ပဲခူး-ရန်ကုန်ခရီးစဉ်ကို ကိုရီးယားနိုင်ငံ၏ နံပါတ်(၁) Daewoo Bus လေးစီးဖြင့် ပြေးဆွဲပေးမည်

 938

NP News - ဒီဇင်ဘာလ ၁၄
Myanmar Trade Center Co.,Ltd ၏အများပြည်သူသယ်ယူပို့ဆောင်ရေးက ရန်ကုန်-ပဲခူး ယာဉ်လိုင်းတွင် ကိုရီးယားနိုင်ငံ၏ နံပါတ်(၁)ဖြစ်သည့် Daewoo Bus လေးစီးဖြင့် ဒီဇင်ဘာလ(၁၅)ရက်တွင် စတင်ပြေးဆွဲပေးမည်ဖြစ်ကြောင်းသိရသည်။ အဆို့ပါကားများသည် ကိုရီးယားနိုင် ငံ၏နည်းပညာအတိုင်း မြန်မာနိုင်ငံတွင် မြို့တွင်းသယ်ယူပို့ဆောင်ရေးအတွက်သီးသန့်ထုတ်လုပ်ထားသည့် BS 106 Intercity Bus များဖြစ် ကြောင်းသိရသည်။

ခရီးစဉ်အနေဖြင့် ပဲခူး(ကျွန်းသာယာအဝေးပြေးဝင်း ) - စော်ဘွားကြီးကုန်း - ဒဂုံဧရာအဝေးပြေးဝင်းအထိ ပြေးဆွဲပေးမည်ဖြစ်ပြီး ခရီးစဉ်အစအဆုံးယာဉ်စီးခအဖြစ် ငွေကျပ် ၂ဝဝဝ သတ်မှတ်ထားကြောင်းသိရသည်။ ငွေပေးချေမှုပုံစံသည် ပိုက်ဆံပုံးထဲယာဉ်စီးခထည့်ရမည်ဖြစ်ပြီး ကားပေါ်မှမဆင်းမီဘဲလ်တီးပေးပြီး နောက်တံခါးပေါက်မှဆင်းရမည်ဖြစ်ကြောင်းသိရသည်။ ရပ်/တင်/ချ စနစ်ဖြင့်သာဆောင်ရွက်မည်ဖြစ်ပြီး မောင်းနှင်ရာတွင်လည်း အမြန်နှုန်းကို တသမတ်တည်းမောင်းနှင်သွားမည်ဖြစ်ကြောင်းသိရသည်။ ကားထွက်ချိန်ကို အကြမ်းဖျင်းအားဖြင့် ပဲခူးမှ နံနက် ၆ နာရီမှစတင်ကာ နာရီဝက်ခြားဖြင့်လေးစီးထွက်မည်ဖြစ်ပြီး ရန်ကုန်မှ နံနက် (၈)နာရီမှစတင်ကာ နာရီဝက်ခြားဖြင့်လေးစီးပြန်လည် ထွက်ခွါမည်ဖြစ်ကြောင်း၊ နေ့လည်ပိုင်းတွင် ပဲခူးမှ နေ့လည် (၂)နာရီမှစတင်ကာ နာရီဝက်ခြားဖြင့် လေးစီးထွက်မည်ဖြစ်ပြီး ရန်ကုန်မှညနေ (၄)နာရီမှစတင်ကာ နာရီဝက်ခြားဖြင့် လေးစီးပြန်လည်ထွက်မည်ဖြစ် ကြောင်းသိရသည်။

