ်ိဳး ေတလာဆြစ္ဖ္က သူ႔သီခ်င္းတစ္ပုဒ္မွာေစာင္းပါးရိပ္ေျခ ထည့္ေရးထားပါေသးတယ္။ အခုေတာ့ အ သက္ ၄ဝ ေက်ာ္ေနၿပီျဖစ္တဲ့ သူ႔ရည္းစားေဟာင္းဂ်ိတ္ခ္က အသက္၂၅ ႏွစ္အ႐ြယ္ ေမာ္ဒယ္မေလးတစ္ေယာက္နဲ႔တြဲေနတာ ၂ဝ၁၈ ခုႏွစ္ကတည္း ကပါပဲ။

ကိုနာကနေဒီ Conor Kennedy
ကဲ.. ရည်းစားများလှတဲ့ တေလာဆွစ်ဖ်က ဒီတစ်ခါမှာတော့ ငယ်ငယ်ချောချောကောင်လေးနဲ့တွဲလိုက်ပြန်ပါတယ်။ ဒါပေမဲ့ သူတို့နှစ်ယောက် တွဲတာ လပိုင်းပဲ ကြာလိုက်ပါတယ်။ ၂ဝ၁၂ ခုနှစ်အောက်တိုဘာလလောက်မှာတော့ သူတို့နှစ်ယောက်ပြတ်သွားကြပါတယ်။

zawgyi version
ကိုနာကေနဒီ Conor Kennedy
ကဲ.. ရည္းစားမ်ားလွတဲ့ ေတလာဆြစ္ဖ္က ဒီတစ္ခါမွာေတာ့ ငယ္ငယ္ေခ်ာေခ်ာေကာင္ေလးနဲ႔တြဲလိုက္ျပန္ပါတယ္။ ဒါေပမဲ့ သူတို႔ႏွစ္ေယာက္ တြဲတာ လပိုင္းပဲ ၾကာလိုက္ပါတယ္။ ၂ဝ၁၂ ခုႏွစ္ေအာက္တိုဘာလေလာက္မွာေတာ့ သူတို႔ႏွစ္ေယာက္ျပတ္သြားၾကပါတယ္။

ဟယ်ရီစတိုင်းလ်စ် Harry Styles
တေလာဆွစ်ဖ်ရဲ့ ရည်းစားတွေထဲမှာ နာမည်အကြီးဆုံးကတော့ ဟယ်ရီစတိုင်းလ်စ်ပဲဖြစ်ပါလိမ့်မယ်။ ဒါပေမဲ့ တေလာဆွစ်ဖ်ကတော့ ရည်းစားတစ်ယောက်ကို လပိုင်းပဲတွဲတာအစဉ်အလာလိုကိုဖြစ်နေပါပြီ။ ၂ဝ၁၃ ခုနှစ် ဇန်နဝါရီလောက်မှာ သူတို့နှစ်ယောက် လမ်းခွဲလိုက်ကြတယ်လေ။ တေလာဆွစ်ဖ်လည်း ဟယ်ရီစတိုင်းလ်စ်နဲ့တွဲတဲ့ အတွေ့အကြုံကနေသီချင်းတွေ အတော်ရလိုက်ပါတယ်။ I Knew You Were Trouble ၊ Red နဲ့ Style ဆိုတဲ့သီချင်းတွေဟာ ဟယ်ရီစတိုင်းလ်စ်အကြောင်းကိုဆိုထားတဲ့ပုံပါပဲ။ ဒီတစ်ခါတော့ဒီအချစ်ရေးကနေ သီချင်းတွေအမြတ်ထွက်သွားတာ သူ တစ်ယောက်တည်း မဟုတ်ပါဘူး။ ဟယ်ရီစတိုင်းလ်စ်ကလည်း တေလာဆွစ်ဖ်အကြောင်းကို Two Ghosts ဆိုတဲ့သီချင်းထဲမှာ ထည့်ရေးလိုက်သေးတယ်လေ။

