ကိုးကန့် အထူးဒေသ အတွင်းက အုပ်ချုပ်ရေး နှင့် လုပ်ငန်း ဆိုင်းဘုတ်များကို မြန်မာ/တရုတ် (၂) ဘာသာဖြင့် ရေးသားရန် ကြေညာထား

578
သန့်ဇင် ( NP News)-ဇူလိုင် ၂၁
ကိုးကန့် အထူးဒေသ အတွင်းက ဆိုင်ဘုတ်များကို မြန်မာ/တရုတ် (၂) ဘာသာဖြင့် ရေးသားရန် ကြေညာထားကြောင်း ၎င်းတို့၏ မီဒီယာ အချို့တွင် ဖော်ပြထားသော အချက်အလက်များအရ သိရသည်။
ကိုးကန့် ထိန်းချုပ်ရာ ဒေသတွင် မူလက ဆိုင်းဘုတ်များကို တရုတ်စာဖြင့်သာ ဖော်ပြရမည်ဟု သတင်းများ ထွက်ပေါ်ခဲ့ပြီး ယခု အခါ မြန်မာ - တရုတ် နှစ်ဘာသာဖြင့် ရေးသားရမည် ဖြစ်ကြောင်း ဖော်ပြရေးသားလာခြင်း ဖြစ်သည်။
ကိုးကန့် အထူးဒေသ အတွင်း ရှိ ခရိုင်/မြို့နယ်တိုင်းက လုပ်ငန်းဆိုင်းဘုတ်များ၊ ကြေညာချက်များ နှင့် အုပ်ချုပ်ရေးဌာနဆိုင်ရာဆိုင်းဘုတ်များကို မြန်မာ/တရုတ် နှစ်ဘာသာဖြင့်ရေးသားရမည်ဟု သတိပေးကြေညာထားခြင်း ဖြစ်ကြောင်း သိရသည်။
ကိုးကန့် တို့ ထိန်းချုပ်ရာ ဒေသများတွင် MNTJP/MNDAA အဖွဲ့ဝင်များ၊ ကိုးကန့် လူမျိုးများ နေထိုင်သည့် အတွက် ဒေသတစ်ခုမှ ဆိုင်းဘုတ်များ၊ ကြော်ငြာစာများကို မြန်မာ - တရုတ် နှစ်ဘာသာဖြင့် ရေးသားရန် သတ်မှတ်ထားခြင်း ဖြစ်ကြောင်းလည်း ကိုးကန့် တာဝန်ရှိသူ တစ်ဦးက ပြောသည်ဟု The Kokang အမည်ရှိ ဒေသတွင်း မီဒီယာတွင် ဖော်ပြထားသည်။

zawgyi version
ကိုးကန္႔ အထူးေဒသ အတြင္းက အုပ္ခ်ဳပ္ေရး ႏွင့္ လုပ္ငန္း ဆိုင္းဘုတ္မ်ားကို ျမန္မာ/တ႐ုတ္ (၂) ဘာသာျဖင့္ ေရးသားရန္ ေၾကျငာထား
သန္႔ဇင္ ( NP News)-ဇူလိုင္ ၂၁
ကိုးကန္႔ အထူးေဒသ အတြင္းက ဆိုင္ဘုတ္မ်ားကို ျမန္မာ/တ႐ုတ္ (၂) ဘာသာျဖင့္ ေရးသားရန္ ေၾကျငာထားေၾကာင္း ၎တို႔၏ မီဒီယာ အခ်ိဳ႕တြင္ ေဖာ္ျပထားေသာ အခ်က္အလက္မ်ားအရ သိရသည္။
ကိုးကန႔္ ထိန္းခ်ဳပ္ရာ ေဒသတြင္ မူလက ဆိုင္းဘုတ္မ်ားကို တ႐ုတ္စာျဖင့္သာ ေဖာ္ျပရမည္ဟု သတင္းမ်ား ထြက္ေပၚခဲ့ၿပီး ယခု အခါ ျမန္မာ - တ႐ုတ္ ႏွစ္ဘာသာျဖင့္ ေရးသားရမည္ ျဖစ္ေၾကာင္း ေဖာ္ျပေရးသားလာျခင္း ျဖစ္သည္။
ကိုးကန႔္ အထူးေဒသ အတြင္း ရွိ ခ႐ိုင္/ၿမိဳ႕နယ္တိုင္းက လုပ္ငန္းဆိုင္းဘုတ္မ်ား၊ ေၾကညာခ်က္မ်ား ႏွင့္ အုပ္ခ်ဳပ္ေရးဌာနဆိုင္ရာဆိုင္းဘုတ္မ်ားကို ျမန္မာ/တ႐ုတ္ ႏွစ္ဘာသာျဖင့္ေရးသားရမည္ဟု သတိေပးေၾကညာထားျခင္း ျဖစ္ေၾကာင္း သိရသည္။
ကိုးကန႔္ တို႔ ထိန္းခ်ဳပ္ရာ ေဒသမ်ားတြင္ MNTJP/MNDAA အဖြဲ႕ဝင္မ်ား၊ ကိုးကန႔္ လူမ်ိဳးမ်ား ေနထိုင္သည့္ အတြက္ ေဒသတစ္ခုမွ ဆိုင္းဘုတ္မ်ား၊ ေၾကာ္ျငာစာမ်ားကို ျမန္မာ - တ႐ုတ္ ႏွစ္ဘာသာျဖင့္ ေရးသားရန္ သတ္မွတ္ထားျခင္း ျဖစ္ေၾကာင္းလည္း ကိုးကန႔္ တာဝန္ရွိသူ တစ္ဦးက ေျပာသည္ဟု The Kokang အမည္ရွိ ေဒသတြင္း မီဒီယာတြင္ ေဖာ္ျပထားသည္။