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ကလည်း ပဲခူးတိုင်းဒေသကြီး အရှေ့ခြမ်းရှိ မြို့များဖြစ်သည့် ရန်ကုန်-ပဲခူး၊ ပဲခူး-ညောင်လေးပင်၊ ညောင်လေးပင်-ရေတာရှည်၊ ရေတာရှည်-နေပြည်တော်၊ နေပြည်တော်-ရန်ကုန်စသည့်ခရီးစဉ်များကိုလည်းကောင်း၊ ပဲခူးတိုင်းဒေသကြီးအနောက်ခြမ်းရှိ မြို့များဖြစ်သည့် ရန်ကုန်-တိုက်ကြီး၊ တိုက်ကြီး-မင်းလှ၊ မင်းလှ-ပေါင်းတည်၊ ပေါင်းတည်-ပြည်၊ ပြည်- ရန်ကုန်စသည့်ခရီးစဉ်များကိုလည်းကောင်း Daewoo Bus များဖြင့် စမ်းသပ်ပြေးဆွဲရန် ယခင်ကတည်းကစီစဉ်ခဲ့ကြောင်းသိရသည်။ Daewoo Bus သည်ကိုရီးယားနိုင်ငံအခြေစိုက်ဖြစ်ပြီး မော်တော်ယာဉ်များအား ၁၉၅၅ ခုနှစ်မှစတင်ပြီးထုတ်လုပ်ခဲ့ကာ ကိုရီးယား၊ တရုတ်၊ ဗီယက်နမ်၊ ကာဇက်စတန်၊ ပါကစ္စတန်၊ ထိုင်ဝမ်၊ မြန် မာစသည့်နိုင်ငံများတွင် မော်တော်ကားထုတ်လုပ်သည့်စက်ရုံများတည် ဆောက်ထားပြီး ပြည်ပနိုင်ငံ (၅ဝ)ကျော်သို့ တင်ပို့ရောင်းချလျက်ရှိကြောင်းသိရသည်။ မြန်မာနိုင်ငံတွင် ၂ဝ၁၉ ခုနှစ် မတ်လမှစတင်ကာ Daewoo Bus ကားများကို ထုတ်လုပ်နေပြီဖြစ်ကြောင်းသိရသည်။

zawgyi version
ပဲခူး-ရန္ကုန္ခရီးစဥ္ကို ကိုရီးယားႏိုင္ငံ၏ နံပါတ္(၁) Daewoo Bus ေလးစီးျဖင့္ ေျပးဆြဲေပးမည္
NP News - ဒီဇင္ဘာလ ၁၄
Myanmar Trade Center Co.,Ltd ၏အမ်ားျပည္သူသယ္ယူပို႔ေဆာင္ေရးက ရန္ကုန္-ပဲခူး ယာဥ္လိုင္းတြင္ ကိုရီးယားႏိုင္ငံ၏ နံပါတ္(၁)ျဖစ္သည့္ Daewoo Bus ေလးစီးျဖင့္ ဒီဇင္ဘာလ(၁၅)ရက္တြင္ စတင္ေျပးဆြဲေပးမည္ျဖစ္ေၾကာင္းသိရသည္။ အဆို႔ပါကားမ်ားသည္ ကိုရီးယားႏိုင္ ငံ၏နည္းပညာအတိုင္း ျမန္မာႏိုင္ငံတြင္ ၿမိဳ႕တြင္းသယ္ယူပို႔ေဆာင္ေရးအတြက္သီးသန႔္ထုတ္လုပ္ထားသည့္ BS 106 Intercity Bus မ်ားျဖစ္ ေၾကာင္းသိရသည္။

