ဂန့်ဂေါတွင် လက်နက်ကိုင်အဖွဲ့ အချင်းချင်း လုပ်ကြံသတ်ဖြတ်မှုဖြစ်

 41

သက်ပိုင်( NP News) - ဇူလိုင် ၁၇

ဂန့်ဂေါခရိုင်တွင် ပြီးခဲ့သော ဇူလိုင်လ ၁၅ ရက် မွန်းလွဲ (၂) နာရီခန့်က လက်နက်ကိုင်အဖွဲ့အချင်းချင်း လုပ်ကြံသတ်ဖြတ်မှု ဖြစ်ပွားခဲ့ကြောင်း အဆိုပါအဖွဲ့များ၏ ထုတ်ပြန်ချက်အရ သိရသည်။

Generation Z Army (GZA) ၏ ဥက္ကဋ္ဌ တဖြစ်လည်း စစ်ဦးစီးချုပ်ဆိုသူ (၁) ဦး၊ ဗဟိုစစ်ရုံးချုပ်-ကိုယ်ရေးအရာရှိဆိုသူ (၁) ဦး၊ အမှတ်-၂ တပ်ရင်း - တပ်ရင်းမှူး (၁)ဦး၊ ဆေးသူနာပြု (၂) ဦးအပြင် YDF အဖွဲ့ ၏ လုံခြုံရေးတပ်မှူးဆိုသူ (၁) ဦးနှင့် လုံခြုံရေးတပ်သားဆိုသူ (၁) ဦးအား ဂန့်ဂေါခရိုင်၊ ကန်စွန်းထောင့်ကျေးရွာနှင့် ယင်းမာကျေးရွာအကြားတွင် ဂန့်ဂေါခရိုင် PDF တပ်ရင်း၏ ယူနီဖောင်း ဝတ်ဆင်ထားသည့် လူ (၂၃)ဦးခန့်မှ သေနတ်ဖြင့် လုပ်ကြံပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါပစ်ခတ်ခံရမှုတွင် (GZA) ၏ ဥက္ကဋ္ဌဆိုသူနှင့် ဆေးသူနာပြု-၁ မှာ အသက်ဘေးအန္တရာယ်မှ လွတ်မြောက်ခဲ့ပြီး ကျန်ဆေးသူနာပြု (၂) မှာ ဆိုင်ကယ်ပေါ်မှ ပြုတ်ကျပြီး လုပ်ကြံပစ်ခတ်သူများထံ ဖမ်းဆီးထိန်းသိမ်းခြင်းကို ခံခဲ့ရကြောင်း နှင့် Generation Z Army (GZA) ၏ ဗဟိုစစ်ရုံးချုပ်-ကိုယ်ရေးအရာရှိဆိုသူ ပါကြီးနှင့် အမှတ်-၂ တပ်ရင်း - တပ်ရင်းမှူးဆိုသူ ဘီလူးမှာ လုပ်ကြံသူများကို ပြန်လည်ခုခံခဲ့ရာ ၎င်းတို့ (၂) ဦးမှာ ဒဏ်ရာရရှိခဲ့ပြီး လုပ်ကြံသူများထံ ဖမ်းဆီးခြင်း ခံခဲ့ရကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။