zawgyi version
ဟယ္ရီစတိုင္းလ္စ္ Harry Styles
ေတလာဆြစ္ဖ္ရဲ႕ ရည္းစားေတြထဲမွာ နာမည္အႀကီးဆုံးကေတာ့ ဟယ္ရီစတိုင္းလ္စ္ပဲျဖစ္ပါလိမ့္မယ္။ ဒါေပမဲ့ ေတလာဆြစ္ဖ္ကေတာ့ ရည္းစားတစ္ေယာက္ကို လပိုင္းပဲတြဲတာအစဥ္အလာလိုကိုျဖစ္ေနပါၿပီ။ ၂ဝ၁၃ ခုႏွစ္ ဇန္နဝါရီေလာက္မွာ သူတို႔ႏွစ္ေယာက္ လမ္းခြဲလိုက္ၾကတယ္ေလ။ ေတလာဆြစ္ဖ္လည္း ဟယ္ရီစတိုင္းလ္စ္နဲ႔တြဲတဲ့ အေတြ႕အႀကဳံကေနသီခ်င္းေတြ အေတာ္ရလိုက္ပါတယ္။ I Knew You Were Trouble ၊ Red နဲ႔ Style ဆိုတဲ့သီခ်င္းေတြဟာ ဟယ္ရီစတိုင္းလ္စ္အေၾကာင္းကိုဆိုထားတဲ့ပုံပါပဲ။ ဒီတစ္ခါေတာ့ဒီအခ်စ္ေရးကေန သီခ်င္းေတြအျမတ္ထြက္သြားတာ သူ တစ္ေယာက္တည္း မဟုတ္ပါဘူး။ ဟယ္ရီစတိုင္းလ္စ္ကလည္း ေတလာဆြစ္ဖ္အေၾကာင္းကို Two Ghosts ဆိုတဲ့သီခ်င္းထဲမွာ ထည့္ေရးလိုက္ေသးတယ္ေလ။

ကယ်လ်ဗင်ဟားရစ် Calvin Harris
တေလာဆွစ်ဖ်ထားခဲ့သမျှ ရည်းစားတွေအများကြီးထဲမှာပရိသတ်တွေ
သဘောအကျဆုံးကတော့ ကယ်လ်ဗင်ဟားရစ်ပါပဲ။ သူဟာချိုသာရည်မွန်တယ်၊ သိုသိုသိပ်သိပ် နေတတ်တယ်လေ။ သူတို့နှစ်ယောက်တွဲတာ တစ်နှစ်တောင်ကြာလိုက်ပါတယ်။

zawgyi version
ကယ္လ္ဗင္ဟားရစ္ Calvin Harris
ေတလာဆြစ္ဖ္ထားခဲ့သမွ် ရည္းစားေတြအမ်ားႀကီးထဲမွာပရိသတ္ေတြသေဘာအက် ဆုံးကေတာ့ ကယ္လ္ဗင္ဟားရစ္ပါပဲ။ သူဟာခ်ိဳသာရည္မြန္တယ္၊ သိုသိုသိပ္သိပ္ ေနတတ္တယ္ေလ။ သူတို႔ႏွစ္ေယာက္တြဲတာ တစ္ႏွစ္ေတာင္ၾကာလိုက္ပါတယ္။

တွမ်ဟစ်ဒယ်လ်စတန် Tom Hiddleston
တေလာဆွစ်ဖ်ဟာ ကယ်လ်ဗင်ဟားရစ်နဲ့ ပြတ်သွားပြီးပြီးချင်းလောက်မှာပဲမင်းသား တွမ်ဟစ်ဒယ်လ်စတန်နဲ့တွဲလိုက်တော့ ပရိသတ်တွေ အတော်အံ့သြသွားကြပါတယ်။ ဒါပေမဲ့မင်းသားကြီးဟာ တေလာဆွစ်ဖ်လို ကမ္ဘာကျော် အဆိုတော်မိန်းမချောလေး ရတာကြာကြာမပျော်လိုက်ရရှာပါဘူး။ တေလာဆွစ်ဖ်က သူ့ထုံးစံအတိုင်းပဲ ရည်းစားတစ်ယောက်ကိုလပိုင်းပဲတွဲတယ်လေ။