ခရီးစဥ္အေနျဖင့္ ပဲခူး(ကြၽန္းသာယာအေဝးေျပးဝင္း ) - ေစာ္ဘြားႀကီးကုန္း - ဒဂုံဧရာအေဝးေျပးဝင္းအထိ ေျပးဆြဲေပးမည္ျဖစ္ၿပီး ခရီးစဥ္အစအဆုံးယာဥ္စီးခအျဖစ္ ေငြက်ပ္ ၂ဝဝဝ သတ္မွတ္ထားေၾကာင္းသိရသည္။ ေငြေပးေခ်မႈပုံစံသည္ ပိုက္ဆံပုံးထဲယာဥ္စီးခထည့္ရမည္ျဖစ္ၿပီး ကားေပၚမွမဆင္းမီဘဲလ္တီးေပးၿပီး ေနာက္တံခါးေပါက္မွဆင္းရမည္ျဖစ္ေၾကာင္းသိရသည္။ ရပ္/တင္/ခ် စနစ္ျဖင့္သာေဆာင္႐ြက္မည္ျဖစ္ၿပီး ေမာင္းႏွင္ရာတြင္လည္း အျမန္ႏႈန္းကို တသမတ္တည္းေမာင္းႏွင္သြားမည္ျဖစ္ေၾကာင္းသိရသည္။ ကားထြက္ခ်ိန္ကို အၾကမ္းဖ်င္းအားျဖင့္ ပဲခူးမွ နံနက္ ၆ နာရီမွစတင္ကာ နာရီဝက္ျခားျဖင့္ေလးစီးထြက္မည္ျဖစ္ၿပီး ရန္ကုန္မွ နံနက္ (၈)နာရီမွစတင္ကာ နာရီဝက္ျခားျဖင့္ေလးစီးျပန္လည္ ထြက္ခြါမည္ျဖစ္ေၾကာင္း၊ ေန႔လည္ပိုင္းတြင္ ပဲခူးမွ ေန႔လည္ (၂)နာရီမွစတင္ကာ နာရီဝက္ျခားျဖင့္ ေလးစီးထြက္မည္ျဖစ္ၿပီး ရန္ကုန္မွညေန (၄)နာရီမွစတင္ကာ နာရီဝက္ျခားျဖင့္ ေလးစီးျပန္လည္ထြက္မည္ျဖစ္ ေၾကာင္းသိရသည္။

ပဲခူးတိုင္းေဒသႀကီးအစိုးရအဖြဲ႕ကလည္း ပဲခူးတိုင္းေဒသႀကီး အေရွ႕ျခမ္းရွိ ၿမိဳ႕မ်ားျဖစ္သည့္ ရန္ကုန္-ပဲခူး၊ ပဲခူး-ေညာင္ေလးပင္၊ ေညာင္ေလးပင္-ေရတာရွည္၊ ေရတာရွည္-ေနျပည္ေတာ္၊ ေနျပည္ေတာ္-ရန္ကုန္စသည့္ခရီးစဥ္မ်ားကိုလည္းေကာင္း၊ ပဲခူးတိုင္းေဒသႀကီးအေနာက္ျခမ္းရွိ ၿမိဳ႕မ်ားျဖစ္သည့္ ရန္ကုန္-တိုက္ႀကီး၊ တိုက္ႀကီး-မင္းလွ၊ မင္းလွ-ေပါင္းတည္၊ ေပါင္းတည္-ျပည္၊ ျပည္- ရန္ကုန္စသည့္ခရီးစဥ္မ်ားကိုလည္းေကာင္း Daewoo Bus မ်ားျဖင့္ စမ္းသပ္ေျပးဆြဲရန္ ယခင္ကတည္းကစီစဥ္ခဲ့ေၾကာင္းသိရသည္။ Daewoo Bus သည္ကိုရီးယားႏိုင္ငံအေျခစိုက္ျဖစ္ၿပီး ေမာ္ေတာ္ယာဥ္မ်ားအား ၁၉၅၅ ခုႏွစ္မွစတင္ၿပီးထုတ္လုပ္ခဲ့ကာ ကိုရီးယား၊ တ႐ုတ္၊ ဗီယက္နမ္၊ ကာဇက္စတန္၊ ပါကစၥတန္၊ ထိုင္ဝမ္၊ ျမန္ မာစသည့္ႏိုင္ငံမ်ားတြင္ ေမာ္ေတာ္ကားထုတ္လုပ္သည့္စက္႐ုံမ်ားတည္ ေဆာက္ထားၿပီး ျပည္ပႏိုင္ငံ (၅ဝ)ေက်ာ္သို႔ တင္ပို႔ေရာင္းခ်လ်က္ရွိေၾကာင္းသိရသည္။ ျမန္မာႏိုင္ငံတြင္ ၂ဝ၁၉ ခုႏွစ္ မတ္လမွစတင္ကာ Daewoo Bus ကားမ်ားကို ထုတ္လုပ္ေနၿပီျဖစ္ေၾကာင္းသိရသည္။

Related news

© 2021. All rights reserved.