ထို့နောက် ယင်းနေ့ ည (၇) နာရီခန့်တွင် Generation Z Army (GZA) မှ အဖွဲ့ဝင် (၂၀) ဦးခန့် အသုံးပြု၍ ဗဟိုစစ်ရုံးချုပ်-ကိုယ်ရေးအရာရှိဆိုသူ ပါကြီးနှင့် အမှတ် (၂) တပ်ရင်း - တပ်ရင်းမှူးဆိုသူ ဘီလူးအား လုပ်ကြံသူများထံမှ ကယ်ဆယ်နိုင်ခဲ့သော်လည်း ပါကြီးမှာ ဦးခေါင်း၊ ရင်ဘက်၊ လက်နှင့် ပေါင်တွင် ဒဏ်ရာရရှိခဲ့ပြီး Generation Z Army (GZA) ၏ အမှတ်(၂) တပ်ရင်း -တပ်ရင်းမှူးဆိုသူ ဘီလူးမှာ ပေါင်တွင် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ယင်းနောက် ပါကြီးနှင့် ဒဏ်ရာရသူတို့၏ ပြောဆိုချက်အရ ၎င်းတို့သည် ဖမ်းဆီးထိန်းသိမ်းခံရချိန်တွင် လုပ်ကြံသူများ၏ သေနတ်ဒင်ဖြင့် ခေါင်းအားရိုက်နှက်၍ ညှင်းပန်းနှိပ်စက်မှုကို ခံခဲ့ရကြောင်းနှင့် လုပ်ကြံမှုတွင် ဂန့်ဂေါခရိုင်တပ်ရင်း (၁ဝ)၊ တပ်ခွဲ (၇) ၏ ပါဝင်မှု၊ (YDF) ကို ပုန်ကန်သူ တပ်မှူးဆိုသူများ ဖြစ်သည့် "ကောင်းကောင်း"“ယောလင်း” “ဆန်းကိုဦး" နှင့် အဖွဲ့ဝင်များ၏ ပါဝင်မှုကို အတည်ပြုနိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ပြင် လုပ်ကြံသူများမှာ အထက်ဖော်ပြချက်တွင် မပါရှိသေးသော အခြားသော လက်နက်ကိုင်အဖွဲ့အစည်းများ၏ လက်နက်ခဲယမ်းများ တပ်ဆင်ထားသည်ကိုလည်း မျက်မြင်တွေ့ရှိခဲ့ရကြောင်းနှင့် လုပ်ကြံသူများနှင့် စပ်လျဉ်း၍ ကြံစည်ကျူးလွန်သူများကို တရားဥပဒေအရ ပြည့်ဝစွာအရေးယူသွားမည်ဖြစ်ကြောင်း Generation Z Army (GZA)အဖွဲ့က အသိပေး ထုတ်ပြန်ထားသည်။

zawgyi version

ဂန႔္ေဂါတြင္ လက္နက္ကိုင္အဖြဲ႕ အခ်င္းခ်င္း လုပ္ႀကံသတ္ျဖတ္မႈျဖစ္

သက္ပိုင္( NP News) - ဇူလိုင္ ၁၇

ဂန႔္ေဂါခ႐ိုင္တြင္ ၿပီးခဲ့ေသာ ဇူလိုင္လ ၁၅ ရက္ မြန္းလြဲ (၂) နာရီခန႔္က လက္နက္ကိုင္အဖြဲ႕အခ်င္းခ်င္း လုပ္ႀကံသတ္ျဖတ္မႈ ျဖစ္ပြားခဲ့ေၾကာင္း အဆိုပါအဖြဲ႕မ်ား၏ ထုတ္ျပန္ခ်က္အရ သိရသည္။

Generation Z Army (GZA) ၏ ဥကၠ႒ တျဖစ္လည္း စစ္ဦးစီးခ်ဳပ္ဆိုသူ (၁) ဦး၊ ဗဟိုစစ္႐ုံးခ်ဳပ္-ကိုယ္ေရးအရာရွိဆိုသူ (၁) ဦး၊ အမွတ္-၂ တပ္ရင္း - တပ္ရင္းမႉး (၁)ဦး၊ ေဆးသူနာျပဳ (၂) ဦးအျပင္ YDF အဖြဲ႕ ၏ လုံၿခဳံေရးတပ္မႉးဆိုသူ (၁) ဦးႏွင့္ လုံၿခဳံေရးတပ္သားဆိုသူ (၁) ဦးအား ဂန႔္ေဂါခ႐ိုင္၊ ကန္စြန္းေထာင့္ေက်း႐ြာႏွင့္ ယင္းမာေက်း႐ြာအၾကားတြင္ ဂန႔္ေဂါခ႐ိုင္ PDF တပ္ရင္း၏ ယူနီေဖာင္း ဝတ္ဆင္ထားသည့္ လူ (၂၃)ဦးခန႔္မွ ေသနတ္ျဖင့္ လုပ္ႀကံပစ္ခတ္မႈ ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