zawgyi version
တြမ္ဟစ္ဒယ္လ္စတန္ Tom Hiddleston
ေတလာဆြစ္ဖ္ဟာ ကယ္လ္ဗင္ဟားရစ္နဲ႔ ျပတ္သြားၿပီးၿပီးခ်င္းေလာက္မွာပဲမင္းသား တြမ္ဟစ္ဒယ္လ္စတန္နဲ႔တြဲလိုက္ေတာ့ ပရိသတ္ေတြ အေတာ္အံ့ၾသသြားၾကပါတယ္။ ဒါေပမဲ့မင္းသားႀကီးဟာ ေတလာဆြစ္ဖ္လို ကမာၻေက်ာ္ အဆိုေတာ္မိန္းမေခ်ာေလး ရတာၾကာၾကာမေပ်ာ္လိုက္ရရွာပါဘူး။ ေတလာဆြစ္ဖ္က သူ႔ထုံးစံအတိုင္းပဲ ရည္းစားတစ္ေယာက္ကိုလပိုင္းပဲတြဲတယ္ေလ။

ဂျိုးအယ်လွင် Joe Alwyn
ရည်းစားပေါင်းစုံနဲ့ တွဲလိုက်၊ ပြတ်လိုက် အကြိမ်ကြိမ် ဖြစ်နေတဲ့ မိန်းမချောလေးတေလာဆွစ်ဖ်ဟာ အခုတော့ သူနဲ့အင်မတန်လိုက်ဖက်တဲ့ ငယ်ငယ်ချောချော၊ အရပ်မြင့်မြင့် မင်းသား ဂျိုးအယ်လွင်နဲ့ တွဲနေပြန်ပါပြီ။ ဒီတစ်ယောက်နဲ့တော့မြဲပါစေလို့ပရိသတ်တွေက တေလာဆွစ်ဖ်အတွက် ဆုတောင်းပေးနေကြပါတယ်။ သူတို့နှစ်ယောက် လူသိမခံဘဲကြိတ်ပုန်းတွဲနေကြတာ ၂ဝ၁၆ ခုနှစ်လောက်ကတည်းကဖြစ်တယ်လို့ သတင်းတွေက ဆိုပါတယ်။ ဒါကြောင့် တေလာဆွစ်ဖ် ထားခဲ့ဖူးသမျှရည်းစားတွေထဲမှာ ဒီတစ်ယောက်နဲ့ ရည်းစားသက်တမ်း အရှည်ဆုံးလို့ပြောရမှာပါ။

zawgyi version
ဂ်ိဳးအယ္လြင္ Joe Alwyn
ရည္းစားေပါင္းစုံနဲ႔ တြဲလိုက္၊ ျပတ္လိုက္ အႀကိမ္ႀကိမ္ ျဖစ္ေနတဲ့ မိန္းမေခ်ာေလးေတလာဆြစ္ဖ္ဟာ အခုေတာ့ သူနဲ႔အင္မတန္လိုက္ဖက္တဲ့ ငယ္ငယ္ေခ်ာေခ်ာ၊ အရပ္ျမင့္ျမင့္ မင္းသား ဂ်ိဳးအယ္လြင္နဲ႔ တြဲေနျပန္ပါၿပီ။ ဒီတစ္ေယာက္နဲ႔ေတာ့ၿမဲပါေစလို႔ပရိသတ္ေတြက ေတလာဆြစ္ဖ္အတြက္ ဆုေတာင္းေပးေနၾကပါတယ္။ သူတို႔ႏွစ္ေယာက္ လူသိမခံဘဲႀကိတ္ပုန္းတြဲေနၾကတာ ၂ဝ၁၆ ခုႏွစ္ေလာက္ကတည္းကျဖစ္တယ္လို႔ သတင္းေတြက ဆိုပါတယ္။ ဒါေၾကာင့္ ေတလာဆြစ္ဖ္ ထားခဲ့ဖူးသမွ်ရည္းစားေတြထဲမွာ ဒီတစ္ေယာက္နဲ႔ ရည္းစားသက္တမ္း အရွည္ဆုံးလို႔ေျပာရမွာပါ။

Related news

© 2021. All rights reserved.