အဆိုပါပစ္ခတ္ခံရမႈတြင္ (GZA) ၏ ဥကၠ႒ဆိုသူႏွင့္ ေဆးသူနာျပဳ-၁ မွာ အသက္ေဘးအႏၲရာယ္မွ လြတ္ေျမာက္ခဲ့ၿပီး က်န္ေဆးသူနာျပဳ (၂) မွာ ဆိုင္ကယ္ေပၚမွ ျပဳတ္က်ၿပီး လုပ္ႀကံပစ္ခတ္သူမ်ားထံ ဖမ္းဆီးထိန္းသိမ္းျခင္းကို ခံခဲ့ရေၾကာင္း ႏွင့္ Generation Z Army (GZA) ၏ ဗဟိုစစ္႐ုံးခ်ဳပ္-ကိုယ္ေရးအရာရွိဆိုသူ ပါႀကီးႏွင့္ အမွတ္-၂ တပ္ရင္း - တပ္ရင္းမႉးဆိုသူ ဘီလူးမွာ လုပ္ႀကံသူမ်ားကို ျပန္လည္ခုခံခဲ့ရာ ၎တို႔ (၂) ဦးမွာ ဒဏ္ရာရရွိခဲ့ၿပီး လုပ္ႀကံသူမ်ားထံ ဖမ္းဆီးျခင္း ခံခဲ့ရေၾကာင္း ထုတ္ျပန္ခ်က္တြင္ပါရွိသည္။

ထို႔ေနာက္ ယင္းေန႔ ည (၇) နာရီခန႔္တြင္ Generation Z Army (GZA) မွ အဖြဲ႕ဝင္ (၂၀) ဦးခန႔္ အသုံးျပဳ၍ ဗဟိုစစ္႐ုံးခ်ဳပ္-ကိုယ္ေရးအရာရွိဆိုသူ ပါႀကီးႏွင့္ အမွတ္ (၂) တပ္ရင္း - တပ္ရင္းမႉးဆိုသူ ဘီလူးအား လုပ္ႀကံသူမ်ားထံမွ ကယ္ဆယ္ႏိုင္ခဲ့ေသာ္လည္း ပါႀကီးမွာ ဦးေခါင္း၊ ရင္ဘက္၊ လက္ႏွင့္ ေပါင္တြင္ ဒဏ္ရာရရွိခဲ့ၿပီး Generation Z Army (GZA) ၏ အမွတ္(၂) တပ္ရင္း -တပ္ရင္းမႉးဆိုသူ ဘီလူးမွာ ေပါင္တြင္ ဒဏ္ရာရရွိခဲ့ေၾကာင္း သိရသည္။

ယင္းေနာက္ ပါႀကီးႏွင့္ ဒဏ္ရာရသူတို႔၏ ေျပာဆိုခ်က္အရ ၎တို႔သည္ ဖမ္းဆီးထိန္းသိမ္းခံရခ်ိန္တြင္ လုပ္ႀကံသူမ်ား၏ ေသနတ္ဒင္ျဖင့္ ေခါင္းအား႐ိုက္ႏွက္၍ ညႇင္းပန္းႏွိပ္စက္မႈကို ခံခဲ့ရေၾကာင္းႏွင့္ လုပ္ႀကံမႈတြင္ ဂန႔္ေဂါခ႐ိုင္တပ္ရင္း (၁ဝ)၊ တပ္ခြဲ (၇) ၏ ပါဝင္မႈ၊ (YDF) ကို ပုန္ကန္သူ တပ္မႉးဆိုသူမ်ား ျဖစ္သည့္ "ေကာင္းေကာင္း"“ေယာလင္း” “ဆန္းကိုဦး" ႏွင့္ အဖြဲ႕ဝင္မ်ား၏ ပါဝင္မႈကို အတည္ျပဳႏိုင္ခဲ့ေၾကာင္း ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။

ထို႔ျပင္ လုပ္ႀကံသူမ်ားမွာ အထက္ေဖာ္ျပခ်က္တြင္ မပါရွိေသးေသာ အျခားေသာ လက္နက္ကိုင္အဖြဲ႕အစည္းမ်ား၏ လက္နက္ခဲယမ္းမ်ား တပ္ဆင္ထားသည္ကိုလည္း မ်က္ျမင္ေတြ႕ရွိခဲ့ရေၾကာင္းႏွင့္ လုပ္ႀကံသူမ်ားႏွင့္ စပ္လ်ဥ္း၍ ႀကံစည္က်ဴးလြန္သူမ်ားကို တရားဥပေဒအရ ျပည့္ဝစြာအေရးယူသြားမည္ျဖစ္ေၾကာင္း Generation Z Army (GZA)အဖြဲ႕က အသိေပး ထုတ္ျပန္ထားသည္။

Related news

© 2021. All rights reserved.